• International News
    ထိုင်ဝမ်အနီး တိုင်ဖွန်းမာရီယာ ဖြတ်သန်းသွားပြီး တရုတ်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်
Ko John
[Unicode Version]

ထိုင်ဝမ်အနီးမှ တိုင်ဖွန်းမုန်တိုင်း မာရီယာ (Maria) ဖြတ်သန်းသွားခဲ့ပေမဲ့ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်းနဲ့ တရုတ်အရှေ့ပိုင်းကို ယနေ့ (ဇူလိုင် ၁၁ ရက်) ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းသွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ထိုင်ဝမ်မှာ ကျောင်းနဲ့ရုံးများ ပိတ်ထားတယ်လို့ ဆိုပါတယ်။

typhoon-maria-is-the-first-typhoon-of-the-season-for-taiwan-and-damages-were-limited-for-the-island-prone-to-violent-storms-in-the-summer-1531269893701-2.jpg

Photo: AFP



အာဏာပိုင်တွေက မုန်တိုင်းကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။ သို့သော် မာရီယာမုန်တိုင်းဟာ ထိုင်ဝမ်အနီး ချဉ်းကပ်လာစဉ် အားလျော့နည်းသွားပြီးနောက် ထိုင်ဝမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခြင်းမရှိဘဲ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကြောင်း သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ် နေရာဒေသအချို့မှာ ညလုံးပေါက် မိုးရွာသွန်းခဲ့ပြီး မိုးရေချိန် ၄ လက်မအထိရှိခဲ့ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

2018-07-11_091037.jpg

Photo: weather.com



လက်ရှိမှာ တိုင်ဖွန်းမာရီယာက အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တရုတ်ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ ထိုင်ဝမ်မှာ လေပြင်းတိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ရေလှိုင်းအမြင့် ၂၉ ပေအထိ တက်ရောက်ခဲ့ကြောင်းပြီး ဒေသခံတွေကို ကမ်းရိုးတန်း နေရာများတစ်လျှောက် သွားလာနေထိုင်ခြင်း ရှောင်ရှားကြရန် အာဏာပိုင်တွေက သတိပေးထားခဲ့ပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်မှုအရ တိုင်ပေမြို့တော်မှာ သစ်ပင်များလဲပြိုပြီး မြို့ရဲ့တောင်ဘက် တောင်ပေါ်လမ်းများ ပိတ်ဆို့မှုဖြစ်နေတာ တွေ့ရပါတယ်။ တိုင်ဖွန်းမာရီယာကြောင့် သေဆုံးဒဏ်ရာရမှု မှတ်တမ်းမရှိသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

nz-taiwan-100718.jpg

PHOTO: EPA-EFE



ဒေသခံမီဒီယာတွေကတော့ အမျိုးသားတစ်ဦး ၎င်းရဲ့ နေအိမ်ပြတင်းပေါက်ကို ကြည့်ရှုစစ်ဆေးနေစဉ် ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမြေပြိုမှု ဖြစ်ပေါ်နိုင်တဲ့ နေရာဒေသများမှ လူဦးရေ ၃,၅၀၀ နီးပါးကို ဘေးကင်ရာသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်စစ်သား ၂,၀၀၀ ကို မုန်တိုင်းနောက်ဆက်တွဲ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီရန် အသင့်ချထားခဲ့ပါတယ်။ ထိုင်ဝမ်နဲ့အနီးဆုံးမှ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်စဉ် နေအိမ် ၄၃,၀၀၀ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

2018-07-11_092352.jpg

ထိုင်ဝမ်အစိုးရအဖွဲ့က မုန်တိုင်း အခြေအနေကို ကြည့်ရှုနေစဉ် (Photo: Tsai Ing-wen Twitter)



ထိုင်ဝမ်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ရာနဲ့ချီပြီး ဖျက်သိမ်းခဲ့ရပါတယ်။ တိုင်ဖွန်းမာရီယာဟာ ယခုနှစ် မုန်တိုင်းရာသီအတွင်း ထိုင်ဝမ်အတွက် ပထမဆုံး မုန်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါ မုန်ုတိုင်းဟာ ယနေ့မှာ တရုတ်နိုင်ငံအရှေ့ပိုင်းဒေသသို့ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ယမန်နှစ်က ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း နီဆက် (Nesat) တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ရေကြီးမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆိုးရွားစွာ ကြုံခဲ့ရဖူးကြောင်း သိရပါတယ်။

[Zawgyi Version]

ထုိင္ဝမ္အနီးမွ တုိင္ဖြန္းမုန္တုိင္း မာရီယာ (Maria) ျဖတ္သန္းသြားခဲ့ေပမဲ့ ႀကီးမားတဲ့ ထိခိုက္ပ်က္စီးမႈမ်ား မ႐ွိခဲ့ေၾကာင္းနဲ႕ တ႐ုတ္အေ႐ွ႕ပုိင္းကုိ ယေန႕ (ဇူလုိင္ ၁၁ ရက္) ဝင္ေရာက္တုိက္ခတ္ေၾကာင္း သိရပါတယ္။ တုိင္ဖြန္းမုန္တုိင္း ျဖတ္သန္းသြားမႈေၾကာင့္ မုိးသည္းထန္စြာ ႐ြာသြန္းမႈနဲ႕ ေလျပင္းတုိက္ခတ္မႈေတြ ျဖစ္ေပၚခဲ့ရာ ထုိင္ဝမ္မွာ ေက်ာင္းနဲ႕႐ုံးမ်ား ပိတ္ထားတယ္လုိ႕ ဆုိပါတယ္။

Photo: AFP



အာဏာပုိင္ေတြက မုန္တုိင္းေၾကာင့္ ေရႀကီးမႈနဲ႕ေျမၿပဳိမႈေတြ ျဖစ္ေပၚႏုိင္ေၾကာင္း သတိေပးထားခဲ့ပါတယ္။ သုိ႕ေသာ္ မာရီယာမုန္တုိင္းဟာ ထုိင္ဝမ္အနီး ခ်ဥ္းကပ္လာစဥ္ အားေလ်ာ့နည္းသြားၿပီးေနာက္ ထုိင္ဝမ္ကုန္းတြင္းပုိင္းကို ဝင္ေရာက္တုိက္ခတ္ျခင္းမ႐ွိဘဲ ေျမာက္ဘက္သုိ႕ ဆက္လက္ေ႐ြ႕လ်ားသြားေၾကာင္း သိရပါတယ္။

မုန္တုိင္းအ႐ွိန္ေၾကာင့္ ထုိင္ဝမ္ ေနရာေဒသအခ်ဳိ႕မွာ ညလုံးေပါက္ မုိး႐ြာသြန္းခဲ့ၿပီး မုိးေရခ်ိန္ ၄ လက္မအထိ႐ွိခဲ့ေၾကာင္း မုိးေလဝသဌာနက ေျပာပါတယ္။

Photo: weather.com



လက္႐ွိမွာ တုိင္ဖြန္းမာရီယာက အေနာက္ေျမာက္ဘက္သုိ႕ ဆက္လက္ေ႐ြ႕လ်ားကာ တ႐ုတ္ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္ခဲ့ပါတယ္။ ထုိင္ဝမ္မွာ ေလျပင္းတုိက္ခတ္မႈေတြ ဆက္လက္ ျဖစ္ေပၚေနမယ္လို႕ ခန္႕မွန္းထားပါတယ္။

မုန္တုိင္းေၾကာင့္ ေရလႈိင္းအျမင့္ ၂၉ ေပအထိ တက္ေရာက္ခဲ့ေၾကာင္းၿပီး ေဒသခံေတြကုိ ကမ္း႐ုိးတန္း ေနရာမ်ားတစ္ေလွ်ာက္ သြားလာေနထုိင္ျခင္း ေ႐ွာင္႐ွားၾကရန္ အာဏာပိုင္ေတြက သတိေပးထားခဲ့ပါတယ္။

႐ုပ္ျမင္သံၾကားသတင္းမွာ ထုတ္လႊင့္မႈအရ တုိင္ေပၿမဳိ႕ေတာ္မွာ သစ္ပင္မ်ားလဲၿပဳိၿပီး ၿမဳိ႕ရဲ႕ေတာင္ဘက္ ေတာင္ေပၚလမ္းမ်ား ပိတ္ဆုိ႕မႈျဖစ္ေနတာ ေတြ႕ရပါတယ္။ တုိင္ဖြန္းမာရီယာေၾကာင့္ ေသဆုံးဒဏ္ရာရမႈ မွတ္တမ္းမ႐ွိေသးေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။

PHOTO: EPA-EFE



ေဒသခံမီဒီယာေတြကေတာ့ အမ်ဳိးသားတစ္ဦး ၎ရဲ႕ ေနအိမ္ျပတင္းေပါက္ကုိ ၾကည့္႐ႈစစ္ေဆးေနစဥ္ ျပဳတ္က်ေသဆုံးခဲ့တယ္လုိ႕ ေဖာ္ျပထားပါတယ္။ တုိင္ဖြန္းမုန္တုိင္းတုိက္ခတ္ၿပီး ေရႀကီးေျမၿပိဳမႈ ျဖစ္ေပၚႏုိင္တဲ့ ေနရာေဒသမ်ားမွ လူဦးေရ ၃,၅၀၀ နီးပါးကုိ ေဘးကင္ရာသုိ႕ ေ႐ႊ႕ေျပာင္းထားခဲ့ေၾကာင္း သိရပါတယ္။

ထိုင္ဝမ္စစ္သား ၂,၀၀၀ ကုိ မုန္တုိင္းေနာက္ဆက္တြဲ ႐ွင္းလင္းေရးနဲ႕ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီရန္ အသင့္ခ်ထားခဲ့ပါတယ္။ ထုိင္ဝမ္နဲ႕အနီးဆုံးမွ တုိင္ဖြန္းမုန္တုိင္း ျဖတ္သန္းတုိက္ခတ္စဥ္ ေနအိမ္ ၄၃,၀၀၀ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ ႀကဳံခဲ့ရတယ္လို႕ ဆုိပါတယ္။

ထုိင္ဝမ္အစိုးရအဖြဲ႕က မုန္တုိင္း အေျခအေနကုိ ၾကည့္႐ႈေနစဥ္ (Photo: Tsai Ing-wen Twitter)



ထုိင္ဝမ္မွာ မုန္တုိင္းတုိက္ခတ္မႈေၾကာင့္ ေလေၾကာင္းခရီးစဥ္ ရာနဲ႕ခ်ီၿပီး ဖ်က္သိမ္းခဲ့ရပါတယ္။ တုိင္ဖြန္းမာရီယာဟာ ယခုႏွစ္ မုန္တုိင္းရာသီအတြင္း ထုိင္ဝမ္အတြက္ ပထမဆုံး မုန္တုိင္တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ အဆုိပါ မုန္ုတုိင္းဟာ ယေန႕မွာ တ႐ုတ္ႏုိင္ငံအေ႐ွ႕ပိုင္းေဒသသုိ႕ ဝင္ေရာက္ခဲ့တယ္လို႕ ဆုိပါတယ္။

ယမန္ႏွစ္က ထုိင္ဝမ္မွာ တုိင္ဖြန္းမုန္တုိင္း နီဆက္ (Nesat) တုိက္ခတ္ခဲ့မႈေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ေရႀကီးမႈနဲ႕ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ား ဆုိး႐ြားစြာ ႀကဳံခဲ့ရဖူးေၾကာင္း သိရပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs