• International News
    မယ်ဆိုင်ဂူထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ လူငယ်ငါးဦးကို ကယ်ထုတ်ရန်ပြင်ဆင်
Ko John
[Unicode Version]

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုမှ နောက်ဆုံးကျန်ရှိနေသူ ၅ ဦးကို ဆက်လက် ကယ်ထုတ်သွားရန်အတွက် ရေငုပ်သမားတွေက ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။

_102430214_bc46276d-da4e-4a50-a2b9-19ff633f3a01.jpg

ဂူထဲမှာ ပိတ်မိခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)



ဂူထဲမှာပိတ်မိခဲ့တဲ့ လူငယ်အုပ်စုမှ ၈ ဦးကို ဇူလိုင် ၈ ရက်နဲ့ ၉ ရက်တို့မှာ ကယ်ထုတ်ခဲ့ပြီးဖြစ်ကာ နောက်ဆုံးကျန်ရှိနေသူ ၅ ဦးကို ယနေ့ (ဇူလိုင် ၁၀ ရက်) ကယ်ထုတ်သွားမှာ ဖြစ်ပါတယ်။

ဂူထဲမှာကျန်ရှိနေတဲ့ ယောက်ျားလေး ၄ ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ၎င်းတို့ကို ရေငုပ်သမားတွေက ရေကြီးနေတဲ့ ဂူအတွင်းလမ်းကြောင်းတစ်လျှောက် ရေငုပ်ခေါ်ဆောင်လာရန်အတွက် ကျန်းမာရေးကောင်းမွန်ပြီး အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

DhtMkyHUcAATALc.jpg

Tham Laung ဂူတည်ရှိရာ တောင်တန်း၏ ဇူလိုင် ၁၀ ရက် မနက်ပိုင်းမြင်ကွင်း (Photo: ွှ့Thai PBS)



အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

thailand-cave-evacuation.jpg

ဇူလိုင် ၉ ရက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု (Photo: AFP)



၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဇူလိုင် ၂၉ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ လူငယ်များကို ဂူထဲမှကယ်ထုတ်မှု ပြန်လည်စတင်ခဲ့။

- လူငယ်အုပ်စုမှ ၄ ဦးကို ဂူအပြင်သို့ ကယ်ထုတ်နိုင်ခဲ့။

- ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို လာရောက်အားပေး။

- နိုင်ငံတကာမှ ရေငုပ်သမား ၁၈ ဦး ပါဝင်ခဲ့။

- ကယ်ထုတ်ရေးလုပ်ငန်းဟာ အချိန် ၉ နာရီ ကြာမြင့်ခဲ့ပြီး ဇူလိုင် ၈ ရက်ကထက် ၂ နာရီ ပိုမိုမြန်ဆန်။

- ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့

ဇူလိုင် ၂၈ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဂူထဲမှ လူငယ်တွေကို ပြန်လည်ခေါ်ထုတ် ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့။

- ပထမဆုံး ယောက်ျားလေးက ဂူအပြင်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ ပြန်လည်ရောက်ရှိ။

- စုစုပေါင်း ယောက်ျားလေး ၄ ဦးကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ခဲ့ပြီး ချင်းရိုင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့။

- ယောက်ျားလေးတွေကို နိုင်ငံခြားမှ ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ငါးဦးတို့က ခြံရံစောင့်ရှောက် ခေါ်ဆောင်လာခဲ့။

- ဒေသစံတော်ချိန် ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။

- ယောက်ျားလေး ၈ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ဂူထဲမှ ခေါ်ထုတ်ကယ်ဆယ်ရန် ကျန်ရှိ

[Zawgyi Version]

ထုိင္းႏုိင္ငံေျမာက္ပုိင္း႐ွိ ေက်ာက္ဂူတစ္ခုအတြင္း ပိတ္မိေနခဲ့တဲ့ လူငယ္အုပ္စုမွ ေနာက္ဆုံးက်န္႐ွိေနသူ ၅ ဦးကုိ ဆက္လက္ ကယ္ထုတ္သြားရန္အတြက္ ေရငုပ္သမားေတြက ျပင္ဆင္မႈေတြ ျပဳလုပ္ေနၾကပါတယ္။

ဂူထဲမွာ ပိတ္မိခဲ့သည့္ ထုိင္းလူငယ္အုပ္စု (Photo: Thai Navy Seal)



ဂူထဲမွာပိတ္မိခဲ့တဲ့ လူငယ္အုပ္စုမွ ၈ ဦးကုိ ဇူလုိင္ ၈ ရက္နဲ႕ ၉ ရက္တုိ႕မွာ ကယ္ထုတ္ခဲ့ၿပီးျဖစ္ကာ ေနာက္ဆုံးက်န္႐ွိေနသူ ၅ ဦးကုိ ယေန႕ (ဇူလုိင္ ၁၀ ရက္) ကယ္ထုတ္သြားမွာ ျဖစ္ပါတယ္။

ဂူထဲမွာက်န္႐ွိေနတဲ့ ေယာက္်ားေလး ၄ ဦးနဲ႕ ေဘာလုံးနည္းျပတုိ႕ဟာ ၎တုိ႕ကုိ ေရငုပ္သမားေတြက ေရႀကီးေနတဲ့ ဂူအတြင္းလမ္းေၾကာင္းတစ္ေလွ်ာက္ ေရငုပ္ေခၚေဆာင္လာရန္အတြက္ က်န္းမာေရးေကာင္းမြန္ၿပီး အသင့္႐ွိေနတယ္လို႕ ဆုိပါတယ္။

Tham Laung ဂူတည္႐ွိရာ ေတာင္တန္း၏ ဇူလုိင္ ၁၀ ရက္ မနက္ပုိင္းျမင္ကြင္း (Photo: ႊ့Thai PBS)



အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္မွာ ထုိင္းေျမာက္ပုိင္း ခ်င္း႐ိုင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႕ဧရိယာအတြင္း႐ွိ Tham Luang ဂူထဲကုိဝင္ေရာက္သြားခဲ့ၾကၿပီး ဂူအတြင္း ေရမ်ားဝင္ေရာက္လာမႈေၾကာင့္ ျပန္မထြက္ႏုိင္ဘဲ ပိတ္မိေနခဲ့ၾကပါတယ္။

ဇူလုိင္ ၉ ရက္ ကယ္ဆယ္ေရးလုပ္ငန္း ေဆာင္႐ြက္မႈ (Photo: AFP)



၎တို႕ဟာ ဂူအတြင္း ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ၾကၿပီး ၁၀ ရက္ေျမာက္ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းအခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ျပန္႐ွာေတြ႕ခဲ့ၾကပါတယ္။ ထုိ႕ေနာက္ လူငယ္အုပ္စုကုိ ဂူအတြင္း လိုအပ္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ဂူအျပင္ကုိကယ္ထုတ္ခဲ့ပါတယ္။

Tham Luang ဂူထဲကေန ထုိင္းလူငယ္အုပ္စုကို​ ႐ွာေဖြကယ္ဆယ္မႈအား ျမန္မာႏုိင္ငံ အပါအဝင္ ၁၁ ႏုိင္ငံထက္မနည္းက ပူးေပါင္းကူညီခဲ့ၾကၿပီး ကမာၻတစ္ဝွမ္းမွလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

ဇူလုိင္ ၂၉ ရက္ ကယ္ဆယ္ေရးလုပ္ငန္း

- ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီမွာ လူငယ္မ်ားကုိ ဂူထဲမွကယ္ထုတ္မႈ ျပန္လည္စတင္ခဲ့။

- လူငယ္အုပ္စုမွ ၄ ဦးကုိ ဂူအျပင္သုိ႕ ကယ္ထုတ္ႏုိင္ခဲ့။

- ထုိင္းဝန္ႀကီးခ်ဳပ္ပရာယြတ္က ကယ္ဆယ္ေရးလုပ္ေဆာင္ေနသူေတြကုိ လာေရာက္အားေပး။

- ႏုိင္ငံတကာမွ ေရငုပ္သမား ၁၈ ဦး ပါဝင္ခဲ့။

- ကယ္ထုတ္ေရးလုပ္ငန္းဟာ အခ်ိန္ ၉ နာရီ ၾကာျမင့္ခဲ့ၿပီး ဇူလိုင္ ၈ ရက္ကထက္ ၂ နာရီ ပုိမုိျမန္ဆန္။

- ည ၉ နာရီမွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ရပ္ဆုိင္းခဲ့

ဇူလုိင္ ၂၈ ရက္ ကယ္ဆယ္ေရးလုပ္ငန္း

- ေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ ဂူထဲမွ လူငယ္ေတြကုိ ျပန္လည္ေခၚထုတ္ ကယ္ဆယ္ေရးလုပ္ငန္း စတင္ခဲ့။

- ပထမဆုံး ေယာက္်ားေလးက ဂူအျပင္ကုိ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီ ၄၀ မိနစ္မွာ ျပန္လည္ေရာက္႐ွိ။

- စုစုေပါင္း ေယာက္်ားေလး ၄ ဦးကုိ ဂူအျပင္သုိ႕ ျပန္ေခၚထုတ္ခဲ့ၿပီး ခ်င္း႐ိုင္း႐ွိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ခဲ့။

- ေယာက္်ားေလးေတြကုိ ႏုိင္ငံျခားမွ ေရငုပ္သမား ၁၃ ဦးနဲ႕ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ဝင္ ငါးဦးတုိ႕က ၿခံရံေစာင့္ေ႐ွာက္ ေခၚေဆာင္လာခဲ့။

- ေဒသစံေတာ္ခ်ိန္ ည ၉ နာရီမွာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေခတၱရပ္ဆုိင္းခဲ့။

- ေယာက္်ားေလး ၈ ဦးနဲ႕ ၎တို႕ရဲ႕ ေဘာလုံးနည္းျပတုိ႕ကုိ ဂူထဲမွ ေခၚထုတ္ကယ္ဆယ္ရန္ က်န္႐ွိ


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs