• International News
    တူရကီ ရထားလမ်းချော်တိမ်းမှောက်မှု ၁၀ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရ
Ko John
[Unicode Version]

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး အခြား လူ ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ယမန်နေ့ (ဇူလိုင် ၈ ရက်) က လမ်းချော်တိမ်းမှောက်ခဲ့တဲ့ ရထားပေါ်မှာ လူ ၃၆၀ ကျော် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

turkey-train.jpg

Photo: AFP



အဆိုပါ ရထားဟာ ဂရိနဲ့ ဘူလ်ဂေရီးယား နယ်စပ်ရှိ Edirne ဒေသကနေ အစ္စတန်ဘူလ်မြို့ရှိ Halkali ဘူတာရုံသို့ ခုတ်မောင်းလာစဉ် လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲခြောက်တွဲပါ အဆိုပါ ရထားဟာ Tekirdag ဒေသမှာ လမ်းချော်တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကနဦး စစ်ဆေးမှုတွေအရ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၇၃ ဦး ဒဏ်ရာရခဲ့ပါတယ်" လို့ တူရကီ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Eyup Gumus က အစိုးရသတင်းဌာန Anadolu ကို ပြောခဲ့ပါတယ်။ ရထားလမ်းချော်မှု ဖြစ်ပွားတဲ့နေရာကို အရေးပေါ် လူနာတင်ကား အစီး ၁၀၀ စေလွှတ်ခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

_102436513_mediaitem102436512.jpg

Photo: Reuters



တူရကီစစ်တပ်ကလည်း ရထားမတော်ဆမှု ဖြစ်ပွားရာနေရာသို့ စစ်ဘက်ရဟတ်ယာဉ်များ စေလွှတ်ခဲ့ကြောင်း ပြောပါတယ်။ အစ္စတန်ဘူလ်မြို့ အာဏာပိုင်တွေက ကယ်ဆယ်ရေးဝန်ထမ်း ၂၄ ဦးနဲ့ ကယ်ဆယ်ရေးကား ခြောက်စီးကို ကယ်ဆယ်ရေးမှာ ပူးပေါင်းကူညီရန် စေလွှတ်ခဲ့ကြောင်း Twitter မှာ ရေးထားပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ပထမဆုံး ထုတ်လွှင့်ခဲ့တဲ့ မြင်ကွင်းတွေအရ ရထားတွဲအချို့ တိမ်းမှောက်နေပြီး ကယ်ဆယ်ရေးသမားတွေက ထိတ်လန်တုန်လှုပ်နေတဲ့ ဒဏ်ရာရသူတွေ အပျက်အစီးတွေကြားကနေ ကူညီခေါ်ထုတ်နေတာ တွေ့ခဲ့ရပါတယ်။

turkey-train1.jpg

Photo: AFP



"ရာသီဥတုဆိုးရွားတာကြောင့် ရထားမတော်တဆမှု ဖြစ်ခဲ့တာပါ" လို့ Tekirdag ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူါ် Mehmet Ceylan က NTV သတင်းဌာနကို ပြောပါတယ်။ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့တဲ့ နေရာဒေသမှာ လတ်တလော မိုးရွာသွန်းထားမှုကြောင့် ရွှံ့နွှံ့များထူထပ်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရွှံ့နွံများ ရထားလမ်းကို ဖုံးလွှမ်းနေခဲ့မှုကြောင့် ရထားလမ်းချော်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ Tekirdag ဒေသ Corlu ခရိုင်အတွင်း Sarilar ကျေးရွာအပြင်ဘက်မှာ ရထားလမ်းချော်တိမ်းမှောက်ခဲ့ကြောင်း သတင်းတွေက ပြောပါတယ်။

2018-07-09_092714.jpg

Photo: Hakan Mehmet Sahin/ Anadolu Agency



တူရကီ ရထားလမ်းစနစ်မှာ ပြီးခဲ့တဲ့ နှစ်များအတွင်း လူသေဆုံးမှုရှိတဲ့ မတော်တဆမှုတွေ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလအတွင်း အစ္စတန်ဘူလ်တောင်ဘက် Kutahya ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုကြောင့် လူကိုးဦး သေဆုံးခဲ့ပါတယ်။

လတ်တလော နှစ်များအတွင်း တူရကီမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရထားမတော်တဆမှုမှာ ၂၀၀၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံအနောက်မြောက်ပိုင်း Sakarya ဒေသမှာ မြန်နှုန်းမြင့် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၄၁ ဦး သေဆုံးပြီး အခြား လူ ၈၀ ဒဏ်ရာရခဲ့မှု ဖြစ်ပါတယ်။

[Zawgyi Version]

တူရကီႏုိင္ငံ အေနာက္ေျမာက္ပုိင္းမွာ ရထားတစ္စင္း လမ္းေခ်ာ္တိမ္းေမွာက္ခဲ့မႈေၾကာင့္ လူ ၁၀ ဦးေသဆုံးၿပီး အျခား လူ ၇၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ယမန္ေန႕ (ဇူလုိင္ ၈ ရက္) က လမ္းေခ်ာ္တိမ္းေမွာက္ခဲ့တဲ့ ရထားေပၚမွာ လူ ၃၆၀ ေက်ာ္ လုိက္ပါလာခဲ့ေၾကာင္း သိရပါတယ္။

Photo: AFP



အဆုိပါ ရထားဟာ ဂရိနဲ႕ ဘူလ္ေဂရီးယား နယ္စပ္႐ွိ Edirne ေဒသကေန အစၥတန္ဘူလ္ၿမဳိ႕႐ွိ Halkali ဘူတာ႐ုံသုိ႕ ခုတ္ေမာင္းလာစဥ္ လမ္းေခ်ာ္တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။ ရထားတြဲေျခာက္တြဲပါ အဆုိပါ ရထားဟာ Tekirdag ေဒသမွာ လမ္းေခ်ာ္တိမ္းေမွာက္ခဲ့တယ္လို႕ ဆုိပါတယ္။

"ကနဦး စစ္ေဆးမႈေတြအရ လူ ၁၀ ဦး ေသဆုံးခဲ့ၿပီး ၇၃ ဦး ဒဏ္ရာရခဲ့ပါတယ္" လုိ႕ တူရကီ က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္႐ွိသူတစ္ဦးျဖစ္တဲ့ Eyup Gumus က အစိုးရသတင္းဌာန Anadolu ကုိ ေျပာခဲ့ပါတယ္။ ရထားလမ္းေခ်ာ္မႈ ျဖစ္ပြားတဲ့ေနရာကုိ အေရးေပၚ လူနာတင္ကား အစီး ၁၀၀ ေစလႊတ္ခဲ့ေၾကာင္းလည္း ၎ကဆုိပါတယ္။

Photo: Reuters



တူရကီစစ္တပ္ကလည္း ရထားမေတာ္ဆမႈ ျဖစ္ပြားရာေနရာသုိ႕ စစ္ဘက္ရဟတ္ယာဥ္မ်ား ေစလႊတ္ခဲ့ေၾကာင္း ေျပာပါတယ္။ အစၥတန္ဘူလ္ၿမဳိ႕ အာဏာပုိင္ေတြက ကယ္ဆယ္ေရးဝန္ထမ္း ၂၄ ဦးနဲ႕ ကယ္ဆယ္ေရးကား ေျခာက္စီးကုိ ကယ္ဆယ္ေရးမွာ ပူးေပါင္းကူညီရန္ ေစလႊတ္ခဲ့ေၾကာင္း Twitter မွာ ေရးထားပါတယ္။

႐ုပ္ျမင္သံၾကားသတင္းမွာ ပထမဆုံး ထုတ္လႊင့္ခဲ့တဲ့ ျမင္ကြင္းေတြအရ ရထားတြဲအခ်ဳိ႕ တိမ္းေမွာက္ေနၿပီး ကယ္ဆယ္ေရးသမားေတြက ထိတ္လန္တုန္လႈပ္ေနတဲ့ ဒဏ္ရာရသူေတြ အပ်က္အစီးေတြၾကားကေန ကူညီေခၚထုတ္ေနတာ ေတြ႕ခဲ့ရပါတယ္။

Photo: AFP



"ရာသီဥတုဆုိး႐ြားတာေၾကာင့္ ရထားမေတာ္တဆမႈ ျဖစ္ခဲ့တာပါ" လုိ႕ Tekirdag ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴၚ Mehmet Ceylan က NTV သတင္းဌာနကုိ ေျပာပါတယ္။ ရထားလမ္းေခ်ာ္မႈ ျဖစ္ပြားခဲ့တဲ့ ေနရာေဒသမွာ လတ္တေလာ မုိး႐ြာသြန္းထားမႈေၾကာင့္ ႐ႊံ႕ႏႊံ႕မ်ားထူထပ္ေနေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။

တူရကီ သယ္ယူပုိ႕ေဆာင္ေရးဝန္ႀကီးဌာနကလည္း မုိးသည္းထန္စြာ႐ြာသြန္းၿပီး ႐ႊံ႕ႏြံမ်ား ရထားလမ္းကို ဖုံးလႊမ္းေနခဲ့မႈေၾကာင့္ ရထားလမ္းေခ်ာ္သြားခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ Tekirdag ေဒသ Corlu ခ႐ုိင္အတြင္း Sarilar ေက်း႐ြာအျပင္ဘက္မွာ ရထားလမ္းေခ်ာ္တိမ္းေမွာက္ခဲ့ေၾကာင္း သတင္းေတြက ေျပာပါတယ္။

Photo: Hakan Mehmet Sahin/ Anadolu Agency



တူရကီ ရထားလမ္းစနစ္မွာ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္း လူေသဆုံးမႈ႐ွိတဲ့ မေတာ္တဆမႈေတြ ျဖစ္ခဲ့ေၾကာင္းလည္း သိရပါတယ္။ ၂၀၀၈ ခုႏွစ္ ဇန္နဝါရီလအတြင္း အစၥတန္ဘူလ္ေတာင္ဘက္ Kutahya ေဒသမွာ ျဖစ္ပြားခဲ့တဲ့ ရထားလမ္းေခ်ာ္မႈေၾကာင့္ လူကုိးဦး ေသဆုံးခဲ့ပါတယ္။

လတ္တေလာ ႏွစ္မ်ားအတြင္း တူရကီမွာ ျဖစ္ပြားခဲ့တဲ့ အဆုိး႐ြားဆုံး ရထားမေတာ္တဆမႈမွာ ၂၀၀၄ ခုႏွစ္ ဇူလုိင္လအတြင္း ႏုိင္ငံအေနာက္ေျမာက္ပုိင္း Sakarya ေဒသမွာ ျမန္ႏႈန္းျမင့္ ရထားတစ္စင္း လမ္းေခ်ာ္တိမ္းေမွာက္မႈေၾကာင့္ လူ ၄၁ ဦး ေသဆုံးၿပီး အျခား လူ ၈၀ ဒဏ္ရာရခဲ့မႈ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs