• International News
    မလေးရှားဘုရင်နဲ့ ဝန်ကြီးချုပ်ကို သတ်မယ်လို့ခြိမ်းခြောက်သူ အပါအဝင် အကြမ်းဖက်အဖြစ် သံသယရှိသူ ၇ ဦးကို ဖမ်းဆီး
Ko John
[Unicode Version]

မလေးရှားနိုင်ငံမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖြစ် သံသယရှိသူ ခုနစ်ဦးကိုဖမ်းဆီးခဲ့ရာ ဘုရင်မိုဟာမက်ဗွီ၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နဲ့ ဝန်ကြီးတစ်ဦးတို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှူးချုပ် ဖူဇီဟာရွှန်က ယနေ့ (ဇူလိုင် ၁၉ ရက်) ပြောပါတယ်။

male-terror-suspect-on-the-floor.jpg

Photo: Special Branch anti-terror E8 unit



သံသယရှိသူ ခုနစ်ဦးအနက် မလေးရှားလူမျိုး လေးဦးနဲ့ အင်ဒိုနီးရှားလူမျိုး သုံးဦးတို့ ပါဝင်ကြောင်းနဲ့ ၎င်းတို့ကို ဇူလိုင် ၁၂ ရက်နဲ့ ၁၇ ရက်ကြား Terengganu, Selangor, Perak နဲ့ Johor တို့မှာ စီးနင်းမှုများအတွင်း ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ အသက် ၄၂ နှစ်အရွယ် စက်ရုံအလုပ်သမား အင်ဒိုနီးရှားလူမျိုးက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားအခြေစိုက် Jamaah Ansharut Daulah (JAD) မှ အမျိုးသားတစ်ဦးနဲ့ အဆက်အသွယ်ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားလူမျိုးဟာ မေလ ၁၀ ရက်က အထူးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး အသတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

2018-07-19_124430.jpg

မလေးရှားဘုရင် ဆူလ်တန်မိုဟာမက်ဗွီ (Photo: The Straits Times)



မလေးရှားဘုရင်၊ ဝန်ကြီးချုပ်မဟာသီယာနဲ့ ဝန်ကြီးတစ်ဦးတို့ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူ အသက် ၃၄ နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားကို Johor ပြည်နယ် Skudai မှာ ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဟာရွှန်ကပြောပါတယ်။

"သံသယရှိသူက အိုင်အက်စ်ကိုထောက်ခံသူတစ်ဦး ဖြစ်ပါတယ်၊ သူက ဘုရင် ဆူလ်တန်မိုဟာမက်ဗွီ၊ ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်နဲ့ ဝန်ကြီးချုပ်ရုံးက ဝန်ကြီးတစ်ဦးဖြစ်တဲ့ မူဂျာဟစ်ယူဆွတ်ဖ်ရာဝါကို သတ်မယ်လို့ Facebook မှာ ခြိမ်းခြောက်ခဲ့ပါတယ်" လို့ ဟာရွှန်က ပြောခဲ့ပါတယ်။

2018-07-19_124703.jpg

မလေးရှားဝန်ကြီးချုပ် မဟာသီယာ (Photo: Reuters)



နောက်ထပ် သံသယရှိသူ မလေးရှားလူမျိုးနှစ်ဦးမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတို့ကိုလည်း Johor မှာပင် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးအနက် နည်းပညာရှင်ဖြစ်သူ အမျိုးသားက ယခုနှစ် မွတ်စလင်မ်ဥပုသ်လအပြီးမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့သူ ဖြစ်ပါတယ်။

"သူက ဆီးရီးယားရဲ့ နောက်ဆုံး အခြေအနေတွေကို သိဖို့အတွက် အဲဒီမှာရောက်နေတဲ့ မလေးရှားလူမျိုး အိုင်အက်စ်အဖွဲ့ဝင် မိုဟာမက်ဝင်ဒီမိုဟာမက်ဂျက်ဒီနဲ့ မကြာခဏ ဆက်သွယ်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

terror-suspect-female.jpg

Photo: Special Branch anti-terror E8 unit



မိုဟာမက်ဝင်ဒီဟာ ဆီးရီးယားရှိ ထင်ရှားတဲ့ မလေးရှားလူမျိုး အိုအက်စ်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ် လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပါတယ်။

၎င်းဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံ Selangor ပြည်နယ် Puchong မြို့ရှိ Movida နိုက်ကလပ်ကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုအား နောက်ကွယ်မှ စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ မလေးရှားအမျိုးသမီးကတော့ ဆီးရီးယားမှာရောက်နေတဲ့ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားအမျိုးသားတစ်ဦးကို ရင်းဂစ်ငွေ ၄၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၃၀၀) ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

terror-suspect-petaling-jaya.jpg

Photo: Special Branch anti-terror E8 unit



အဆိုပါ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားအမျိုးသားဟာ မိုဟာမက်နက်စ်ရူလာဆိုသူဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လအတွင်း ဆီးရီးယားမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ နောက်ထပ် ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်အဖြစ် သံသယရှိသူတစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသားဖြစ်ပါတယ်။

Terengganu မှာ ဖမ်းဆီးခဲ့တဲ့ အဆိုပါ အမျိုးသားဟာ အင်ဒိုနီးရှားအိုင်အက်စ်အဖွဲ့ (Islamic State of Indonesia - NII) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း Bandung အကြမ်းဖက်အုပ်စုကို သစ္စာခံခဲ့သူဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

[Zawgyi Version]

မေလး႐ွားႏုိင္ငံမွာ ရဲတပ္ဖြဲ႕က အၾကမ္းဖက္အျဖစ္ သံသယ႐ွိသူ ခုနစ္ဦးကုိဖမ္းဆီးခဲ့ရာ ဘုရင္မုိဟာမက္ဗီြ၊ ဝန္ႀကီးခ်ဳပ္ မဟာသီယာမုိဟာမက္နဲ႕ ဝန္ႀကီးတစ္ဦးတုိ႕ကို သတ္မယ္လို႕ ၿခိမ္းေျခာက္ခဲ့သူတစ္ဦးလည္း ပါဝင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕စုံစမ္းစစ္ေဆးမွဴးခ်ဳပ္ ဖူဇီဟာ႐ႊန္က ယေန႕ (ဇူလုိင္ ၁၉ ရက္) ေျပာပါတယ္။

Photo: Special Branch anti-terror E8 unit



သံသယ႐ွိသူ ခုနစ္ဦးအနက္ မေလး႐ွားလူမ်ဳိး ေလးဦးနဲ႕ အင္ဒုိနီး႐ွားလူမ်ဳိး သုံးဦးတုိ႕ ပါဝင္ေၾကာင္းနဲ႕ ၎တုိ႕ကုိ ဇူလုိင္ ၁၂ ရက္နဲ႕ ၁၇ ရက္ၾကား Terengganu, Selangor, Perak နဲ႕ Johor တုိ႕မွာ စီးနင္းမႈမ်ားအတြင္း ဖမ္းဆီးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖမ္းဆီးခဲ့တဲ့ သံသယ႐ွိသူ အသက္ ၄၂ ႏွစ္အ႐ြယ္ စက္႐ုံအလုပ္သမား အင္ဒုိနီး႐ွားလူမ်ဳိးက အုိင္အက္စ္အၾကမ္းဖက္အဖြဲ႕နဲ႕ ဆက္ႏြယ္ေနတဲ့ အင္ဒုိနီး႐ွားအေျခစုိက္ Jamaah Ansharut Daulah (JAD) မွ အမ်ဳိးသားတစ္ဦးနဲ႕ အဆက္အသြယ္႐ွိတယ္လုိ႕ ဝန္ခံခဲ့ေၾကာင္း သိရပါတယ္။

အဆုိပါ အင္ဒုိနီး႐ွားလူမ်ဳိးဟာ ေမလ ၁၀ ရက္က အထူးရဲတပ္ဖြဲ႕မွ အရာ႐ွိတစ္ဦး အသတ္ခံရမႈမွာ ပါဝင္ပတ္သက္ခဲ့တယ္လုိ႕ ဆုိပါတယ္။

2018-07-19_124430.jpg

မေလး႐ွားဘုရင္ ဆူလ္တန္မုိဟာမက္ဗြီ (Photo: The Straits Times)



မေလး႐ွားဘုရင္၊ ဝန္ႀကီးခ်ဳပ္မဟာသီယာနဲ႕ ဝန္ႀကီးတစ္ဦးတို႕ကုိ သတ္မယ္လုိ႕ ၿခိမ္းေျခာက္ခဲ့သူ အသက္ ၃၄ ႏွစ္အ႐ြယ္ အလုပ္လက္မဲ့ အမ်ဳိးသားကုိ Johor ျပည္နယ္ Skudai မွာ ဇူလုိင္ ၁၇ ရက္ေန႕က ဖမ္းဆီးခဲ့ေၾကာင္း ဟာ႐ႊန္ကေျပာပါတယ္။

"သံသယ႐ွိသူက အုိင္အက္စ္ကုိေထာက္ခံသူတစ္ဦး ျဖစ္ပါတယ္၊ သူက ဘုရင္ ဆူလ္တန္မုိဟာမက္ဗြီ၊ ဝန္ႀကီးခ်ဳပ္ ေဒါက္တာမဟာသီယာမုိဟာမက္နဲ႕ ဝန္ႀကီးခ်ဳပ္႐ုံးက ဝန္ႀကီးတစ္ဦးျဖစ္တဲ့ မူဂ်ာဟစ္ယူဆြတ္ဖ္ရာဝါကုိ သတ္မယ္လုိ႕ Facebook မွာ ၿခိမ္းေျခာက္ခဲ့ပါတယ္" လုိ႕ ဟာ႐ႊန္က ေျပာခဲ့ပါတယ္။

မေလး႐ွားဝန္ႀကီးခ်ဳပ္ မဟာသီယာ (Photo: Reuters)



ေနာက္ထပ္ သံသယ႐ွိသူ မေလး႐ွားလူမ်ဳိးႏွစ္ဦးမွာ အသက္ ၄၂ ႏွစ္အ႐ြယ္ အမ်ဳိးသားနဲ႕ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ဳိးသမီးတုိ႕ကုိလည္း Johor မွာပင္ ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။

၎တို႕ႏွစ္ဦးအနက္ နည္းပညာ႐ွင္ျဖစ္သူ အမ်ဳိးသားက ယခုႏွစ္ မြတ္စလင္မ္ဥပုသ္လအၿပီးမွာ မေလး႐ွား၊ အင္ဒုိနီး႐ွားနဲ႕ ဖိလစ္ပုိင္တုိ႕မွာ ဗုံးခြဲတိုက္ခိုက္မယ္လုိ႕ ၿခိမ္းေျခာက္ခဲ့သူ ျဖစ္ပါတယ္။

"သူက ဆီးရီးယားရဲ႕ ေနာက္ဆုံး အေျခအေနေတြကုိ သိဖုိ႕အတြက္ အဲဒီမွာေရာက္ေနတဲ့ မေလး႐ွားလူမ်ဳိး အုိင္အက္စ္အဖြဲ႕ဝင္ မုိဟာမက္ဝင္ဒီမုိဟာမက္ဂ်က္ဒီနဲ႕ မၾကာခဏ ဆက္သြယ္ခဲ့ပါတယ္" လုိ႕ ရဲတပ္ဖြဲ႕ကဆုိပါတယ္။

Photo: Special Branch anti-terror E8 unit



မုိဟာမက္ဝင္ဒီဟာ ဆီးရီးယား႐ွိ ထင္႐ွားတဲ့ မေလး႐ွားလူမ်ဳိး အိုအက္စ္အဖြဲ႕ဝင္ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ေလေၾကာင္းတုိက္ခိုက္မႈမ်ားအတြင္း ေသဆုံးခဲ့ပါတယ္။

၎ဟာ ၂၀၁၆ ခုႏွစ္ ဇြန္လ ၂၈ ရက္မွာ ျဖစ္ပြားခဲ့တဲ့ မေလး႐ွားႏုိင္ငံ Selangor ျပည္နယ္ Puchong ၿမဳိ႕႐ွိ Movida ႏုိက္ကလပ္ကို လက္ပစ္ဗုံးျဖင့္တုိက္ခိုက္မႈအား ေနာက္ကြယ္မွ စီစဥ္ခဲ့သူလည္း ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တဲ့ သံသယ႐ွိသူ မေလး႐ွားအမ်ဳိးသမီးကေတာ့ ဆီးရီးယားမွာေရာက္ေနတဲ့ အုိင္အက္စ္အဖြဲ႕ဝင္ မေလး႐ွားအမ်ဳိးသားတစ္ဦးကုိ ရင္းဂစ္ေငြ ၄၂,၀၀၀ (အေမရိကန္ေဒၚလာ ၁၀,၃၀၀) ေပးအပ္ခဲ့တယ္လို႕ ဆုိပါတယ္။

terror-suspect-petaling-jaya.jpg

Photo: Special Branch anti-terror E8 unit



အဆုိပါ အုိင္အက္စ္အဖြဲ႕ဝင္ မေလး႐ွားအမ်ဳိးသားဟာ မုိဟာမက္နက္စ္႐ူလာဆုိသူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လအတြင္း ဆီးရီးယားမွာ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ေနာက္ထပ္ ဖမ္းဆီးခဲ့တဲ့ အၾကမ္းဖက္အျဖစ္ သံသယ႐ွိသူတစ္ဦးမွာ အသက္ ၂၆ ႏွစ္အ႐ြယ္ အင္ဒုိနီး႐ွား အမ်ဳိးသားျဖစ္ပါတယ္။

Terengganu မွာ ဖမ္္းဆီးခဲ့တဲ့ အဆုိပါ အမ်ဳိးသားဟာ အင္ဒုိနီး႐ွားအုိင္အက္စ္အဖြဲ႕ (Islamic State of Indonesia - NII) အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၂၀၁၅ ခုႏွစ္နဲ႕ ၂၀၁၇ ခုႏွစ္အတြင္း Bandung အၾကမ္းဖက္အုပ္စုကုိ သစၥာခံခဲ့သူျဖစ္ေၾကာင္း မေလး႐ွားရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs