• International News
    မက္ကစီကိုမှာ မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

မက္ကစီကိုနိုင်ငံရှိ မီးရှူးမီးပန်း ဂိုဒေါင်တစ်ခုမှာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၄၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ Tultepec မြို့ရှိ အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့နဲ့ မီးသတ်သမားများ ရောက်ရှိလာချိန်မှာ အကြီးမားဆုံး ပေါက်ကွဲမှုများ ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။

2018-07-06_142628.jpg

Photo: People's Daily



သေဆုံးဒဏ်ရာရသူတွေအနက် အရေးပေါ် ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်သမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုအရ Tultepec မြို့ရှိ မီးရှူးမီးပန်း ဂိုဒေါင်တည်ရှိရာနေရာ အပေါ်ဘက်မှာ ကြီးမားတဲ့ မီးခိုးလုံးကြီးကို တွေ့ခဲ့ရပါတယ်။

မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ Tultepec မြို့ဟာ မက္ကစီကိုမြို့မှ မိုင် ၂၀ အကွာမှာတည်ရှိပြီး မက္ကစီကိုရဲ့ မီးရှူးမီးပန်းမြို့တော်အဖြစ်လည်း လူသိများကြပါတယ်။ အဆိုပါမြို့ရှိ San Pablito ဈေးဟာ မီးရှူးမီးပန်းများ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့မှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ဖူးပါတယ်။

mexico0607a-2.jpg

Photo: CNN



၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ San Pablito ဈေးအတွင်း မီးရှူးမီးပန်းပေါက်ကွဲမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မီးရှူးမီးပန်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဈေးကို ပိတ်သိမ်းရန် တိုက်တွန်းမှုတွေ ရှိခဲ့ပေမဲ့ မက္ကစီကိုသမ္မတက ဈေးကိုပြန်လည်တည်ဆောက်ပြီး ရာနဲ့ချီတဲ့ ဒေသခံ မီးရှူးမီးပန်းပညာရှင်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် ကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။

 picture-taken-at-the-site-after-a-series-of-explosions-at-fireworks-warehouses-in-tultepec-central-mexico-on-july-5-2018-1530817246389-4.jpg

Photo: AFP



ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာလည်း  Tultepec မြို့မှာ အလားတူ မီးရှူးမီးပန်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။ Tultepec မြို့မှာ မက္ကစီကိုရဲ့ မီးရှူးမီးပန်းပွဲတော်ကိုလည်း နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ယမန်နေ့ (ဇူလိုင် ၅ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီခွဲခန့်မှာ Tultepec မြို့ရှိ မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

explosion-piro-1A.jpg

Photo: Reuters



"ကျွန်တော် မနက်စာ စားနေတုန်းမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ရပါတယ်၊ အိမ်အပြင်ကိုပြေးထွက်ပြီး ကြည့်လိုက်တော့ ကောင်းကင်မှာ တော်တော်ကြီးတဲ့ အဖြူရောင်မီးခိုးလုံးကြီး တွေ့လိုက်ရတယ်" လို့ ဒေသခံတစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မီးရှူးမီးပန်းဂိုဒေါင်မှာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာချိန်မှာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ရာ ကယ်ဆယ်ရေးသမားများ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မီးရှူးမီးပန်း မတော်တဆမှုတွေဟာ မက္ကစီကိုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။

2018-07-06_142802.jpg

Photo: Reuters

မက္ကစီကိုမှာ ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်း မတော်တဆမှုများ

- Tultepec မြို့ရှိ San Pablito ဈေးမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလအတွင်း လွတ်လပ်ရေးနေ့မတိုင်မီ မီးရှူးမီးပန်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံး ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း လူအများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။

- ၂၀၀၆ ခုနှစ်မှာလည်း San Pablito ဈေးမှာပင် မီးရှှုးမီးပန်း ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

- ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ San Pablito ဈေးအတွင်း နောက်ထပ် မီးရှူးမီးပန်းပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် လူ ၄၂ ဦး သေဆုံးပြီး အခြား လူ ၇၀ ဒဏ်ရာရခဲ့ပါတယ်။

- ယခုနှစ် ဇွန်လ ၆ ရက်မှာလည်း Tultepec မြို့မှာ မီးရှူးမီးပန်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။

[Zawgyi Version]

မကၠစီကုိႏုိင္ငံ႐ွိ မီး႐ွဴးမီးပန္း ဂုိေဒါင္တစ္ခုမွာ ေပါက္ကြဲမႈမ်ား ဆက္တုိက္ျဖစ္ပြားခဲ့မႈေၾကာင့္ လူ ၂၄ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး အျခား လူ ၄၀ ခန္႕ ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ Tultepec ၿမဳိ႕႐ွိ အခင္းျဖစ္ေနရာကုိ ရဲတပ္ဖြဲ႕နဲ႕ မီးသတ္သမားမ်ား ေရာက္႐ိွလာခ်ိန္မွာ အႀကီးမားဆုံး ေပါက္ကြဲမႈမ်ား ျဖစ္ပြားေနခဲ့တယ္လို႕ ဆုိပါတယ္။

2018-07-06_142628.jpg

Photo: People's Daily



ေသဆုံးဒဏ္ရာရသူေတြအနက္ အေရးေပၚ ကယ္ဆယ္ေရးသမားေတြနဲ႕ မီးသတ္သမားေတြလည္း ပါဝင္ခဲ့ပါတယ္။ ဆုိ႐ွယ္မီဒီယာမွာ လႊင့္တင္ခဲ့တဲ့ ဗီဒီယုိအရ Tultepec ၿမဳိ႕႐ွိ မီး႐ွဴးမီးပန္း ဂုိေဒါင္တည္႐ွိရာေနရာ အေပၚဘက္မွာ ႀကီးမားတဲ့ မီးခိုးလုံးႀကီးကုိ ေတြ႕ခဲ့ရပါတယ္။

မီး႐ွဴးမီးပန္းဂုိေဒါင္ ေပါက္ကြဲမီးေလာင္မႈ ျဖစ္ပြားခဲ့တဲ့ Tultepec ၿမဳိ႕ဟာ မကၠစီကုိၿမဳိ႕မွ မုိင္ ၂၀ အကြာမွာတည္႐ွိၿပီး မကၠစီကုိရဲ႕ မီး႐ွဴးမီးပန္းၿမဳိ႕ေတာ္အျဖစ္လည္း လူသိမ်ားၾကပါတယ္။ အဆုိပါၿမဳိ႕႐ွိ San Pablito ေစ်းဟာ မီး႐ွဴးမီးပန္းမ်ား ေပါက္ကြဲမႈႏွစ္ႀကိမ္ ျဖစ္ပြားခဲ့မႈေၾကာင့္ ဆုိး႐ြားစြာ ပ်က္စီးခဲ့ဖူးပါတယ္။

mexico0607a-2.jpg

Photo: CNN



၂၀၁၆ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ San Pablito ေစ်းအတြင္း မီး႐ွဴးမီးပန္းေပါက္ကြဲမႈေတြေၾကာင့္ လူ ၄၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

မီး႐ွဴးမီးပန္း ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ အဆုိပါေစ်းကုိ ပိတ္သိမ္းရန္ တုိက္တြန္းမႈေတြ ႐ွိခဲ့ေပမဲ့ မကၠစီကုိသမၼတက ေစ်းကိုျပန္လည္တည္ေဆာက္ၿပီး ရာနဲ႕ခ်ီတဲ့ ေဒသခံ မီး႐ွဴးမီးပန္းပညာ႐ွင္ေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈအတြက္ ကူညီမယ္လုိ႕ ကတိျပဳခဲ့ပါတယ္။

 picture-taken-at-the-site-after-a-series-of-explosions-at-fireworks-warehouses-in-tultepec-central-mexico-on-july-5-2018-1530817246389-4.jpg

Photo: AFP



ၿပီးခဲ့တဲ့ ဇြန္လအေစာပုိင္းမွာလည္း  Tultepec ၿမဳိ႕မွာ အလားတူ မီး႐ွဴးမီးပန္း ေပါက္ကြဲမႈတစ္ခု ျဖစ္ခဲ့ၿပီး လူခုနစ္ဦး ေသဆုံးခဲ့ပါတယ္။ Tultepec ၿမဳိ႕မွာ မကၠစီကုိရဲ႕ မီး႐ွဴးမီးပန္းပြဲေတာ္ကုိလည္း ႏွစ္စဥ္ က်င္းပျပဳလုပ္ေလ့႐ွိပါတယ္။

ယမန္ေန႕ (ဇူလုိင္ ၅ ရက္) ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီခြဲခန္႕မွာ Tultepec ၿမဳိ႕႐ွိ မီး႐ွဴးမီးပန္းဂုိေဒါင္ ေပါက္ကြဲမီးေလာင္မႈ စတင္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

Photo: Reuters



"ကၽြန္ေတာ္ မနက္စာ စားေနတုန္းမွာ က်ယ္ေလာင္တဲ့ ေပါက္ကြဲသံႀကီး ၾကားလုိက္ရပါတယ္၊ အိမ္အျပင္ကိုေျပးထြက္ၿပီး ၾကည့္လုိက္ေတာ့ ေကာင္းကင္မွာ ေတာ္ေတာ္ႀကီးတဲ့ အျဖဴေရာင္မီးခုိးလုံးႀကီး ေတြ႕လုိက္ရတယ္" လုိ႕ ေဒသခံတစ္ဦးက AFP သတင္းဌာနကုိ ေျပာခဲ့ပါတယ္။

မီး႐ွဴးမီးပန္းဂုိေဒါင္မွာ ပထမအႀကိမ္ ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ အေရးေပၚ ကယ္ဆယ္ေရးသမားေတြ ေရာက္႐ွိလာခ်ိန္မွာ ဒုတိယအႀကိမ္ ထပ္မံေပါက္ကြဲခဲ့ရာ ကယ္ဆယ္ေရးသမားမ်ား ေသဆုံးဒဏ္ရာရခဲ့တယ္လုိ႕ ဆုိပါတယ္။ မီး႐ွဴးမီးပန္း မေတာ္တဆမႈေတြဟာ မကၠစီကုိမွာ မၾကာခဏ ျဖစ္ပြားေလ့႐ွိေၾကာင္း သိရပါတယ္။

2018-07-06_142802.jpg

Photo: Reuters

မကၠစီကိုမွာ ျဖစ္ပြားခဲ့သည့္ မီး႐ွဴးမီးပန္း မေတာ္တဆမႈမ်ား

- Tultepec ၿမဳိ႕႐ွိ San Pablito ေစ်းမွာ ၂၀၀၅ ခုႏွစ္ စက္တင္ဘာလအတြင္း လြတ္လပ္ေရးေန႕မတုိင္မီ မီး႐ွဴးမီးပန္း ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး ေစ်းတစ္ခုလုံး ဆုိး႐ြားစြာ ပ်က္စီးခဲ့ပါတယ္။ ထုိျဖစ္ရပ္အတြင္း လူအမ်ားအျပားလည္း ဒဏ္ရာရခဲ့ပါတယ္။

- ၂၀၀၆ ခုႏွစ္မွာလည္း San Pablito ေစ်းမွာပင္ မီး႐ွႈးမီးပန္း ေပါက္ကြဲမႈတစ္ခုေၾကာင့္ ပ်က္စီးမႈေတြ ျဖစ္ခဲ့ပါတယ္။

- ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလမွာ San Pablito ေစ်းအတြင္း ေနာက္ထပ္ မီး႐ွဴးမီးပန္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့မႈေၾကာင့္ လူ ၄၂ ဦး ေသဆုံးၿပီး အျခား လူ ၇၀ ဒဏ္ရာရခဲ့ပါတယ္။

- ယခုႏွစ္ ဇြန္လ ၆ ရက္မွာလည္း Tultepec ၿမဳိ႕မွာ မီး႐ွဴးမီးပန္း ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ၿပီး လူခုနစ္ဦး ေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs