• International News
    မယ်ဆိုင်ဂူထဲမှာပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်
Ko John
[Unicode Version]

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့တဲ့ တောဝက် လူငယ်ဘောလုံးအသင်းမှ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့နည်းပြဖြစ်သူကို ဂူအပြင်သို့ကယ်ထုတ်မှု အောင်မြင်ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဂူထဲမှာ ကျန်ရှိနေတဲ့ လူငယ်ငါးဦးကို ရေငုပ်သမားတွေက ဂူအပြင်သို့ ယနေ့ (ဇူလိုင် ၁၀ ရက်) ကယ်ထုတ်ခဲ့ကြပါတယ်။

4E15401A00000578-5935535-image-a-27_1531223124156.jpg

ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)



ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ အခြားလူငယ် ၈ ဦးကို ကယ်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ လူငယ်အုပ်စုဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဧရိယာအတွင်းရှိ ရေကြီးနေတဲ့ Tham Laung ဂူအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြပါတယ်။

"တောဝက် ၁၂ ကောင်နဲ့ နည်းပြတို့ကို ဂူထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါပြီ၊ အားလုံး အန္တရာယ်ကင်းပါတယ်" လို့ ထိုင်းရေတပ် အထူးတပ်ဖွဲ့က Facebook မှာ ရေးထားပါတယ်။

thai-cave-rescue-all-13-wild-boars-saved.jpg

ဂူထဲမှကယ်ထုတ်နိုင်ခဲ့သည့် လူငယ်များ (Infographic: Rafa Estrada/CNA)



လူငယ်အုပ်စုကို ဂူထဲမှာပြန်တွေ့ပြီးနောက် ၎င်းတို့နဲအတူ နေထိုင်စောင့်ရှောက်ခဲ့ကြတဲ့ ဆရာဝန်တစ်ဦး အပါအဝင် ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမား ၄ ဦး ဂူထဲကပြန်ထွက်လာအုံးမယ်လို့လည်း ထိုင်းရေတပ် အထူးတပ်ဖွဲ့ရဲ့ Facebook ပို့စ်မှာ ရေးထားခဲ့ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

thailand-cave-reax.jpg

ဘောလုံးအသင်းမှ ကျောင်းသားများ အတွက် အတန်းဖော်များက ဆုတောင်းနေကြစဉ် (Photo: Reuters/Tyrone Siu)



၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

boys-from-the-under-16-soccer-team-trapped-inside-tham-luang-cave-covered-in-hypothermia-blankets-react-to-the-camera-in-chiang-rai--thailand-3.jpg

ဂူထဲမှာ ပိတ်မိခဲ့ကြသည့် လူငယ်အုပ်စု (Photo: Thai Navy Seal)



ယခုအခါ တောဝက်ဘောလုံးအသင်းမှ လူငယ်များအားလုံးကို ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ ဂူအပြင်ကို ကယ်ထုတ်ခဲ့တဲ့ ယောက်ျားလေး ၈ ဦးကို ကျန်းမာရေး စစ်ဆေးပြီးနောက် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။ ၎င်းတို့အနက် ၂ ဦးသာ အဆုတ်ရောင်နေတယ်လို့ ယူဆရပြီး လိုအပ်တဲ့ ဆေးကုသမှု ဆောင်ရွက်ပေးနေပါတယ်။

4E1555E600000578-5935535-image-a-48_1531224190750.jpg

ဂူထဲမှကယ်ထုတ်လာပြီးနောက် အရေးပေါ် လူနာတင်ကားဖြင့် ခေါ်ဆောင်လာစဉ် (Photo: AFP/Getty Images)



"၈ ယောက်လုံး ကျန်းမာရေးကောင်းပါတယ်၊ ကိုယ်ပူဖျားနာနေတာမျိုးလည်း မရှိပါဘူး၊ အားလုံးက စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း ကောင်းကြပါတယ်" လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါ ချွတ်ကီဒမ်ယောင်ဆွတ်ခ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယနေ့ နောက်ဆုံး ကယ်ထုတ်လာတဲ့ ၅ ဦးကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုကို အောင်မြင်စွာ ရှာဖွေကယ်ဆယ်နိုင်ခဲ့တဲ့ ယခုဖြစ်ရပ်ကို ကမ္ဘာတစ်ဝှမ်းမှ ချီးကျူးခဲ့ကြပြီး ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံေျမာက္ပိုင္း႐ွိ ဂူတစ္ခုအတြင္း ပိတ္မိေနခဲ့တဲ့ ေတာဝက္ လူငယ္ေဘာလုံးအသင္းမွ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕နည္းျပျဖစ္သူကုိ ဂူအျပင္သို႕ကယ္ထုတ္မႈ ေအာင္ျမင္ၿပီးေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဂူထဲမွာ က်န္႐ွိေနတဲ့ လူငယ္ငါးဦးကုိ ေရငုပ္သမားေတြက ဂူအျပင္သုိ႕ ယေန႕ (ဇူလုိင္ ၁၀ ရက္) ကယ္ထုတ္ခဲ့ၾကပါတယ္။

ဂူထဲမွကယ္ထုတ္လာသူတစ္ဦးကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ရန္ ျပင္ဆင္ေနစဥ္ (Photo: Nick Edwards/Daily Mail)



ဇူလုိင္ ၈ ရက္နဲ႕ ၉ ရက္မွာ အျခားလူငယ္ ၈ ဦးကုိ ကယ္ထုတ္ခဲ့ၿပီး ျဖစ္ပါတယ္။ အဆုိပါ လူငယ္အုပ္စုဟာ ထုိင္းေျမာက္ပုိင္း ခ်င္း႐ုိင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႕ ဧရိယာအတြင္း႐ွိ ေရႀကီးေနတဲ့ Tham Laung ဂူအတြင္း သီတင္းႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိခဲ့ၾကပါတယ္။

"ေတာဝက္ ၁၂ ေကာင္နဲ႕ နည္းျပတုိ႕ကုိ ဂူထဲကေန ကယ္ထုတ္ႏုိင္ခဲ့ပါၿပီ၊ အားလုံး အႏၱရာယ္ကင္းပါတယ္" လုိ႕ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕က Facebook မွာ ေရးထားပါတယ္။

ဂူထဲမွကယ္ထုတ္ႏုိင္ခဲ့သည့္ လူငယ္မ်ား (Infographic: Rafa Estrada/CNA)



လူငယ္အုပ္စုကုိ ဂူထဲမွာျပန္ေတြ႕ၿပီးေနာက္ ၎တို႕နဲအတူ ေနထုိင္ေစာင့္ေ႐ွာက္ခဲ့ၾကတဲ့ ဆရာဝန္တစ္ဦး အပါအဝင္ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕မွ ေရငုပ္သမား ၄ ဦး ဂူထဲကျပန္ထြက္လာအုံးမယ္လုိ႕လည္း ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ရဲ႕ Facebook ပုိ႕စ္မွာ ေရးထားခဲ့ပါတယ္။

အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္မွာ ထုိင္းေျမာက္ပုိင္း ခ်င္း႐ိုင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႕ဧရိယာအတြင္း႐ွိ Tham Luang ဂူထဲကုိဝင္ေရာက္သြားခဲ့ၾကၿပီး ဂူအတြင္း ေရမ်ားဝင္ေရာက္လာမႈေၾကာင့္ ျပန္မထြက္ႏုိင္ဘဲ ပိတ္မိေနခဲ့ၾကပါတယ္။

ေဘာလုံးအသင္းမွ ေက်ာင္းသားမ်ား အတြက္ အတန္းေဖာ္မ်ားက ဆုေတာင္းေနၾကစဥ္ (Photo: Reuters/Tyrone Siu)



၎တို႕ဟာ ဂူအတြင္း ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ၾကၿပီး ၁၀ ရက္ေျမာက္ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းအခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ျပန္႐ွာေတြ႕ခဲ့ၾကပါတယ္။ ထုိ႕ေနာက္ လူငယ္အုပ္စုကုိ ဂူအတြင္း လိုအပ္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ဂူအျပင္ကုိကယ္ထုတ္ခဲ့ပါတယ္။

Tham Luang ဂူထဲကေန ထုိင္းလူငယ္အုပ္စုကို​ ႐ွာေဖြကယ္ဆယ္မႈအား ျမန္မာႏုိင္ငံ အပါအဝင္ ၁၁ ႏုိင္ငံထက္မနည္းက ပူးေပါင္းကူညီခဲ့ၾကၿပီး ကမာၻတစ္ဝွမ္းမွလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

ဂူထဲမွာ ပိတ္မိခဲ့ၾကသည့္ လူငယ္အုပ္စု (Photo: Thai Navy Seal)



ယခုအခါ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္မ်ားအားလုံးကုိ ခ်င္း႐ုိင္းေဆး႐ုံသို႕ ပုိ႕ေဆာင္ထားၿပီး လုိအပ္တဲ့ က်န္းမာေရးေစာင့္ေ႐ွာက္မႈေတြ ျပဳလုပ္ေပးေနပါတယ္။

ဇူလုိင္ ၈ ရက္နဲ႕ ၉ ရက္မွာ ဂူအျပင္ကုိ ကယ္ထုတ္ခဲ့တဲ့ ေယာက္်ားေလး ၈ ဦးကုိ က်န္းမာေရး စစ္ေဆးၿပီးေနာက္ က်န္းမာေရးအေျခအေန စုိးရိမ္စရာမ႐ွိေၾကာင္း သိရပါတယ္။ ၎တုိ႕အနက္ ၂ ဦးသာ အဆုတ္ေရာင္ေနတယ္လို႕ ယူဆရၿပီး လုိအပ္တဲ့ ေဆးကုသမႈ ေဆာင္႐ြက္ေပးေနပါတယ္။

ဂူထဲမွကယ္ထုတ္လာၿပီးေနာက္ အေရးေပၚ လူနာတင္ကားျဖင့္ ေခၚေဆာင္လာစဥ္ (Photo: AFP/Getty Images)



"၈ ေယာက္လုံး က်န္းမာေရးေကာင္းပါတယ္၊ ကုိယ္ပူဖ်ားနာေနတာမ်ဳိးလည္း မ႐ွိပါဘူး၊ အားလုံးက စိတ္ပုိင္းဆုိင္ရာ အေျခအေနလည္း ေကာင္းၾကပါတယ္" လုိ႕ ထုိင္းႏုိင္ငံ ျပည္သူ႕က်န္းမာေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဂ်က္ဆာဒါ ခၽြတ္ကီဒမ္ေယာင္ဆြတ္ခ္က သတင္းစာ႐ွင္းလင္းပြဲမွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ယေန႕ ေနာက္ဆုံး ကယ္ထုတ္လာတဲ့ ၅ ဦးကုိလည္း လုိအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဂူထဲမွာ ပိတ္မိေနခဲ့တဲ့ လူငယ္အုပ္စုကုိ ေအာင္ျမင္စြာ​ ႐ွာေဖြကယ္ဆယ္ႏုိင္ခဲ့တဲ့ ယခုျဖစ္ရပ္ကုိ ကမာၻတစ္ဝွမ္းမွ ခ်ီးက်ဴးခဲ့ၾကၿပီး ဝမ္းသာေပ်ာ္႐ႊင္ေနၾကေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs