• International News
    အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုကိစ္စ စကားမှားပြောခဲ့မိတယ်ဆိုတဲ့ ထရန့်
Ko John
[Unicode Version]

ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၆ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောဆိုမှုကို လက်ခံတဲ့သဘောမျိုး မှားယွင်းပြောခဲ့မိတယ်လို့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

2018-07-18_084432.jpg

ထရန့်နဲ့ပူတင် ထိပ်သီးတွေ့ဆုံမှု (Photo: CNN)



ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က အမေရိကန်ရွေးကောက်ပွဲကို ရုရှားစွက်ဖက်ခဲ့မှုကိစ္စအား ငြင်းဆိုခဲ့ရာ သမ္မတထရန့်ကလည်း ပူတင်ရဲ့ပြောဆိုမှုအတိုင်း လက်ခံတဲ့သဘော မှတ်ချက်ပြုခဲ့ရာ အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းကြား အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ထရန့်က ပူတင်နဲ့ ထိပ်သီးတွေ့ဆုံခဲ့ရာမှာ ရုရှားက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး ထိပ်တိုက်ဆွေးနွေးခြင်း မပြုခဲ့ဘူးလို့ဆိုပါတယ်။ ထရန့်နဲ့ပူတင်တို့ရဲ့ ပထမဆုံးအကြိမ် သီးသန့် ထိပ်သီးတွေ့ဆုံမှုကို ဖင်လန်နိုင်ငံ ဟယ်စင်ကီးမြို့မှာ ဇူလိုင် ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

2018-07-17_093738.jpg

ထရန့်နဲ့ပူတင် ပူးတွဲသတင်းစာရှင်းလင်းပွဲ (Photo: AFP)



ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထရန့်က ရုရှားအနေနဲ့ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက်ပြုပြောခဲ့ရာ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ကောက်ချက်ချထားမှုနဲ့ ဆန့်ကျင်ကွဲလွဲနေခဲ့ပါတယ်။

သတင်းစာရှင်းလင်ပွဲ ပြုလုပ်ခဲ့ရာမှာ သတင်းထောက်တွေက သမ္မတထရန့်အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးနဲ့ ရုရှားသမ္မတို့အနက် မည်သည့်ပြောဆိုမှုကို ယုံကြည်ပါသလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

PROTESTS 858_2.png

အိမ်ဖြူတော်အပြင်ဘက်မှာ သမ္မတထရန့်ကို ဆန္ဒပြစဉ် (Photo: The Telegraph)



"သမ္မတပူတင်က ဒီလို စွက်ဖက်မှုဟာ ရုရှားမဟုတ်ဘူးလို့ ပြောပါတယ်၊ ဒီလို စွက်ဖက်ရမယ့်အကြောင်း ကျွန်တော် မမြင်မိပါဘူး" လို့ ထရန့်က ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ယခင် အမေရိကန်အစိုးရများ လက်ထက်က ရုရှားနဲ့ ဆက်ဆံရေးမပြေလည်ခဲ့မှုတွေကိုလည်း သမ္မတထရန့်က အပြစ်ဆိုခဲ့ပါတယ်။

သမ္မတထရန့်ရဲ့ အဆိုပါမှတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော် (United States House of Representatives) ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလစ်ကင် ပါတီမှ ပေါလ်ရိုင်ယန်က သမ္မတထရန့်အနေနဲ့ ရုရုားနိုင်ငံဟာ မိမိတို့ရဲ့ မဟာမိတ်မဟုတ်ကြောင်း သဘောပေါက်ရမယ်လို့ ပြောခဲ့ပါတယ်။

2018-07-17_094216.jpg

ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (Photo: CNN)



ဒါ့အပြင် ရီပတ်ဘလစ်ကင်ပါတီမှ ထိပ်တန်းအမတ်တစ်ဦးဖြစ်သူ ဂျွန်မက်ကိန်းကလည်း ဆိုးရွားတဲ့စွမ်းဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သမ္မတထရန့်ကို ဆန့်ကျင်သူတွေက အိမ်ဖြူတော်အပြင်ဘက်မှာ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ၂၀၁၆ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို ဆိုက်ဘာတိုက်ခိုက်မှု၊ အစိုးရတစ်ရပ်က ခွင့်ပြုမှုဖြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ သတင်းအတုတွေကို ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုတို့မှာ ရုရှားက နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့ကြောင်း ကောက်ချက်ချထားခဲ့ပါတယ်။

4E51E6F100000578-5959669-image-a-42_1531759638784.jpg

အမေရိကန်သမ္မတထရန့်စုံတွဲနှင့် ရုရှားသမ္မတပူတင် (Photo: Valery Sharifulin/TASS)



ယခုအခါမှာတော့ ၂၀၁၆ ရွေးကေက်ပွဲကို ရုရှားကစွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ကောက်ချက်ချထားမှုကို လက်ခံကြောင်း၊ ပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲအပြီး မှတ်ချက်ပြုမှုဟာ မှားယွင်းပြောခဲ့မိတာဖြစ်ကြောင်း သမ္မတထရန့်က ထုတ်ဖော်ပြောပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ဖင်လန်နိုင်ငံမြို့တော် ဟယ်စင်ကီးမှာ နှစ်နာရီနီးပါးကြာ တံခါးပိတ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ထရန့်နဲ့ပူတင်က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်ရန် အဓိကထားခဲ့ကြတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

ေဝဖန္မႈေတြရင္ဆုိင္ေနရတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရန္႕က ၂၀၁၆ ေ႐ြးေကာက္ပြဲနဲ႕ ပတ္သက္ၿပီး ႐ု႐ွားသမၼတ ဗလာဒီမာပူတင္ရဲ႕ ေျပာဆုိမႈကို လက္ခံတဲ့သေဘာမ်ဳိး မွားယြင္းေျပာခဲ့မိတယ္လို႕ ဇူလုိင္ ၁၇ ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

2018-07-18_084432.jpg

ထရန္႕နဲ႕ပူတင္ ထိပ္သီးေတြ႕ဆုံမႈ (Photo: CNN)



႐ု႐ွားသမၼတ ဗလာဒီမာပူတင္နဲ႕ ထိပ္သီးေဆြးေႏြးပြဲအၿပီး သတင္းစာ႐ွင္းလင္းပြဲမွာ သမၼတပူတင္က အေမရိကန္ေ႐ြးေကာက္ပြဲကုိ ႐ု႐ွားစြက္ဖက္ခဲ့မႈကိစၥအား ျငင္းဆုိခဲ့ရာ သမၼတထရန္႕ကလည္း ပူတင္ရဲ႕ေျပာဆုိမႈအတုိင္း လက္ခံတဲ့သေဘာ မွတ္ခ်က္ျပဳခဲ့ရာ အေမရိကန္ႏုိင္ငံေရး အသုိင္းအဝိုင္းၾကား အျပင္းအထန္ ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။

ထရန္႕က ပူတင္နဲ႕ ထိပ္သီးေတြ႕ဆုံခဲ့ရာမွာ ႐ု႐ွားက ၂၀၁၆ အေမရိကန္ေ႐ြးေကာက္ပြဲကုိ စြက္ဖက္ေႏွာင့္ယွက္မႈနဲ႕ ပတ္သက္ၿပီး ထိပ္တုိက္ေဆြးေႏြးျခင္း မျပဳခဲ့ဘူးလုိ႕ဆုိပါတယ္။ ထရန္႕နဲ႕ပူတင္တုိ႕ရဲ႕ ပထမဆုံးအႀကိမ္ သီးသန္႕ ထိပ္သီးေတြ႕ဆုံမႈကုိ ဖင္လန္ႏုိင္ငံ ဟယ္စင္ကီးၿမဳိ႕မွာ ဇူလုိင္ ၁၆ ရက္ေန႕က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ထရန္႕နဲ႕ပူတင္ ပူးတြဲသတင္းစာ႐ွင္းလင္းပြဲ (Photo: AFP)



ထိပ္သီးေဆြးေႏြးပြဲအၿပီး ပူးတြဲသတင္းစာ႐ွင္းလင္းပြဲမွာ ထရန္႕က ႐ု႐ွားအေနနဲ႕ အေမရိကန္ေ႐ြးေကာက္ပြဲကုိ စြက္ဖက္စရာ အေၾကာင္းမ႐ွိဘူးလုိ႕ မွတ္ခ်က္ျပဳေျပာခဲ့ရာ အေမရိကန္ေထာက္လွမ္းေရးေတြရဲ႕ ေကာက္ခ်က္ခ်ထားမႈနဲ႕ ဆန္႕က်င္ကြဲလြဲေနခဲ့ပါတယ္။

သတင္းစာ႐ွင္းလင္ပြဲ ျပဳလုပ္ခဲ့ရာမွာ သတင္းေထာက္ေတြက သမၼတထရန္႕အေနနဲ႕ အေမရိကန္ေ႐ြးေကာက္ပြဲမွာ ႐ု႐ွားစြက္ဖက္ခဲ့မႈနဲ႕ ပတ္သက္ၿပီး အေမရိကန္ေထာက္လွမ္းေရးနဲ႕ ႐ု႐ွားသမၼတို႕အနက္ မည္သည့္ေျပာဆုိမႈကုိ ယုံၾကည္ပါသလဲလုိ႕ ေမးျမန္းခံခဲ့ရပါတယ္။

အိမ္ျဖဴေတာ္အျပင္ဘက္မွာ သမၼတထရန္႕ကုိ ဆႏၵျပစဥ္ (Photo: The Telegraph)



"သမၼတပူတင္က ဒီလို စြက္ဖက္မႈဟာ ႐ု႐ွားမဟုတ္ဘူးလုိ႕ ေျပာပါတယ္၊ ဒီလုိ စြက္ဖက္ရမယ့္အေၾကာင္း ကၽြန္ေတာ္ မျမင္မိပါဘူး" လုိ႕ ထရန္႕က ေျဖၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ ယခင္ အေမရိကန္အစိုးရမ်ား လက္ထက္က ႐ု႐ွားနဲ႕ ဆက္ဆံေရးမေျပလည္ခဲ့မႈေတြကိုလည္း သမၼတထရန္႕က အျပစ္ဆုိခဲ့ပါတယ္။

သမၼတထရန္႕ရဲ႕ အဆုိပါမွတ္ခ်က္နဲ႕ပတ္သက္ၿပီး အေမရိကန္ ေအာက္လႊတ္ေတာ္ (United States House of Representatives) ဥကၠ႒ျဖစ္သူ ရီပတ္ဘလစ္ကင္ ပါတီမွ ေပါလ္႐ုိင္ယန္က သမၼတထရန္႕အေနနဲ႕ ႐ု႐ုားႏုိင္ငံဟာ မိမိတုိ႕ရဲ႕ မဟာမိတ္မဟုတ္ေၾကာင္း သေဘာေပါက္ရမယ္လုိ႕ ေျပာခဲ့ပါတယ္။

2018-07-17_094216.jpg

ရီပတ္ဘလစ္ကင္ လႊတ္ေတာ္အမတ္ ဂၽြန္မက္ကိန္း (Photo: CNN)



ဒါ့အျပင္ ရီပတ္ဘလစ္ကင္ပါတီမွ ထိပ္တန္းအမတ္တစ္ဦးျဖစ္သူ ဂၽြန္မက္ကိန္းကလည္း ဆုိး႐ြားတဲ့စြမ္းေဆာင္မႈတစ္ခု ျဖစ္တယ္လို႕ ေဝဖန္ခဲ့ပါတယ္။ ပူတင္နဲ႕ထိပ္သီးေဆြးေႏြးပြဲအၿပီးမွာ သမၼတထရန္႕ကုိ ဆန္႕က်င္သူေတြက အိမ္ျဖဴေတာ္အျပင္ဘက္မွာ ဆႏၵျပမႈေတြလည္း ေပၚေပါက္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ ေထာက္လွမ္းေရး အဖြဲ႕အစည္းေတြက ၂၀၁၆ ေ႐ြးေကာက္ပြဲမွာ ဟီလာရီကလင္တန္ကုိ ဆုိက္ဘာတုိက္ခိုက္မႈ၊ အစိုးရတစ္ရပ္က ခြင့္ျပဳမႈျဖင့္ ဆုိက္ဘာတုိက္ခိုက္မႈေတြနဲ႕ သတင္းအတုေတြကုိ ဆုိ႐ွယ္မီဒီယာမွာ ျဖန္႕ေဝမႈတုိ႕မွာ ႐ု႐ွားက ေနာက္ကြယ္မွ ႀကဳိးကုိင္ပါဝင္ခဲ့ေၾကာင္း ေကာက္ခ်က္ခ်ထားခ့ဲပါတယ္။

အေမရိကန္သမၼတထရန္႕စုံတြဲႏွင့္ ႐ု႐ွားသမၼတပူတင္ (Photo: Valery Sharifulin/TASS)



ယခုအခါမွာေတာ့ ၂၀၁၆ ေ႐ြးေကက္ပြဲကုိ ႐ု႐ွားကစြက္ဖက္ခဲ့တယ္လို႕ အေမရိကန္ေထာက္လွမ္းေရး အဖြဲ႕အစည္းေတြက ေကာက္ခ်က္ခ်ထားမႈကုိ လက္ခံေၾကာင္း၊ ပူတင္နဲ႕ထိပ္သီးေဆြးေႏြးပြဲအၿပီး မွတ္ခ်က္ျပဳမႈဟာ မွားယြင္းေျပာခဲ့မိတာျဖစ္ေၾကာင္း သမၼတထရန္႕က ထုတ္ေဖာ္ေျပာပါတယ္။

အေမရိကန္သမၼတထရန္႕နဲ႕ ႐ု႐ွားသမၼတပူတင္တုိ႕ဟာ ဖင္လန္ႏုိင္ငံၿမဳိ႕ေတာ္ ဟယ္စင္ကီးမွာ ႏွစ္နာရီနီးပါးၾကာ တံခါးပိတ္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရပါတယ္။ ထရန္႕နဲ႕ပူတင္က ႏွစ္ႏုိင္ငံဆက္ဆံေရး ျပန္လည္တုိးတက္ ေကာင္းမြန္ရန္ အဓိကထားခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs