• International News
    မယ်ဆိုင်ဂူထဲမှာပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စုမှ ၈ ဦးကို ကယ်ထုတ်နိုင်ပြီဖြစ်
Ko John
[Unicode Version]

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ဂူအတွင်းမှာ ပိတ်မိနေတဲ့ လူငယ်အုပ်စုမှ နောက်ထပ်လေးဦးကို ယနေ့ (ဇူလိုင် ၉ ရက်) ဂူအပြင်သို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုအခါ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ Tham Laung ဂူအတွင်း ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးအနက်မှ ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Dhphr-wUcAAHIUf.jpg

ဂူထဲမှာ ပိတ်မိခဲ့ကြသည့် ထိုင်းလူငယ်အုပ်စု (Photo: Ekkaphol Chantawong)



ဂူထဲမှ နောက်ထပ် လူငယ်ငါးဦးကို ဆက်လက် ကယ်ထုတ်ရန် ကျန်ရှိနေပါသေးတယ်။ ယနေ့ ကယ်ထုတ်ရေးလုပ်ငန်းဟာ အချိန် ၉ နာရီ ကြာမြင့်ခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၈ ရက်) ကထက် ၂ နာရီ ပိုမိုမြန်ဆန်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ် အော့စ်တန်နာခွန်းက ပြောပါတယ်။

2018-07-09_222328.jpg

ကယ်ဆယ်ရေးလုပ်ဆောင်သည့် ရေငုပ်သမားများ (Photo: AFP)



လူငယ်လေးဦးကို ဂူထဲမှ ကယ်ထုတ်ရာမှာ နိုင်ငံတကာမှ ရေငုပ်သမား ၁၈ ဦး ပါဝင်ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း Tham Laung ဂူသို့ ယနေ့ လာရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ မိသားစုဝင်တွေကို အားပေးခဲ့ကြောင်း သိရပါတယ်။

thai-pm-at-tham-luang.jpg

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် လုံခြုံရေးတပ်ဖွဲ့အရာရှိများ (Photo: Reuters)



ထိုင်းဝန်ကြီးချုပ်ပရာယွတ်က လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေကြတဲ့ နိုင်ငံတကာမှ ရေငုပ်သမားများ၊ ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို အားပေးစကားပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်က ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အားလုံးကို သင်ခန်းစာယူစေလိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

Tham Laung ဂူထဲမှ လူငယ်တွေကို ကယ်ထုတ်မှုလုပ်ငန်းကို ဇူလိုင် ၈ ရက်မှာ စတင်လုပ်ဆောင်ခဲ့ပြီး လူငယ်လေးဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ယနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ လူငယ်များကို ဂူထဲမှကယ်ထုတ်မှု ပြန်လည်စတင်ခဲ့ပြီး ည ၉ နာရီမှာ ရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။

Dhq5ZM4VMAABPHd.jpg

Graphic: CNA



ယနေ့ညပိုင်းအထိ ဂူထဲကနေ ကယ်ထုတ်ခဲ့တဲ့ လူငယ် ၈ ဦးရဲ့ အမည်တွေကိုတော့ ဂူထဲမှာကျန်ရှိနေသေးတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေကို လေးစားမှုအနေနဲ့ ထုတ်ပြန်ခြင်းမပြုသေးကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပိတ်မိနေခဲ့ကြပါတယ်။

2018-07-09_222315.jpg

မယ်ဆိုင်ဂူအနီး တွေ့ရသည့် အရေးပေါ် လူနာတင်ယာဉ်တစ်စီး (Photo: AFP)



ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ၎င်းတို့ကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဂူအပြင်ကို ပြန်ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံေျမာက္ပုိင္း မယ္ဆုိင္ဂူအတြင္းမွာ ပိတ္မိေနတဲ့ လူငယ္အုပ္စုမွ ေနာက္ထပ္ေလးဦးကုိ ယေန႕ (ဇူလုိင္ ၉ ရက္) ဂူအျပင္သုိ႕ ကယ္ထုတ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။ ယခုအခါ ခ်င္း႐ုိင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႕႐ွိ Tham Laung ဂူအတြင္း ပိတ္မိေနတဲ့ လူငယ္ ၁၃ ဦးအနက္မွ ၈ ဦးကုိ ကယ္ထုတ္ႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဂူထဲမွာ ပိတ္မိခဲ့ၾကသည့္ ထုိင္းလူငယ္အုပ္စု (Photo: Ekkaphol Chantawong)



ဂူထဲမွ ေနာက္ထပ္ လူငယ္ငါးဦးကုိ ဆက္လက္ ကယ္ထုတ္ရန္ က်န္႐ွိေနပါေသးတယ္။ ယေန႕ ကယ္ထုတ္ေရးလုပ္ငန္းဟာ အခ်ိန္ ၉ နာရီ ၾကာျမင့္ခဲ့ၿပီး ယမန္ေန႕ (ဇူလိုင္ ၈ ရက္) ကထက္ ၂ နာရီ ပုိမုိျမန္ဆန္ခဲ့ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕ကုိ ဦးေဆာင္ေနတဲ့ ခ်င္း႐ုိင္းခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး နာ႐ြန္ဆက္ခ္ ေအာ့စ္တန္နာခြန္းက ေျပာပါတယ္။

ကယ္ဆယ္ေရးလုပ္ေဆာင္သည့္ ေရငုပ္သမားမ်ား (Photo: AFP)



လူငယ္ေလးဦးကုိ ဂူထဲမွ ကယ္ထုတ္ရာမွာ ႏုိင္ငံတကာမွ ေရငုပ္သမား ၁၈ ဦး ပါဝင္ခဲ့တယ္လုိ႕လည္း ၎က ဆုိပါတယ္။ ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အုိခ်ာကလည္း Tham Laung ဂူသုိ႕ ယေန႕ လာေရာက္ခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူေတြနဲ႕ မိသားစုဝင္ေတြကုိ အားေပးခဲ့ေၾကာင္း သိရပါတယ္။

ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕အရာ႐ွိမ်ား (Photo: Reuters)



ထုိင္းဝန္ႀကီးခ်ဳပ္ပရာယြတ္က လူငယ္အုပ္စုကုိ ကယ္ဆယ္ေရးမွာ ပါဝင္ကူညီေနၾကတဲ့ ႏုိင္ငံတကာမွ ေရငုပ္သမားမ်ား၊ ကယ္ဆယ္ေရးသမားေတြနဲ႕ ေစတနာ့ဝန္ထမ္းေတြကုိ အားေပးစကားေျပာခဲ့ပါတယ္။ ထုိင္းဝန္ႀကီးခ်ဳပ္က ယခုျဖစ္ရပ္နဲ႕ပတ္သက္ၿပီး အားလုံးကုိ သင္ခန္းစာယူေစလိုေၾကာင္း ေျပာခဲ့တယ္လို႕ ဆုိပါတယ္။

Tham Laung ဂူထဲမွ လူငယ္ေတြကုိ ကယ္ထုတ္မႈလုပ္ငန္းကုိ ဇူလုိင္ ၈ ရက္မွာ စတင္လုပ္ေဆာင္ခဲ့ၿပီး လူငယ္ေလးဦးကုိ ကယ္ထုတ္ႏုိင္ခဲ့ပါတယ္။ ယေန႕ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီမွာ လူငယ္မ်ားကုိ ဂူထဲမွကယ္ထုတ္မႈ ျပန္လည္စတင္ခဲ့ၿပီး ည ၉ နာရီမွာ ရပ္ဆုိင္းခဲ့ေၾကာင္း သိရပါတယ္။

Graphic: CNA



ယေန႕ညပုိင္းအထိ ဂူထဲကေန ကယ္ထုတ္ခဲ့တဲ့ လူငယ္ ၈ ဦးရဲ႕ အမည္ေတြကုိေတာ့ ဂူထဲမွာက်န္႐ွိေနေသးတဲ့ လူငယ္ေတြရဲ႕ မိသားစုဝင္ေတြကုိ ေလးစားမႈအေနနဲ႕ ထုတ္ျပန္ျခင္းမျပဳေသးေၾကာင္း ခ်င္း႐ိုင္းခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ လက္ေထာက္ ေဘာလုံးနည္းျပတို႕ဟာ ဇြန္လ ၂၃ ရက္မွာ Tham Luang ဂူထဲကို ဝင္ေရာက္ခဲ့ၿပီးေနာက္ ဂူအတြင္း ေရမ်ားဝင္ေရာက္လာမႈေၾကာင့္ ပိတ္မိေနခဲ့ၾကပါတယ္။

မယ္ဆုိင္ဂူအနီး ေတြ႕ရသည့္ အေရးေပၚ လူနာတင္ယာဥ္တစ္စီး (Photo: AFP)



ဂူထဲမွာ ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ ၎တုိ႕ကုိ ၁၀ ရက္ေျမာက္ေန႕ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ပထမဆုံး ျပန္႐ွာေတြ႕ခဲ့ၾကပါတယ္။ ထုိ႕ေနာက္ ၎တုိ႕ကုိ ဂူထဲမွာ က်န္းမာေရးေစာင့္ေ႐ွာက္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ဂူအျပင္ကုိ ျပန္ကယ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs