• International News

    ကနေဒါမှာ အပူလှိုင်းကျရောက်မှုကြောင့် လူ ၃၃ ဦး သေဆုံး

Ko John
[Unicode Version]

ကနေဒါနိုင်ငံ Quebec ပြည်နယ် တောင်ပိုင်းဒေသတွေမှာ အပူလှိုင်းကျရောက်မှုကြောင့် လူ ၃၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ပူပြင်းတဲ့ ရာသီဥတုဟာ ပြီးခဲ့တဲ့ သောကြောနေ့ (ဇွန်လ ၂၉ ရက်) မှာ စတင်ခဲ့ပြီး အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပါတယ်။

gettyimages-991239932.jpg

(Photo: AFP)



ယခု သီတင်းပတ်အတွင်း အပူဒဏ်ကြောင့် သေဆုံးမှု နေ့စဉ် မြင့်တက်နေပြီး အများစုဟာ အသက် ၅၀ မှ ၈၀ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ Quebec မှာ အပူလှိုင်းကျရောက်မှုဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွာဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

အာဏာပိုင်တွေက ပြည်သူတွေကို ရေများများသောက်ပြီး အရိပ်ထဲမှာသာ နေထိုင်ကြရန် တိုက်တွန်းထားပါတယ်။ "ကျွန်မတို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်နေပါတယ်" လို့ မွန်ထရယ်မြို့ မြို့တော်ဝန် Valerie Plante က ပြောပါတယ်။

0111-citybudget4.jpg

မွန်ထရယ်မြို့ မြို့တော်ဝန် Valerie Plante (Photo: Montreal Gazette)



အဆိုပါမြို့မှာ ရေကူးကန်တွေနဲ့ လေအေးပေးစက်တပ်ဆင်ထားတဲ့ နေရာတွေကို အများပြည်သူအတွက် ဖွင့်ပေးထားကြောင်းလည်း သိရပါတယ်။ အပူဒဏ်ကို ထိခိုက်ခံစားရလွယ်တဲ့ မြို့ခံ ၁၅,၀၀၀ ကို အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း မွန်ထရယ်မြို့တော်ဝန်က ဆိုပါတယ်။

မွန်ထရယ်မြို့မှာ အပူဒဏ်ကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပြီး အနီးပတ်ဝန်းကျင် ဒေသတွေမှာ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ မွန်ထရယ်မြို့မှာ Quebec မှာ လူဦးရေအထူထပ်ဆုံးမြို့ ဖြစ်ကြောင်းလည်း သိရပါတယ်။

09063891.jpg

မွန်ထရယ်မြို့ မြင်ကွင်းတစ်ခု (Photo: The Canadian Press)



"ကျွန်မတို့အဖွဲ့က မွန်ထရယ်မြို့ခံတွေရဲ့ နေအိမ်တွေအရောက် တံခါးခေါက်ပြီး အပူဒဏ်ကြောင့် နေမကောင်းဖြစ်သူရှိ မရှိ လိုက်လံကြည့်ရှုစောင့်ရှောက်နေပါတယ်" လို့ မြို့တော်ဝန်ကဆိုပါတယ်။ အပူဒဏ်ကြောင့် ငယ်ရွယ်လွန်းသော ကလေးတွေနဲ့ အသက်အရွယ်ကြီးလွန်းသူတွေမှာ သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဌာနက ပြောထားပါတယ်။

မွန်ထရယ်မြို့မှာ အပူဒဏ်ကြောင့် သေဆုံးခဲ့သူတွေဟာ အသက် ၆၅ နှစ်အထက်ဖြစ်ပြီး လေအေးပေးစက်မရှိတဲ့ နေရာမှာ နေထိုင်ကြကာ ယခင်ကတည်းက ကျန်းမာရေးမကောင်းသူတွေ ဖြစ်ကြတယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

canada-heat-wave.jpg

(Photo: KOBI-TV NBC5)



မွန်ထရယ်မြို့ရဲ့ ပျမ်းမျှအပူချိန်ဟာ ပုံမှန်အားဖြင့် ၂၅ ဒီဂရီဆဲလ်စီးယပ်သာ ဖြစ်လေ့ရှိပေမဲ့ ယခုနှစ် လက်ရှိအချိန်မှာ အပူလှိုင်းကြောင့် ထိုအပူချိန်အထက်ကို မြင့်တက်နေပါတယ်။ အပူချိန်ဟာ ယနေ့ (ဇူလိုင် ၆ ရက်) လျော့ကျနိုင်မယ်လို့ မျှော်လင့်ရပြီး ၂၄ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

[Zawgyi Version]

ကေနဒါႏုိင္ငံ Quebec ျပည္နယ္ ေတာင္ပုိင္းေဒသေတြမွာ အပူလႈိင္းက်ေရာက္မႈေၾကာင့္ လူ ၃၃ ဦး ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။ ပူျပင္းတဲ့ ရာသီဥတုဟာ ၿပီးခဲ့တဲ့ ေသာေၾကာေန႕ (ဇြန္လ ၂၉ ရက္) မွာ စတင္ခဲ့ၿပီး အပူခ်ိန္ ၃၅ ဒီဂရီဆဲလ္စီးယပ္သို႕ ေရာက္႐ွိခဲ့ပါတယ္။

(Photo: AFP)



ယခု သီတင္းပတ္အတြင္း အပူဒဏ္ေၾကာင့္ ေသဆုံးမႈ ေန႕စဥ္ ျမင့္တက္ေနၿပီး အမ်ားစုဟာ အသက္ ၅၀ မွ ၈၀ ႏွစ္ၾကား အ႐ြယ္ေတြျဖစ္တယ္လုိ႕ ဆုိပါတယ္။ Quebec မွာ အပူလႈိင္းက်ေရာက္မႈဟာ ဆယ္စုႏွစ္မ်ားအတြင္း အဆုိး႐ြာဆုံးျဖစ္ေၾကာင္းလည္း သိရပါတယ္။

အာဏာပိုင္ေတြက ျပည္သူေတြကုိ ေရမ်ားမ်ားေသာက္ၿပီး အရိပ္ထဲမွာသာ ေနထုိင္ၾကရန္ တုိက္တြန္းထားပါတယ္။ "ကၽြန္မတုိ႕ လုပ္ႏုိင္သမွ် အားလုံးကုိ လုပ္ေဆာင္ေနပါတယ္" လုိ႕ မြန္ထရယ္ၿမဳိ႕ ၿမဳိ႕ေတာ္ဝန္ Valerie Plante က ေျပာပါတယ္။

မြန္ထရယ္ၿမဳိ႕ ၿမဳိ႕ေတာ္ဝန္ Valerie Plante (Photo: Montreal Gazette)



အဆုိပါၿမဳိ႕မွာ ေရကူးကန္ေတြနဲ႕ ေလေအးေပးစက္တပ္ဆင္ထားတဲ့ ေနရာေတြကုိ အမ်ားျပည္သူအတြက္ ဖြင့္ေပးထားေၾကာင္းလည္း သိရပါတယ္။ အပူဒဏ္ကုိ ထိခိုက္ခံစားရလြယ္တဲ့ ၿမဳိ႕ခံ ၁၅,၀၀၀ ကုိ အိမ္တုိင္ရာေရာက္ က်န္းမာေရးစစ္ေဆးမႈေတြ ေဆာင္႐ြက္ေနေၾကာင္း မြန္ထရယ္ၿမဳိ႕ေတာ္ဝန္က ဆုိပါတယ္။

မြန္ထရယ္ၿမဳိ႕မွာ အပူဒဏ္ေၾကာင့္ လူ ၁၈ ဦး ေသဆုံးခဲ့ၿပီး အနီးပတ္ဝန္းက်င္ ေဒသေတြမွာ ၁၅ ဦး ေသဆုံးခဲ့ပါတယ္။ မြန္ထရယ္ၿမဳိ႕မွာ Quebec မွာ လူဦးေရအထူထပ္ဆုံးၿမဳိ႕ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

မြန္ထရယ္ၿမဳိ႕ ျမင္ကြင္းတစ္ခု (Photo: The Canadian Press)



"ကၽြန္မတုိ႕အဖြဲ႕က မြန္ထရယ္ၿမဳိ႕ခံေတြရဲ႕ ေနအိမ္ေတြအေရာက္ တံခါးေခါက္ၿပီး အပူဒဏ္ေၾကာင့္ ေနမေကာင္းျဖစ္သူ႐ွိ မ႐ွိ လုိက္လံၾကည့္႐ႈေစာင့္ေ႐ွာက္ေနပါတယ္" လုိ႕ ၿမဳိ႕ေတာ္ဝန္ကဆုိပါတယ္။ အပူဒဏ္ေၾကာင့္ ငယ္႐ြယ္လြန္းေသာ ကေလးေတြနဲ႕ အသက္အ႐ြယ္ႀကီးလြန္းသူေတြမွာ ေသဆုံးႏုိင္တဲ့အထိ ျဖစ္ႏုိင္ေၾကာင္း က်န္းမာေရးဌာနက ေျပာထားပါတယ္။

မြန္ထရယ္ၿမဳိ႕မွာ အပူဒဏ္ေၾကာင့္ ေသဆုံးခဲ့သူေတြဟာ အသက္ ၆၅ ႏွစ္အထက္ျဖစ္ၿပီး ေလေအးေပးစက္မ႐ွိတဲ့ ေနရာမွာ ေနထုိင္ၾကကာ ယခင္ကတည္းက က်န္းမာေရးမေကာင္းသူေတြ ျဖစ္ၾကတယ္လုိ႕ က်န္းမာေရးဌာနက ဆုိပါတယ္။

(Photo: KOBI-TV NBC5)



မြန္ထရယ္ၿမဳိ႕ရဲ႕ ပ်မ္းမွ်အပူခ်ိန္ဟာ ပုံမွန္အားျဖင့္ ၂၅ ဒီဂရီဆဲလ္စီးယပ္သာ ျဖစ္ေလ့႐ွိေပမဲ့ ယခုႏွစ္ လက္႐ွိအခ်ိန္မွာ အပူလႈိင္းေၾကာင့္ ထုိအပူခ်ိန္အထက္ကုိ ျမင့္တက္ေနပါတယ္။ အပူခ်ိန္ဟာ ယေန႕ (ဇူလုိင္ ၆ ရက္) ေလ်ာ့က်ႏုိင္မယ္လုိ႕ ေမွ်ာ္လင့္ရၿပီး ၂၄ ဒီဂရီဆဲလ္စီးယပ္သုိ႕ ေရာက္႐ွိႏုိင္မယ္လုိ႕ တာဝန္႐ွိသူေတြက ခန္႕မွန္းထားပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs