• International News
    မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖမ်းဆီးထိန်းသိမ်း
Ko John
[Unicode Version]

မလေးရှားအစိုးရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်တွေက ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ် ယနေ့ (ဇူလိုင် ၃ ရက်) မွန်းလွဲပိုင်းမှာ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၄ ရက်) မှာ စွဲချက်တင်သွားမှာ ဖြစ်ပါတယ်။

_102309065_hi047901782.jpg

ဖမ်းဆီးခံရသည့် မလေးရှား ဝန်ကြီးချုပ်ဟောင်းနဂျစ်



မလေးရှားအစိုးရပိုင် 1Malaysia Development Berhad (1MDB) ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရဲ့ လက်အောက်ခံ ကုမ္ပဏီဟောင်း SRC International ငွေကြေးအရှုပ်အထွေးနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နဂျစ်ကို ဇူလိုင် ၄ ရက် မနက် ၈ နာရီခွဲမှာ စွဲချက်တင်သွားမယ်လို့ 1MDB အရှုပ်အထွေးကို စုံစမ်းစစ်ဆေးနေတဲ့ အထူးလုပ်ငန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ကွာလာလမ်ပူမြို့ရှိ ၎င်းရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ပြောပါတယ်။

2018-07-03_205813.jpg

နဂျစ်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ယာဉ်တန်း



နဂျစ်ကို ဖမ်းဆီးပြီးနောက် ပူထရာဂျာယာရှိ မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Malaysian Anti-Corruption Commission - MACC) ရုံးချုပ်သို့ အမှတ်တံဆိပ်မပါရှိတဲ့ မော်တော်ယာဉ်ငါးစီးပါ ယာဉ်တန်းဖြင့် ခေါ်ဆောင်သွားခဲ့ပြီး MACC မှာ ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ SRC International နဲ့ ဆက်နွယ်ပြီး စွဲချက် ၁၀ ခုကျော် ရင်ဆိုင်ရဖွယ်ရှိကြောင်း မလေးရှားသတင်းဌာန Bernama က သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

_102222106_hi047762460.jpg

နဂျစ်နဲ့ပြီး သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ ဓာတ်ပုံ



နဂျစ်ကို ကွာလာလမ်ပူ အထက်တရားရုံးမှာ စွဲချက်တင်သွားမှာဖြစ်ပြီး အသစ်ခန့်အပ်ထားတဲ့ ရှေ့နေချုပ် တွမ်မီသောမတ်စ်က တရားစွဲဆိုရေးအဖွဲ့ကို ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေနဲ့  ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပြီး အစိုးရပိုင် 1MDB ဘဏ္ဍာငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က နဂျစ် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပျောက်ဆုံးနေမှုကိုလည်း စင်ကာပူ၊ အမေရိကန်နဲ့ ဆစ်ဇွာလန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်ခုမှာ စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

920x920.jpg

နဂျစ်နဲ့ဆက်နွယ်တဲ့ ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် အိတ်များ



1MDB အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ နဂျစ်ရဲ့နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး ငွေများနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ သိမ်းဆည်းခဲ့တဲ့ ငွေနဲ့အဖိုးတန်ပစ္စည်းများရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇၃ သန်းရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နဂျစ်ဟာ မေလ ၉ ရက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့သူနဲ့ ယခုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာသူ မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။

တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာတဲ့ မဟာသီယာက 1MDB မှ ပျောက်ဆုံးငွေတွေကို ပြန်လည်ရရှိရန် မျှော်လင့်ကြောင်း ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြောထားခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာတော့ ဝန်ကြီးချုပ် မဟာသီယာက နဂျစ်ကို မကြာမီ စွဲချက်တင်သွားမယ်လို့ ပြောခဲ့ပါတယ်။

mahathir-its-frightening-and-more-challenging-to-be-pm-for-second-time-world-of-buzz-5.jpg

မလေးရှားဝန်ကြီးချုပ် မဟာသီယာ



1MDB ကို ၂၀၀၉ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်းနဂျစ်က တည်ထောင်ခဲ့ပြီး မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ကွာလာလမ်ပူကို ငွေကြေးအချက်အချက်နေရာဖြစ်စေရန်နဲ့ မလေးရှားစီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ၂၀၁၅ ခုနှစ် အစောပိုင်းမှာစပြီး ငွေကြေးအရှုပ်အထွေးတွေ ရှိလာခဲ့တဲ့ 1MDB ဟာ နာမည်ဆိုးထွက်နေခဲ့ပါတယ်။

ထို့နောက်မှာတော့ Wall Street Journal (WSJ) က ကြည့်ရှုခွင့်ရခဲ့တဲ့ စာရွက်စာတမ်းအရ 1MDB ဘဏ္ဍာငွေကနေ ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်သို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး လွှဲပြောင်းထားကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ နဂျစ်ကတော့ 1MDB သို့မဟုတ် နိုင်ငံပိုင်ဘဏ္ဍာမှ ငွေများရယူခဲ့ခြင်း မရှိကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

2018-07-03_210754.jpg

မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးချုပ် အဆောက်အအုံ



1MDB နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အထူးလုပ်ငန်းအဖွဲ့က ယမန်နေ့ (ဇူလိုင် ၂ ရက်) မှာ မလေးရှားရင်းဂစ် ၁.၁ ဘီလီယံ ပမာဏရှိတဲ့ ဘဏ်အကောင့် ၄၀၀ ကျော်ကို ထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။ အဆိုပါ ဘဏ်အကောင့်များအနက် လူပုဂ္ဂိုလ်ဆိုင်ရာအကောင့်များ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းအကောင့်များနဲ့ NGO အဖွဲ့အကောင့်များ ပါဝင်ခဲ့ပါတယ်။

[Zawgyi Version]

မေလး႐ွားအစိုးရ အဂတိလုိက္စားမႈတုိက္ဖ်က္ေရး အာဏာပုိင္ေတြက ဝန္ႀကီးခ်ဳပ္ေဟာင္း နဂ်စ္ရာဇက္ခ္ ယေန႕ (ဇူလုိင္ ၃ ရက္) မြန္းလြဲပုိင္းမွာ ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ကုိ ဗုဒၶဟူးေန႕ (ဇူလိုင္ ၄ ရက္) မွာ စြဲခ်က္တင္သြားမွာ ျဖစ္ပါတယ္။

ဖမ္းဆီးခံရသည့္ မေလး႐ွား ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္



မေလး႐ွားအစိုးရပိုင္ 1Malaysia Development Berhad (1MDB) ရင္းႏွီးျမွဳပ္ႏွံမႈ အဖြဲ႕အစည္းရဲ႕ လက္ေအာက္ခံ ကုမၸဏီေဟာင္း SRC International ေငြေၾကးအ႐ႈပ္အေထြးနဲ႕ ဆက္စပ္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ကုိ ဖမ္းဆီးလိုက္ျခင္းျဖစ္တယ္လုိ႕ ဆုိပါတယ္။

နဂ်စ္ကုိ ဇူလုိင္ ၄ ရက္ မနက္ ၈ နာရီခြဲမွာ စြဲခ်က္တင္သြားမယ္လို႕ 1MDB အ႐ႈပ္အေထြးကုိ စုံစမ္းစစ္ေဆးေနတဲ့ အထူးလုပ္ငန္းအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ကုိ ကြာလာလမ္ပူၿမဳိ႕႐ွိ ၎ရဲ႕ေနအိမ္မွာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္းလည္း အဆုိပါအဖြဲ႕က ေျပာပါတယ္။

နဂ်စ္ကုိ ဖမ္းဆီးေခၚေဆာင္သြားသည့္ ယာဥ္တန္း



နဂ်စ္ကုိ ဖမ္းဆီးၿပီးေနာက္ ပူထရာဂ်ာယာ႐ွိ မေလး႐ွား အဂတိလုိက္စားမႈတိုက္ဖ်က္ေရးေကာ္မ႐ွင္ (Malaysian Anti-Corruption Commission - MACC) ႐ုံးခ်ဳပ္သုိ႕ အမွတ္တံဆိပ္မပါ႐ွိတဲ့ ေမာ္ေတာ္ယာဥ္ငါးစီးပါ ယာဥ္တန္းျဖင့္ ေခၚေဆာင္သြားခဲ့ၿပီး MACC မွာ ထိန္းသိမ္းထားမယ္လုိ႕ သိရပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ဟာ SRC International နဲ႕ ဆက္ႏြယ္ၿပီး စြဲခ်က္ ၁၀ ခုေက်ာ္ ရင္ဆုိင္ရဖြယ္႐ွိေၾကာင္း မေလး႐ွားသတင္းဌာန Bernama က သတင္းရင္းျမစ္တစ္ခုကုိ ကုိးကားၿပီး ေဖာ္ျပခဲ့ပါတယ္။

နဂ်စ္နဲ႕ၿပီး သိမ္းဆည္းခဲ့သည့္ လက္ဝတ္ရတနာမ်ား ဓာတ္ပုံ



နဂ်စ္ကုိ ကြာလာလမ္ပူ အထက္တရား႐ုံးမွာ စြဲခ်က္တင္သြားမွာျဖစ္ၿပီး အသစ္ခန္႕အပ္ထားတဲ့ ေ႐ွ႕ေနခ်ဳပ္ တြမ္မီေသာမတ္စ္က တရားစြဲဆုိေရးအဖြဲ႕ကုိ ဦးေဆာင္သြားမယ္လို႕ ဆုိပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ဟာ အဂတိလိုက္စားေၾကာင္း စြပ္စြဲမႈေတြနဲ႕  ကာလ႐ွည္ၾကာ ရင္ဆုိင္ေနခဲ့ရၿပီး အစိုးရပုိင္ 1MDB ဘ႑ာေငြထဲမွ အေမရိကန္ေဒၚလာ သန္း ၇၀၀ ကုိ ရယူခဲ့ေၾကာင္း စြပ္စြဲခံထားရပါတယ္။

ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့စဥ္က နဂ်စ္ တည္ေထာင္ခဲ့တဲ့ 1MDB ဘ႑ာေငြ အေမရိကန္ေဒၚလာ ဘီလီယံနဲ႕ခ်ီၿပီး ေပ်ာက္ဆုံးေနမႈကုိလည္း စင္ကာပူ၊ အေမရိကန္နဲ႕ ဆစ္ဇြာလန္ အပါအဝင္ အနည္းဆုံး ႏုိင္ငံေျခာက္ခုမွာ စုံစမ္းစစ္ေဆးေနေၾကာင္း သိရပါတယ္။

နဂ်စ္နဲ႕ဆက္ႏြယ္တဲ့ ကြန္ဒုိတိုက္ခန္းမွ သိမ္းဆည္းခဲ့သည့္ အိတ္မ်ား



1MDB အ႐ႈပ္အေထြးနဲ႕ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈအရ နဂ်စ္ရဲ႕ေနအိမ္နဲ႕ ၎နဲ႕ဆက္ႏြယ္ေနတဲ့ ေနရာေတြကုိ ရဲတပ္ဖြဲ႕က စီးနင္း႐ွာေဖြခဲ့ၿပီး ေငြမ်ားနဲ႕ အဖုိးတန္ပစၥည္းေတြကုိ သိမ္းဆည္းခဲ့ပါတယ္။ သိမ္းဆည္းခဲ့တဲ့ ေငြနဲ႕အဖုိးတန္ပစၥည္းမ်ားရဲ႕ တန္ဖုိးဟာ အေမရိကန္ေဒၚလာ ၂၇၃ သန္း႐ွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

နဂ်စ္ဟာ ေမလ ၉ ရက္ မေလး႐ွား အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္ခ်ိန္က ၎ရဲ႕ဆရာျဖစ္ခဲ့သူနဲ႕ ယခုေ႐ြးေကာက္ပြဲမွာ ၿပဳိင္ဘက္ျဖစ္လာသူ မဟာသီယာ မုိဟာမက္ကုိ ႐ႈံးနိမ့္ခဲ့ၿပီး အာဏာလက္လႊတ္ခဲ့ရပါတယ္။

တစ္ေက်ာ့ျပန္ ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ မဟာသီယာက 1MDB မွ ေပ်ာက္ဆုံးေငြေတြကုိ ျပန္လည္ရ႐ွိရန္ ေမွ်ာ္လင့္ေၾကာင္း ေ႐ြးေကာက္ပြဲမွာ အႏုိင္ရၿပီးေနာက္ ေျပာထားခဲ့ပါတယ္။ ယခုရက္ပုိင္းအတြင္းမွာေတာ့ ဝန္ႀကီးခ်ဳပ္ မဟာသီယာက နဂ်စ္ကုိ မၾကာမီ စြဲခ်က္တင္သြားမယ္လို႕ ေျပာခဲ့ပါတယ္။

မေလး႐ွားဝန္ႀကီးခ်ဳပ္ မဟာသီယာ



1MDB ကုိ ၂၀၀၉ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္က တည္ေထာင္ခဲ့ၿပီး မဟာဗ်ဴဟာေျမာက္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမွ တစ္ဆင့္ ကြာလာလမ္ပူကုိ ေငြေၾကးအခ်က္အခ်က္ေနရာျဖစ္ေစရန္နဲ႕ မေလး႐ွားစီးပြားေရးကုိ ျမွင့္တင္ရန္ ရည္႐ြယ္ခဲ့တယ္လို႕ ဆုိပါတယ္။ သုိ႕ေသာ္ ၂၀၁၅ ခုႏွစ္ အေစာပုိင္းမွာစၿပီး ေငြေၾကးအ႐ႈပ္အေထြးေတြ ႐ွိလာခဲ့တဲ့ 1MDB ဟာ နာမည္ဆုိးထြက္ေနခဲ့ပါတယ္။

ထုိ႕ေနာက္မွာေတာ့ Wall Street Journal (WSJ) က ၾကည့္႐ႈခြင့္ရခဲ့တဲ့ စာ႐ြက္စာတမ္းအရ 1MDB ဘ႑ာေငြကေန ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ရဲ႕ ကိုယ္ပုိင္ဘဏ္အေကာင့္သုိ႕ အေမရိကန္ေဒၚလာ သန္း ၇၀၀ နီးပါး လႊဲေျပာင္းထားေၾကာင္း သတင္းထြက္ေပၚခဲ့ပါတယ္။ နဂ်စ္ကေတာ့ 1MDB သုိ႕မဟုတ္ ႏုိင္ငံပုိင္ဘ႑ာမွ ေငြမ်ားရယူခဲ့ျခင္း မ႐ွိေၾကာင္း အခုိင္အမာ ျငင္းဆုိထားပါတယ္။

မေလး႐ွား အဂတိလုိက္စားမႈတိုက္ဖ်က္ေရး ေကာ္မ႐ွင္႐ုံးခ်ဳပ္ အေဆာက္အအုံ



1MDB နဲ႕ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတဲ့ အထူးလုပ္ငန္းအဖြဲ႕က ယမန္ေန႕ (ဇူလုိင္ ၂ ရက္) မွာ မေလး႐ွားရင္းဂစ္ ၁.၁ ဘီလီယံ ပမာဏ႐ွိတဲ့ ဘဏ္အေကာင့္ ၄၀၀ ေက်ာ္ကုိ ထိန္းသိမ္းလိုက္ေၾကာင္း သိရပါတယ္။ အဆုိပါ ဘဏ္အေကာင့္မ်ားအနက္ လူပုဂၢဳိလ္ဆုိင္ရာအေကာင့္မ်ား၊ ႏုိင္ငံေရးပါတီအဖြဲ႕အစည္းအေကာင့္မ်ားနဲ႕ NGO အဖြဲ႕အေကာင့္မ်ား ပါဝင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs