• International News
    ဂူထဲမှကယ်ထုတ်ခဲ့ပြီး ဆေးရုံမှာရောက်နေတဲ့ တောဝက်ဘောလုံးအသင်း ပထမဆုံးဗီဒီယို ထွက်ပေါ်လာ
Ko John
[Unicode Version]

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ရှိ ရေကြီးနေတဲ့ ဂူထဲမှာ ပိတ်မိနေခဲ့ပြီး ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုကို ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုပြုလုပ်ပေးနေတဲ့ ပထမဆုံးဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

thailand-cave-hospital-left-gty-ps-180711_hpMain_4x3_992.jpg

Photo: Thai Government via AFP/Getty Images



ဆေးရုံဝတ်စုံများနဲ့ မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ လူငယ်လေးတွကိုတွေ့ရပြီး လူငယ်အချို့က အောင်ပွဲခံ အမှတ်အသားအဖြစ် ကင်မရာဘက်ကိုကြည့်ပြီး လက်နှစ်ချောင်းထောင်ပြတာ၊ လက်ပြနှုတ်ဆက်တာနဲ့ လက်အုပ်ချီနှုတ်ဆက်တာ တွေ့ရပါတယ်။

ဆေးရုံအခန်းအပြင်ဘက်မှာတော့ လူငယ်အုပ်စုကို လာရောက်ကြည့်ရှုကြတဲ့ ၎င်းတို့ရဲ့ မိဘဆွေမျိုး သားချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။

thailand-cave-hospital-right-gty-ps-180711_hpMain_4x3_992 (1).jpg

Photo: Thai Government via AFP/Getty Images



မယ်ဆိုင်ရှိ Tham Laung ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြတဲ့ ထိုင်းလူငယ်တွေဟာ ကိုယ်အလေးအချိန် ၄ ပေါင်ကျော်စီ လျော့ကျသွားခဲ့ပေမဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့ကို ချင်းရိုင်းဆေးရုံမှာ သီတင်းတစ်ပတ်ကြာ ဆက်လက်ထားရှိပြီးနောက် နေအိမ်မှာ နောက်တစ်ပတ်ကြား အားအင်ပြန်ပြည့်လာရန် အနားယူစေမယ်လို့ ဆိုပါတယ်။

2018-07-10_204320.jpg

Infographic: Rafa Estrada/CNA



ထိုအတောအတွင်း ထိုင်းလူငယ်အုပ်စုကို Tham Laung ဂူထဲကနေ ရေငုပ်သမားတွေက အန္တရယ်များတဲ့ ကယ်ထုတ်မှုအတွင်း ထိတ်လန့်ကြောက်ရွံ့မှုမရှိစေရန် စိတ်ငြိမ်ဆေး သို့မဟုတ် အိပ်ဆေး အသုံးပြုခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့ကလည်း လူငယ်အုပ်စုကို Tham Laung ဂူထဲကနေ တစ်သုတ်ပြီးတစ်သုတ် ခက်ခက်ခဲခဲနဲ့ အဆင့်ဆင့် ကယ်ထုတ်ခဲ့တဲ့ သုံးရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းစဉ် ဗီဒီယိုတစ်ခုကို ဇူလိုင် ၁၁ ရက် ညပိုင်းက လွှင့်တင်ခဲ့ပါတယ်။

36975132_1647692418687484_6113498745964331008_n.jpg

ထိုင်းရေတပ် အထူးတပ်ဖွဲ့က ထုတ်ပြန်ခဲသည့် ဗီဒီယိုမှမြင်ကွင်းတစ်ခု (Photo: Thai Navy Seal)



အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

4E15401A00000578-5935535-image-a-27-1531223124156.jpg

ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)



၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်

1785696.jpg

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့မှုကို ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္း႐ုိင္းခ႐ုိင္ မယ္ဆုိင္႐ွိ ေရႀကီးေနတဲ့ ဂူထဲမွာ ပိတ္မိေနခဲ့ၿပီး ျပန္ကယ္ထုတ္ႏုိင္ခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အုပ္စုကုိ ေဆး႐ုံမွာ လုိအပ္တဲ့ ေဆးကုသမႈျပဳလုပ္ေပးေနတဲ့ ပထမဆုံးဗီဒီယုိ ထြက္ေပၚလာခဲ့ပါတယ္။

Photo: Thai Government via AFP/Getty Images



ေဆး႐ုံဝတ္စုံမ်ားနဲ႕ မ်က္ႏွာဖုံးမ်ား တပ္ဆင္ထားတဲ့ လူငယ္ေလးတြကုိေတြ႕ရၿပီး လူငယ္အခ်ဳိ႕က ေအာင္ပြဲခံ အမွတ္အသားအျဖစ္ ကင္မရာဘက္ကုိၾကည့္ၿပီး လက္ႏွစ္ေခ်ာင္းေထာင္ျပတာ၊ လက္ျပႏႈတ္ဆက္တာနဲ႕ လက္အုပ္ခ်ီႏႈတ္ဆက္တာ ေတြ႕ရပါတယ္။

ေဆး႐ုံအခန္းအျပင္ဘက္မွာေတာ့ လူငယ္အုပ္စုကို လာေရာက္ၾကည့္႐ႈၾကတဲ့ ၎တုိ႕ရဲ႕ မိဘေဆြမ်ဳိး သားခ်င္းေတြကုိလည္း ေတြ႕ခဲ့ရပါတယ္။

Photo: Thai Government via AFP/Getty Images



မယ္ဆိုင္႐ွိ Tham Laung ဂူထဲမွာ သီတင္းႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိခဲ့ၾကတဲ့ ထုိင္းလူငယ္ေတြဟာ ကိုယ္အေလးအခ်ိန္ ၄ ေပါင္ေက်ာ္စီ ေလ်ာ့က်သြားခဲ့ေပမဲ့ က်န္းမာေရးေကာင္းမြန္တဲ့ အေျခအေနျဖစ္ေၾကာင္း သိရပါတယ္။

၎တုိ႕ကို ခ်င္း႐ိုင္းေဆး႐ုံမွာ သီတင္းတစ္ပတ္ၾကာ ဆက္လက္ထား႐ွိၿပီးေနာက္ ေနအိမ္မွာ ေနာက္တစ္ပတ္ၾကား အားအင္ျပန္ျပည့္လာရန္ အနားယူေစမယ္လုိ႕ ဆုိပါတယ္။

Infographic: Rafa Estrada/CNA



ထုိအေတာအတြင္း ထုိင္းလူငယ္အုပ္စုကုိ Tham Laung ဂူထဲကေန ေရငုပ္သမားေတြက အႏၱရယ္မ်ားတဲ့ ကယ္ထုတ္မႈအတြင္း ထိတ္လန္႕ေၾကာက္႐ြံ႕မႈမ႐ွိေစရန္ စိတ္ၿငိမ္ေဆး သုိ႕မဟုတ္ အိပ္ေဆး အသုံးျပဳခဲ့ေၾကာင္း သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ကလည္း လူငယ္အုပ္စုကုိ Tham Laung ဂူထဲကေန တစ္သုတ္ၿပီးတစ္သုတ္ ခက္ခက္ခဲခဲနဲ႕ အဆင့္ဆင့္ ကယ္ထုတ္ခဲ့တဲ့ သုံးရက္ၾကာ ကယ္ဆယ္ေရးလုပ္ငန္းစဥ္ ဗီဒီယုိတစ္ခုကုိ ဇူလုိင္ ၁၁ ရက္ ညပုိင္းက လႊင့္တင္ခဲ့ပါတယ္။

ထုိင္းေရတပ္ အထူးတပ္ဖြဲ႕က ထုတ္ျပန္ခဲသည့္ ဗီဒီယုိမွျမင္ကြင္းတစ္ခု (Photo: Thai Navy Seal)



အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္မွာ ထုိင္းေျမာက္ပုိင္း ခ်င္း႐ိုင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႕ဧရိယာအတြင္း႐ွိ Tham Luang ဂူထဲကုိဝင္ေရာက္သြားခဲ့ၾကၿပီး ဂူအတြင္း ေရမ်ားဝင္ေရာက္လာမႈေၾကာင့္ ျပန္မထြက္ႏုိင္ဘဲ ပိတ္မိေနခဲ့ၾကပါတယ္။

ဂူထဲမွကယ္ထုတ္လာသူတစ္ဦးကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ရန္ ျပင္ဆင္ေနစဥ္ (Photo: Nick Edwards/Daily Mail)



၎တို႕ဟာ ဂူအတြင္း ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ၾကၿပီး ၁၀ ရက္ေျမာက္ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းအခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ျပန္႐ွာေတြ႕ခဲ့ၾကပါတယ္။ ထုိ႕ေနာက္ လူငယ္အုပ္စုကုိ ဂူအတြင္း လိုအပ္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ဂူအျပင္ကုိကယ္ထုတ္ခဲ့ပါတယ္။

၎တုိ႕အုပ္စုမွ ပထဆုံး ၄ ဦးကုိ ဇူလုိင္ ၈ ရက္၊ ဒုတိယ ၄ ဦးကုိ ဇူလုိင္ ၉ ရက္နဲ႕ ေနာက္ဆုံးက်န္႐ွိတဲ့ ၅ ဦးကုိ ဇူလုိင္ ၁၀ ရက္တို႕မွာ ကယ္ထုတ္ႏုိင္ခဲ့ပါတယ္



Tham Luang ဂူထဲကေန ထုိင္းလူငယ္အုပ္စုကို​ ႐ွာေဖြကယ္ဆယ္မႈအား ျမန္မာႏုိင္ငံ အပါအဝင္ ၁၁ ႏုိင္ငံထက္မနည္းက ပူးေပါင္းကူညီခဲ့ၾကၿပီး ကမာၻတစ္ဝွမ္းမွလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကၿပီး ေအာင္ျမင္စြာ ကယ္ထုတ္ႏိုင္ခဲ့မႈကို ဝမ္းသာေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs