• International News
    ဂျပန် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၅၅ ဦးအထိ မြင့်တက်၊ ပျောက်ဆုံးနေသူတွေ ရှာဖွေရေး မျှော်လင့်ချက်မှေးမှိန်လာ
Ko John
[Unicode Version]

ဂျပန်နိုင်ငံ နေရာဒေသတွေမှာ စံချိန်တင် မိုးသည်းထန်ခဲ့ပြီးနောက် ရေကြီးမှုနဲ့မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ၁၅၅ ဦးအထိ မြင့်တက်လာကြောင်းနဲ့ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်မှေးမှိန်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၁၀ ရက်) ပြောပါတယ်။

2018-07-10_070212.jpg

Photo: CGTN



ရေကြီးမြေပြိုမှုများအတွင်း လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ယမန်နေ့ (ဇူလိုင် ၉ ရက်) မှာ မိုးရွာသွန်းမှု လျော့နည်းသွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက အစောပိုင်းမှာ သွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ နေရာတွေကို ရောက်ရှိနိုင်ခဲ့ပါတယ်။

အဆိုပါနေရာများရှိ အပျက်အစီးများအောက်မှာ ပိတ်မိသေဆုံးသူတွေ ရှိနေနိုင်မှုကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။ ယခုဖြစ်ရပ်ဟာ ဂျပန်မှာ ဆယ်စုနှစ်သုံးခုကျော်အတွင်း မိုးရွာသွန်းမှု နောက်ဆက်တွဲကြောင့် လူသေဆုံးမှုအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

DhpLyECWkAAdcoC.jpg

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး (Photo: Reuters)



ဂျပန်မှာ ရေကြီးမြေပြိုမှုကြောင့် လူသေဆုံးတွေ မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှင်ဇိုအဘေးက ၎င်းရဲ့ နိုင်ငံလေးခုသို့သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဘေးက ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ သွာရောက်ကြည့်ရှုမယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာပြီး ရေကြီးမြေပြိုတွေကြောင့် ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့အနောက်ပိုင်းတွေမှာ မြေပြင်အခြေအနေနဲ့ ရှုခင်းမြင်ကွင်းတွေ ပြောင်းလဲသွားခဲ့ပါတယ်။

2018-07-10_070051.jpg

Photo: CNN

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး လေးရက်ကြာမြင့်ခဲ့ပြီဖြစ်ရာ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက်တွေ့နိုင်ရန် မျှော်လင့်ချက်မှေးမှိန်လာတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ရေကြီးမှုတွေဖြစ်ခဲ့တဲ့ ဂျပန်အနောက်ပိုင်းရှိ ကျေးရွာအချို့မှာ ရွာလုံးကျွတ်ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံတွေဟာ နေအိမ်ခေါင်းမိုးများပေါ်တက်နေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်ဆိုင်းခဲ့ကြရပါတယ်။

2018-07-10_070123.jpg

Photo: Daily Sabah



မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှု ဖြစ်ပွားတဲ့နေရာတွေမှာ မီးသတ်သမားများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အပါအဝင် အင်အား ၇၃,၀၀၀ က ကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး ရဟတ်ယာဉ် အစီးရေ ၇၀၀ ကိုလည်း ကူညီနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ပြောပါတယ်။

2018-07-10_070114.jpg

Photo: Getty Images



လတ်တလော စံချိန်တင် မိုးရွာသွန်းခဲ့မှုတွေအနက် ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အနောက်ဘက် မိုင် ၃၇၀ အကွာရှိ မိုတိုယာမာမြို့ (Motoyama) မှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၆ ရက်) မနက်ပိုင်းမှ စနေနေ့ (ဇူလိုင် ၇ ရက်) မနက်ပိုင်းအထိ မိုးရေချိန် ၂၃ လက်မအထိ ရွာသွန်းခဲ့ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။

2018-07-10_070002.jpg

Photo: Bloomberg



ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်စပ်ပြီး အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဟီရိုရှီးမားဒေသမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။

[Zawgyi Version]

ဂ်ပန္ႏုိင္ငံ ေနရာေဒသေတြမွာ စံခ်ိန္တင္ မုိးသည္းထန္ခဲ့ၿပီးေနာက္ ေရႀကီးမႈနဲ႕ေျမၿပဳိမႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ၁၅၅ ဦးအထိ ျမင့္တက္လာေၾကာင္းနဲ႕ ေပ်ာက္ဆုံးေနသူေတြကုိ အသက္႐ွင္လ်က္ ႐ွာေဖြေတြ႕႐ွိရန္ ေမွ်ာ္လင့္ခ်က္ေမွးမွိန္လာေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ဇူလုိင္ ၁၀ ရက္) ေျပာပါတယ္။

Photo: CGTN



ေရႀကီးေျမၿပဳိမႈမ်ားအတြင္း လူဦးေရ ဒါဇင္နဲ႕ခ်ီ ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။ ယမန္ေန႕ (ဇူလုိင္ ၉ ရက္) မွာ မုိး႐ြာသြန္းမႈ ေလ်ာ့နည္းသြားခဲ့ၿပီး ကယ္ဆယ္ေရးသမားေတြက အေစာပိုင္းမွာ သြားေရာက္ႏုိင္ခဲ့ျခင္းမ႐ွိတဲ့ ေနရာေတြကုိ ေရာက္႐ွိႏုိင္ခဲ့ပါတယ္။

အဆုိပါေနရာမ်ား႐ွိ အပ်က္အစီးမ်ားေအာက္မွာ ပိတ္မိေသဆုံးသူေတြ ႐ွိေနႏုိင္မႈကုိ အာဏာပုိင္ေတြက စုိးရိမ္ေနပါတယ္။ ယခုျဖစ္ရပ္ဟာ ဂ်ပန္မွာ ဆယ္စုႏွစ္သုံးခုေက်ာ္အတြင္း မုိး႐ြာသြန္းမႈ ေနာက္ဆက္တြဲေၾကာင့္ လူေသဆုံးမႈအမ်ားဆုံးလည္း ျဖစ္လာခဲ့ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ႐ွင္ဇုိအေဘး (Photo: Reuters)



ဂ်ပန္မွာ ေရႀကီးေျမၿပဳိမႈေၾကာင့္ လူေသဆုံးေတြ ျမင့္တက္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္႐ွင္ဇုိအေဘးက ၎ရဲ႕ ႏုိင္ငံေလးခုသို႕သြားေရာက္မယ့္ ခရီးစဥ္ကုိ ဖ်က္သိမ္းလုိက္ပါတယ္။ အေဘးက ေရႀကီးေျမၿပဳိမႈေတြ ျဖစ္ပြားခဲ့တဲ့ ေနရာေဒသေတြကုိ ယခုသီတင္းပတ္ေႏွာင္းပုိင္းမွာ သြာေရာက္ၾကည့္႐ႈမယ္လို႕ ဆုိပါတယ္။

မုိးသည္းထန္စြာ႐ြာၿပီး ေရႀကီးေျမၿပဳိေတြေၾကာင့္ ဂ်ပန္ႏုိင္ငံ အလယ္ပုိင္းနဲ႕အေနာက္ပုိင္းေတြမွာ ေျမျပင္အေျခအေနနဲ႕ ႐ႈခင္းျမင္ကြင္းေတြ ေျပာင္းလဲသြားခဲ့ပါတယ္။

Photo: CNN

မုိးသည္းထန္စြာ အဆက္မျပတ္႐ြာသြန္းခဲ့ၿပီး ေလးရက္ၾကာျမင့္ခဲ့ၿပီျဖစ္ရာ ေပ်ာက္ဆုံးေနသူေတြကုိ အသက္႐ွင္လ်က္ေတြ႕ႏုိင္ရန္ ေမွ်ာ္လင့္ခ်က္ေမွးမွိန္လာတယ္လို႕ ကယ္ဆယ္ေရးသမားေတြက ေျပာပါတယ္။

ေရႀကီးမႈေတြျဖစ္ခဲ့တဲ့ ဂ်ပန္အေနာက္ပုိင္း႐ွိ ေက်း႐ြာအခ်ဳိ႕မွာ ႐ြာလုံးကၽြတ္ေရလႊမ္းမုိးခံခဲ့ရၿပီး ေဒသခံေတြဟာ ေနအိမ္ေခါင္းမုိးမ်ားေပၚတက္ေနခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ေတြကုိ ေစာင့္ဆုိင္းခဲ့ၾကရပါတယ္။

Photo: Daily Sabah



မုိးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ ေရႀကီးေျမၿပဳိမႈ ျဖစ္ပြားတဲ့ေနရာေတြမွာ မီးသတ္သမားမ်ား၊ ကယ္ဆယ္ေရးဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕နဲ႕ စစ္တပ္အပါအဝင္ အင္အား ၇၃,၀၀၀ က ကယ္ဆယ္ေရးလုပ္ေဆာင္ေနၾကၿပီး ရဟတ္ယာဥ္ အစီးေရ ၇၀၀ ကုိလည္း ကူညီႏုိင္ရန္ အသင့္ျပင္ဆင္ထားေၾကာင္း ဂ်ပန္အစိုးရ ေျပာခြင့္ရပုဂၢဳိလ္ ယုိ႐ွီဟီဒီဆူဂါက ေျပာပါတယ္။

Photo: Getty Images



လတ္တေလာ စံခ်ိန္တင္ မုိး႐ြာသြန္းခဲ့မႈေတြအနက္ ဂ်ပန္ႏုိင္ငံၿမဳိ႕ေတာ္ တုိက်ဳိၿမဳိ႕အေနာက္ဘက္ မုိင္ ၃၇၀ အကြာ႐ွိ မုိတုိယာမာၿမဳိ႕ (Motoyama) မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႕ (ဇူလုိင္ ၆ ရက္) မနက္ပုိင္းမွ စေနေန႕ (ဇူလုိင္ ၇ ရက္) မနက္ပုိင္းအထိ မုိးေရခ်ိန္ ၂၃ လက္မအထိ ႐ြာသြန္းခဲ့ေၾကာင္းလည္း ဂ်ပန္မုိးေလဝသဌာနက ထုတ္ျပန္ခဲ့ပါတယ္။

Photo: Bloomberg



ဂ်ပန္ႏုိင္ငံမွာ မုိးသည္းထန္စြာ ႐ြာသြန္းမႈနဲ႕ဆက္စပ္ၿပီး အဆုိး႐ြားဆုံး သဘာဝေဘးအႏၱရာယ္ကုိ ၂၀၁၄ ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။ ထုိစဥ္က ဟီ႐ုိ႐ွီးမားေဒသမွ မုိးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီးေနာက္ ေျမၿပဳိမႈေတြ ျဖစ္ပြားခဲ့ရာ လူ ၇၄ ဦး ေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs