• International News
    ဖူးခက်ကျွန်းကမ်းလွန်မှာ သင်္ဘောတိမ်းမှောက်မှု လူအများအပြား ပျောက်ဆုံးနေ
Ko John
[Unicode Version]

ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဖူးခက်ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား လူအများအပြား ပျောက်ဆုံးနေကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနဲ့လျှော့ချရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇူလိုင် ၅ ရက်) ညပိုင်းမှာ ပြောပါတယ်။

5c6abb8c7b434d548cd2c5784904c76f.jpg

Photo: CGTN



တိမ်းမှောက်ခဲ့တဲ့ Phoenix အမည်ရှိ သင်္ဘောပေါ်မှာ ခရီးသည် ၉၀ ဦးထက်မနည်း လိုက်ပါသွားကြောင်းနဲ့ ၎င်းတို့အနက် ထက်ဝက်နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။

Phoenix အမှတ်တံဆိပ်ပါ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဇူလိုင် ၅ ရက် နှောင်ပိုင်းမှာ ပင်လယ်ပြင်မှ ဆယ်ယူရရှိခဲ့ပါတယ်။ အဆိုပါ သင်္ဘောဟာ ခိုရာချာ (Koh Racha) ကနေ ဖူးခက်ကို ပြန်လည်ခုတ်မောင်းလာစဉ် လှိုင်းကြမ်းနေတဲ့ ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

DhV4czUVQAA3Cyl.jpg

Photo: Phuket Deparment of Disaster Prevention and Mitigation



"၅၃ ယောက် ပျောက်ဆုံးနေပါတယ်၊ ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ရပ်ဆိုင်းထားပြီး ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ပြန်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" လို့ ဖူးခက်တောင်ပိုင်း အုပ်ချုပ်ရေးမှူး Noraphat Plodthong က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Facebook မှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုအရ တာဝန်ရှိသူတွေက ဆိပ်ကမ်းတစ်ခုမှာ သတင်းအချက်အလက် စုဆောင်းနေပြီး ၎င်းတို့အနောက်ဘက် ပင်လယ်ပြင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှ ခရီးသည်တွေဟာ တရုတ်၊ ထိုင်ဝမ်နဲ့ ရုရှားမှ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

colin-w2-5.jpg

Photo: Phuket Deparment of Disaster Prevention and Mitigation



သို့သော် အဆိုပါနေရာကို ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားနှစ်သက်ကြတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) မှာ ထိုနေရာအတွင်း လူ ၃၉ ဦး တင်ဆောင်လာတဲ့ ရွက်လှေတစ်စီးလည်း တိမ်းမှောက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကနဦး သတင်းတစ်ခုအရ ရွက်လှေတိမ်းမှောက်မှုအတွင်း လိုက်ပါလာသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက AFP ကို ပြောခဲ့ပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ မပြောခဲ့ကြောင်း သိရပါတယ်။

ထပ်မံသိရတဲ့ သတင်းတွေအရ ဖူးခက်ကျွန်းကမ်းလွန်မှာ သင်္ဘောတိမ်းမှောက် နစ်မြုပ်ခဲ့မှုအတွင်း လူ ၁၇ ဦး သေဆုံံးကြောင်းနဲ့ ၃၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးခဲ့သူတွေအနက် ၁၀ ဦးဟာ တရုတ်ကမ္ဘာလှည့်ခရီးသည်များ ဖြစ်တယ်လို့ သိရပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံ႐ွိ ကမာၻလွည့္ခရီးသည္ လာေရာက္မႈမ်ားျပားတဲ့ ဖူးခက္ကၽြန္း ကမ္းလြန္ပင္လယ္ျပင္မွာ သေဘၤာတစ္စီး တိမ္းေမွာက္ခဲ့မႈအတြင္း အမ်ဳိးသားတစ္ဦး ေသဆုံးေၾကာင္း အတည္ျပဳႏုိင္ခဲ့ၿပီး အျခား လူအမ်ားအျပား ေပ်ာက္ဆုံးေနေၾကာင္း ေဘးအႏၱရာယ္ ကာကြယ္ေရးနဲ႕ေလွ်ာ့ခ်ေရးဌာနမွ တာဝန္႐ွိသူတစ္ဦးက ယေန႕ (ဇူလုိင္ ၅ ရက္) ညပုိင္းမွာ ေျပာပါတယ္။

Photo: CGTN



တိမ္းေမွာက္ခဲ့တဲ့ Phoenix အမည္႐ွိ သေဘၤာေပၚမွာ ခရီးသည္ ၉၀ ဦးထက္မနည္း လုိက္ပါသြားေၾကာင္းနဲ႕ ၎တုိ႕အနက္ ထက္ဝက္နီးပါးကုိ ကယ္ဆယ္ႏုိင္ခဲ့ၿပီး ႐ွာေဖြကယ္ဆယ္ေရး ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း တာဝန္႐ွိသူက AFP သတင္းဌာနကို ေျပာပါတယ္။

Phoenix အမွတ္တံဆိပ္ပါ အသက္ကယ္အကၤ်ီ ဝတ္ဆင္ထားၿပီး ေသဆုံးေနတဲ့ အမ်ဳိးသားတစ္ဦးရဲ႕ အေလာင္းကုိ ဇူလုိင္ ၅ ရက္ ေႏွာင္ပိုင္းမွာ ပင္လယ္ျပင္မွ ဆယ္ယူရ႐ွိခဲ့ပါတယ္။ အဆုိပါ သေဘၤာဟာ ခုိရာခ်ာ (Koh Racha) ကေန ဖူးခက္ကုိ ျပန္လည္ခုတ္ေမာင္းလာစဥ္ လႈိင္းၾကမ္းေနတဲ့ ပင္လယ္ျပင္မွာ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။

Photo: Phuket Deparment of Disaster Prevention and Mitigation



"၅၃ ေယာက္ ေပ်ာက္ဆုံးေနပါတယ္၊ ညပုိင္းမွာ ႐ွာေဖြကယ္ဆယ္ေရးလုပ္ငန္း ရပ္ဆုိင္းထားၿပီး ဇူလုိင္ ၆ ရက္ မနက္ပုိင္းမွာ ျပန္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္" လုိ႕ ဖူးခက္ေတာင္ပုိင္း အုပ္ခ်ဳပ္ေရးမွဴး Noraphat Plodthong က သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

Facebook မွာ ေတြ႕ရတဲ့ ဗီဒီယုိတစ္ခုအရ တာဝန္႐ွိသူေတြက ဆိပ္ကမ္းတစ္ခုမွာ သတင္းအခ်က္အလက္ စုေဆာင္းေနၿပီး ၎တုိ႕အေနာက္ဘက္ ပင္လယ္ျပင္မွာ ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနၾကတာ ေတြ႕ရပါတယ္။ တိမ္းေမွာက္ခဲ့တဲ့ သေဘၤာေပၚမွ ခရီးသည္ေတြဟာ တ႐ုတ္၊ ထုိင္ဝမ္နဲ႕ ႐ု႐ွားမွ ကမာၻလွည့္ခရီးသည္ေတြ ျဖစ္ၾကတယ္လို႕ ဆုိပါတယ္။

Photo: Phuket Deparment of Disaster Prevention and Mitigation



သို႕ေသာ္ အဆုိပါေနရာကုိ ကမာၻလွည့္ခရီးသည္ေတြ စိတ္ဝင္စားႏွစ္သက္ၾကတယ္လို႕ ဆုိပါတယ္။ ၾကာသပေတးေန႕ (ဇူလုိင္ ၅ ရက္) မွာ ထုိေနရာအတြင္း လူ ၃၉ ဦး တင္ေဆာင္လာတဲ့ ႐ြက္ေလွတစ္စီးလည္း တိမ္းေမွာက္ခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

ကနဦး သတင္းတစ္ခုအရ ႐ြက္ေလွတိမ္းေမွာက္မႈအတြင္း လုိက္ပါလာသူအားလုံးကုိ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း တာဝန္႐ွိသူတစ္ဦးက AFP ကုိ ေျပာခဲ့ေပမဲ့ ေနာက္ထပ္ အေသးစိတ္ကုိေတာ့ မေျပာခဲ့ေၾကာင္း သိရပါတယ္။

ထပ္မံသိရတဲ့ သတင္းေတြအရ ဖူးခက္ကၽြန္းကမ္းလြန္မွာ သေဘၤာတိမ္းေမွာက္ နစ္ျမဳပ္ခဲ့မႈအတြင္း လူ ၁၇ ဦး ေသဆံုံးေၾကာင္းနဲ႕ ၃၇ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။ ေသဆုံးခဲ့သူေတြအနက္ ၁၀ ဦးဟာ တ႐ုတ္ကမာၻလွည့္ခရီးသည္မ်ား ျဖစ္တယ္လို႕ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs