• International News
    နျူကလီးယားလက်နက်ဖျက်သိမ်းရေး အမေရိကန်က ဂိုဏ်းစတားပုံစံ တောင်းဆိုနေဟု မြောက်ကိုရီးယား ပြောဆို
Ko John
[Unicode Version]

နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်က ဂိုဏ်းစတားပုံစံ နည်းဗျူဟာတွေ အသုံးပြုနေကြောင်း မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီယားက ထိုသို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

2018-07-08_081325.jpg

အမေရိကန်နဲ့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်များ ဆွေးနွေးမှု (Photo: Secretary Pompeo)



တွေ့ဆုံဆွေးနွေးရာမှာ အမေရိကန်ရဲ့သဘောထားဟာ အလွန်အမင်း ပြဿနာဖန်တီးမှု ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားအစိုးရက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက မြောက်ကိုရီးယားသို့ နှစ်ရက်ကြာလာရောက်ပြီး ကင်မ်ဂျုံအန်ရဲ့ ညာလက်ရုံး ကင်မ်ယောင်ချိုလ်နဲ့ တွေ့ဆုံကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စကို ဆွေနွေးခဲ့ကြောင်း သိရပါတယ်။

2018-07-08_081700.jpg

မိုက်ခ်ပွန်မ်ပီအိုကို ကင်မ်ယောင်ချိုလ်က လေဆိပ်မှာ ကြိုဆိုခဲ့စဉ် (Photo: Secretary Pompeo)



မြောက်ကိုရီးယားကို လာရောက်ဆွေးနွေးခဲ့တဲ့ ပွန်မ်ပီအိုကတော့ နှစ်ရက်ကြာ ပြုံးယမ်းခရီးစဉ်အတွင်း ၎င်းအနေနဲ့ တိုးတက်မှုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ယခု ထွက်ပေါ်လာတဲ့ မြောက်ကိုရီးယားဘက်က ပြောဆိုမှုနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတို့ဟာ သိသာစွာ ကွဲပြားနေခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုအခြေအနေကို အမေရိကန်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားကို အနှစ်ချုပ်ရှင်းလင်းရန်အတွက် တိုကျိုမြို့သို့ရောက်ရှိလာစဉ် မြောက်ကိုရီးယားရဲ့ ဒေါသတကြီးထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

2018-06-12_094023.jpg

စင်ကာပူမှာ ထိပ်သီးတွေ့ဆုံခဲ့သည့် ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့် (Photo: Reuters)



အဆိုပါ ထုတ်ပြန်ချက်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ရဲ့ ဂိုဏ်းစတားပုံစံ တောင်းဆိုမှုတွေကို ပယ်ချထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်လုပ်ဆောင်ရန် ပန်ကြားထားတယ်လို့ ဆိုပါတယ်။

ပွန်မ်ပီအိုရဲ့ခရီးစဉ်ဟာ ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့်တို့ စင်ကာပူထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးခဲ့မှုလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ ကင်မ်ဂျုံအန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဦးတည်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းပြောခဲ့ကြခြင်း မရှိပါဘူး။

northkorea (1).jpg

စစ်ရေးပြအခမ်းအနားမှာ တွေ့ရသည့် မြောက်ကိုရီးယားဒုံးကျည်များ (Photo: AFP)



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုရဲ့ ယခုခရီးစဉ်အတွင်း မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိပြုမှုကို အခိုင်အမာဖြစ်စေရန် အဓိက ရည်ရွယ်ခဲ့ကြောင်းလည်း သိရပါတယ်။

သို့သော် မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့တဲ့ ကင်မ်ဂျုံအန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ 'အမေရိကန်ဟာ မိမိတို့နိုင်ငံကို နျူကလီးယားလက်နက်စွန့်လွှတ်ရန် တစ်ဖက်သတ် ဖိအားပေးခြင်းဖြင့် ထိပ်သီးဆွေးနွေးပွဲရဲ့ အနှစ်သာရကို ဆန့်ကျင်ခဲ့တယ်' လို့ ပြောထားခဲ့ပါတယ်။

မြောက်ကိုရီးယားခရီးစဉ်ကနေ ပြန်လာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နဲ့တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေကို တိုကျိုမြို့မှာ ယနေ့ (ဇူလိုင် ၈ ရက်) တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

[Zawgyi Version]

ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးနဲ႕ပတ္သက္ၿပီး အေမရိကန္က ဂုိဏ္းစတားပုံစံ နည္းဗ်ဴဟာေတြ အသုံးျပဳေနေၾကာင္း ေျမာက္ကုိရီးယားႏုိင္ငံက စြပ္စြဲေျပာၾကားလုိက္ပါတယ္။ ႏွစ္ႏုိင္ငံ အဆင့္ျမင့္ကုိယ္စားလွယ္မ်ား ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ေျမာက္ကုိရီယားက ထုိသုိ႕ ေျပာၾကားလိုက္တာလည္း ျဖစ္ပါတယ္။

အေမရိကန္နဲ႕ ေျမာက္ကုိရီးယား အဆင့္ျမင့္ ကုိယ္စားလွယ္မ်ား ေဆြးေႏြးမႈ (Photo: Secretary Pompeo)



ေတြ႕ဆုံေဆြးေႏြးရာမွာ အေမရိကန္ရဲ႕သေဘာထားဟာ အလြန္အမင္း ျပႆနာဖန္တီးမႈ ျဖစ္တယ္လုိ႕လည္း ေျမာက္ကုိရီးယားအစိုးရက ဆုိပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး မုိက္ခ္ပြန္မ္ပီအုိက ေျမာက္ကုိရီးယားသုိ႕ ႏွစ္ရက္ၾကာလာေရာက္ၿပီး ကင္မ္ဂ်ဳံအန္ရဲ႕ ညာလက္႐ုံး ကင္မ္ေယာင္ခ်ဳိလ္နဲ႕ ေတြ႕ဆုံကာ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးကိစၥကုိ ေဆြေႏြးခဲ့ေၾကာင္း သိရပါတယ္။

မုိက္ခ္ပြန္မ္ပီအုိကုိ ကင္မ္ေယာင္ခ်ဳိလ္က ေလဆိပ္မွာ ႀကဳိဆုိခဲ့စဥ္ (Photo: Secretary Pompeo)



ေျမာက္ကုိရီးယားကို လာေရာက္ေဆြးေႏြးခဲ့တဲ့ ပြန္မ္ပီအုိကေတာ့ ႏွစ္ရက္ၾကာ ၿပဳံးယမ္းခရီးစဥ္အတြင္း ၎အေနနဲ႕ တုိးတက္မႈကုိ လုပ္ေဆာင္ႏုိင္ခဲ့တယ္လုိ႕ ေျပာခဲ့ပါတယ္။ သုိ႕ေသာ္ ယခု ထြက္ေပၚလာတဲ့ ေျမာက္ကုိရီးယားဘက္က ေျပာဆုိမႈနဲ႕ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးရဲ႕ ေျပာဆုိမႈတုိ႕ဟာ သိသာစြာ ကြဲျပားေနခဲ့ပါတယ္။

ႏုိင္ငံျခားေရးဝန္ႀကီး မုိက္ပြန္မ္ပီအုိက ေျမာက္ကုိရီးယားနဲ႕ ေဆြးေႏြးမႈအေျခအေနကုိ အေမရိကန္နဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ဂ်ပန္နဲ႕ေတာင္ကုိရီးယားကုိ အႏွစ္ခ်ဳပ္႐ွင္းလင္းရန္အတြက္ တုိက်ဳိၿမဳိ႕သုိ႕ေရာက္႐ွိလာစဥ္ ေျမာက္ကုိရီးယားရဲ႕ ေဒါသတႀကီးထုတ္ျပန္ခ်က္ ထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။

စင္ကာပူမွာ ထိပ္သီးေတြ႕ဆုံခဲ့သည့္ ကင္မ္ဂ်ဳံအန္နဲ႕ ေဒၚနယ္ထရန္႕ (Photo: Reuters)



အဆုိပါ ထုတ္ျပန္ခ်က္မွာ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးနဲ႕ပတ္သက္ၿပီး အေမရိကန္ဘက္ရဲ႕ ဂုိဏ္းစတားပုံစံ ေတာင္းဆုိမႈေတြကုိ ပယ္ခ်ထားၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကုိ ျပန္လည္လုပ္ေဆာင္ရန္ ပန္ၾကားထားတယ္လုိ႕ ဆုိပါတယ္။

ပြန္မ္ပီအုိရဲ႕ခရီးစဥ္ဟာ ကင္မ္ဂ်ဳံအန္နဲ႕ ေဒၚနယ္ထရန္႕တုိ႕ စင္ကာပူထိပ္သီးေဆြးေႏြးပြဲေနာက္ပုိင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးက ေျမာက္ကုိရီးယားကုိ ပထမဆုံးအႀကိမ္ သြားေရာက္ေဆြးေႏြးခဲ့မႈလည္း ျဖစ္ပါတယ္။

ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြရဲ႕ သမုိင္းဝင္ ထိပ္သီးေဆြးေႏြးပြဲမွာ ကင္မ္ဂ်ဳံအန္က ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး ဦးတည္လုပ္ေဆာင္မယ္လို႕ ကတိျပဳခဲ့ေပမဲ့ အေသးစိတ္ကိုေတာ့ ထည့္သြင္းေျပာခဲ့ၾကျခင္း မ႐ွိပါဘူး။

စစ္ေရးျပအခမ္းအနားမွာ ေတြ႕ရသည့္ ေျမာက္ကုိရီးယားဒံုးက်ည္မ်ား (Photo: AFP)



အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး မုိက္ခ္ပြန္မ္ပီအုိရဲ႕ ယခုခရီးစဥ္အတြင္း ေျမာက္ကုိရီးယားထံမွ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး ကတိျပဳမႈကုိ အခုိင္အမာျဖစ္ေစရန္ အဓိက ရည္႐ြယ္ခဲ့ေၾကာင္းလည္း သိရပါတယ္။

သို႕ေသာ္ ေျမာက္ကုိရီးယား အစုိးရသတင္းဌာန KCNA က ေဖာ္ျပခဲ့တဲ့ ကင္မ္ဂ်ဳံအန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ 'အေမရိကန္ဟာ မိမိတုိ႕ႏုိင္ငံကုိ ႏ်ဴကလီးယားလက္နက္စြန္႕လႊတ္ရန္ တစ္ဖက္သတ္ ဖိအားေပးျခင္းျဖင့္ ထိပ္သီးေဆြးေႏြးပြဲရဲ႕ အႏွစ္သာရကို ဆန္႕က်င္ခဲ့တယ္' လုိ႕ ေျပာထားခဲ့ပါတယ္။

ေျမာက္ကုိရီးယားခရီးစဥ္ကေန ျပန္လာခဲ့တဲ့ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးက ဂ်ပန္နဲ႕ေတာင္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီးေတြကုိ တုိက်ဳိၿမဳိ႕မွာ ယေန႕ (ဇူလုိင္ ၈ ရက္) ေတြ႕ဆုံသြားမွာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs