• International News
    အရပ်ပုတဲ့ တရုတ်အမျိုးသမီးတစ်ဦး ဆရာမအဖြစ်ခန့်အပ်ရန် ငြင်းပယ်ခံရမှုကို ဝေဖန်မှုများထွက်ပေါ်
Ko John
[Unicode Version]

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ အရပ်ပုနေတာကြောင့် ဆရာမတစ်ဦးအဖြစ် ခန့်အပ်ရန် အရည်အချင်း မပြည့်မီကြောင်း ငြင်းပယ်ခံရမှုသတင်းကို ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ထိုကဲ့သို့သော စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

_102314780_173291525.jpg

Photo: BBC



မစ္စလီလို့သာ အမည်ဖော်ပြထားတဲ့ တရုတ်အမျိုးသမီးဟာ အရပ်အမြင့် ၄ ပေ ၉ လက်မအောက် ဖြစ်နေတာကြောင့် ဆရာမဖြစ်ရန် အရည်အချင်း မပြည့်မီခဲ့ကြောင်း Shaanxi News Online သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်ပြည်နယ်အများအပြားမှာ သင်ကြားရေးအလုပ်အကိုင် ရှာဖွေသူတွေနဲ့ ပတ်သက်ပြီး အရပ်အမြင့် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

မစ္စလီရဲ့ဖြစ်ရပ်ဟာ တရုတ်ပညာရေးစနစ်ရဲ့ အလုပ်ခန့်ထားမှုက အခြား သတ်မှတ်ချက်တွေထက် အရပ်အမြင့်ကို ဂရုစိုက်လွန်းမှု အပါအဝင် ပြဿနာတွေကို ပိုမိုထင်ရှားစေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အိပ်မက်တွေ ပျက်စီးခဲ့ပြီ

မစ္စလီဟာ Shaanxi Normal တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကဖြင့် ၂၀၁၄ ခုနှစ်မှာ စတင်တက်ရောက်ခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဆရာမတစ်ဦးဖြစ်ရန် ကြိုးပမ်းခဲ့ပေမဲ့ အရပ်ပုနေတာကြောင့် ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။

တရုတ်မြောက်ပိုင်း Shaanxi ပြည်နယ်မှာ သင်ကြားရေးဆိုင်ရာ အလုပ်အကိုင် လျှောက်ထားရာမှာ အမျိုးသားတွေက အရပ်အမြင့် ၅ ပေ ၂ လက်မအထက် ရှိရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ ၄ ပေ ၉ လက်မအထက် ရှိရမှာဖြစ်ပါတယ်။ မစ္စလီရဲ့ အရပ်အမြင့်ဟာ ၄ ပေ ၆ လက်မသာ ရှိခဲ့တာကြောင့် ဆရာမအဖြစ် ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

certificate.jpg

မစ္စလီရဲ့ ဘွဲ့လက်မှတ် (Photo: Weibo/CNWest)



"ဒီ တက္ကသိုလ်တက်နေခဲ့တဲ့ လေးနှစ်အတွင်း ဆရာမဖြစ်ဖို့ အရပ်အမြင့် ကန့်သတ်ထားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး၊ အခုတော့ ဆရာမတစ်ဦးဖြစ်လာဖို့ ကျွန်မရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီ" လို့ မစ္စလီက Shaanxi News ကို ဖွင့်ဟပြောခဲ့ပါတယ်။

သူမရဲ့ တက္ကသိုလ်ကတော့ မစ္စလီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ သို့သော် Shaanxi ပြည်နယ်တစ်ခုတည်းမှာသာ ထိုသို့ အရပ်အမြင့် ကန့်သတ်ထားခြင်းမဟုတ်ကြောင်း သိရပါတယ်။

IMG_6312.jpg

Photo: chinaoblue



တရုတ်နိုင်ငံတစ်ဝှမ်း ပြည်နယ်အများအပြားမှာ သင်ကြားရေး အလုပ်အကိုင်တွေအတွက် အလားတူ အရပ်အမြင့် သတ်မှတ်ထားကြောင်းနဲ့ ဆရာ၊ ဆရာမတွေဟာ စာသင်ကြားတဲ့ ကျောက်သင်ပုန်းတွေကို လက်လှမ်းမီရန် လုံလောက်တဲ့ အရပ်အမြင့်ရှိဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

တရုတ်မှာ ဆရာ၊ ဆရာမ ဖြစ်လိုသူတွေအတွက် အရပ်အမြင့် ကန့်သတ်ထားမှုကို ဝေဖန်မှုတွေ လတ်တလော လပိုင်းအတွင်း အကြီးအကျယ် ထွက်ပေါ်လာခဲ့ပြီးနောက် Sichuan, Jiangxi နဲ့ Guangxi ဒေသတွေမှာ ထိုသို့ စည်းမျဉ်းကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့ကြောင်းလည်း သိရပါတယ်။

အလှမယ်ပြိုင်ပွဲ မဟုတ်ပါ

ယခုအခါ Shaanxi ပြည်နယ်မှ မစ္စလီရဲ့ဖြစ်ရပ်ဟာလည်း အဆိုပါ စည်းမျဉ်းကန့်သတ်ချက်နဲ့ ပတ်သက်ပြီး တရုတ်ပြည်သူများကြား ဝေဖန်ပြောဆိုစရာ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Sina Weibo မှာလည်း ထောင်နဲ့ချီတဲ့ အသုံးပြုသူတွေက မစ္စလီရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပါတယ်။

_102314516_sb10069603g-002.jpg

Photo: BBC



"တက္ကသိုလ်ဝင်ခွင့်ဖြေကတည်းက ဒီလို ကန့်သတ်ချက်တွေရှိတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်တယ်၊ အခုကျတော့ ကျောင်းသူကျောင်းသားတွေက နှစ်တွေနဲ့ချီ ပညာသင်ကြားပြီးမှ ဒီလိုကြုံရတာ လုံးဝ မဖြစ်သင့်ဘူး" လို့ Sina Weibo သုံးသူတစ်ဦးက ရေးထားပါတယ်။

"လူတွေကို ပညာသင်ကြားပေးနိုင်စွမ်းနဲ့ ဗဟုသုတ ဖြန့်ဝေနိုင်စွမ်းတွေက အရပ်အမြင့်ကြောင့် ကန့်သတ်ခံနေရတယ်၊ ပညာရေးဌာနကို ဒါကို ပြန်သုံးသပ်သင့်တယ်" လို့ နောက်တစ်ဦးက ပြောထားပါတယ်။

အခြားတစ်ဦကလည်း "ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သင်ကြားနိုင်မှု အရည်အချင်းပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်၊ ဒါက အလှမယ်ပြိုင်ပွဲမှ မဟုတ်တာ" လို့ Sina Weibo မှာ ဝေဖန်ရေးသားထားပါတယ်။

[Zawgyi Version]

တ႐ုတ္ႏုိင္ငံမွ အမ်ဳိးသမီးတစ္ဦးဟာ အရပ္ပုေနတာေၾကာင့္ ဆရာမတစ္ဦးအျဖစ္ ခန္႕အပ္ရန္ အရည္အခ်င္း မျပည့္မီေၾကာင္း ျငင္းပယ္ခံရမႈသတင္းကုိ ဆုိ႐ွယ္မီဒီယာမွာ ေဒါသတႀကီး ေဝဖန္မႈေတြ ထြက္ေပၚခဲ့ၿပီး ထုိကဲ့သုိ႕ေသာ စည္းမ်ဥ္းေတြဟာ ခြဲျခားဆက္ဆံမႈျဖစ္ေၾကာင္း ေျပာဆုိေနၾကပါတယ္။

Photo: BBC



မစၥလီလုိ႕သာ အမည္ေဖာ္ျပထားတဲ့ တ႐ုတ္အမ်ဳိးသမီးဟာ အရပ္အျမင့္ ၄ ေပ ၉ လက္မေအာက္ ျဖစ္ေနတာေၾကာင့္ ဆရာမျဖစ္ရန္ အရည္အခ်င္း မျပည့္မီခဲ့ေၾကာင္း Shaanxi News Online သတင္းမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ျပည္နယ္အမ်ားအျပားမွာ သင္ၾကားေရးအလုပ္အကုိင္ ႐ွာေဖြသူေတြနဲ႕ ပတ္သက္ၿပီး အရပ္အျမင့္ ကန္႕သတ္ခ်က္ေတြ ႐ွိေနဆဲျဖစ္ပါတယ္။

မစၥလီရဲ႕ျဖစ္ရပ္ဟာ တ႐ုတ္ပညာေရးစနစ္ရဲ႕ အလုပ္ခန္႕ထားမႈက အျခား သတ္မွတ္ခ်က္ေတြထက္ အရပ္အျမင့္ကုိ ဂ႐ုစိုက္လြန္းမႈ အပါအဝင္ ျပႆနာေတြကုိ ပုိမုိထင္႐ွားေစတယ္လုိ႕ ေျပာဆုိမႈေတြလည္း ႐ွိေနပါတယ္။

အိပ္မက္ေတြ ပ်က္စီးခဲ့ၿပီ

မစၥလီဟာ Shaanxi Normal တကၠသိုလ္မွာ အဂၤလိပ္စာအဓိကျဖင့္ ၂၀၁၄ ခုႏွစ္မွာ စတင္တက္ေရာက္ခဲ့ၿပီး ယခုႏွစ္ အေစာပုိင္းမွာ ေက်ာင္းၿပီးခဲ့တယ္လုိ႕ ဆုိပါတယ္။ ထို႕ေနာက္ ဆရာမတစ္ဦးျဖစ္ရန္ ႀကဳိးပမ္းခဲ့ေပမဲ့ အရပ္ပုေနတာေၾကာင့္ ျငင္းပယ္ခံခဲ့ရေၾကာင္း သိရပါတယ္။

တ႐ုတ္ေျမာက္ပုိင္း Shaanxi ျပည္နယ္မွာ သင္ၾကားေရးဆုိင္ရာ အလုပ္အကုိင္ ေလွ်ာက္ထားရာမွာ အမ်ဳိးသားေတြက အရပ္အျမင့္ ၅ ေပ ၂ လက္မအထက္ ႐ွိရမွာျဖစ္ၿပီး အမ်ဳိးသမီးေတြကေတာ့ ၄ ေပ ၉ လက္မအထက္ ႐ွိရမွာျဖစ္ပါတယ္။ မစၥလီရဲ႕ အရပ္အျမင့္ဟာ ၄ ေပ ၆ လက္မသာ ႐ွိခဲ့တာေၾကာင့္ ဆရာမအျဖစ္ ခန္႕အပ္ရန္ ျငင္းပယ္ခံခဲ့ရတယ္လို႕ ဆုိပါတယ္။

မစၥလီရဲ႕ ဘြဲ႕လက္မွတ္ (Photo: Weibo/CNWest)



"ဒီ တကၠသုိလ္တက္ေနခဲ့တဲ့ ေလးႏွစ္အတြင္း ဆရာမျဖစ္ဖုိ႕ အရပ္အျမင့္ ကန္႕သတ္ထားတယ္ဆုိတာ ဘယ္သူမွ မသိခဲ့ၾကပါဘူး၊ အခုေတာ့ ဆရာမတစ္ဦးျဖစ္လာဖုိ႕ ကၽြန္မရဲ႕အိပ္မက္ေတြ ပ်က္စီးခဲ့ရၿပီ" လုိ႕ မစၥလီက Shaanxi News ကုိ ဖြင့္ဟေျပာခဲ့ပါတယ္။

သူမရဲ႕ တကၠသိုလ္ကေတာ့ မစၥလီျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေဝဖန္မႈေတြကုိ တုံ႕ျပန္ခဲ့ျခင္းမ႐ွိပါဘူး။ သုိ႕ေသာ္ Shaanxi ျပည္နယ္တစ္ခုတည္းမွာသာ ထုိသုိ႕ အရပ္အျမင့္ ကန္႕သတ္ထားျခင္းမဟုတ္ေၾကာင္း သိရပါတယ္။

Photo: chinaoblue



တ႐ုတ္ႏုိင္ငံတစ္ဝွမ္း ျပည္နယ္အမ်ားအျပားမွာ သင္ၾကားေရး အလုပ္အကုိင္ေတြအတြက္ အလားတူ အရပ္အျမင့္ သတ္မွတ္ထားေၾကာင္းနဲ႕ ဆရာ၊ ဆရာမေတြဟာ စာသင္ၾကားတဲ့ ေက်ာက္သင္ပုန္းေတြကို လက္လွမ္းမီရန္ လုံေလာက္တဲ့ အရပ္အျမင့္႐ွိဖုိ႕ လိုအပ္ေၾကာင္း တာဝန္႐ွိသူေတြက ဆုိပါတယ္။

တ႐ုတ္မွာ ဆရာ၊ ဆရာမ ျဖစ္လုိသူေတြအတြက္ အရပ္အျမင့္ ကန္႕သတ္ထားမႈကုိ ေဝဖန္မႈေတြ လတ္တေလာ လပုိင္းအတြင္း အႀကီးအက်ယ္ ထြက္ေပၚလာခဲ့ၿပီးေနာက္ Sichuan, Jiangxi နဲ႕ Guangxi ေဒသေတြမွာ ထုိသုိ႕ စည္းမ်ဥ္းကန္႕သတ္ခ်က္ေတြကုိ ပယ္ဖ်က္ခဲ့ေၾကာင္းလည္း သိရပါတယ္။

အလွမယ္ၿပဳိင္ပြဲ မဟုတ္ပါ

ယခုအခါ Shaanxi ျပည္နယ္မွ မစၥလီရဲ႕ျဖစ္ရပ္ဟာလည္း အဆုိပါ စည္းမ်ဥ္းကန္႕သတ္ခ်က္နဲ႕ ပတ္သက္ၿပီး တ႐ုတ္ျပည္သူမ်ားၾကား ေဝဖန္ေျပာဆုိစရာ ျဖစ္လာခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံရဲ႕ လူသုံးအမ်ားဆုံး ဆုိ႐ွယ္မီဒီယာဝက္ဘ္ဆုိက္ Sina Weibo မွာလည္း ေထာင္နဲ႕ခ်ီတဲ့ အသုံးျပဳသူေတြက မစၥလီရဲ႕ျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုေနၾကပါတယ္။

Photo: BBC



"တကၠသုိလ္ဝင္ခြင့္ေျဖကတည္းက ဒီလုိ ကန္႕သတ္ခ်က္ေတြ႐ွိတာကုိ ႐ွင္း႐ွင္းလင္းလင္း ေဖာ္ျပထားသင့္တယ္၊ အခုက်ေတာ့ ေက်ာင္းသူေက်ာင္းသားေတြက ႏွစ္ေတြနဲ႕ခ်ီ ပညာသင္ၾကားၿပီးမွ ဒီလိုႀကဳံရတာ လုံးဝ မျဖစ္သင့္ဘူး" လုိ႕ Sina Weibo သုံးသူတစ္ဦးက ေရးထားပါတယ္။

"လူေတြကုိ ပညာသင္ၾကားေပးႏုိင္စြမ္းနဲ႕ ဗဟုသုတ ျဖန္႕ေဝႏုိင္စြမ္းေတြက အရပ္အျမင့္ေၾကာင့္ ကန္႕သတ္ခံေနရတယ္၊ ပညာေရးဌာနကုိ ဒါကုိ ျပန္သုံးသပ္သင့္တယ္" လုိ႕ ေနာက္တစ္ဦးက ေျပာထားပါတယ္။

အျခားတစ္ဦကလည္း "ဆရာ၊ ဆရာမေတြကုိ သူတုိ႕ရဲ႕ သင္ၾကားႏုိင္မႈ အရည္အခ်င္းေပၚမူတည္ၿပီး ေ႐ြးခ်ယ္သင့္ပါတယ္၊ ဒါက အလွမယ္ၿပဳိင္ပြဲမွ မဟုတ္တာ" လုိ႕ Sina Weibo မွာ ေဝဖန္ေရးသားထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs