တောင်ကိုရီးယားနိုင်ငံမှ ရေအောက်ပစ္စည်းရှာဖွေရေး အဖွဲ့တစ်ဖွဲ့က အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ တန်ဖိုးရှိ ရွှေများပါရှိတဲ့ ရုရှားစစ်သင်္ဘောပျက်တစ်စီးကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
Photo: Shinil Group
တောင်ကိုရီးယားမှ Shinil Group က ရုရှားစစ်ဘင်္ဘော Dimitrii Donskoi ကို Ulleugdo ကျွန်းအနီး ပင်လယ်ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
Shinil Group ရဲ့ ရှာဖွေရေးအဖွဲ့မှာ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ ကနေဒါတို့မှ ကျွမ်းကျင်သူတွေ ပါဝင်ခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှာ ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့က လူလိုက်ပါတဲ့ အသေးစား ရေငုပ်သင်္ဘောနှစ်စီးကို အသုံးပြုပြီး သင်္ဘောပျက်ကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခဲ့ကြကြောင်း Telegraph သတင်းကပြောပါတယ်။
ဗီဒီယိုထဲမှာ ၁၉၀၅ ခုနှစ် မေလအတွင်း ဂျပန်စစ်သင်္ဘောနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နစ်မြုပ်ခဲ့တဲ့ ရုရှားစစ်သင်္ဘော အကြီးအကျယ် ပျက်စီးနေမှုကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ဘောပျက်ပေါ်မှာ အမြောက်နဲ့စက်သေနတ်များ၊ ကျောက်ဆူးနဲ့ သင်္ဘောမောင်းလက်ကိုင်တို့ကိုလည်း တွေ့ခဲ့ရပါတယ်။
Photo: Shinil Group
Dmitrii Donskoi ဟာ စီးနင်းတိုက်ခိုက်ရေး ရုရှားစစ်သင်္ဘောဖြစ်ပြီး ၁၉၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Russo-Japanese စစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ စစ်သင်္ဘောဟာ မြေထဲပင်လယ်နဲ့ ရုရှားအရှေ့ဘက်စွန်းပိုင်း ပယ်လယ်ပြင်စစ်ဆင်ရေးတွေမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
Photo: Shinil Group
ဒါ့အပြင် တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် Chosun Biz ကလည်း ရုရှားစစ်သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Shinil Group ဟာ ဇွန်လအတွင်းမှသာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ရာ ယခုကိစ္စအပေါ် သံသယများ ပိုမြင့်တက်လာခဲ့ကြပါတယ်။
Shinil Group ကတော့ ၎င်းတို့ဟာ ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Shinil Corporation ကို ဆက်ခံတဲ့ကုမ္ပဏီ ဖြစ်တယ်လို့ ပြောခဲ့ကြောင်း BBC သတင်းကဆိုပါတယ်။ Shinil Group ကို အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ဖြင့်သာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း BBC က ဖော်ပြခဲ့ပါတယ်။
Photo: BBC
ရှာဖွေတွေ့ရှိတဲ့ ရွှေပမာဏ ထက်ဝက်ကို ရုရှားအစိုးရထံ လွှဲပြောင်းသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို Ulleungdo ကျွန်း ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ ရုရှားစစ်သင်္ဘောပျက်မှ ရွှေပမာဏရဲ့ ဝေစုတစ်ခုကိုလည်း အရှေ့မြောက်အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲစီမံကိန်းတွေအတွက် ထည့်ဝင်လှူဒါန်းသွားမယ်လို့ Shinil Group က ပြောထားပါတယ်။
ေတာင္ကုိရီးယားႏုိင္ငံမွ ေရေအာက္ပစၥည္း႐ွာေဖြေရး အဖြဲ႕တစ္ဖြဲ႕က အေမရိကန္ေဒၚလာ ၁၃၀ ဘီလီယံ တန္ဖုိး႐ွိ ေ႐ႊမ်ားပါ႐ွိတဲ့ ႐ု႐ွားစစ္သေဘၤာပ်က္တစ္စီးကုိ ႐ွာေဖြေတြ႕႐ွိခဲ့ၾကတယ္လို႕ ဆုိပါတယ္။
Photo: Shinil Group
ေတာင္ကုိရီးယားမွ Shinil Group က ႐ု႐ွားစစ္ဘေဘၤာ Dimitrii Donskoi ကုိ Ulleugdo ကၽြန္းအနီး ပင္လယ္ေရေအာက္မွာ ႐ွာေဖြေတြ႕႐ွိခဲ့တယ္လို႕ ေျပာပါတယ္။
Shinil Group ရဲ႕ ႐ွာေဖြေရးအဖြဲ႕မွာ ေတာင္ကုိရီးယား၊ ၿဗိတိန္နဲ႕ ကေနဒါတုိ႕မွ ကၽြမ္းက်င္သူေတြ ပါဝင္ခဲ့ၾကၿပီး ဇူလုိင္ ၁၅ ရက္မွာ ႐ု႐ွားစစ္သေဘၤာပ်က္ကုိ ႐ွာေဖြေတြ႕႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။ အဆုိပါအဖြဲ႕က လူလုိက္ပါတဲ့ အေသးစား ေရငုပ္သေဘၤာႏွစ္စီးကုိ အသုံးျပဳၿပီး သေဘၤာပ်က္ကုိ မွတ္တမ္းတင္ ဗီဒီယုိ႐ုိက္ကူးခဲ့ၾကေၾကာင္း Telegraph သတင္းကေျပာပါတယ္။
ဗီဒီယုိထဲမွာ ၁၉၀၅ ခုႏွစ္ ေမလအတြင္း ဂ်ပန္စစ္သေဘၤာနဲ႕ တုိက္ပြဲျဖစ္ပြားခဲ့ၿပီး နစ္ျမဳပ္ခဲ့တဲ့ ႐ု႐ွားစစ္သေဘၤာ အႀကီးအက်ယ္ ပ်က္စီးေနမႈကုိ ေတြ႕ရတယ္လုိ႕ ဆုိပါတယ္။ ဒါ့အျပင္ သေဘၤာပ်က္ေပၚမွာ အေျမာက္နဲ႕စက္ေသနတ္မ်ား၊ ေက်ာက္ဆူးနဲ႕ သေဘၤာေမာင္းလက္ကုိင္တုိ႕ကုိလည္း ေတြ႕ခဲ့ရပါတယ္။
Photo: Shinil Group
Dmitrii Donskoi ဟာ စီးနင္းတုိက္ခိုက္ေရး ႐ု႐ွားစစ္သေဘၤာျဖစ္ၿပီး ၁၉၀၄ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ Russo-Japanese စစ္ပြဲမွာ ပါဝင္ခဲ့ပါတယ္။ အဆုိပါ စစ္သေဘၤာဟာ ေျမထဲပင္လယ္နဲ႕ ႐ု႐ွားအေ႐ွ႕ဘက္စြန္းပုိင္း ပယ္လယ္ျပင္စစ္ဆင္ေရးေတြမွာ အဓိက ပါဝင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။
Photo: Shinil Group
ဒါ့အျပင္ ေတာင္ကုိရီးယား သတင္းဝက္ဘ္ဆုိက္ Chosun Biz ကလည္း ႐ု႐ွားစစ္သေဘၤာပ်က္ကုိ ႐ွာေဖြေတြ႕႐ွိခဲ့တဲ့ Shinil Group ဟာ ဇြန္လအတြင္းမွသာ တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပခဲ့ရာ ယခုကိစၥအေပၚ သံသယမ်ား ပုိျမင့္တက္လာခဲ့ၾကပါတယ္။
Shinil Group ကေတာ့ ၎တုိ႕ဟာ ၁၉၅၇ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ Shinil Corporation ကုိ ဆက္ခံတဲ့ကုမၸဏီ ျဖစ္တယ္လို႕ ေျပာခဲ့ေၾကာင္း BBC သတင္းကဆုိပါတယ္။ Shinil Group ကုိ အေမရိကန္ေဒၚလာ ၈၈,၀၀၀ ျဖင့္သာ စတင္တည္ေထာင္ခ့ဲျခင္းျဖစ္ေၾကာင္းလည္း BBC က ေဖာ္ျပခဲ့ပါတယ္။
Photo: BBC
႐ွာေဖြေတြ႕႐ွိတဲ့ ေ႐ႊပမာဏ ထက္ဝက္ကုိ ႐ု႐ွားအစိုးရထံ လႊဲေျပာင္းသြားမွာျဖစ္ၿပီး က်န္႐ွိတ့ဲပမာဏရဲ႕ ၁၀ ရာခုိင္ႏႈန္းကုိ Ulleungdo ကၽြန္း ခရီးသြားလုပ္ငန္းမွာ ရင္းႏွီးျမွဳပ္ႏွံသြားမယ္လုိ႕ သိရပါတယ္။ ႐ု႐ွားစစ္သေဘၤာပ်က္မွ ေ႐ႊပမာဏရဲ႕ ေဝစုတစ္ခုကုိလည္း အေ႐ွ႕ေျမာက္အာ႐ွေဒသ ဖြံ႕ၿဖဳိးတုိးတက္ေရး ပူးတြဲစီမံကိန္းေတြအတြက္ ထည့္ဝင္လွဴဒါန္းသြားမယ္လုိ႕ Shinil Group က ေျပာထားပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.