• International News
    ထိုင်းလူငယ်အုပ်စုကို မယ်ဆိုင်ဂူထဲမှ ပြန်ခေါ်ထုတ်ရန် စတင်လုပ်ဆောင်
Ko John
[Unicode Version]

ထိုင်းအာဏာပိုင်တွေက လူငယ်အုပ်စု ပိတ်မိနေခဲ့တဲ့ မယ်ဆိုင်ဂူဝင်ပေါက် အနီးတဝိုက်မှာ ရှင်းလင်းရေး လုပ်ဆောင်နေပြီး လူငယ်အုပ်စုကို ဂူအပြင်သို့ခေါ်ထုတ်ရန် အသင့်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

soliders-walk-near-tham-luang-cave-complex--where-12-schoolboys-and-their-soccer-coach-are-trapped-inside-a-flooded-cave--in-the-northern-province-of-chiang-rai-4.jpg

ဂူပေါက်ဝမှာ တွေ့ရသည့် ထိုင်းစစ်သားများ (Photo: Reuters)



နိုင်ငံခြားရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ငါးဦးတို့ကို ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဂူအတွင်းသို့ စေလွှတ်လိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၈ ရက်) ပြောပါတယ်။

မူလက လူငယ်အုပ်စုဟာ ဂူအတွင်း လနဲ့ချီ ဆက်နေရနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားခဲ့ကြပေမဲ့ ယခုအခါမှာတော့ ၎င်းတို့ကို ဂူအပြင်သို့ ပြန်လည်ခေါ်ထုတ်လာနေပြီ သို့မဟုတ် ပြန်လည်ခေါ်ထုတ်မှု စတင်ခဲ့ပြီလို့ သိရပါတယ်။

လက်ရှိမှာ Tham Luang ဂူရဲ့ အဝင်ပေါက်အနီး ရေငုပ်သမားများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ လုံခြံရေးတပ်ဖွဲ့ဝင်များသာ ကျန်ရှိနေပြီး မီဒီယာများအပါအဝင် အခြားလူများကို ဖယ်ရှားရှင်းလင်းထားတယ်လို့ ဆိုပါတယ်။

bCEtAvA1.jpg

ဂူထဲမှာ ပိတ်မိနေခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)



အသက် ၁၁ မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ အဆိုပါ ဂူအတွင်းကို ဇွန်လ ၂၃ ရက်မှာ ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်ထွက်မလာနိုင်ဘဲ ပိတ်မိပျောက်ဆုံးနေခဲ့ပါတယ်။

လူငယ်အုပ်စုဟာ Tham Luang ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။

_102429874_048014381-1.jpg

ဂူပေါက်ဝမှ မီဒီယာများ ရွှေ့ပြောင်းစဉ် (Photo: Reuters)



ထို့နောက် ၎င်းတို့ရှိရာသို့ အစားအစာ၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်ခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ လူငယ်အုပ်စုကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ရန်မှာ ဂူအတွင်း ရေကြီးနေမှုကြောင့် မလွယ်ကူခဲ့ဘဲ နည်းလမ်းမျိုးစုံ ရှာဖွေစီစဉ်နေခဲ့ကြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီနေတဲ့ ထိုင်းရေတပ်မှ အထူးတပ်ဖွဲဝင်ဟောင်း ရေငုပ်သမားတစ်ဦးဟာလည်း ဂူအတွင်းသို့ အောက်စီဂျင်ဘူးများ ပို့ဆောင်ခဲ့စဉ်အတွင်း အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့ပါတယ်။

Dhjbw6zVAAEumqs.jpg

ဂူပေါက်ဝအနီးတွေ့ရသည့် ကယ်ဆယ်ရေးသမားများ (Photo: CGTN)



ဂူအတွင်း ပိတ်မိနေတဲ့ ထိုင်းလူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ မြန်မာအပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် Tesla ကားကုမ္ပဏီ တည်ထောင်သူ အမေရိကန်ဘီလျံနာ အီလွန်မတ်စ်ကလည်း လူငယ်အုပ်စုကို ဂူအပြင်သို့ ပြန်လည်ခေါ်ထုတ် ကယ်ဆယ်ရေးမှာ ကူညီပေးရန်အတွက် ၎င်းရဲ့ ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ထိုင်းသို့စေလွှတ်လိုက်ကြောင်း သိရပါတယ်။

DhjgWueW4AAAz9-.jpg

အီလွန်မတ်စ် (Photo: The Vocket)



အီလွန်မတ်စ်ရဲ့ Boring ကုမ္ပဏီ ကမ္ဘာပေါ်မှာ အမြန်ဆုံး ဥမင်တူးစက်များ ပိုင်ဆိုင်ထားပြီး ဂူထဲကို ဝင်ပေါက်တူးရာမှာ အကြီးအကျယ် အကူအညီဖြစ်စေမယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် Tesla Inc ထုတ် အကြီးစား ဘက်ထရီများနဲ့ ရေစုပ်စက်များကိုလည်း လူငယ်အုပ်စုကယ်ဆယ်ရေးမှာ အသုံးပြုကူညီပေးရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Tham Luang ဂူ ဝင်ပေါက်အနီးမှာ အာဏာပိုင်တွေက ရှင်းလင်းပြင်ဆင်မှုတွေ ပြုလုပ်လာတာကြောင့် လူငယ်အုပ်စုကို မကြာမီမှာ ဂူအပြင်သို့ ပြန်လည် ခေါ်ထုတ်လာတော့မယ်လို့ မျှော်လင့်နေကြကြောင်း သိရပါတယ်။

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။

2018-07-03_094654.jpg

- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

[Zawgyi Version]

ထုိင္းအာဏာပုိင္ေတြက လူငယ္အုပ္စု ပိတ္မိေနခဲ့တဲ့ မယ္ဆုိင္ဂူဝင္ေပါက္ အနီးတဝုိက္မွာ ႐ွင္းလင္းေရး လုပ္ေဆာင္ေနၿပီး လူငယ္အုပ္စုကုိ ဂူအျပင္သုိ႕ေခၚထုတ္ရန္ အသင့္ျပင္ဆင္ေနၿပီလုိ႕ ဆုိပါတယ္။

ဂူေပါက္ဝမွာ ေတြ႕ရသည့္ ထုိင္းစစ္သားမ်ား (Photo: Reuters)



ႏုိင္ငံျခားေရငုပ္သမား ၁၃ ဦးနဲ႕ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ဝင္ ငါးဦးတုိ႕ကုိ ကယ္ဆယ္ေရးလုပ္ေဆာင္ရန္ ဂူအတြင္းသုိ႕ ေစလႊတ္လိုက္ေၾကာင္း ထုိင္းအာဏာပိုင္ေတြက ယေန႕ (ဇူလုိင္ ၈ ရက္) ေျပာပါတယ္။

မူလက လူငယ္အုပ္စုဟာ ဂူအတြင္း လနဲ႕ခ်ီ ဆက္ေနရႏုိင္ဖြယ္႐ွိေၾကာင္း ခန္႕မွန္းထားခဲ့ၾကေပမဲ့ ယခုအခါမွာေတာ့ ၎တုိ႕ကို ဂူအျပင္သုိ႕ ျပန္လည္ေခၚထုတ္လာေနၿပီ သုိ႕မဟုတ္ ျပန္လည္ေခၚထုတ္မႈ စတင္ခဲ့ၿပီလုိ႕ သိရပါတယ္။

လက္႐ွိမွာ Tham Luang ဂူရဲ႕ အဝင္ေပါက္အနီး ေရငုပ္သမားမ်ား၊ ေဆးဘက္ဆုိင္ရာဝန္ထမ္းမ်ားနဲ႕ လုံၿခံေရးတပ္ဖြဲ႕ဝင္မ်ားသာ က်န္႐ွိေနၿပီး မီဒီယာမ်ားအပါအဝင္ အျခားလူမ်ားကုိ ဖယ္႐ွား႐ွင္းလင္းထားတယ္လို႕ ဆုိပါတယ္။

ဂူထဲမွာ ပိတ္မိေနခဲ့သည့္ ထုိင္းလူငယ္အုပ္စု (Photo: Thai Navy Seal)



အသက္ ၁၁ မွ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ အဆုိပါ ဂူအတြင္းကုိ ဇြန္လ ၂၃ ရက္မွာ ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ဂူအတြင္း ေရမ်ားဝင္ေရာက္လာမႈေၾကာင့္ ျပန္ထြက္မလာႏုိင္ဘဲ ပိတ္မိေပ်ာက္ဆုံးေနခဲ့ပါတယ္။

လူငယ္အုပ္စုဟာ Tham Luang ဂူအတြင္း ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ၿပီးေနာက္ ၁၀ ရက္ေျမာက္ေန႕ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ျပန္႐ွာေတြ႕ခဲ့ၾကပါတယ္။

ဂူေပါက္ဝမွ မီဒီယာမ်ား ေ႐ႊ႕ေျပာင္းစဥ္ (Photo: Reuters)



ထုိ႕ေနာက္ ၎တုိ႕႐ွိရာသုိ႕ အစားအစာ၊ ေဆးဝါးနဲ႕ ေဆးဘက္ဆုိင္ရာဝန္ထမ္းမ်ား ေစလႊတ္ခဲ့ၿပီး ျပဳစုေစာင့္ေ႐ွာက္ခဲ့ၾကပါတယ္။ လူငယ္အုပ္စုကုိ ဂူအျပင္သုိ႕ ျပန္ေခၚထုတ္ရန္မွာ ဂူအတြင္း ေရႀကီးေနမႈေၾကာင့္ မလြယ္ကူခဲ့ဘဲ နည္းလမ္းမ်ဳိးစုံ ႐ွာေဖြစီစဥ္ေနခဲ့ၾကပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းမွာ ပါဝင္ကူညီေနတဲ့ ထုိင္းေရတပ္မွ အထူးတပ္ဖြဲဝင္ေဟာင္း ေရငုပ္သမားတစ္ဦးဟာလည္း ဂူအတြင္းသုိ႕ ေအာက္စီဂ်င္ဘူးမ်ား ပုိ႕ေဆာင္ခဲ့စဥ္အတြင္း ေအာက္စီဂ်င္ျပတ္လပ္ၿပီး ေသဆုံးခဲ့ပါတယ္။

ဂူေပါက္ဝအနီးေတြ႕ရသည့္ ကယ္ဆယ္ေရးသမားမ်ား (Photo: CGTN)



ဂူအတြင္း ပိတ္မိေနတဲ့ ထုိင္းလူငယ္အုပ္စုကို ကယ္ဆယ္ေရးမွာ ျမန္မာအပါအဝင္ ႏုိင္ငံတကာမွ ပူးေပါင္းကူညီခဲ့ၾကပါတယ္။

ဒါ့အျပင္ ကမၻာေက်ာ္ Tesla ကားကုမၸဏီ တည္ေထာင္သူ အေမရိကန္ဘီလ်ံနာ အီလြန္မတ္စ္ကလည္း လူငယ္အုပ္စုကို ဂူအျပင္သုိ႕ ျပန္လည္ေခၚထုတ္ ကယ္ဆယ္ေရးမွာ ကူညီေပးရန္အတြက္ ၎ရဲ႕ ကၽြမ္းက်င္အဖြဲ႕တစ္ဖြဲ႕ကုိ ထုိင္းသုိ႕ေစလႊတ္လုိက္ေၾကာင္း သိရပါတယ္။

အီလြန္မတ္စ္ (Photo: The Vocket)



အီလြန္မတ္စ္ရဲ႕ Boring ကုမၸဏီ ကမၻာေပၚမွာ အျမန္ဆံုး ဥမင္တူးစက္မ်ား ပုိင္ဆုိင္ထားၿပီး ဂူထဲကုိ ဝင္ေပါက္တူးရာမွာ အႀကီးအက်ယ္ အကူအညီျဖစ္ေစမယ္လို႕ အႀကံျပဳထားပါတယ္။

ဒါ့အျပင္ Tesla Inc ထုတ္ အႀကီးစား ဘက္ထရီမ်ားနဲ႕ ေရစုပ္စက္မ်ားကုိလည္း လူငယ္အုပ္စုကယ္ဆယ္ေရးမွာ အသုံးျပဳကူညီေပးရန္ စီစဥ္ထားတယ္လုိ႕ ဆုိပါတယ္။

Tham Luang ဂူ ဝင္ေပါက္အနီးမွာ အာဏာပိုင္ေတြက ႐ွင္းလင္းျပင္ဆင္မႈေတြ ျပဳလုပ္လာတာေၾကာင့္ လူငယ္အုပ္စုကုိ မၾကာမီမွာ ဂူအျပင္သုိ႕ ျပန္လည္ ေခၚထုတ္လာေတာ့မယ္လုိ႕ ေမွ်ာ္လင့္ေနၾကေၾကာင္း သိရပါတယ္။

ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ထုိင္းလူငယ္အုပ္စု

- အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးဟာ Moo Pa သုိ႕မဟုတ္ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားမ်ားျဖစ္ပါတယ္။

- အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပမွာ Ekkapol Janthawong ျဖစ္ၿပီး ေယာက္်ားေလးအုပ္စုကုိ တစ္ခါတရံ တစ္ေန႕တာ ခရီးတုိမ်ား ေခၚေဆာင္သြားေလ့႐ွိပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္မွာလည္း ယခု ဂူထဲသုိ႕ပင္ သြားလာခဲ့ၾကဖူးပါတယ္။

- ဂူထဲမွာ ေပ်ာက္ေနခဲ့တဲ့ လူငယ္အုပ္စုမွာ အသက္အငယ္ဆုံးအျဖစ္ အသက္ ၁၁ ႏွစ္အ႐ြယ္ Chanin "Titan" Wibrunrungrueang ေခၚ ေဘာလုံးအသင္းသားလည္း ပါဝင္ခဲ့ၿပီး အသက္ ၇ ႏွစ္အ႐ြယ္ကတည္းက ေဘာလုံးကစားခဲ့သူ ျဖစ္ပါတယ္။



- Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းေခါင္းေဆာင္မွာ အသက္ ၁၃ ႏွစ္အ႐ြယ္ Duangpet "Dom" Promtep ျဖစ္ၿပီး ၎က ေဘာလုံးအသင္းကုိ စိတ္ဓာတ္တက္ၾကြေအာင္ ဦးေဆာင္လႈံ႕ေဆာ္ႏုိင္ပါတယ္။

- ေဘာလုံးအသင္းရဲ႕ နည္းျပခ်ဳပ္ျဖစ္သူ Nopparat Kantawong ကေတာ့ ဂူထဲကုိသြားေရာက္တဲ့ ခရီးစဥ္မွာ လုိက္ပါခဲ့ျခင္းမ႐ွိပါဘူး။ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားေတြဟာ တစ္ခ်ိန္မွာ ပေရာ္ဖက္႐ွင္နယ္ ေဘာလုံးကစားသမားေတြ ျဖစ္လာရန္ အိပ္မက္ကုိယ္စီ႐ွိၾကေၾကာင္း နည္းျပခ်ဳပ္က ေျပာပါတယ္။

ဂူထဲမွာ ၎တုိ႕ အတူတူ႐ွိေနၾကမယ္လုိ႕ ယုံၾကည္ေၾကာင္း နည္းျပခ်ဳပ္ Nopparat Kantawong က ေျပာထားခဲ့ပါတယ္။ "သူတုိ႕ တစ္ေယာက္ကုိတစ္ေယာက္ ပစ္ထားၾကမွာမဟုတ္ဘူးလို႕ ကၽြန္ေတာ္ယုံတယ္၊ သူတုိ႕ တစ္ေယာက္တစ္ေယာက္ အျပန္အလွန္ ေစာင့္ေ႐ွာက္ၾကမွာပါ" လုိ႕ နည္းျပခ်ဳပ္က မီဒီယာေတြကုိ ေျပာခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs