• International News
    တရုတ်မှာ ဓာတုဗေဒပစ္စည်းစက်ရုံ ပေါက်ကွဲမီးလောင်မှု ၁၉ ဦး သေဆုံး
Ko John
[Unicode Version]

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် စက်မှုဇုန်တစ်ခုရှိ ဓာတုဗေဒပစ္စည်း စက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာ ဆင်ဟွာက ယနေ့ (ဇူလိုင် ၁၃ ရက်) ပြောပါတယ်။

rescue-workers-try-to-put-out-a-fire-after-an-explosion-at-a-chemical-plant-inside-an-industrial-park-in-yibin--sichuan-1.jpg

Photo: Reuters



ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ည ၆ နာရီခွဲဝန်းကျင်က Yibin Hengda Technology ကုမ္ပဏီပိုင် ဓာတုဗေဒစက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါစက်ရုံ တည်ရှိရာ Jiang'an ခရိုင်မှ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇွန်လမှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီး ဓာတုဗေဒပစ္စည်းများ အဓိက ထုတ်လုပ်နေကြောင်း သိရပါတယ်။ စက်ရုံပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီကို Reuters သတင်းဌာနက ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။

yibin-chemical-plant.jpg

Photos: Sina Weibo



တရုတ် ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ခဲ့ကြတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှုဖြစ်တဲ့ စက်ရုံနေရာကနေ ကြီးမားတဲ့မီးတောက်နဲ့ မီးခိုးလုံးများ ထွက်ပေါ်နေတာ တွေ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး စက်ရုံမီးလောင်နေမှုကို ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတုဗေဒစက်ရုံ ပေါက်ကွဲမီးလောင်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက "ဆယ်မိနစ်အတွင်း ပေါက်ကွဲသံ ခုနစ်ကြိမ် ကြားခဲ့ရတယ်၊ မီးသတ်ကား နှစ်ဒါဇင်လောက်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်" လို့ Beijing News ကို ပြောခဲ့ပါတယ်။

_102506960_chinajiang'an9760718.png

Photo: BBC



တရုတ်နိုင်ငံမှာ ကျေက်မီးသွေးတွင်းတွေနဲ့ ဓာတုဗေဒစက်ရုံတွေမှာ ကြီးမားတဲ့ မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက စက်မှုလုပ်ငန်းများ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဆောင်ရွက်မှုအပေါ် တင်းကျပ်တဲ့ စစ်ဆေးမှုများ ယမန်နှစ်အတွင်း လုပ်ဆောင်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ Tianjin မှာ ဓာတုဗေဒပစ္စည်း ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၇၃ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် ယမန်နှစ်အတွင်းမှာလည်း တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ရေနံဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း စီခၽြမ္ျပည္နယ္ စက္မႈဇုန္တစ္ခု႐ွိ ဓာတုေဗဒပစၥည္း စက္႐ုံတစ္႐ုံမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့မႈေၾကာင့္ လူ ၁၉ ဦး ေသဆုံးၿပီး အျခား ၁၂ ဦး ဒဏ္ရာရခဲ့ေၾကာင္း အစုိးရသတင္းဌာ ဆင္ဟြာက ယေန႕ (ဇူလုိင္ ၁၃ ရက္) ေျပာပါတယ္။

Photo: Reuters



ယမန္ေန႕ (ဇူလုိင္ ၁၂ ရက္) ည ၆ နာရီခြဲဝန္းက်င္က Yibin Hengda Technology ကုမၸဏီပိုင္ ဓာတုေဗဒစက္႐ုံမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါစက္႐ုံ တည္႐ွိရာ Jiang'an ခ႐ုိင္မွ အာဏာပုိင္ေတြက သတင္းထုတ္ျပန္ပါတယ္။

အဆုိပါ ကုမၸဏီဟာ ၂၀၁၅ ခုႏွစ္ ဇြန္လမွာ တရားဝင္ မွတ္ပုံတင္ခဲ့ၿပီး ဓာတုေဗဒပစၥည္းမ်ား အဓိက ထုတ္လုပ္ေနေၾကာင္း သိရပါတယ္။ စက္႐ုံေပါက္ကြဲမႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းကုိ စုံစမ္းစစ္ေဆးေနေၾကာင္းနဲ႕ ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရခဲ့သူေတြရဲ႕ က်န္းမာေရးအေျခအေန တည္ၿငိမ္မႈ႐ွိေၾကာင္း ဆင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။

ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး သက္ဆုိင္ရာ ကုမၸဏီကုိ Reuters သတင္းဌာနက ဖုန္းေခၚဆုိခဲ့ေပမဲ့ ျပန္လည္ေျဖၾကားခဲ့ျခင္း မ႐ွိေၾကာင္းလည္း သိရပါတယ္။

Photos: Sina Weibo



တ႐ုတ္ ဆုိ႐ွယ္မီဒီယာေတြမွာ လႊင့္တင္ခဲ့ၾကတဲ့ ဓာတ္ပုံေတြအရ ေပါက္ကြဲမႈျဖစ္တဲ့ စက္႐ုံေနရာကေန ႀကီးမားတဲ့မီးေတာက္နဲ႕ မီးခုိးလုံးမ်ား ထြက္ေပၚေနတာ ေတြ႕ရပါတယ္။

ေပါက္ကြဲမႈျဖစ္ၿပီး စက္႐ုံမီးေလာင္ေနမႈကုိ ယမန္ေန႕ည ေဒသစံေတာ္ခ်ိန္ ၁၁ နာရီခြဲမွာ ၿငိွမ္းသတ္ႏုိင္ခဲ့ေၾကာင္း အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဓာတုေဗဒစက္႐ုံ ေပါက္ကြဲမီးေလာင္ကုိ မ်က္ျမင္ေတြ႕႐ွိခဲ့သူတစ္ဦးက "ဆယ္မိနစ္အတြင္း ေပါက္ကြဲသံ ခုနစ္ႀကိမ္ ၾကားခဲ့ရတယ္၊ မီးသတ္ကား ႏွစ္ဒါဇင္ေလာက္နဲ႕ မီးၿငိွမ္္းသတ္ခဲ့ရတယ္" လုိ႕ Beijing News ကုိ ေျပာခဲ့ပါတယ္။

Photo: BBC



တ႐ုတ္ႏုိင္ငံမွာ ေက်က္မီးေသြးတြင္းေတြနဲ႕ ဓာတုေဗဒစက္႐ုံေတြမွာ ႀကီးမားတဲ့ မေတာ္တဆမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အစုိးရက စက္မႈလုပ္ငန္းမ်ား ေဘးကင္းလုံၿခဳံေရး စည္းမ်ဥ္းစည္းကမ္းေတြ လုိက္နာေဆာင္႐ြက္မႈအေပၚ တင္းက်ပ္တဲ့ စစ္ေဆးမႈမ်ား ယမန္ႏွစ္အတြင္း လုပ္ေဆာင္လာခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္က တ႐ုတ္ေျမာက္ပိုင္း ဆိပ္ကမ္းၿမဳိ႕ Tianjin မွာ ဓာတုေဗဒပစၥည္း ဂုိေဒါင္တစ္ခု ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူ ၁၇၃ ဦး ေသဆုံးခဲ့ဖူးပါတယ္။ ဒါ့အျပင္ ယမန္ႏွစ္အတြင္းမွာလည္း တ႐ုတ္အေ႐ွ႕ပိုင္း ႐ွန္ေဒါင္းျပည္နယ္႐ွိ ေရနံဓာတုစက္႐ုံတစ္႐ုံ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူ႐ွစ္ဦးေသဆုံးကာ ကုိးဦးဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs