• International News
    မက္ကစီကိုမှာ ငလျင်လှုပ်ပြီးနောက် နှစ် ၉၀၀ နီးပါးသက်တမ်းရှိ ဘုရားကျောင်း ရှာဖွေတွေ့ရှိ
Ko John
[Unicode Version]

မက္ကစီကိုမှာ ယမန်နှစ် စက်တင်ဘာလအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိရမစ်တစ်ခု ထိခိုက်ပျက်စီး အခြေအနေကို သိရှိနိုင်ရန် စစ်ဆေးခဲ့ကြရာမှ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးခေတ်ဘုရားကျောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

2018-07-12_232531.jpg

Photo: INAH



ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဘုရားကျောင်းဟာ မက္ကစီကိုမြို့တော်တောင်ဘက် ၄၃ မိုင်အကွာ မိုရီလော့စ်ပြည်နယ်အတွင်းရှိ Teopanzolco ပိရမစ်အတွင်း တည်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ ဘုရားကျောင်းဟာ ၁၁၅၀ ခုနှစ်မှဖြစ်ပြီး မက္ကစီကိုအလယ်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ Aztec မျိုးနွယ်တစ်ခုဖြစ်တဲ့ Tlahuica လူမျိုးတို့နဲ့ သက်ဆိုင်နေကြောင်း သိရပါတယ်။

2018-07-12_232627.jpg

Photo: AFP



ဘုရားကျောင်းကို Aztec မိုးနတ်ဘုရား Tláloc အား ရည်စူးတည်ဆောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းရဲ့ အကျယ်အဝန်းဟာ ပေ ၂၀ x ၁၃ ပေ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ ထိုဘုရားကျောင်းအတွင်း အမွှေးတိုင်ထွန်းခွက်များနဲ့ ကြွေထည်မြေထည်ပစ္စည်း အစအနတွေကိုလည်း တွေ့ရပါတယ်။

မက္ကစီကိုနိုင်ငံ National Institute of Anthropology and History (INAH) မှ သိပ္ပံပညာရှင်တွေက မိုရီလော့စ်ပြည်နယ် Cuernavaca မြို့ရှိ Teopanzolco ပိရမစ်ကို ရေဒါစနစ်သုံးပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို စစ်ဆေးခဲ့စဉ်မှာ ရှေးခေတ်ဘုရားကျောင်းကို ပိရမစ်အတွင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

2018-07-12_232551.jpg

Photo: AFP



ယမန်နှစ် စက်တင်ဘာလအတွင်း မက္ကစီကိုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၇.၁ ရစ်(ခ်)တာစကေးရှိ ငလျင်ကြီးကြောင့် Teopanzolco ပိရမစ်မှာ ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်း ရှေးဟောင်းသုတေသီ ဘာဘရာကိုနီယာဇာက ပြောပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ယခု ဘုရားကျောင်းနဲ့ သက်ဆိုင်နေတဲ့ Talhuica လူမျိုးတွေဟာ မာရီလော့စ်ပြည်နယ်အတွင်း ဒါဇင်နဲ့ချီတဲ့ မြို့ငယ်လေးတွေမှာ နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Teopanzolco ပိရမစ်နေရာကို ၁၃ ရာစုနှစ်မှာ တည်ဆောက်ခဲ့တယ်လို့ ယူဆထားခဲ့ပြီး ယခု အသစ်တွေ့ရှိရတဲ့ ဘုရားကျောင်းကိုတော့ ထိုထက်စောပြီး တည်ဆောက်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

မကၠစီကုိမွာ ယမန္ႏွစ္ စက္တင္ဘာလအတြင္း လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ပိရမစ္တစ္ခု ထိခိုက္ပ်က္စီး အေျခအေနကုိ သိ႐ွိႏုိင္ရန္ စစ္ေဆးခဲ့ၾကရာမွ ႏွစ္ေပါင္း ၉၀၀ နီးပါး သက္တမ္း႐ွိတဲ့ ေ႐ွးေခတ္ဘုရားေက်ာင္းတစ္ခုကုိ ႐ွာေဖြေတြ႕႐ွိခဲ့ၾကတယ္လို႕ ဆုိပါတယ္။

2018-07-12_232531.jpg

Photo: INAH



ေ႐ွးေဟာင္းသုေတသီေတြ ႐ွာေဖြေတြ႕႐ွိခဲ့တဲ့ ဘုရားေက်ာင္းဟာ မကၠစီကုိၿမဳိ႕ေတာ္ေတာင္ဘက္ ၄၃ မုိင္အကြာ မုိရီေလာ့စ္ျပည္နယ္အတြင္း႐ွိ Teopanzolco ပိရမစ္အတြင္း တည္႐ွိေနတာ ျဖစ္ပါတယ္။

အဆုိပါ ဘုရားေက်ာင္းဟာ ၁၁၅၀ ခုႏွစ္မွျဖစ္ၿပီး မကၠစီကုိအလယ္ပုိင္းမွာ ေနထုိင္ခဲ့ၾကတဲ့ Aztec မ်ဳိးႏြယ္တစ္ခုျဖစ္တဲ့ Tlahuica လူမ်ဳိးတုိ႕နဲ႕ သက္ဆုိင္ေနေၾကာင္း သိရပါတယ္။

2018-07-12_232627.jpg

Photo: AFP



ဘုရားေက်ာင္းကုိ Aztec မုိးနတ္ဘုရား Tláloc အား ရည္စူးတည္ေဆာက္ထားခဲ့တယ္လို႕ ဆုိပါတယ္။ ဘုရားေက်ာင္းရဲ႕ အက်ယ္အဝန္းဟာ ေပ ၂၀ x ၁၃ ေပ ျဖစ္ေၾကာင္း သုေတသီေတြက ေျပာပါတယ္။ ထုိဘုရားေက်ာင္းအတြင္း အေမႊးတုိင္ထြန္းခြက္မ်ားနဲ႕ ေၾကြထည္ေျမထည္ပစၥည္း အစအနေတြကိုလည္း ေတြ႕ရပါတယ္။

မကၠစီကုိႏုိင္ငံ National Institute of Anthropology and History (INAH) မွ သိပၸံပညာ႐ွင္ေတြက မုိရီေလာ့စ္ျပည္နယ္ Cuernavaca ၿမဳိ႕႐ွိ Teopanzolco ပိရမစ္ကုိ ေရဒါစနစ္သုံးၿပီး ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈ အေျခအေနကုိ စစ္ေဆးခဲ့စဥ္မွာ ေ႐ွးေခတ္ဘုရားေက်ာင္းကုိ ပိရမစ္အတြင္း ေတြ႕႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။

2018-07-12_232551.jpg

Photo: AFP



ယမန္ႏွစ္ စက္တင္ဘာလအတြင္း မကၠစီကိုမွာ လႈပ္ခတ္ခဲ့တဲ့ ျပင္အား ၇.၁ ရစ္(ခ္)တာစေကး႐ွိ ငလ်င္ႀကီးေၾကာင့္ Teopanzolco ပိရမစ္မွာ ပ်က္စီးမႈေတြျဖစ္ခဲ့ေၾကာင္း ေ႐ွးေဟာင္းသုေတသီ ဘာဘရာကုိနီယာဇာက ေျပာပါတယ္။

သုေတသီေတြရဲ႕ အဆုိအရ ယခု ဘုရားေက်ာင္းနဲ႕ သက္ဆုိင္ေနတဲ့ Talhuica လူမ်ဳိးေတြဟာ မာရီေလာ့စ္ျပည္နယ္အတြင္း ဒါဇင္နဲ႕ခ်ီတဲ့ ၿမဳိ႕ငယ္ေလးေတြမွာ ေနထုိင္ခဲ့ၾကတယ္လုိ႕ သိရပါတယ္။

Teopanzolco ပိရမစ္ေနရာကုိ ၁၃ ရာစုႏွစ္မွာ တည္ေဆာက္ခဲ့တယ္လို႕ ယူဆထားခဲ့ၿပီး ယခု အသစ္ေတြ႕႐ွိရတဲ့ ဘုရားေက်ာင္းကုိေတာ့ ထုိထက္ေစာၿပီး တည္ေဆာက္ခဲ့ဖြယ္႐ွိတယ္လို႕ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs