• International News

    ဂူထဲကနေကယ်ထုတ်ခဲ့တဲ့ တောဝက်ဘောလုံးအသင်း ဇူလိုင် ၁၉ ရက်မှာ ဆေးရုံမှဆင်းမယ်

Ko John
[Unicode Version]

ထိုင်းနိုင်ငံမြောက်ပိုင်း Tham Laung ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြပြီးနောက် ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ လာမယ့်သီတင်းပတ် ဇူလိုင် ၁၉ ရက်မှာ ဆေးရုံမှဆင်းနိုင်မယ်လို့ သိရပါတယ်။

thailand-cave-hospital-left-gty-ps-180711_hpMain_4x3_992.jpg

Photo: Thai Government via AFP/Getty Images



တောဝက်ဘောလုံးအသင်းမှ ကလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ နည်းပြတို့ဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ကျန်းမာရေးအခြေအနေ နာလန်ထူကောင်းမွန်နေပြီး လာမယ့် ကြာသပတေးနေ့ (ဇူလိုင် ၁၉ ရက်) မှာ ဆေးရုံကနေ ပြန်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီး Piyasakol Sakolsatayadorn က ယနေ့ (ဇူလိုင် ၁၄ ရက်) ပြောပါတယ်။

"သူတို့တွေ ဆေးရုံကဆင်းပြီးတဲ့အခါ ဂရုစိုက်ဖို့အတွက် ကလေးတွေရော မိသားစုတွေကိုပါ ကြိုတင်ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။

2018-07-10_204320.jpg

Infographic: Rafa Estrada/CNA

လူငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နိုင်တာကြောင့် မီဒီယာတွေက တွေ့ဆုံမေးမြန်းမှုကို လက်မခံကြရန်လည်း ကျန်းမာရေးဝန်ကြီး Piyasakol က မိသားစုတွေကို သတိပေး ပြောကြားခဲ့ပါတယ်။

"အားလုံးက ဒီကလေးတွေကို ဂူအပြင်ကယ်ထုတ်နိုင်ဖို့ အတူတကွ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်၊ အခုလည်း ဆက်ပြီးတော့ ဒီကလေးတွေ ကြီးပြင်းလာချိန်မှာလည်း ရုပ်ပိုင်းရော စိတ်ပိုင်းပါ နာလန်ထူကောင်းမွန်စေဖို့ ကျွန်တော်တို့ အကောင်းဆုံးပူးပေါင်း လုပ်ဆောင်သင့်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

thailand-health-minister.jpg

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီး Piyasakol (Photo: Hfocus)



ဂူအပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်တွေဟာ အနည်းဆုံး ကိုယ်အလေးချိန် ၄ ပေါင်ကျော်စီ လျော့ကျသွားခဲ့ကြပေမဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်းလည်း အစောပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားခဲ့ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် တောဝက်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းနဲ့မြန်မာ နယ်စပ်အနီး ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာရှိ Tham Laung ဂူထဲကို ဝင်ရောက်ခဲ့ကြရာမှ ဂူအတွင်း ရေများဝင်ရောက်လာခဲ့မှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

_102430214_bc46276d-da4e-4a50-a2b9-19ff633f3a01.jpg

ဂူထဲမှာပိတ်မိခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)



ဂူထဲဝင်ပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှ ပြန်ကယ်ထုတ်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေက လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

thailand-cave-hospital-right-gty-ps-180711_hpMain_4x3_992 (1).jpg

Photo: Thai Government via AFP/Getty Images



ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ကယ်ထုတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့စဉ် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားတစ်ဦး ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

4E15401A00000578-5935535-image-a-27-1531223124156.jpg

ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)



Tham Laung ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးတစ်ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦး အပါအဝင် ဂူထဲမှကယ်ထုတ်နိုင်ခဲ့တဲ့ လူငယ်အုပ်စုမှ စုစပေါင်း ၄ ဦးဟာ နိုင်ငံမဲ့ဖြစ်နေပြီး ၎င်းတို့ကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် စိစစ်နေတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံေျမာက္ပုိင္း Tham Laung ဂူထဲမွာ သီတင္းႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိခဲ့ၾကၿပီးေနာက္ ကယ္ထုတ္ႏုိင္ခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အုပ္စုဟာ လာမယ့္သီတင္းပတ္ ဇူလုိင္ ၁၉ ရက္မွာ ေဆး႐ုံမွဆင္းႏုိင္မယ္လုိ႕ သိရပါတယ္။

Photo: Thai Government via AFP/Getty Images



ေတာဝက္ေဘာလုံးအသင္းမွ ကေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ နည္းျပတုိ႕ဟာ ႐ုပ္ပုိင္းနဲ႕စိတ္ပုိင္း က်န္းမာေရးအေျခအေန နာလန္ထူေကာင္းမြန္ေနၿပီး လာမယ့္ ၾကာသပေတးေန႕ (ဇူလုိင္ ၁၉ ရက္) မွာ ေဆး႐ုံကေန ျပန္ႏုိင္မယ္လုိ႕ က်န္းမာေရးဝန္ႀကီး Piyasakol Sakolsatayadorn က ယေန႕ (ဇူလိုင္ ၁၄ ရက္) ေျပာပါတယ္။

"သူတုိ႕ေတြ ေဆး႐ုံကဆင္းၿပီးတဲ့အခါ ဂ႐ုစုိက္ဖုိ႕အတြက္ ကေလးေတြေရာ မိသားစုေတြကုိပါ ႀကဳိတင္ျပင္ဆင္ေပးဖုိ႕ လိုအပ္ပါတယ္" လုိ႕ က်န္းမာေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။

Infographic: Rafa Estrada/CNA

လူငယ္ေလးေတြရဲ႕ စိတ္ပိုင္းဆုိင္ရာ က်န္းမာေရးကုိ သက္ေရာက္ႏုိင္တာေၾကာင့္ မီဒီယာေတြက ေတြ႕ဆုံေမးျမန္းမႈကို လက္မခံၾကရန္လည္း က်န္းမာေရးဝန္ႀကီး Piyasakol က မိသားစုေတြကုိ သတိေပး ေျပာၾကားခဲ့ပါတယ္။

"အားလုံးက ဒီကေလးေတြကို ဂူအျပင္ကယ္ထုတ္ႏုိင္ဖုိ႕ အတူတကြ အေကာင္းဆုံး လုပ္ေဆာင္ခဲ့ၾကပါတယ္၊ အခုလည္း ဆက္ၿပီးေတာ့ ဒီကေလးေတြ ႀကီးျပင္းလာခ်ိန္မွာလည္း ႐ုပ္ပုိင္းေရာ စိတ္ပုိင္းပါ နာလန္ထူေကာင္းမြန္ေစဖို႕ ကၽြန္ေတာ္တုိ႕ အေကာင္းဆုံးပူးေပါင္း လုပ္ေဆာင္သင့္ပါတယ္" လုိ႕ ၎ကဆုိပါတယ္။

ထုိင္းႏုိင္ငံ ျပည္သူ႕က်န္းမာေရးဝန္ႀကီး Piyasakol (Photo: Hfocus)



ဂူအျပင္ကုိ ကယ္ထုတ္ႏုိင္ခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္ေတြဟာ အနည္းဆုံး ကိုယ္အေလးခ်ိန္ ၄ ေပါင္ေက်ာ္စီ ေလ်ာ့က်သြားခဲ့ၾကေပမဲ့ က်န္းမာေရးအေျခအေန စုိးရိမ္ဖြယ္ရာမ႐ွိေၾကာင္းလည္း အေစာပုိင္းမွာ က်န္းမာေရးဝန္ႀကီးဌာနက ေျပာထားခဲ့ပါတယ္။

အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေတာဝက္ေဘာလုံးအသင္းသား ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ လက္ေထာက္နည္းျပတုိ႕ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္မွာ ထုိင္းနဲ႕ျမန္မာ နယ္စပ္အနီး ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆုိင္ၿမဳိ႕ဧရိယာ႐ွိ Tham Laung ဂူထဲကုိ ဝင္ေရာက္ခဲ့ၾကရာမွ ဂူအတြင္း ေရမ်ားဝင္ေရာက္လာခဲ့မႈေၾကာင့္ ျပန္မထြက္ႏုိင္ဘဲ ပိတ္မိေနခဲ့ၾကပါတယ္။

ဂူထဲမွာပိတ္မိခဲ့သည့္ ထိုင္းလူငယ္အုပ္စု (Photo: Thai Navy Seal)



ဂူထဲဝင္ၿပီးေနာက္ ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ အဆုိပါ လူငယ္အုပ္စုကို ၁၀ ရက္ေျမာက္ေန႕ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ပထမဆုံး ျပန္႐ွာေတြ႕ခ့ဲၾကပါတယ္။ ထုိ႕ေနာက္ ၎တုိ႕ကုိ ဂူထဲမွ ျပန္ကယ္ထုတ္ရန္ ျမန္မာႏုိင္ငံ အပါအဝင္ ႏုိင္ငံတကာမွ ပူးေပါင္းကူညီခဲ့ၾကပါတယ္။

ထုိင္းေရတပ္ အထူးတပ္ဖြဲ႕မွ ေရငုပ္သမားေတြနဲ႕ ေစတနာ့ဝန္ထမ္း ေရငုပ္သမားေတြက လူငယ္အုပ္စုကုိ ကယ္ဆယ္ေရးမွာ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

Photo: Thai Government via AFP/Getty Images



ဂူထဲကေန ထုိင္းလူငယ္အုပ္စုကို ကယ္ထုတ္ႏုိင္ေရး ျပင္ဆင္ေဆာင္႐ြက္ခဲ့စဥ္ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ဝင္ေဟာင္း ေရငုပ္သမားတစ္ဦး ဂူအတြင္း ေအာက္စီဂ်င္ျပတ္ကာ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

လူငယ္အုပ္စုကုိ ဂူအတြင္း လိုအပ္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ဂူအျပင္ကုိကယ္ထုတ္ခဲ့ပါတယ္။ ၎တုိ႕အုပ္စုမွ ပထဆုံး ၄ ဦးကုိ ဇူလုိင္ ၈ ရက္၊ ဒုတိယ ၄ ဦးကုိ ဇူလုိင္ ၉ ရက္နဲ႕ ေနာက္ဆုံးက်န္႐ွိတဲ့ ၅ ဦးကုိ ဇူလုိင္ ၁၀ ရက္တို႕မွာ ကယ္ထုတ္ႏုိင္ခဲ့ပါတယ္။

ဂူထဲမွကယ္ထုတ္လာသူတစ္ဦးကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ရန္ ျပင္ဆင္ေနစဥ္ (Photo: Nick Edwards/Daily Mail)



Tham Laung ဂူထဲမွာ ပိတ္မိခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ ကေလးတစ္ဦးနဲ႕ နည္းျပျဖစ္သူတုိ႕ဟာ ျမန္မာႏုိင္ငံဖြားေတြ ျဖစ္ၾကေၾကာင္း သိရပါတယ္။ ၎တုိ႕ႏွစ္ဦး အပါအဝင္ ဂူထဲမွကယ္ထုတ္ႏုိင္ခဲ့တဲ့ လူငယ္အုပ္စုမွ စုစေပါင္း ၄ ဦးဟာ ႏုိင္ငံမဲ့ျဖစ္ေနၿပီး ၎တုိ႕ကုိ ထုိင္းႏုိင္ငံက ႏုိင္ငံသားအျဖစ္ အသိအမွတ္ျပဳရန္ စိစစ္ေနတယ္လို႕ ဆုိပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs