• International News
    ပေါင်ဒါနဲ့ဆက်စပ်နေတဲ့ သားအိမ်ကင်ဆာဖြစ်မှုအတွက် ဒေါ်လာ ၄.၇ ဘီလီယံ နစ်နာကြေးပေးရန် Johnson & Johnson ကို အမိန့်ချ
Ko John
[Unicode Version]

အမေရိကန်အခြေစိုက် Johnson & Johnson ကုမ္ပဏီထုတ် ကိုယ်လိမ်းပေါင်ဒါတွေကြောင့် သားအိမ်ကင်ဆာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲခဲ့တဲ့ အမျိုးသမီး ၂၂ ဦးကို ကုမ္ပဏီက ထိခိုက်နစ်နာကြေး ဒေါ်လာ ၄.၇ ဘီလီယံပေးရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

shower-to-shower-lawsuit.jpg

Photo: Pinterest



အဆိုပါ အမှုကိစ္စကို မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မြို့ရှိ တရားရုံးမှာ သီတင်းခြောက်ပတ်ကြာ ကြားနာ စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးတွေက Johnson & Johnson (J&J) ကို ဒဏ်ကြေးငွေ ဒေါ်လာ ၄.၁၄ ဘီလီယံနဲ့ လျော်ကြေးငွေ ဒေါ်လာ သန်း ၅၅၀ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

J&J ကို တရားစွဲဆိုခဲ့ကြတဲ့ အမျိုးသမီးများအနက် ခြောက်ဦးဟာ သားအိမ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

5408.jpg

Photo: Lucas Jackson/Reuters



J&J ဟာ ၎င်းရဲ့ထုတ်ကုန်တွေမှာ ကျောက်ဂွမ်းမှုန့်တွေ ပါဝင်နေမှုကို ၁၉၇၀ ပြည့်လွန် နှစ်များကတည်းက သိရှိခဲ့ပြီး သုံးစွဲသူတွေ မသိစေရန် နှစ် ၄၀ ကျော်ကြာ ဖုံးကွယ်ထားခဲ့ကြောင်း အမျိုးသမီးတွေဘက်မှ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် မာ့ခ်လာနီယာက ပြောခဲ့ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေက J&J ရဲ့ Baby Powder နဲ့ Shower to Shower အပါအဝင် ကိုယ်လိမ်းပေါင်ဒါ ထုတ်ကုန်တွေကို ဆယ်စုနှစ်များကြာအောင် အသုံးပြုခဲ့ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

_102507236_gettyimages-837182306.jpg

Photo: Getty Images



တရားစွဲဆိုခဲ့ကြတဲ့ အမျိုးသမီး အများအပြားရဲ့ သားအိမ်တစ်ရှူးတွေမှာ ကျောက်ဂွမ်းအမျှင်များနဲ့ ပေါင်ဒါအမှုန်များ တွေ့ရှိခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ J&J ကတော့ တရားရုံးရဲ့ အမိန့်ချမှတ်မှုအပေါ် အလွန်စိတ်ပျက်မိကြောင်းနဲ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

J&J ဟာ ၎င်းရဲ့ ထင်ရှားကျော်ကြားတဲ့ ပေါင်ဒါထုတ်ကုန်နဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ အမှုပေါင်း ၉,၀၀၀ ခန့်ကို ရင်ဆိုင်နေရကြောင်းလည်း BBC သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ovarian-cancer-who-is-really-at-risk-jersey-shore-online-pertaining-to-what-are-some-signs-of-ovarian-cancer.jpg

Infographic: Top 10 Home Remedies



အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) က ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ J&J အပါအဝင် ကိုယ်လိမ်းပေါင်ဒါတွေကို စစ်ဆေးခဲ့ရာမှာ ကျောက်ဂွမ်းများပါဝင်မှု မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

သို့သော် အမျိုးသမီးတွေဘက်မှ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက အဆိုပါစစ်ဆေးမှုနဲ့ ပတ်သက်ပြီး FDA နဲ့ J&J တို့မှာ တိကျမှန်ကန်မှုဆိုင်ရာ အားနည်းချက်တွေရှိခဲ့ကြောင်း တရားရုံးကို ပြောခဲ့ပါတယ်။

မစ်ဆူရီတရားရုံးက ချမှတ်လိုက်တဲ့ ထိခိုက်နစ်နာကြေးပမာဏဟာ J&J ရင်ဆိုင်ခဲ့ရတဲ့ တရားစွဲဆိုမှုများအနက် အများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

[Zawgyi Version]

အေမရိကန္အေျခစိုက္ Johnson & Johnson ကုမၸဏီထုတ္ ကုိယ္လိမ္းေပါင္ဒါေတြေၾကာင့့္ သားအိမ္ကင္ဆာ ျဖစ္ပြားခဲ့ရေၾကာင္း စြပ္စြဲခဲ့တဲ့ အမ်ဳိးသမီး ၂၂ ဦးကုိ ကုမၸဏီက ထိခိုက္နစ္နာေၾကး ေဒၚလာ ၄.၇ ဘီလီယံေပးရန္ တရား႐ုံးက အမိန္႕ခ်မွတ္လိုက္ေၾကာင္း သိရပါတယ္။

Photo: Pinterest



အဆုိပါ အမႈကိစၥကုိ မစ္ဆူရီျပည္နယ္ စိန္႕လူးဝစ္ၿမဳိ႕႐ွိ တရား႐ုံးမွာ သီတင္းေျခာက္ပတ္ၾကာ ၾကားနာ စစ္ေဆးခ့ဲၿပီးေနာက္ တရားသူႀကီးေတြက Johnson & Johnson (J&J) ကုိ ဒဏ္ေၾကးေငြ ေဒၚလာ ၄.၁၄ ဘီလီယံနဲ႕ ေလ်ာ္ေၾကးေငြ ေဒၚလာ သန္း ၅၅၀ ေပးေဆာင္ေစရန္ အမိန္႕ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

J&J ကုိ တရားစြဲဆုိခဲ့ၾကတဲ့ အမ်ဳိးသမီးမ်ားအနက္ ေျခာက္ဦးဟာ သားအိမ္ကင္ဆာျဖင့္ ကြယ္လြန္ခဲ့တယ္လို႕လည္း ဆုိပါတယ္။

Photo: Lucas Jackson/Reuters



J&J ဟာ ၎ရဲ႕ထုတ္ကုန္ေတြမွာ ေက်ာက္ဂြမ္းမႈန္႕ေတြ ပါဝင္ေနမႈကုိ ၁၉၇၀ ျပည့္လြန္ ႏွစ္မ်ားကတည္းက သိ႐ွိခဲ့ၿပီး သုံးစြဲသူေတြ မသိေစရန္ ႏွစ္ ၄၀ ေက်ာ္ၾကာ ဖုံးကြယ္ထားခဲ့ေၾကာင္း အမ်ဳိးသမီးေတြဘက္မွ လုိက္ပါေဆာင္႐ြက္တဲ့ ေ႐ွ႕ေနအဖြဲ႕ေခါင္းေဆာင္ မာ့ခ္လာနီယာက ေျပာခဲ့ပါတယ္။

သားအိမ္ေခါင္းကင္ဆာ ျဖစ္ခဲ့တဲ့ အမ်ဳိးသမီးေတြနဲ႕ မိသားစုေတြက J&J ရဲ႕ Baby Powder နဲ႕ Shower to Shower အပါအဝင္ ကုိယ္လိမ္းေပါင္ဒါ ထုတ္ကုန္ေတြကုိ ဆယ္စုႏွစ္မ်ားၾကာေအာင္ အသုံးျပဳခဲ့ၾကတယ္လို႕ ထြက္ဆုိခဲ့ပါတယ္။

_102507236_gettyimages-837182306.jpg

Photo: Getty Images



တရားစြဲဆုိခဲ့ၾကတဲ့ အမ်ဳိးသမီး အမ်ားအျပားရဲ႕ သားအိမ္တစ္႐ွဴးေတြမွာ ေက်ာက္ဂြမ္းအမွ်င္မ်ားနဲ႕ ေပါင္ဒါအမႈန္မ်ား ေတြ႕႐ွိခဲ့ရတယ္လို႕ ေ႐ွ႕ေနေတြက ေျပာပါတယ္။ J&J ကေတာ့ တရား႐ုံးရဲ႕ အမိန္႕ခ်မွတ္မႈအေပၚ အလြန္စိတ္ပ်က္မိေၾကာင္းနဲ႕ အယူခံဝင္သြားမယ္လုိ႕ ဆုိပါတယ္။

J&J ဟာ ၎ရဲ႕ ထင္႐ွားေက်ာ္ၾကားတဲ့ ေပါင္ဒါထုတ္ကုန္နဲ႕ ပတ္သက္ၿပီး တရားစြဲဆုိထားတဲ့ အမႈေပါင္း ၉,၀၀၀ ခန္႕ကုိ ရင္ဆုိင္ေနရေၾကာင္းလည္း BBC သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

ovarian-cancer-who-is-really-at-risk-jersey-shore-online-pertaining-to-what-are-some-signs-of-ovarian-cancer.jpg

Infographic: Top 10 Home Remedies



အေမရိကန္ အစားအစာနဲ႕ေဆးဝါးကြပ္ကဲေရးဌာန (Food and Drug Administration - FDA) က ၂၀၀၉ ခုႏွစ္မွ ၂၀၁၀ ခုႏွစ္အထိ J&J အပါအဝင္ ကိုယ္လိမ္းေပါင္ဒါေတြကုိ စစ္ေဆးခဲ့ရာမွာ ေက်ာက္ဂြမ္းမ်ားပါဝင္မႈ မေတြ႕ခဲ့ရဘူးလုိ႕ ဆုိပါတယ္။

သုိ႕ေသာ္ အမ်ဳိးသမီးေတြဘက္မွ လုိက္ပါေဆာင္႐ြက္တဲ့ ေ႐ွ႕ေနေတြက အဆုိပါစစ္ေဆးမႈနဲ႕ ပတ္သက္ၿပီး FDA နဲ႕ J&J တုိ႕မွာ တိက်မွန္ကန္မႈဆုိင္ရာ အားနည္းခ်က္ေတြ႐ွိခဲ့ေၾကာင္း တရား႐ံုးကုိ ေျပာခဲ့ပါတယ္။

မစ္ဆူရီတရား႐ုံးက ခ်မွတ္လိုက္တဲ့ ထိခုိက္နစ္နာေၾကးပမာဏဟာ J&J ရင္ဆိုင္ခဲ့ရတဲ့ တရားစြဲဆုိမႈမ်ားအနက္ အမ်ားဆုံးလည္း ျဖစ္လာခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs