• International News
    ဂျပန်မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၆၀ ကျော် သေဆုံး
Ko John
[Unicode Version]

ဂျပန်နိုင်ငံမှာ စံချိန်တင်ပမာဏ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုနဲ့မြေပြိုမှုများ ဖြစ်ပွားမှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၈ ရက်) ပြောပါတယ်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေနိုင်ကြောင်းလည်း အာဏာပိုင်တွေက သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။

an-aerial-view-shows-local-residents-seen-on-the-roof-of-submerged-house-at-a-flooded-area-as-they-wait-for-a-rescue-in-kurashiki-1.jpg

Photo: Reuters



ဒေသခံမီဒီယာတွေကတော့ ရေကြီးမြေပြိုမှုတွေကြောင့် ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိကြောင်းနဲ့ သေဆုံးသူအရေအတွက် နောက်ထပ် မြင့်တက်လာနိုင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

သေဆုံးမှုအများစုဟာ ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တဲ့ ဟီရိုရှီးမားစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။

KYODO_2031_180707_0135_0176-870x579.jpg

Photo: Kyodo



ဂျပန်မှာ မိုးသည်ထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် ရာနဲ့ချီတဲ့ နေအိမ်များ ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။ ရေကြီးမြေပြိုမှုတွေကြောင့် လူဦးရေ ၁.၅ သန်းကို နေအိမ်စွန့်ခွာရန် ညွန်ကြားချက်ထုတ်ပြန်ထားပြီး နောက်ထပ် လူဦးရေ ၃ သန်းကိုလည်း အလားတူ စွန့်ခွာသင့်ကြောင်း အာဏာပိုင်တွေက အကြံပြုထားပါတယ်။

ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ စစ်သားများက ရေကြီးမြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ သေဆုံးခဲ့သူတွေအနက် အချို့ဟာ မြေပြိုကျမှုအတွင်း ဖုံးလွှမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ကျိုဒိုသတင်းက ပြောပါတယ်။

2018-07-08_071315.jpg

Photo: NHK



ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အနောက်ဘက် မိုင် ၃၇၀ အကွာရှိ မိုတိုယာမာမြို့ (Motoyama) မှာ သောကြာနေ့ (ဇူလိုင် ၆ ရက်) မနက်ပိုင်းမှ စနေနေ့ (ဇူလိုင် ၇ ရက်) မနက်ပိုင်းအထိ မိုးရေချိန် ၂၃ လက်မအထိ ရွာသွန်းခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

လက်ရှိ ရာသီဥတုအခြေအနေရ လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုတွေ ဆက်ရှိနေအုံးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

2018-07-08_071411.jpg

Photo: AP



မိုးသည်းထန်စွာ ရွာသွန်းမှုတွေဟာ ဂျပန်အနောက်ပိုင်းဒေသတွေမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကျေးရွာအချို့ ရွာလုံးကျွတ် ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံတွေက ကယ်ဆယ်ရေးအဖွဲ့ကို ၎င်းတို့ရဲ့ နေအိမ်ခေါင်မိုးတွေပေါ်မှာ နေထိုင်စောင့်ဆိုင်းနေကြရပါတယ်။ ရေကြီးမြေပြိုမှုများအတွင်း ဒဏ်ရာရသူ ရာနဲ့ချီရှိခဲ့ကြောင်းလည်း သိရပါတယ်။

 

[Zawgyi Version]

ဂ်ပန္ႏုိင္ငံမွာ စံခ်ိန္တင္ပမာဏ မုိးသည္းထန္စြာ ႐ြာသြန္းမႈေတြေၾကာင့္ ေရႀကီးမႈနဲ႕ေျမၿပဳိမႈမ်ား ျဖစ္ပြားမႈအတြင္း လူ ၆၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ဇူလုိင္ ၈ ရက္) ေျပာပါတယ္။ မုိးသည္းထန္စြာ ဆက္လက္႐ြာသြန္းေနႏုိင္ေၾကာင္းလည္း အာဏာပိုင္ေတြက သတိေပးခ်က္မ်ား ထုတ္ျပန္ထားပါတယ္။

Photo: Reuters



ေဒသခံမီဒီယာေတြကေတာ့ ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ ေပ်ာက္ဆုံးေနသူ ဒါဇင္နဲ႕ခ်ီ႐ွိေၾကာင္းနဲ႕ ေသဆုံးသူအေရအတြက္ ေနာက္ထပ္ ျမင့္တက္လာႏုိင္ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။

ေသဆုံးမႈအမ်ားစုဟာ ၾကာသပေတးေန႕ (ဇူလုိင္ ၅ ရက္) ကတည္းက မုိးသည္းထန္စြာ ႐ြာသြန္းေနခဲ့တဲ့ ဟီ႐ုိ႐ွီးမားစီရင္စုမွာ ျဖစ္ပြားခဲ့ပါတယ္။

Photo: Kyodo



ဂ်ပန္မွာ မုိးသည္ထန္ၿပီး ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ ရာနဲ႕ခ်ီတဲ့ ေနအိမ္မ်ား ပ်က္စီးခဲ့ေၾကာင္းလည္း သိရပါတယ္။ ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ လူဦးေရ ၁.၅ သန္းကုိ ေနအိမ္စြန္႕ခြာရန္ ညြန္ၾကားခ်က္ထုတ္ျပန္ထားၿပီး ေနာက္ထပ္ လူဦးေရ ၃ သန္းကုိလည္း အလားတူ စြန္႕ခြာသင့္ေၾကာင္း အာဏာပိုင္ေတြက အႀကံျပဳထားပါတယ္။

ေထာင္နဲ႕ခ်ီတဲ့ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားနဲ႕ စစ္သားမ်ားက ေရႀကီးေျမၿပိဳမႈ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနၾကပါတယ္။ ေသဆုံးခဲ့သူေတြအနက္ အခ်ဳိ႕ဟာ ေျမၿပဳိက်မႈအတြင္း ဖုံးလႊမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္း က်ဳိဒုိသတင္းက ေျပာပါတယ္။

Photo: NHK



ဂ်ပန္ႏုိင္ငံၿမဳိ႕ေတာ္ တုိက်ဳိၿမဳိ႕အေနာက္ဘက္ မုိင္ ၃၇၀ အကြာ႐ွိ မုိတုိယာမာၿမဳိ႕ (Motoyama) မွာ ေသာၾကာေန႕ (ဇူလုိင္ ၆ ရက္) မနက္ပုိင္းမွ စေနေန႕ (ဇူလုိင္ ၇ ရက္) မနက္ပုိင္းအထိ မုိးေရခ်ိန္ ၂၃ လက္မအထိ ႐ြာသြန္းခဲ့ေၾကာင္း ဂ်ပန္မုိးေလဝသဌာနက ေျပာပါတယ္။

လက္႐ွိ ရာသီဥတုအေျခအေနရ လာမယ့္ ရက္အနည္းငယ္အတြင္း မုိး႐ြာသြန္းမႈေတြ ဆက္႐ွိေနအုံးမယ္လုိ႕လည္း ခန္႕မွန္းထားပါတယ္။

Photo: AP



မုိးသည္းထန္စြာ ႐ြာသြန္းမႈေတြဟာ ဂ်ပန္အေနာက္ပုိင္းေဒသေတြမွာ အဆုိး႐ြားဆုံးျဖစ္ခဲ့ၿပီး ေက်း႐ြာအခ်ဳိ႕ ႐ြာလုံးကၽြတ္ ေရလႊမ္းမုိးခံခဲ့ရၿပီး ေဒသခံေတြက ကယ္ဆယ္ေရးအဖြဲ႕ကုိ ၎တုိ႕ရဲ႕ ေနအိမ္ေခါင္မုိးေတြေပၚမွာ ေနထုိင္ေစာင့္ဆုိင္းေနၾကရပါတယ္။ ေရႀကီးေျမၿပဳိမႈမ်ားအတြင္း ဒဏ္ရာရသူ ရာနဲ႕ခ်ီ႐ွိခဲ့ေၾကာင္းလညး္ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs