• International News
    အင်ဒိုနီးရှား ကူးတို့သင်္ဘောနစ်မြုပ်မှု လူ ၂၉ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအနီးမှာ ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုအတွင်း လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ဒါဇင်နဲ့ချီတဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၄ ရက်) ပြောပါတယ်။

a-combination-picture-shows-survivors-as-km-lestari-maju-boat-sinks-in-the-waters-of-selayar-island--south-sulawesi-province--indonesia-2.jpg

အင်္ဂါနေ့ (ဇူလိုင် ၃ ရက်) မှာ ကူးတို့သင်္ဘောနစ်မြုပ်မှုဟာ တိုဘာရေအိုင်ကြီးအတွင်း ခရီးသည်နဲ့ ဆိုင်ကယ်များ အပါအဝင် ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ထားတဲ့ ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာမှာ ထပ်မံ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုဘာရေအိုင်ကြီးအတွင်း ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယခု ဇူလိုင် ၃ ရက် ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၂၉ ဦး သေဆုံးကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာ ဌာနက အတည်ပြုခဲ့ပြီး နောက်ထပ် လူ ၄၁ ဦး ပျောက်ဆုံးနေကြောင်လည်း ပြောခဲ့ပါတယ်။

Indonesia-Ferry.jpg

နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အခြား ခရီးသည် ၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အဆိုပါဌာနက ဆိုပါတယ်။ ကူးတို့သင်္ဘောပေါ်မှာ အရေအတွက် အတိအကျ မသိရတဲ့ မော်တော်ယာဉ်များ တင်ဆောင်လာခဲ့ကြောင်းနဲ့ သင်္ဘောကိုယ်ထည်အတွင်း ရေများဝင်ရောက်ပြီးနောက် နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

Indonesia-Ferry (3).jpg

ကူးတို့သင်္ဘောဟာ နစ်မြုပ်ခဲ့စဉ်မှာ ဆိပ်ကမ်းနဲ့နီးကပ်နေခဲ့ပြီး ကပ္ပတိန်ဖြစ်သူက သင်္ဘောခေါင်မိုးပေါ်ကနေ အကူအညီတောင်းခံခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက Reuters သတင်းဌာနကို ပြောပါတယ်။ အင်ဒိုနီးရှားမှာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိခြင်း၊ လူနဲ့ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ခြင်းတို့ကြောင့် ကူးတို့သင်္ဘောနစ်မြုပ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

[Zawgyi Version]

အင္ဒုိနီး႐ွားႏုိင္ငံ ဆူလာေဝစီကၽြန္းအနီးမွာ ကူးတုိ႕သေဘၤာတစ္စီး နစ္ျမဳပ္ခဲ့မႈအတြင္း လူ ၂၉ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္းနဲ႕ ဒါဇင္နဲ႕ခ်ီတဲ့ ေပ်ာက္ဆုံးေနသူေတြကုိ ကယ္ဆယ္ေရးအဖြဲ႕ေတြက လုိက္လံ႐ွာေဖြေနေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ဇူလိုင္ ၄ ရက္) ေျပာပါတယ္။



အဂၤါေန႕ (ဇူလုိင္ ၃ ရက္) မွာ ကူးတုိ႕သေဘၤာနစ္ျမဳပ္မႈဟာ တုိဘာေရအုိင္ႀကီးအတြင္း ခရီးသည္နဲ႕ ဆုိင္ကယ္မ်ား အပါအဝင္ ကုန္ပစၥည္းမ်ား အဆမတန္ တင္ေဆာင္ထားတဲ့ ကူးတုိ႕သေဘၤာတစ္စီး နစ္ျမဳပ္မႈျဖစ္ၿပီးေနာက္ သီတင္းႏွစ္ပတ္ေက်ာ္အၾကာမွာ ထပ္မံ ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။

တုိဘာေရအုိင္ႀကီးအတြင္း ကူးတုိ႕သေဘၤာနစ္ျမဳပ္မႈေၾကာင့္ လူ ၂၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ယခု ဇူလုိင္ ၃ ရက္ ကူးတုိ႕သေဘၤာ နစ္ျမဳပ္မႈအတြင္း လူ ၂၉ ဦး ေသဆုံးေၾကာင္း အင္ဒုိနီး႐ွား ေဘးအႏၱရာယ္ဆုိင္ရာ ဌာနက အတည္ျပဳခဲ့ၿပီး ေနာက္ထပ္ လူ ၄၁ ဦး ေပ်ာက္ဆုံးေနေၾကာင္လည္း ေျပာခဲ့ပါတယ္။



နစ္ျမဳပ္ခဲ့တဲ့ ကူးတုိ႕သေဘၤာေပၚမွာ လိုက္ပါလာတဲ့ အျခား ခရီးသည္ ၆၉ ဦးကုိ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း အဆုိပါဌာနက ဆုိပါတယ္။ ကူးတုိ႕သေဘၤာေပၚမွာ အေရအတြက္ အတိအက် မသိရတဲ့ ေမာ္ေတာ္ယာဥ္မ်ား တင္ေဆာင္လာခဲ့ေၾကာင္းနဲ႕ သေဘၤာကုိယ္ထည္အတြင္း ေရမ်ားဝင္ေရာက္ၿပီးေနာက္ နစ္ျမဳပ္သြားခဲ့တယ္လုိ႕ သိရပါတယ္။



ကူးတို႕သေဘၤာဟာ နစ္ျမဳပ္ခဲ့စဥ္မွာ ဆိပ္ကမ္းနဲ႕နီးကပ္ေနခဲ့ၿပီး ကပၸတိန္ျဖစ္သူက သေဘၤာေခါင္မုိးေပၚကေန အကူအညီေတာင္းခံခဲ့ေၾကာင္း သယ္ယူပုိ႕ေဆာင္ေရး ဝန္ႀကီးဌာနမွ တာဝန္႐ွိသူက Reuters သတင္းဌာနကုိ ေျပာပါတယ္။ အင္ဒုိနီး႐ွားမွာ ေဘးကင္းလုံၿခဳံမႈ စည္းမ်ဥ္းစည္းကမ္းမ်ား လုိက္နာမႈမ႐ွိျခင္း၊ လူနဲ႕ကုန္ပစၥည္းမ်ား အဆမတန္ တင္ေဆာင္ျခင္းတုိ႕ေၾကာင့္ ကူးတုိ႕သေဘၤာနစ္ျမဳပ္မႈေတြ မၾကာခဏ ျဖစ္ပြားေလ့႐ွိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs