• International News
    ဂျပန်မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၀၀ နီးပါးအထိ မြင့်တက်လာ
Ko John
[Unicode Version]

ဂျပန်နိုင်ငံမှာ စံချိန်တင်ပမာဏ မိုးရွာသန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၉ ရက်) အတည်ပြု ပြောပါတယ်။

japan-floods1.jpg

Photo: AFP



ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားတဲ့နေရာဒေသတွေမှာ ရွှံ့နွံ့ထူထပ်ပြီး ရေများဖုံးလွှမ်းနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲများ ကြုံနေရပါတယ်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများအတွင်း လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ ဒေသခံ မီဒီယာတွေကတော့ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၉၀ ဝန်းကျင်ရှိပြီး နေအိမ်တွေမှာ သောင်တင်နေသူ ၂,၀၀၀ ကျော်ရှိကြောင်း အစောပိုင်းကတည်းက ဖော်ပြထားကြပါတယ်။

local-resident-are-rescued-from-a-flooded-area-at-a-hospital-in-kurashiki-12.jpg

Photo: Reuters



ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ရေဘေးသင့်သူတွေကို ကယ်တင်နိုင်ရန် အချိန်လုပြီး ဆောင်ရွက်ရမယ်လို့ သတိပေးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဂျပန်အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသများရှိ ရေကြီးနေတဲ့ ကျေးရွာများမှာ ဒေသခံတွေဟာ ၎င်းတို့ရဲ့ နေအိမ်ခေါင်းမိုးများပေါ်မှာ သောင်တင်နေကြဆဲ ဖြစ်ပါတယ်။

ရေကြီးမှုကြောင့် လူဦးရေ ၂ သန်းကျော်ကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွန်ကြားထားပေမဲ့ ဥပဒေထုတ်ပြန်ပြီး မဖြစ်မနေလုပ်ဆောင်ရန် မဟုတ်တာကြောင့် လူအများအပြားက နေအိမ်မှာသာ ဆက်လက် နေထိုင်ခဲ့ကြပါတယ်။

rescue-workers-are-seen-next-to-houses-damaged-by-a-landslide-following-heavy-rain-in-hiroshima-2.jpg

Photo: Reuters



ထိုသို့ ဆက်လက်နေထိုင်ကြသူတွေဟာ ရေများ အလျင်အမြန် မြင့်တက်လာမှု သို့မဟုတ် မြေပြိုမှုတွေကြောင့် နေအိမ်တွေမှာ သောင်တင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်မိုးလေဝသဌာနက တနင်္ဂနွေနေ့ (ဇူလိုင် ၈ ရက်) မှာ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသများအတွက် မိုးလေဝသ သတိပေးချက်များ အသစ်ထုတ်ပြန်ခဲ့ပါတယ်။

မိုးရွာသွန်းမှု လျော့နည်းသွားတဲ့ နေရာဒေသတွေမှာတော့ သတိပေးချက်ကို ရုပ်သိမ်းခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော် မိုးရွာသွန်းမှု လျော့နည်းသွားတဲ့ နေရာတွေမှာလည်း မိုးရေကြောင့် မြေသားများ ပျော့နေနိုင်ပြီး မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

japan-rain-flood.jpg

Photo: Kyodo



ဂျပန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများအတွင်း ကယ်ဆယ်ရေးလုပ်ဆောင်ရန် ကယ်ဆယ်ရေးလုပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားများပါဝင်တဲ့ အင်အား ၅၀,၀၀၀ ကျော်က ပါဝင်ကူညီနေကြကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်စပ်ပြီး အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဟီရိုရှီးမားဒေသမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။

[Zawgyi Version]

ဂ်ပန္ႏုိင္ငံမွာ စံခ်ိန္တင္ပမာဏ မုိး႐ြာသန္းၿပီး ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ ၁၀၀ ဦးအထိ ျမင့္တက္လာေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ဇူလုိင္ ၉ ရက္) အတည္ျပဳ ေျပာပါတယ္။

Photo: AFP



ေရႀကီးေျမၿပဳိမႈေတြ ျဖစ္ပြားတဲ့ေနရာေဒသေတြမွာ ႐ႊံ႕ႏြံ႕ထူထပ္ၿပီး ေရမ်ားဖုံးလႊမ္းေနတာေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား အခက္အခဲမ်ား ႀကဳံေနရပါတယ္။

မုိးသည္းထန္စြာ ဆက္တုိက္႐ြာသြန္းခဲ့ၿပီး ေရႀကီးေျမၿပဳိမႈမ်ားအတြင္း လူဦးေရ ဒါဇင္နဲ႕ခ်ီ ေပ်ာက္ဆုံးေနေၾကာင္းလည္း သိရပါတယ္။ ေဒသခံ မီဒီယာေတြကေတာ့ ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ ေသဆုံးသူ ၉၀ ဝန္းက်င္႐ွိၿပီး ေနအိမ္ေတြမွာ ေသာင္တင္ေနသူ ၂,၀၀၀ ေက်ာ္႐ွိေၾကာင္း အေစာပုိင္းကတည္းက ေဖာ္ျပထားၾကပါတယ္။

Photo: Reuters



ဂ်ပန္ဝန္ႀကီးခ်ဳပ္ ႐ွင္ဇုိအေဘးက ေရေဘးသင့္သူေတြကုိ ကယ္တင္ႏုိင္ရန္ အခ်ိန္လုၿပီး ေဆာင္႐ြက္ရမယ္လုိ႕ သတိေပးခဲ့ပါတယ္။ လက္႐ွိအခ်ိန္ထိ ဂ်ပန္အလယ္ပုိင္းနဲ႕ အေနာက္ပိုင္း ေဒသမ်ား႐ွိ ေရႀကီးေနတဲ့ ေက်း႐ြာမ်ားမွာ ေဒသခံေတြဟာ ၎တုိ႕ရဲ႕ ေနအိမ္ေခါင္းမုိးမ်ားေပၚမွာ ေသာင္တင္ေနၾကဆဲ ျဖစ္ပါတယ္။

ေရႀကီးမႈေၾကာင့္ လူဦးေရ ၂ သန္းေက်ာ္ကုိ ေ႐ႊ႕ေျပာင္းၾကရန္ အာဏာပိုင္ေတြက ညြန္ၾကားထားေပမဲ့ ဥပေဒထုတ္ျပန္ၿပီး မျဖစ္မေနလုပ္ေဆာင္ရန္ မဟုတ္တာေၾကာင့္ လူအမ်ားအျပားက ေနအိမ္မွာသာ ဆက္လက္ ေနထုိင္ခဲ့ၾကပါတယ္။

Photo: Reuters



ထုိသုိ႕ ဆက္လက္ေနထုိင္ၾကသူေတြဟာ ေရမ်ား အလ်င္အျမန္ ျမင့္တက္လာမႈ သို႕မဟုတ္ ေျမၿပဳိမႈေတြေၾကာင့္ ေနအိမ္ေတြမွာ ေသာင္တင္ေနခဲ့ၾကတယ္လို႕ ဆုိပါတယ္။ ဂ်ပန္မုိးေလဝသဌာနက တနဂၤေႏြေန႕ (ဇူလိုင္ ၈ ရက္) မွာ အလယ္ပုိင္းနဲ႕ အေနာက္ပုိင္းေဒသမ်ားအတြက္ မုိးေလဝသ သတိေပးခ်က္မ်ား အသစ္ထုတ္ျပန္ခဲ့ပါတယ္။

မုိး႐ြာသြန္းမႈ ေလ်ာ့နည္းသြားတဲ့ ေနရာေဒသေတြမွာေတာ့ သတိေပးခ်က္ကို ႐ုပ္သိမ္းခဲ့ေၾကာင္းလည္း သိရပါတယ္။ သုိ႕ေသာ္ မုိး႐ြာသြန္းမႈ ေလ်ာ့နည္းသြားတဲ့ ေနရာေတြမွာလည္း မုိးေရေၾကာင့္ ေျမသားမ်ား ေပ်ာ့ေနႏုိင္ၿပီး ေျမၿပဳိမႈေတြ ျဖစ္ႏုိင္ေၾကာင္း သတိေပးထားပါတယ္။

Photo: Kyodo



ဂ်ပန္မွာ လက္႐ွိ ျဖစ္ပြားေနတဲ့ မုိးသည္းထန္ၿပီး ေရႀကီးေျမၿပဳိမႈမ်ားအတြင္း ကယ္ဆယ္ေရးလုပ္ေဆာင္ရန္ ကယ္ဆယ္ေရးလုပ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႕ စစ္သားမ်ားပါဝင္တဲ့ အင္အား ၅၀,၀၀၀ ေက်ာ္က ပါဝင္ကူညီေနၾကေၾကာင္း သိရပါတယ္။

ဂ်ပန္ႏုိင္ငံမွာ မုိးသည္းထန္စြာ ႐ြာသြန္းမႈနဲ႕ဆက္စပ္ၿပီး အဆုိး႐ြားဆုံး သဘာဝေဘးအႏၱရာယ္ကုိ ၂၀၁၄ ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။ ထုိစဥ္က ဟီ႐ုိ႐ွီးမားေဒသမွ မုိးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီးေနာက္ ေျမၿပဳိမႈေတြ ျဖစ္ပြားခဲ့ရာ လူ ၇၄ ဦး ေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs