• International News
    ဂူထဲမှာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း ဆေးရုံမှဆင်းပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံ
Ko John
[Unicode Version]

မြန်မာနဲ့ထိုင်းနယ်စပ်အနီး မယ်ဆိုင်မြို့ဧရိယာရှိ ဂူထဲမှာ ပိတ်မိနေခဲ့ကြပြီးနောက် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ယနေ့ (ဇူလိုင် ၁၈ ရက်) ဆေးရုံမှဆင်းနိုင်ခဲ့ပြီဖြစ်ကာ ညနေပိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

4E5E720900000578-5965443-image-a-70_1531916724755.jpg

Photo: Reuters



ဆေးရုံကနေ အိမ်ပြန်နိုင်ခဲ့ပြီဖြစ်တဲ့ လူငယ်အုပ်စုက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး ဂူအတွင်းမှ အတွေ့အကြုံကို ပြောခဲ့ကြပါတယ်။

ဂူထဲမှာပိတ်မိခဲ့တဲ့ လူငယ်အုပ်စုမှာ ပါဝင်ခဲ့ပြီး အင်္ဂလိပ်စကား ပြောနိုင်တဲ့ မြန်မာနိုငံဖွား အသက် ၁၄ နှစ်အရွယ် အဒူလ်က "ဒါက အံ့သြဖွယ်ဖြစ်ရပ်တစ်ခုပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

4E5E1C9400000578-5965443-Eleven_soccer_players_and_their_coach_have_left_hospital_eight_d-a-41_1531912489164.jpg

Photo: EPA



အဒူလ်က ၎င်းတို့ပိတ်မိနေတဲ့ ဂူအတွင်းနေရာမှာ နိုင်ငံခြားသားနှစ်ယောက်ကို တွေ့ခဲ့ရတာကြောင့် အံ့သြမှင်သက်ခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြန်ပြောခဲ့ပါတယ်။ "သူတို့က အင်္ဂလိပ်တွေဖြစ်နေတာတွေ့ရတော့ ကျွန်တော် မယုံနိုင်အောင် အံ့သြသွားခဲ့ပြီး hello လို့ နှုတ်ဆက်လိုက်တာပါ" လို့ အဒူလ်ကဆိုပါတယ်။

၎င်းတို့အုပ်စုကို ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ရှာတွေ့ခဲ့စဉ် အမှန်တစ်ကယ် မဟုတ်ဘူးလို့ပင် ထင်ခဲ့ကြတယ်လို့လည်း လူငယ်လေးတွေက ပြောပါတယ်။

4E5E7B5900000578-5965443-image-m-64_1531915500335.jpg

Photo: EPA



တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုဟာ ဂူထဲကနေ ၎င်းတို့ကို ကယ်ထုတ်ခဲ့ပြီးနောက် ယနေ့ညနေပိုင်းမှာ ပထမဆုံးအကြိမ် အများပြည်သူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ မယ်ဆိုင်ရှိ Tham Laung ဂူထဲကို ဝင်ရောက်သွားခဲ့ကြစဉ် မည်သည့် အစားအစာကိုမျှ ယူဆောင်သွားခဲ့ကြခြင်း မရှိကြောင်း တောဝက်ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ Ekkapol Chantawong က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂူထဲမှာ ပိတ်မိနေခဲ့ကြစဉ် ကျောက်စက်ပန်းဆွဲတွေကနေ စီးကျလာတဲ့ ရေသောက်ပြီးနေခဲ့ကြတယ်လို့ လူငယ်အုပ်စုမှ အခြားတစ်ဦးက ၎င်းတို့ရဲ့ အတွေ့အကြုံကို ဖွင့်ဟခဲ့ပါတယ်။

4E59249E00000578-5965443-The_team_spent_more_than_two_weeks_trapped_in_the_flooded_Tham_L-a-40_1531912489163.jpg

Photo: Thai Navy Seal



"အာဏာပိုင်တွေ ကယ်ထုတ်မယ့်အချိန်ကိုပဲ မစောင့်နိုင်ဘူးလို့ တွေးခဲ့ကြပြီး ကျွန်တော်တို့ ဂူထဲကနေ အပြင်ထွက်နိုင်ဖို့တူးဆွပြီး ကြိုးစားခဲ့ကြတယ်၊ နောက်တော့ ကျွန်တော်တို့ ပင်ပန်းလာခဲ့ပြီး ရပ်ခဲ့ကြတယ်၊ ကျွန်တော်တို့ ဗိုက်ပြည့်ဖို့အတွက် ရေသောက်ပြီးနေခဲ့ကြတယ်" လို့ နည်းပြ Ekkapol က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို ရောက်လာကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုက ဘောလုံးအသင်းအင်္ကျီများ ဝတ်ဆင်ထားကြပါတယ်။

4E5EBDD900000578-5965443-image-a-72_1531916865897.jpg

Photo: AP Live Feed



၎င်းတို့က သတင်းစာရှင်းလင်းပွဲ မစတင်မီ စင်မြင့်ရှေ့မှာ ပြင်ဆင်ထားတဲ့ အသေးစား ယာယီဘောလုံးကွင်းမှာ မိနစ်အနည်းငယ်ကြာ ဘောလုံးကစားခဲ့ကြပါတယ်။

သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့ကြတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အားလုံးဟာ ပြုံးရွှင်နေကြပြီး ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ် အရွယ် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Laung ဂူထဲကိုဝင်ရောက်ခဲ့ကြရာမှ ဂူအတွင်း ရေကြီးလာမှုကြောင့် ပိတ်မိခဲ့ကြပါတယ်။

4E444B6A00000578-5965443-The_team_had_previously_been_kept_in_quarantine_inside_hospital_-a-44_1531912489205.jpg

Photo: AFP/Getty Images



ဂူထဲဝင်ပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ လူငယ်အုပ်စုကို ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပထမဆုံး ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် ၎င်းတို့ကို ဂူထဲမှ ပြန်ကယ်ထုတ်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေက လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ကယ်ထုတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့စဉ် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမားတစ်ဦး ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

4E5EA16800000578-5965443-image-a-83_1531917188995.jpg

Photo: AFP



လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Tham Laung ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးတစ်ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြကြောင်း သိရပါတယ်။ ၎င်းတို့နှစ်ဦး အပါအဝင် ဂူထဲမှကယ်ထုတ်နိုင်ခဲ့တဲ့ လူငယ်အုပ်စုမှ စုစပေါင်း ၄ ဦးဟာ နိုင်ငံမဲ့ဖြစ်နေပြီး ၎င်းတို့ကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် စိစစ်နေတယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

ျမန္မာနဲ႕ထုိင္းနယ္စပ္အနီး မယ္ဆုိင္ၿမဳိ႕ဧရိယာ႐ွိ ဂူထဲမွာ ပိတ္မိေနခဲ့ၾကၿပီးေနာက္ အသက္႐ွင္လ်က္ ကယ္ထုတ္ႏုိင္ခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အုပ္စုဟာ ယေန႕ (ဇူလုိင္ ၁၈ ရက္) ေဆး႐ုံမွဆင္းႏုိင္ခဲ့ၿပီျဖစ္ကာ ညေနပုိင္းမွာ မီဒီယာေတြနဲ႕ ေတြ႕ဆုံခဲ့ၾကပါတယ္။

4E5E720900000578-5965443-image-a-70_1531916724755.jpg

Photo: Reuters



ေဆး႐ုံကေန အိမ္ျပန္ႏုိင္ခဲ့ၿပီျဖစ္တဲ့ လူငယ္အုပ္စုက ထုိင္းႏုိင္ငံေျမာက္ပိုင္း ခ်င္း႐ုိင္းခ႐ုိင္မွာ မီဒီယာေတြနဲ႕ ေတြ႕ဆုံခဲ့ၿပီး ဂူအတြင္းမွ အေတြ႕အႀကဳံကုိ ေျပာခဲ့ၾကပါတယ္။

ဂူထဲမွာပိတ္မိခဲ့တဲ့ လူငယ္အုပ္စုမွာ ပါဝင္ခဲ့ၿပီး အဂၤလိပ္စကား ေျပာႏုိင္တ့ဲ ျမန္မာႏုိ္ငံဖြား အသက္ ၁၄ ႏွစ္အ႐ြယ္ အဒူလ္က "ဒါက အံ့ၾသဖြယ္ျဖစ္ရပ္တစ္ခုပါ" လုိ႕ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

4E5E1C9400000578-5965443-Eleven_soccer_players_and_their_coach_have_left_hospital_eight_d-a-41_1531912489164.jpg

Photo: EPA



အဒူလ္က ၎တုိ႕ပိတ္မိေနတဲ့ ဂူအတြင္းေနရာမွာ ႏုိင္ငံျခားသားႏွစ္ေယာက္ကုိ ေတြ႕ခဲ့ရတာေၾကာင့္ အံ့ၾသမွင္သက္ခဲ့ရတဲ့ သူ႕အေတြ႕အႀကဳံကုိ ျပန္ေျပာခဲ့ပါတယ္။ "သူတုိ႕က အဂၤလိပ္ေတြျဖစ္ေနတာေတြ႕ရေတာ့ ကၽြန္ေတာ္ မယုံႏုိင္ေအာင္ အံ့ၾသသြားခဲ့ၿပီး hello လုိ႕ ႏႈတ္ဆက္လုိက္တာပါ" လုိ႕ အဒူလ္ကဆုိပါတယ္။

၎တုိ႕အုပ္စုကုိ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ပထမဆုံး ႐ွာေတြ႕ခဲ့စဥ္ အမွန္တစ္ကယ္ မဟုတ္ဘူးလုိ႕ပင္ ထင္ခဲ့ၾကတယ္လုိ႕လည္း လူငယ္ေလးေတြက ေျပာပါတယ္။

4E5E7B5900000578-5965443-image-m-64_1531915500335.jpg

Photo: EPA



ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အုပ္စုဟာ ဂူထဲကေန ၎တုိ႕ကုိ ကယ္ထုတ္ခဲ့ၿပီးေနာက္ ယေန႕ညေနပုိင္းမွာ ပထမဆုံးအႀကိမ္ အမ်ားျပည္သူျမင္ကြင္းကုိ ထြက္ေပၚလာခဲ့ၾကတာလည္း ျဖစ္ပါတယ္။

၎တို႕ဟာ မယ္ဆုိင္႐ွိ Tham Laung ဂူထဲကုိ ဝင္ေရာက္သြားခဲ့ၾကစဥ္ မည္သည့္ အစားအစာကုိမွ် ယူေဆာင္သြားခဲ့ၾကျခင္း မ႐ွိေၾကာင္း ေတာဝက္ေဘာလံုးအသင္းရဲ႕ နည္းျပျဖစ္သူ Ekkapol Chantawong က သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာပါတယ္။

ဂူထဲမွာ ပိတ္မိေနခဲ့ၾကစဥ္ ေက်ာက္စက္ပန္းဆြဲေတြကေန စီးက်လာတဲ့ ေရေသာက္ၿပီးေနခဲ့ၾကတယ္လို႕ လူငယ္အုပ္စုမွ အျခားတစ္ဦးက ၎တုိ႕ရဲ႕ အေတြ႕အႀကဳံကုိ ဖြင့္ဟခဲ့ပါတယ္။

Photo: Thai Navy Seal



"အာဏာပိုင္ေတြ ကယ္ထုတ္မယ့္အခ်ိန္ကုိပဲ မေစာင့္ႏုိင္ဘူးလုိ႕ ေတြးခဲ့ၾကၿပီး ကၽြန္ေတာ္တုိ႕ ဂူထဲကေန အျပင္ထြက္ႏုိင္ဖို႕တူးဆြၿပီး ႀကဳိးစားခဲ့ၾကတယ္၊ ေနာက္ေတာ့ ကၽြန္ေတာ္တုိ႕ ပင္ပန္းလာခဲ့ၿပီး ရပ္ခဲ့ၾကတယ္၊ ကၽြန္ေတာ္တုိ႕ ဗုိက္ျပည့္ဖုိ႕အတြက္ ေရေသာက္ၿပီးေနခဲ့ၾကတယ္" လုိ႕ နည္းျပ Ekkapol က ေျပာပါတယ္။

သတင္းစာ႐ွင္းလင္းပြဲကုိ ေရာက္လာၾကတဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အုပ္စုက ေဘာလုံးအသင္းအကၤ်ီမ်ား ဝတ္ဆင္ထားၾကပါတယ္။

Photo: AP Live Feed



၎တုိ႕က သတင္းစာ႐ွင္းလင္းပြဲ မစတင္မီ စင္ျမင့္ေ႐ွ႕မွာ ျပင္ဆင္ထားတဲ့ အေသးစား ယာယီေဘာလုံးကြင္းမွာ မိနစ္အနည္းငယ္ၾကာ ေဘာလံုးကစားခဲ့ၾကပါတယ္။

သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈေတြကုိ ေျဖၾကားခဲ့ၾကတဲ့ ေတာဝက္ေဘာလုံးအသင္းမွ လူငယ္အားလုံးဟာ ၿပဳံး႐ႊင္ေနၾကၿပီး က်န္းမာေရးေကာင္းမြန္တဲ့ အေျခအေနျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၁၁ ႏွစ္မွ ၁၇ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္ အ႐ြယ္ ေဘာလုံးနည္းျပတုိ႕ဟာ ဇြန္လ ၂၃ ရက္မွာ Tham Laung ဂူထဲကုိဝင္ေရာက္ခဲ့ၾကရာမွ ဂူအတြင္း ေရႀကီးလာမႈေၾကာင့္ ပိတ္မိခဲ့ၾကပါတယ္။

4E444B6A00000578-5965443-The_team_had_previously_been_kept_in_quarantine_inside_hospital_-a-44_1531912489205.jpg

Photo: AFP/Getty Images



ဂူထဲဝင္ၿပီးေနာက္ ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ အဆုိပါ လူငယ္အုပ္စုကို ၁၀ ရက္ေျမာက္ေန႕ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ ၿဗိတိန္ေရငုပ္သမားႏွစ္ဦးက ပထမဆုံး ျပန္႐ွာေတြ႕ခ့ဲၾကပါတယ္။ ထုိ႕ေနာက္ ၎တုိ႕ကုိ ဂူထဲမွ ျပန္ကယ္ထုတ္ရန္ ျမန္မာႏုိင္ငံ အပါအဝင္ ႏုိင္ငံတကာမွ ပူးေပါင္းကူညီခဲ့ၾကပါတယ္။

ထုိင္းေရတပ္ အထူးတပ္ဖြဲ႕မွ ေရငုပ္သမားေတြနဲ႕ ေစတနာ့ဝန္ထမ္း ေရငုပ္သမားေတြက လူငယ္အုပ္စုကုိ ကယ္ဆယ္ေရးမွာ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

ဂူထဲကေန ထုိင္းလူငယ္အုပ္စုကို ကယ္ထုတ္ႏုိင္ေရး ျပင္ဆင္ေဆာင္႐ြက္ခဲ့စဥ္ ထုိင္းေရတပ္ အထူးတပ္ဖြဲ႕ဝင္ေဟာင္း ေရငုပ္သမားတစ္ဦး ဂူအတြင္း ေအာက္စီဂ်င္ျပတ္ကာ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

4E5EA16800000578-5965443-image-a-83_1531917188995.jpg

Photo: AFP



လူငယ္အုပ္စုကုိ ဂူအတြင္း လိုအပ္တဲ့ ျပဳစုေစာင့္ေ႐ွာက္မႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီး ဂူအျပင္ကုိကယ္ထုတ္ခဲ့ပါတယ္။ ၎တုိ႕အုပ္စုမွ ပထဆုံး ၄ ဦးကုိ ဇူလုိင္ ၈ ရက္၊ ဒုတိယ ၄ ဦးကုိ ဇူလုိင္ ၉ ရက္နဲ႕ ေနာက္ဆုံးက်န္႐ွိတဲ့ ၅ ဦးကုိ ဇူလုိင္ ၁၀ ရက္တို႕မွာ ကယ္ထုတ္ႏုိင္ခဲ့ပါတယ္။

Tham Laung ဂူထဲမွာ ပိတ္မိခဲ့တဲ့ ေတာဝက္ေဘာလုံးအသင္းမွ ကေလးတစ္ဦးနဲ႕ နည္းျပျဖစ္သူတုိ႕ဟာ ျမန္မာႏုိင္ငံဖြားေတြ ျဖစ္ၾကေၾကာင္း သိရပါတယ္။ ၎တုိ႕ႏွစ္ဦး အပါအဝင္ ဂူထဲမွကယ္ထုတ္ႏုိင္ခဲ့တဲ့ လူငယ္အုပ္စုမွ စုစေပါင္း ၄ ဦးဟာ ႏုိင္ငံမဲ့ျဖစ္ေနၿပီး ၎တုိ႕ကုိ ထုိင္းႏုိင္ငံက ႏုိင္ငံသားအျဖစ္ အသိအမွတ္ျပဳရန္ စိစစ္ေနတယ္လို႕ ဆုိပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs