• International News
    မယ်ဆိုင်ဂူထဲမှ လူငယ်အုပ်စုကို ပြန်ခေါ်ထုတ်နိုင်မယ့် ရွေးချယ်စရာ နည်းလမ်းများ
Ko John
[Unicode Version]

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ရေကြီးနေတဲ့ ဂူအတွင်း ပိတ်မိနေတဲ့ လူငယ်အုပ်စုထံ ရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက လူငယ်တွေကို ဘေးကင်းစွာဖြင့် ဂူအပြင်ကိုခေါ်ထုတ်ရေးက အမှန်တစ်ကယ် စိန်ခေါ်မှုဖြစ်လာမယ်လို့ ပြောကြပါတယ်။

2018-07-05_233950.jpg

Photo: Thai Navy Seal



လက်ရှိမှာ ထိုင်းရေတပ်မှ ရေငုပ်သမားတွေနဲ့ နိုင်ငံတကာမှ မြေအောက်ကယ်ဆယ်ရေးကျွမ်းကျင် အဖွဲ့တစ်ဖွဲ့က ထိုင်းလူငယ်တွေကို စောင့်ရှောက်ပေးနေပါတယ်။ ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးအသင်းသား ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ရန် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းမရှိဘူးလို့ သိရပါတယ်။

ဂူဝင်ပေါက်နေရာကို ပြန်သွားရမယ့် လမ်းကြောင်းဟာ ရှည်လျားပြီး ကျဉ်းမြောင်းတဲ့နေရာတွေနဲ့ အတားအဆီးတွေ ရှိနေကာ အချို့နေရာတွေက ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

180627111327-thai-soccer-teens-exlarge-169.jpg

Photo: CNN



ဂူထဲမှာ ပိတ်မိနေတဲ့အုပ်စုမှ ယောက်ျားလေးအချို့က ရေမကူးနိုင်တာမျိုး ဖြစ်နိုင်သလို အားလုံးဟာ မြေအောက်မှာ ၁၂ ညကြာ ပိတ်မိနေခဲ့တာကြောင့် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုတွေလည်း ဖြစ်နေနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဇွန်လ ၂၃ ရက်ကတည်းက ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေခဲ့ပြီး ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့တွေ စဉ်းစားထားကြတဲ့ ဖြစ်နိုင်ဖွယ် နည်းလမ်းများ ဖြစ်ပါတယ်။

ဂူထဲမှ ရေများပြန်ကျသွားတဲ့အထိ စောင့်ဆိုင်းရန်

ဒီနည်းလမ်းကတော့ ဘေးအန္တရာယ်အကင်းဆုံးနဲ့ ဂူအပြင်ကို အမြန်ဆုံး ပြန်ထွက်လာနိုင်ပါတယ်။ သို့သော် ဂူထဲမှ ရေများပြန်ကျသွားရန် အချိန်အတော်ကြာ စောင့်ဆိုင်းရမှာဖြစ်ပြီး လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

ဂျပန်နိုင်ငံမှ ပညာရှင်တွေကတော့ ဂူထဲမှ ရေတွေကို တစ်နာရီလျှင် လက်မဝက် လျှော့ချပေးနိုင်တဲ့ ရေစုပ်ထုတ်မှုစနစ်ကို တပ်ဆင်ကူညီပေးနေတယ်လို့ ဆိုပါတယ်။

DhWgRaWUcAEZ-YD.jpg

Photo: CNA



ဂျပန်ပညာရှင်တွေရဲ့ အကူအညီဖြင့် ရေစုပ်ထုတ်မှုအရ ဂူထဲမှာ ရေကြီးနေမှုကို လူငယ်အုပ်စု လမ်းလျှောက်ပြီး ဂူအပြင်ကို ပြန်ထွက်လာနိုင်တဲ့အထိ လျှော့ချနိုင်ဖွယ်ရှိပါတယ်။ ဂူထဲမှ ရေများကို စုပ်ထုတ်နေပေမဲ့ အဓိက ပြဿနာမှာ ရာသီဥတု ဖြစ်နေပါတယ်။

လူငယ်အုပ်စု ပိတ်မိနေတဲ့ Tham Luang ဂူတည်ရှိရာ ထိုင်းမြောက်ပိုင်းဒေသတွေမှာ သီတင်းပတ်ကြာအောင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိနေပြီး တောင်ပေါ်မှရေများ ဂူအတွင်းကို စီးဝင်လာမှာဖြစ်ပါတယ်။

တောင်ကျရေများ ဂူအတွင်း စီးဝင်မှုအရှိန်က ဂူထဲမှာရှိနေတဲ့ ရေတွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေမှုထက် ပိုမြန်နိုင်တယ်လို့ ဆိုပါတယ်။

တောင်တန်းပေါ်မှထွက်ပေါက်

Tham Luang ဂူဟာ တောင်တန်းတစ်ခုအတွင်း အရှည် ၆ မိုင်ကျော်ရှိတဲ့ ဥမင်လှိုဏ်ခေါင်း လမ်းကြောင်းတွေ ရှိနေပါတယ်။ ထိုဥမင်လှိုဏ်ခေါင်း လမ်းကြောင်းများတစ်လျှောက်မှာ အပေါ်ဘက်ရှိ တောင်ပေါ်ကိုရောက်သွားနိုင်တဲ့ ယခင် မတွေ့ရှိထားသေးတဲ့ ထွက်ပေါက်များရှိနေနိုင်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက လူငယ်အုပ်စု ပိတ်မိနေတဲ့နေရာနဲ့ အနီးဆုံးမှာ ထိုကဲ့သို့ထွက်ပေါ်ကို ရှာဖွေနေကြပါတယ်။ ဂူရဲ့အခြားထွက်ပေါက်ရှာဖွေမှုကို တောင်များပေါ်တက်ပြီး ငှက်သိုက်ရှာဖွေကြတဲ့ ထိုင်းတောင်ပိုင်းမှ အဖွဲ့တစ်ဖွဲ့ကလည်း ပါဝင်ကူူညီနေပါတယ်။

ဂူအတွင်း ရေငုပ်နည်းသင်ကြားခြင်း

လူငယ်အုပ်စုကို ဂူအတွင်း ရေငုပ်နည်းစနစ် သင်ကြားပေးပြီး ဂူအပြင်ကို ပြန်ခေါ်ထုတ်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ကျွမ်းကျင်သူအများစုက သဘောတူထားကြပြီး ဂူအပြင်ကို အမြန်ဆုံးရောက်နိုင်သလို အန္တရာယ်လည်းအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက် ညပိုင်းမှာ ဂူအတွင်းသို့ အောက်စီဂျင်ဘူးများ ရေငုပ်ပို့ဆောင်ပေးနေတဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားတစ်ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် တည်ငြိမ်ကြည်လင်တဲ့ ရေအတွင်း နေရောင်ရှိနေစဉ်မှာပင် ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်ပြီးသူ တစ်ဦးကို ရေငုပ်သင်ကြားမှုဟာ သုံးရက်ဝန်းကျင် ကြာမြင့်တယ်လို့ သိရပါတယ်။

2018-07-03_000453.jpg

Photo: Thai Navy Seal



ဂူအတွင်းမှာ မှောင်မဲနေမှု၊ အတားအဆီးများရှိမှု၊ ရေစီးသန်မှုနဲ့ နောက်ကျိနေတဲ့ ရွှံ့ရေတွေကြောင့် ရေငုပ်ရာမှာ တစ်ခါတရံ ပတ်ဝန်းကျင်ကို လက်မအနည်းမျှ အကွာအဝေးသာ မြင်နိုင်စွမ်းရှိပါတယ်။

ယခုနည်းလမ်းအရ လူငယ်အုပ်စုကို အခြေခံ ရေငုပ်နည်းအဖြစ် ရေငုပ်ဝတ်စုံ ဝတ်ဆင်မှုနဲ့ မျက်နှာဖုံးတွေမှတစ်ဆင့် အသက်ရှူနည်းတို့ကို သင်ကြားပေးမှာဖြစ်ပါတယ်။

ထို့နောက် ၎င်းတို့ကို ရေငုပ်သွားလာရမယ့် လမ်းကြောင်းတစ်ခုကို လမ်းညွန်ပြသသွားပြီး လမ်းတစ်လျှောက် အောက်စီဂျင်ဘူးတွေ လဲလှယ်သွားရန် ရပ်နားနေရာတွေ သတ်မှတ်ထားရှိပြီး ဂူအပြင်ကို ပြန်ခေါ်ထုတ်မယ့် နည်းလမ်းဖြစ်ပါတယ်။

တစ်ဦးကို အရင်စေလွှတ်ခြင်း

အကယ်၍ ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်ပြီး ဂူအပြင် ပြန်ထွက်မယ့်နည်းလမ်းကို ရွေးချယ်ခဲ့ပါက လူငယ်အုပ်စုကြား ထိတ်လန့်ကြောက်ရွံ့မှု မရှိစေရန် ၎င်းတို့ထဲမှ တစ်ဦးကို အရင်စေလွှတ်မှာ ဖြစ်ပါတယ်။

2018-07-05_234222.jpg

Photo: AFP



ပထမဆုံး ရေငုပ်သွားတဲ့ လူငယ်က အဆင်ပြေပြေ ဂူအပြင် ပြန်ရောက်သွားပုံကို မှတ်တမ်းတင်ကာ ကျန်လူငယ်တွေကို ပြသခြင်းဖြင့် ၎င်းတို့ရဲ့ကြောက်စိတ်ကို ဖယ်ရှားနိုင်ပြီး အလားတူ ရေငုပ်ကာ ဂူအပြင် ပြန်ထွက်နိုင်တဲ့ ယုံကြည်မှုရှိလာစေမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ထုပ်ပိုးသယ်ဆောင်မှု

နောက်ထပ် နည်းလမ်းတစ်ခုကတော့ လူငယ်တွေကို ဘူးအတွင်းထည့်ပြီး ရေငုပ်သမားတွေက ရေငုပ်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော်က ထိုနည်းလမ်းကို အခြား ဂူထဲမှာပိတ်မိသူတွေကို ကယ်တင်ခဲ့ရာမှာ အသုံးပြုခဲ့ဖူးတယ်လို့ ပြောပါတယ်။

 

ထိုင်းအာဏာပိုင်တွေကတော့ ထိုနည်းလမ်းကို ထည့်သွင်းပြောဆိုခြင်း မရှိဘူးလို့ သိရပါတယ်။ Tham Luang ဂူရဲ့ လမ်းကြောင်းတွေဟာ ကျဉ်းမြောင်းတာကြောင့် ရေပေါ်မှာ ပေါ်လောပေါနေမယ့် ဘူးများထဲမှာ လူငယ်တွေကိုထည့်ပြီး သယ်ဆောင်သွားရန် ဖြစ်နိုင်ခြေရှိ မရှိ ရှင်းလင်းစွာ မသိနိုင်ဘူးလို့ ဆိုပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံ မယ္ဆိုင္႐ွိ ေရႀကီးေနတဲ့ ဂူအတြင္း ပိတ္မိေနတဲ့ လူငယ္အုပ္စုထံ ေရာက္႐ွိခဲ့တဲ့ ကယ္ဆယ္ေရး အဖြဲ႕ေတြက လူငယ္ေတြကုိ ေဘးကင္းစြာျဖင့္ ဂူအျပင္ကုိေခၚထုတ္ေရးက အမွန္တစ္ကယ္ စိန္ေခၚမႈျဖစ္လာမယ္လုိ႕ ေျပာၾကပါတယ္။

Photo: Thai Navy Seal



လက္႐ွိမွာ ထုိင္းေရတပ္မွ ေရငုပ္သမားေတြနဲ႕ ႏုိင္ငံတကာမွ ေျမေအာက္ကယ္ဆယ္ေရးကၽြမ္းက်င္ အဖြဲ႕တစ္ဖြဲ႕က ထုိင္းလူငယ္ေတြကုိ ေစာင့္ေ႐ွာက္ေပးေနပါတယ္။ ဂူထဲမွာ ပိတ္မိေနတဲ့ ေဘာလုံးအသင္းသား ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ ေဘာလုံးနည္းျပကုိ ဂူအျပင္သုိ႕ ျပန္ေခၚထုတ္ရန္ ႐ုိး႐ွင္းလြယ္ကူတဲ့ နည္းလမ္းမ႐ွိဘူးလို႕ သိရပါတယ္။

ဂူဝင္ေပါက္ေနရာကို ျပန္သြားရမယ့္ လမ္းေၾကာင္းဟာ ႐ွည္လ်ားၿပီး က်ဥ္းေျမာင္းတဲ့ေနရာေတြနဲ႕ အတားအဆီးေတြ ႐ွိေနကာ အခ်ဳိ႕ေနရာေတြက ေရျမဳပ္ေနတယ္လုိ႕ ဆုိပါတယ္။

Photo: CNN



ဂူထဲမွာ ပိတ္မိေနတဲ့အုပ္စုမွ ေယာက္်ားေလးအခ်ဳိ႕က ေရမကူးႏုိင္တာမ်ဳိး ျဖစ္ႏုိင္သလုိ အားလုံးဟာ ေျမေအာက္မွာ ၁၂ ညၾကာ ပိတ္မိေနခဲ့တာေၾကာင့္ စိတ္ပုိင္းနဲ႕႐ုပ္ပုိင္းဆုိင္ရာ အားနည္းမႈေတြလည္း ျဖစ္ေနႏုိင္ေၾကာင္း ကၽြမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။

ဇြန္လ ၂၃ ရက္ကတည္းက ဂူထဲမွာ ပိတ္မိေပ်ာက္ဆုံးေနခဲ့ၿပီး ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ျပန္႐ွာေတြ႕ခဲ့တဲ့ ထုိင္းလူငယ္အုပ္စုကို ဂူအျပင္သုိ႕ ျပန္ေခၚထုတ္ႏုိင္ေရး ကယ္ဆယ္ေရးအဖြဲ႕ေတြ စဥ္းစားထားၾကတဲ့ ျဖစ္ႏုိင္ဖြယ္ နည္းလမ္းမ်ား ျဖစ္ပါတယ္။

ဂူထဲမွ ေရမ်ားျပန္က်သြားတဲ့အထိ ေစာင့္ဆုိင္းရန္

ဒီနည္းလမ္းကေတာ့ ေဘးအႏၱရာယ္အကင္းဆုံးနဲ႕ ဂူအျပင္ကုိ အျမန္ဆုံး ျပန္ထြက္လာႏိုင္ပါတယ္။ သုိ႕ေသာ္ ဂူထဲမွ ေရမ်ားျပန္က်သြားရန္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆုိင္းရမွာျဖစ္ၿပီး လနဲ႕ခ်ီ ၾကာျမင့္ႏုိင္ပါတယ္။

ဂ်ပန္ႏုိင္ငံမွ ပညာ႐ွင္ေတြကေတာ့ ဂူထဲမွ ေရေတြကုိ တစ္နာရီလွ်င္ လက္မဝက္ ေလွ်ာ့ခ်ေပးႏုိင္တဲ့ ေရစုပ္ထုတ္မႈစနစ္ကုိ တပ္ဆင္ကူညီေပးေနတယ္လို႕ ဆုိပါတယ္။

Photo: CNA



ဂ်ပန္ပညာ႐ွင္ေတြရဲ႕ အကူအညီျဖင့္ ေရစုပ္ထုတ္မႈအရ ဂူထဲမွာ ေရႀကီးေနမႈကုိ လူငယ္အုပ္စု လမ္းေလွ်ာက္ၿပီး ဂူအျပင္ကုိ ျပန္ထြက္လာႏုိင္တဲ့အထိ ေလွ်ာ့ခ်ႏုိင္ဖြယ္႐ွိပါတယ္။ ဂူထဲမွ ေရမ်ားကုိ စုပ္ထုတ္ေနေပမဲ့ အဓိက ျပႆနာမွာ ရာသီဥတု ျဖစ္ေနပါတယ္။

လူငယ္အုပ္စု ပိတ္မိေနတဲ့ Tham Luang ဂူတည္႐ွိရာ ထုိင္းေျမာက္ပုိင္းေဒသေတြမွာ သီတင္းပတ္ၾကာေအာင္ မုိးသည္းထန္စြာ ႐ြာသြန္းႏုိင္ေျခ႐ွိေနၿပီး ေတာင္ေပၚမွေရမ်ား ဂူအတြင္းကုိ စီးဝင္လာမွာျဖစ္ပါတယ္။

ေတာင္က်ေရမ်ား ဂူအတြင္း စီးဝင္မႈအ႐ွိန္က ဂူထဲမွာ႐ွိေနတဲ့ ေရေတြကုိ ေရစုပ္စက္ေတြနဲ႕ စုပ္ထုတ္ေနမႈထက္ ပုိျမန္ႏုိင္တယ္လုိ႕ ဆုိပါတယ္။

ေတာင္တန္းေပၚမွထြက္ေပါက္

Tham Luang ဂူဟာ ေတာင္တန္းတစ္ခုအတြင္း အ႐ွည္ ၆ မုိင္ေက်ာ္႐ွိတဲ့ ဥမင္လႈိဏ္ေခါင္း လမ္းေၾကာင္းေတြ ႐ွိေနပါတယ္။ ထုိဥမင္လႈိဏ္ေခါင္း လမ္းေၾကာင္းမ်ားတစ္ေလွ်ာက္မွာ အေပၚဘက္႐ွိ ေတာင္ေပၚကုိေရာက္သြားႏုိင္တ့ဲ ယခင္ မေတြ႕႐ွိထားေသးတဲ့ ထြက္ေပါက္မ်ား႐ွိေနႏုိင္ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေတြက လူငယ္အုပ္စု ပိတ္မိေနတဲ့ေနရာနဲ႕ အနီးဆုံးမွာ ထုိကဲ့သုိ႕ထြက္ေပၚကုိ ႐ွာေဖြေနၾကပါတယ္။ ဂူရဲ႕အျခားထြက္ေပါက္႐ွာေဖြမႈကုိ ေတာင္မ်ားေပၚတက္ၿပီး ငွက္သုိက္႐ွာေဖြၾကတဲ့ ထုိင္းေတာင္ပုိင္းမွ အဖြဲ႕တစ္ဖြဲ႕ကလည္း ပါဝင္ကူူညီေနပါတယ္။

ဂူအတြင္း ေရငုပ္နည္းသင္ၾကားျခင္း

လူငယ္အုပ္စုကို ဂူအတြင္း ေရငုပ္နည္းစနစ္ သင္ၾကားေပးၿပီး ဂူအျပင္ကုိ ျပန္ေခၚထုတ္မယ့္ နည္းလမ္းျဖစ္ပါတယ္။ ဒီနည္းလမ္းကေတာ့ ကၽြမ္းက်င္သူအမ်ားစုက သေဘာတူထားၾကၿပီး ဂူအျပင္ကုိ အျမန္ဆုံးေရာက္ႏုိင္သလုိ အႏၱရာယ္လည္းအမ်ားဆုံး ျဖစ္တယ္လုိ႕ ဆုိပါတယ္။

ဇူလုိင္ ၅ ရက္ ညပုိင္းမွာ ဂူအတြင္းသုိ႕ ေအာက္စီဂ်င္ဘူးမ်ား ေရငုပ္ပုိ႕ေဆာင္ေပးေနတဲ့ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ဝင္ေဟာင္း ေရငုပ္သမားတစ္ဦး ေအာက္စီဂ်င္ျပတ္ၿပီး ေသဆုံးမႈျဖစ္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ တည္ၿငိမ္ၾကည္လင္တဲ့ ေရအတြင္း ေနေရာင္႐ွိေနစဥ္မွာပင္ က်န္းမာသန္စြမ္းတဲ့ အ႐ြယ္ေရာက္ၿပီးသူ တစ္ဦးကုိ ေရငုပ္သင္ၾကားမႈဟာ သုံးရက္ဝန္းက်င္ ၾကာျမင့္တယ္လို႕ သိရပါတယ္။

Photo: Thai Navy Seal



ဂူအတြင္းမွာ ေမွာင္မဲေနမႈ၊ အတားအဆီးမ်ား႐ွိမႈ၊ ေရစီးသန္မႈနဲ႕ ေနာက္က်ိေနတဲ့ ႐ႊံ႕ေရေတြေၾကာင့္ ေရငုပ္ရာမွာ တစ္ခါတရံ ပတ္ဝန္းက်င္ကုိ လက္မအနည္းမွ် အကြာအေဝးသာ ျမင္ႏုိင္စြမ္း႐ွိပါတယ္။

ယခုနည္းလမ္းအရ လူငယ္အုပ္စုကို အေျခခံ ေရငုပ္နည္းအျဖစ္ ေရငုပ္ဝတ္စုံ ဝတ္ဆင္မႈနဲ႕ မ်က္ႏွာဖုံးေတြမွတစ္ဆင့္ အသက္႐ွဴနည္းတုိ႕ကုိ သင္ၾကားေပးမွာျဖစ္ပါတယ္။

ထုိ႕ေနာက္ ၎တုိ႕ကုိ ေရငုပ္သြားလာရမယ့္ လမ္းေၾကာင္းတစ္ခုကို လမ္းညြန္ျပသသြားၿပီး လမ္းတစ္ေလွ်ာက္ ေအာက္စီဂ်င္ဘူးေတြ လဲလွယ္သြားရန္ ရပ္နားေနရာေတြ သတ္မွတ္ထား႐ွိၿပီး ဂူအျပင္ကုိ ျပန္ေခၚထုတ္မယ့္ နည္းလမ္းျဖစ္ပါတယ္။

တစ္ဦးကုိ အရင္ေစလႊတ္ျခင္း

အကယ္၍ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေရငုပ္ၿပီး ဂူအျပင္ ျပန္ထြက္မယ့္နည္းလမ္းကုိ ေ႐ြးခ်ယ္ခဲ့ပါက လူငယ္အုပ္စုၾကား ထိတ္လန္႕ေၾကာက္႐ြံ႕မႈ မ႐ွိေစရန္ ၎တုိ႕ထဲမွ တစ္ဦးကုိ အရင္ေစလႊတ္မွာ ျဖစ္ပါတယ္။

Photo: AFP



ပထမဆုံး ေရငုပ္သြားတဲ့ လူငယ္က အဆင္ေျပေျပ ဂူအျပင္ ျပန္ေရာက္သြားပုံကုိ မွတ္တမ္းတင္ကာ က်န္လူငယ္ေတြကုိ ျပသျခင္းျဖင့္ ၎တုိ႕ရဲ႕ေၾကာက္စိတ္ကုိ ဖယ္႐ွားႏုိင္ၿပီး အလားတူ ေရငုပ္ကာ ဂူအျပင္ ျပန္ထြက္ႏုိင္တဲ့ ယုံၾကည္မႈ႐ွိလာေစမယ္လုိ႕ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ထုပ္ပုိးသယ္ေဆာင္မႈ

ေနာက္ထပ္ နည္းလမ္းတစ္ခုကေတာ့ လူငယ္ေတြကုိ ဘူးအတြင္းထည့္ၿပီး ေရငုပ္သမားေတြက ေရငုပ္သယ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ အေမရိကန္ သမၼတအိမ္ျဖဴေတာ္က ထုိနည္းလမ္းကုိ အျခား ဂူထဲမွာပိတ္မိသူေတြကုိ ကယ္တင္ခဲ့ရာမွာ အသုံးျပဳခဲ့ဖူးတယ္လို႕ ေျပာပါတယ္။

 

ထုိင္းအာဏာပုိင္ေတြကေတာ့ ထုိနည္းလမ္းကုိ ထည့္သြင္းေျပာဆုိျခင္း မ႐ွိဘူးလုိ႕ သိရပါတယ္။ Tham Luang ဂူရဲ႕ လမ္းေၾကာင္းေတြဟာ က်ဥ္းေျမာင္းတာေၾကာင့္ ေရေပၚမွာ ေပၚေလာေပါေနမယ့္ ဘူးမ်ားထဲမွာ လူငယ္ေတြကုိထည့္ၿပီး သယ္ေဆာင္သြားရန္ ျဖစ္ႏုိင္ေျခ႐ွိ မ႐ွိ ႐ွင္းလင္းစြာ မသိႏုိင္ဘူးလို႕ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs