• International News
    ဂျပန်မှာ အဆိပ်ဖြင့်တိုက်ခိုက်ခဲ့တဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ခြောက်ဦးကို ကွပ်မျက်
Ko John
[Unicode Version]

၁၉၉၅ ခုနှစ်အတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ မြေအောက်ရထားလမ်းကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆာရင် (sarin) အဆိပ်ဖြင့် တိုက်ခိုက်မှုကို ဦးဆောင်စီစဉ်ခဲ့သူ Aum Shinrikyo ဂိုဏ်းရဲ့ခေါင်းဆောင် ရှိုကို အဆာဟာရာနဲ့ အဖွဲ့ဝင်ခြောက်ဦးကို ယနေ့ (ဇူလိုင် ၆ ရက်) ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက သတင်းဖော်ပြထားပါတယ်။

2018-07-06_083254.jpg

အဆာဟာရာကို ရဲကားဖြင့် ခေါ်ဆောင်လာစဉ် (Photo: AFP)



တိုကျိုမြေအောက်ရထား လမ်းကြောင်းတစ်လျှောက်မှာ Aum Shinrikyo ဂိုဏ်းဝင်တွေက sarin အဆိပ်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး အခြား ထောင်နဲ့ချီတဲ့လူများ အဆိပ်သင့်တဲ့ ဝေဒနာတွေ ခံစားခဲ့ကြရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ sarin အဆိပ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ်က တိုကျိုမြို့ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများပင် ရပ်ဆိုင်းသွားခဲ့ပါတယ်။

4500.jpg

တိုကျို မြေအောက်ရထားလမ်းကြောင်းမှာ အဆိပ်ဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ် (Photo: AFP)



အဆိပ်ဖြင့်တိုက်ခိုက်ခံရသူတွေဟာ မြေအောက်ရထားလမ်း ပလက်ဖောင်းမှာ လဲကျနေပြီး ပါးစမ်းမှ အမြှုပ်များထွက်ခြင်း၊ နှာခေါင်းပေါက်များမှ သွေယိုစီးခြင်းတို့ ဖြစ်ခဲ့ကြပါတယ်။ တိုက်ခိုက်မှုကို အသွားအလာ ရှုပ်ထွေးများပြားချိန်မှာ ပြုလုပ်ခဲ့တာကြောင့်လည်း လူအများအပြားကို သက်ရောက်မှုဖြစ်ခဲ့ပါတယ်။

Aum Shinrikyo ဂိုဏ်းက အဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ပြီးနောက် ခေါင်းဆောင်ဖြစ်သူ အဆာဟာရာကိုနဲ့ ဂိုဏ်းဝင် ၁၂ ဦးကို ဖမ်းဆီးစွဲချက်တင်ကာ သေဒဏ်ချမှတ်ထားခဲ့ပါတယ်။ သေဒဏ်ချမှတ်ထားမှုကို ၎င်းတို့ရဲ့ နောက်ဆုံး အယူခံဝင်ပြီးချိန်အထိ ဆိုင်းငံ့ထားခဲ့ပြီးနောက် ယနေ့မှာ ခုနစ်ဦးကို ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။0029261101.jpg

Aum Shinrikyo ဂိုဏ်းခေါင်းဆောင် အဆာဟာရာ (Photo: Kyodo)



Aum Shinrikyo ဂိုဏ်းခေါင်းဆောင် အဆာဟာရာကို ၁၉၅၅ ခုနှစ်က ဂျပန်အနောက်တောင်ပိုင်း ကျူရှုးကျွန်းမှာ မွေးဖွားခဲ့ပြီး ယခင်က ချီဇူအို မတ်ဆူမိုတို (Chizuo Matsumoto) လို့ အမည်မှည့်ခေါ်ခဲ့ပါတယ်။ ၁၉၈၀ ပြည်လွန်နှစ်တွေမှာ Aum Shinrikyo ဂိုဏ်းကို တည်ထောင်ခဲ့စဉ်မှာတော့ ရှိုကို အဆာဟာရာ (Shoko Asahara) အဖြစ် အမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

တိုကျိုမြို့မှာ အဆိပ်ဖြင့်တိုက်ခိုက်မှု

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်မှာ Aum Shinrikyo ဂိုဏ်းဝင် ၁၀ ဦးထက်မနည်းက တိုကျိုမြို့ မြေအောက်ရထားလမ်းကြောင်းမှာ sarin အဆိပ်ရည်များလွှတ်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

၎င်းတို့က အာရုံကြောထိခိုက်စေတဲ့ sarin အဆိပ်ရည်ထည့်သွင်းကာ အပေါက်ဖောက်ထားတဲ့ အိတ်တွေကို ရထားပေါ်နဲ့ တိုကျိုမြို့ရှိ နိုင်ငံရေးဆိုင်ရာ အဆောက်အအုံများနေရာကို ဖြတ်သန်းသွားတဲ့ ရထားလမ်းကြောင်းတစ်လျှောက် ချထားခဲ့ကြပါတယ်။

n-sarin-b-20150321.jpg

၁၉၉၅ ခုနှစ်က တိုကျိုမှာ ဖြစ်ပွားခဲ့သည့် အဆိပ်ဖြင့်တိုက်ခိုက်မှု (Photo: Kyodo)



မျက်မြင်တွေ့ကြုံခဲ့ရသူတွေက အဆိုပါ အိတ်တွေကို တွေ့ရှိခဲ့ပြီး မကြာမီမှာပင် ပါးစပ်မှ အမြှုပ်ထွက်ခြင်းနဲ့ အမြင်အာရုံပြဿနာများ ခံစားခဲ့ကြရပါတယ်။ sarin အဆိပ်သင့်ခံရသူတွေဟာ စက္ကန့်ပိုင်းအတွင်း လဲကျသွားပြီး အသက်ရှူကျပ်ခြင်း၊ ပျို့အန်ြခြင်းနဲ့ အချို့ဟာ မျက်လုံးကန်းသွားပြီး လှုပ်ရှားနိုင်ခြင်းမရှိတော့ပါဘူး။

ထိုတိုက်ခိုက်မှုအတွင်း လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ တိုကျိုမှာ sarin အဆိပ်ဖြင့် တိုက်ခိုက်ပြီးနောက် လပိုင်းအတွင်းမှာလည်း Aum Shinrikyo ဂိုဏ်းက မြေအောရထားဘူတာရုံတွေမှာ ဟိုက်ဒရိုက်ဆိုင်ယာနိုက် (hydrogen cyanide) အဆိပ်လွှတ်ပြီး တိုက်ခိုက်မှုအချို့ လုပ်ဆာင်ရန် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

terrorism_japan_tokyo.jpg

တိုကျို မြေအောက်ရထားလမ်းကြောင်းမှာ ဖြစ်ပွားခဲ့သည့် အဆိပ်ဖြင့်တိုက်ခိုက်မှု (Photo: Kyodo)



တိုကျိုတိုက်ခိုက်မှုအတွက် Aum Shinrikyo ဂိုဏ်းခေါင်းဆောင် အဆာဟာရာကိုနဲ့ အဖွဲ့ဝင် ၁၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် အဖွဲ့ဝင်ခြောက်ဦးကိုတော့ ထောင်ဒဏ်တစ်သက်ချမှတ်ထားခဲ့ကြောင်း သိရပါတယ်။

Aum Shinrikyo ဂိုဏ်း

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း စတင်တည်ထောင်ခဲ့ပါတယ်။ ဟိန္ဒူနဲ့ဗုဒ္ဓဘာသာ ရောထွေးနေတဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခရစ်ယာန်ဟောကိန်းတွေရဲ့ ကမ္ဘာပျက်မယ့်နေ့ကို ယုံကြည်လုပ်ဆောင်မှုတွေ ရှိလာခဲ့ပါတယ်။

အဆိုပါဂိုဏ်းကို တည်ထောင်ခဲ့သူ ရှိုကိုအဆာဟာရာက ၎င်းဟာ ခရစ်တော်လည်းဖြစ်သလို ဗုဒ္ဓနောက်ပိုင်း ဉာဏ်အလင်းရသူတစ်ဦး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Aum Shinrikyo ဂိုဏ်းဟာ ၁၉၈၉ ခုနှစ်မှာ ဘာသာရေးအဖွဲ့အစည်းအဖြစ် ဂျပန်နိုင်ငံမှာ တရားဝင် အသိအမှတ်ပြုခံရပြီးနောက် ကမ္ဘာတစ်ဝှမ်း တိုးချဲ့လာခဲ့ပါတယ်။ အဆိုပါဂိုဏ်းဟာ အထင်ရှားဆုံးဖြစ်လာချိန်မှာ ကမ္ဘာတစ်ဝှမ်း ယုံကြည်သူနောက်လိုက် အရေအတွက် သောင်းနဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။

DhYYiO-W4AAUkpw.jpg

Aum Shinrikyo ဂိုဏ်း (Photo: Sputnik)



ကမ္ဘာပျက်ကိန်းကို ယုံကြည်ထားတဲ့ Aum Shinrikyo ဂိုဏ်းက ၁၉၉၅ ခုနှစ်မှာ တိုကျိုမြေအောက်ရထား လမ်းကြောင်းနေရာမှာ အဆိပ်ဖြင့်တိုက်ခိုက်ခဲ့ပါတယ်။ တိုကျိုတိုက်ခိုက်မှုအပြီးမှာ Aum Shinrikyo ဟာ မြေအောက်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

အမည်ကိုလည်း Hikari no Wa လို့ ပြောင်းလဲခဲ့ပါတယ်။ အဆိုပါဂိုဏ်းကို အမေရိကန်နဲ့ အခြား နိုင်ငံအများအပြားမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ သို့သော် ဂျပန်မှာတော့ တရားဝင်ဖွဲ့စည်းထားနိုင်ပြီး အန္တရာယ်ရှိတဲ့ ဘာသာရေးအဖွဲ့အစည်းအဖြစ် စောင့်ကြည့်စာရင်းမှာသာ ပါဝင်နေပါတယ်။

အဆိုပါဂိုဏ်းဟာ ဂျပန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ယုံကြည်သူနောက်လိုက်များ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ရုရှားနိုင်ငံ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တို့မှာ Aum Shinrikyo တစ်ဖြစ်လဲ Hikari no Wa ဂိုဏ်းရဲ့ အဖွဲ့ဝင်များအဖြစ် သံသယရှိသူတွေကို စီးနင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

၁၉၉၅ ခုႏွစ္အတြင္းက ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမဳိ႕ ေျမေအာက္ရထားလမ္းေၾကာင္းမွာ ျဖစ္ပြားခဲ့တဲ့ ဆာရင္ (sarin) အဆိပ္ျဖင့္ တုိက္ခိုက္မႈကုိ ဦးေဆာင္စီစဥ္ခဲ့သူ Aum Shinrikyo ဂုိဏ္းရဲ႕ေခါင္းေဆာင္ ႐ႈိကုိ အဆာဟာရာနဲ႕ အဖြဲ႕ဝင္ေျခာက္ဦးကုိ ယေန႕ (ဇူလုိင္ ၆ ရက္) ကြပ္မ်က္လုိက္ၿပီျဖစ္ေၾကာင္း ေဒသခံ မီဒီယာေတြက သတင္းေဖာ္ျပထားပါတယ္။

အဆာဟာရာကုိ ရဲကားျဖင့္ ေခၚေဆာင္လာစဥ္ (Photo: AFP)



တုိက်ဳိေျမေအာက္ရထား လမ္းေၾကာင္းတစ္ေလွ်ာက္မွာ Aum Shinrikyo ဂုိဏ္းဝင္ေတြက sarin အဆိပ္ျဖင့္ တုိက္ခိုက္ခဲ့မႈေၾကာင့္ လူ ၁၃ ဦးေသဆုံးခဲ့ၿပီး အျခား ေထာင္နဲ႕ခ်ီတဲ့လူမ်ား အဆိပ္သင့္တဲ့ ေဝဒနာေတြ ခံစားခဲ့ၾကရပါတယ္။

အဆုိပါ ျဖစ္ရပ္ဟာ ဂ်ပန္ႏုိင္ငံမွာ အဆုိး႐ြားဆုံး အၾကမ္းဖက္တုိက္ခိုက္မႈလည္း ျဖစ္ခဲ့ပါတယ္။ sarin အဆိပ္ျဖင့္ တုိက္ခိုက္မႈ ျဖစ္ပြားခဲ့စဥ္က တုိက်ဳိၿမဳိ႕ ပုံမွန္လုပ္ငန္းေဆာင္႐ြက္မႈမ်ားပင္ ရပ္ဆုိင္းသြားခဲ့ပါတယ္။

တုိက်ဳိ ေျမေအာက္ရထားလမ္းေၾကာင္းမွာ အဆိပ္ျဖင့္တုိက္ခုိက္မႈ ျဖစ္ပြားခဲ့စဥ္ (Photo: AFP)



အဆိပ္ျဖင့္တုိက္ခိုက္ခံရသူေတြဟာ ေျမေအာက္ရထားလမ္း ပလက္ေဖာင္းမွာ လဲက်ေနၿပီး ပါးစမ္းမွ အျမွဳပ္မ်ားထြက္ျခင္း၊ ႏွာေခါင္းေပါက္မ်ားမွ ေသြယုိစီးျခင္းတုိ႕ ျဖစ္ခဲ့ၾကပါတယ္။ တုိက္ခုိက္မႈကုိ အသြားအလာ ႐ႈပ္ေထြးမ်ားျပားခ်ိန္မွာ ျပဳလုပ္ခဲ့တာေၾကာင့္လည္း လူအမ်ားအျပားကို သက္ေရာက္မႈျဖစ္ခဲ့ပါတယ္။

Aum Shinrikyo ဂုိဏ္းက အဆိပ္ျဖင့္ တုိက္ခိုက္မႈျဖစ္ၿပီးေနာက္ ေခါင္းေဆာင္ျဖစ္သူ အဆာဟာရာကိုနဲ႕ ဂုိဏ္းဝင္ ၁၂ ဦးကို ဖမ္းဆီးစြဲခ်က္တင္ကာ ေသဒဏ္ခ်မွတ္ထားခဲ့ပါတယ္။ ေသဒဏ္ခ်မွတ္ထားမႈကုိ ၎တုိ႕ရဲ႕ ေနာက္ဆုံး အယူခံဝင္ၿပီးခ်ိန္အထိ ဆုိင္းငံ့ထားခဲ့ၿပီးေနာက္ ယေန႕မွာ ခုနစ္ဦးကုိ ကြပ္မ်က္ခဲ့တာ ျဖစ္ပါတယ္။

Aum Shinrikyo ဂုိဏ္းေခါင္းေဆာင္ အဆာဟာရာ (Photo: Kyodo)



Aum Shinrikyo ဂုိဏ္းေခါင္းေဆာင္ အဆာဟာရာကုိ ၁၉၅၅ ခုႏွစ္က ဂ်ပန္အေနာက္ေတာင္ပုိင္း က်ဴ႐ႈးကၽြန္းမွာ ေမြးဖြားခဲ့ၿပီး ယခင္က ခ်ီဇူအုိ မတ္ဆူမုိတုိ (Chizuo Matsumoto) လုိ႕ အမည္မွည့္ေခၚခဲ့ပါတယ္။ ၁၉၈၀ ျပည္လြန္ႏွစ္ေတြမွာ Aum Shinrikyo ဂုိဏ္းကုိ တည္ေထာင္ခဲ့စဥ္မွာေတာ့ ႐ႈိကို အဆာဟာရာ (Shoko Asahara) အျဖစ္ အမည္ေျပာင္းခဲ့တာ ျဖစ္ပါတယ္။

တုိက်ဳိၿမဳိ႕မွာ အဆိပ္ျဖင့္တုိက္ခိုက္မႈ

၁၉၉၅ ခုႏွစ္ မတ္လ ၂၀ ရက္မွာ Aum Shinrikyo ဂုိဏ္းဝင္ ၁၀ ဦးထက္မနည္းက တုိက်ဳိၿမဳိ႕ ေျမေအာက္ရထားလမ္းေၾကာင္းမွာ sarin အဆိပ္ရည္မ်ားလႊတ္ၿပီး တုိက္ခိုက္ခဲ့ၾကပါတယ္။

၎တုိ႕က အာ႐ုံေၾကာထိခိုက္ေစတဲ့ sarin အဆိပ္ရည္ထည့္သြင္းကာ အေပါက္ေဖာက္ထားတဲ့ အိတ္ေတြကုိ ရထားေပၚနဲ႕ တုိက်ဳိၿမဳိ႕႐ွိ ႏုိင္ငံေရးဆုိင္ရာ အေဆာက္အအုံမ်ားေနရာကုိ ျဖတ္သန္းသြားတဲ့ ရထားလမ္းေၾကာင္းတစ္ေလွ်ာက္ ခ်ထားခဲ့ၾကပါတယ္။

၁၉၉၅ ခုႏွစ္က တုိက်ဳိမွာ ျဖစ္ပြားခဲ့သည့္ အဆိ္ပ္ျဖင့္တုိက္ခိုက္မႈ (Photo: Kyodo)



မ်က္ျမင္ေတြ႕ႀကဳံခဲ့ရသူေတြက အဆုိပါ အိတ္ေတြကုိ ေတြ႕႐ွိခဲ့ၿပီး မၾကာမီမွာပင္ ပါးစပ္မွ အျမွဳပ္ထြက္ျခင္းနဲ႕ အျမင္အာ႐ုံျပႆနာမ်ား ခံစားခဲ့ၾကရပါတယ္။ sarin အဆိပ္သင့္ခံရသူေတြဟာ စကၠန္႕ပိုင္းအတြင္း လဲက်သြားၿပီး အသက္႐ွဴက်ပ္ျခင္း၊ ပ်ဳိ႕အန္ျျခင္းနဲ႕ အခ်ဳိ႕ဟာ မ်က္လုံးကန္းသြားၿပီး လႈပ္႐ွားႏုိင္ျခင္းမ႐ွိေတာ့ပါဘူး။

ထုိတုိက္ခုိက္မႈအတြင္း လူ ၁၃ ဦး ေသဆုံးခဲ့ပါတယ္။ တုိက်ဳိမွာ sarin အဆိပ္ျဖင့္ တုိက္ခိုက္ၿပီးေနာက္ လပုိင္းအတြင္းမွာလည္း Aum Shinrikyo ဂုိဏ္းက ေျမေအာရထားဘူတာ႐ုံေတြမွာ ဟုိက္ဒ႐ုိက္ဆုိင္ယာႏုိက္ (hydrogen cyanide) အဆိပ္လႊတ္ၿပီး တုိက္ခိုက္မႈအခ်ဳိ႕ လုပ္ဆာင္ရန္ ႀကဳိးပမ္းခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ဘူးလုိ႕ ဆုိပါတယ္။

တုိက်ဳိ ေျမေအာက္ရထားလမ္းေၾကာင္းမွာ ျဖစ္ပြားခဲ့သည့္ အဆိ္ပ္ျဖင့္တုိက္ခိုက္မႈ (Photo: Kyodo)



တုိက်ဳိတုိက္ခိုက္မႈအတြက္ Aum Shinrikyo ဂုိဏ္းေခါင္းေဆာင္ အဆာဟာရာကုိနဲ႕ အဖြဲ႕ဝင္ ၁၂ ဦးကုိ ေသဒဏ္ခ်မွတ္ခဲ့ၿပီး ေနာက္ထပ္ အဖြဲ႕ဝင္ေျခာက္ဦးကုိေတာ့ ေထာင္ဒဏ္တစ္သက္ခ်မွတ္ထားခဲ့ေၾကာင္း သိရပါတယ္။

Aum Shinrikyo ဂုိဏ္း

၁၉၈၀ ျပည့္လြန္ႏွစ္မ်ားအတြင္း စတင္တည္ေထာင္ခဲ့ပါတယ္။ ဟိႏၵဴနဲ႕ဗုဒၶဘာသာ ေရာေထြးေနတဲ့ ယုံၾကည္ကုိးကြယ္မႈဆုိင္ရာ ဂုိဏ္းတစ္ခုျဖစ္ပါတယ္။ ေနာက္ပုိင္းမွာေတာ့ ခရစ္ယာန္ေဟာကိန္းေတြရဲ႕ ကမာၻပ်က္မယ့္ေန႕ကို ယုံၾကည္လုပ္ေဆာင္မႈေတြ ႐ွိလာခဲ့ပါတယ္။

အဆုိပါဂုိဏ္းကုိ တည္ေထာင္ခဲ့သူ ႐ႈိကုိအဆာဟာရာက ၎ဟာ ခရစ္ေတာ္လည္းျဖစ္သလုိ ဗုဒၶေနာက္ပုိင္း ဉာဏ္အလင္းရသူတစ္ဦး ျဖစ္တယ္လုိ႕ ေၾကညာခဲ့ပါတယ္။

Aum Shinrikyo ဂုိဏ္းဟာ ၁၉၈၉ ခုႏွစ္မွာ ဘာသာေရးအဖြဲ႕အစည္းအျဖစ္ ဂ်ပန္ႏုိင္ငံမွာ တရားဝင္ အသိအမွတ္ျပဳခံရၿပီးေနာက္ ကမာၻတစ္ဝွမ္း တုိးခ်ဲ႕လာခဲ့ပါတယ္။ အဆုိပါဂုိဏ္းဟာ အထင္႐ွားဆုံးျဖစ္လာခ်ိန္မွာ ကမာၻတစ္ဝွမ္း ယုံၾကည္သူေနာက္လိုက္ အေရအတြက္ ေသာင္းနဲ႕ခ်ီ႐ွိခဲ့တယ္လုိ႕ ဆုိပါတယ္။

Aum Shinrikyo ဂုိဏ္း (Photo: Sputnik)



ကမာၻပ်က္ကိန္းကုိ ယုံၾကည္ထားတဲ့ Aum Shinrikyo ဂုိဏ္းက ၁၉၉၅ ခုႏွစ္မွာ တုိက်ဳိေျမေအာက္ရထား လမ္းေၾကာင္းေနရာမွာ အဆိပ္ျဖင့္တုိက္ခိုက္ခဲ့ပါတယ္။ တုိက်ဳိတုိက္ခိုက္မႈအၿပီးမွာ Aum Shinrikyo ဟာ ေျမေအာက္အဖြဲ႕အစည္းအျဖစ္ ရပ္တည္ခဲ့ပါတယ္။

အမည္ကုိလည္း Hikari no Wa လုိ႕ ေျပာင္းလဲခဲ့ပါတယ္။ အဆိုပါဂုိဏ္းကုိ အေမရိကန္နဲ႕ အျခား ႏုိင္ငံအမ်ားအျပားမွာ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားပါတယ္။ သုိ႕ေသာ္ ဂ်ပန္မွာေတာ့ တရားဝင္ဖြဲ႕စည္းထားႏုိင္ၿပီး အႏၱရာယ္႐ွိတဲ့ ဘာသာေရးအဖြဲ႕အစည္းအျဖစ္ ေစာင့္ၾကည့္စာရင္းမွာသာ ပါဝင္ေနပါတယ္။

အဆုိပါဂုိဏ္းဟာ ဂ်ပန္ႏုိင္ငံနဲ႕ ကမာၻတစ္ဝွမ္းမွာ ယုံၾကည္သူေနာက္လုိက္မ်ား ႐ွိေနဆဲျဖစ္တယ္လုိ႕ ဆုိပါတယ္။ ၂၀၁၆ ခုႏွစ္အတြင္း ႐ု႐ွားႏုိင္ငံ ေမာ္စကုိနဲ႕ စိန္႕ပီတာစဘတ္ၿမဳိ႕တုိ႕မွာ Aum Shinrikyo တစ္ျဖစ္လဲ Hikari no Wa ဂုိဏ္းရဲ႕ အဖြဲ႕ဝင္မ်ားအျဖစ္ သံသယ႐ွိသူေတြကို စီးနင္းမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs