• International News
    အမေရိကန် မစ်ဆူရီပြည်နယ်မှာ ကုန်း၊ ရေနှစ်သွယ်ယာဉ်တစ်စီးနစ်မြုပ်မှု ၁၇ ဦး သေဆုံး
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်ထားတဲ့ မြေပြင်နဲ့ရေပြင်နှစ်မျိုးသုံး ကုန်း၊ ရေနှစ်သွယ်ယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

rescue-personnel-are-seen-after-an-amphibious--quot-duck-boat-quot--capsized-and-sank--at-table-rock-lake-near-branson--stone-county-2.jpg

အဆိုပါယာဉ်ဟာ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) က မိုးသက်မုန်တိုင်းကျရောက်စဉ် မစ်ဆူရီပြည်နယ်ရှိ Table Rock ရေအိုင်ကြီးအတွင်း နစ်မြုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကုန်း၊ ရေနှစ်သွယ်ယာဉ်ပေါ်မှာ လူ ၃၁ ဦး လိုက်ပါသွားခဲ့ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။ သေဆုံးခဲ့သူ ၁၇ ဦးအနက် ၉ ဦးဟာ မိသားစုတစ်ခုတည်းမှ ဖြစ်တယ်လို့လည်း မစ်ဆူရီပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ယ်ပါဆန်က ပြောပါတယ်။

2018-07-20_140351.jpg

Photo: EPA



Table Rock ရေအိုင်ကြီးဟာ မစ်ဆူရီပြည်နယ် ဘရန်ဆန်မြို့အနီးမှာရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရေငုပ်သမားတွေက ပျောက်ဆုံးနေသူငါးဦးကို ဆက်လက် ရှာဖွေနေကြောင်း သိရပါတယ်။

ဘဲရေယာဉ် (duck boat) လို့လည်းခေါ်ကြတဲ့ အဆိုပါယာဉ် နစ်မြုပ်မှုမှ ကယ်ဆယ်နိုင်ခဲ့သူတွေအနက် ခုနစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနဲ့ တစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ယမန်နေ့ ည ၇ နာရီကျော်ပြီးစအချိန်မှာ ယာဉ်နစ်မြုပ်မှုကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က စတင်သိရှိခဲ့ကြတယ်လို့ဆိုပါတယ်။

2018-07-20_140439.jpg

ကုန်း၊ ရေနှစ်သွယ်ယာဉ်တစ်စီး ရေပြင်မှာခုတ်မောင်းနေစဉ် (Photo: Boston 25 News)



နစ်မြုပ်မှုဖြစ်ပွားချိန်မှာ Table Rock ရေအိုင်တည်ရှိရာ ဒေသအတွင်း မိုးသက်မုန်တိုင်း ကျရောက်နေခဲ့တယ်လို့ သိရပါတယ်။ ရေငုပ်သမားတွေက ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုအား ယမန်နေ့ညဉ့်နက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပြီး ယနေ့ (ဇူလိုင် ၂၀ ရက်) မနက်ပိုင်းမှာ ဆက်လက် ရှာဖွေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မတော်တဆမှုအတွင်း ဘဲရေယာဉ်မှ ကပ္ပတိန်ဖြစ်သူ အသက်ရှင်ခဲ့ပြီး မောင်းနှင်သူကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Table Rock ရေအိုင်ကြီးအနီး ရှိနေခဲ့တဲ့ မျက်မြင်တစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ကုန်း၊ ရေနှစ်သွယ် သွားလာနိုင်တဲ့ ဘဲရေယာဉ်နှစ်စီးဟာ လှိုင်းထန်မှုနဲ့ ကြုံနေခဲ့ရတာ တွေ့ရပါတယ်။

2018-07-20_140501.jpg

မြေပြင်မှာမောင်းနှင်သွားသည့် ကုန်း၊ ရေနှစ်သွယ်ယာဉ်တစ်စီး (Photo: Boston 25 News)



အဆိုပါယာဉ်နှစ်စီးမှ တစ်စီးကတော့ ရေအိုင်ကြီးရဲ့ ကမ်းခြေနေရာကို ရောက်ရှိလာနိုင်ခဲ့ပြီး အခြားတစ်စီးမှာမူ လေပြင်းတိုက်ခတ်မှုကြောင့် အနောက်ဘက်ကို ပြန်ရောက်သွားခဲ့ကာ နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ နစ်မြုပ်သွားတဲ့ ဘဲရေယာဉ်ပေါ်မှာ ကလေးငယ်အချို့လည်း ပါရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

_102619815_42e0a1aa-5457-4530-97a4-7b8abd2802af.jpg

Photo: BBC



ကုန်း၊ ရေနှစ်သွယ် သွားလာနိုင်တဲ့ ဘဲရေယာဉ်တွေကို ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ သို့သော် အဆိုပါယာဉ် မတော်တဆမှု အများအပြား ဖြစ်ခဲ့ဖူးပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

အေမရိကန္ႏုိင္ငံ မစ္ဆူရီျပည္နယ္မွာ ကမာၻလွည့္ခရီးသည္မ်ား တင္ေဆာင္ထားတဲ့ ေျမျပင္နဲ႕ေရျပင္ႏွစ္မ်ဳိးသုံး ကုန္း၊ ေရႏွစ္သြယ္ယာဥ္တစ္စီး တိမ္းေမွာက္နစ္ျမဳပ္ခဲ့ၿပီး လူ ၁၇ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

rescue-personnel-are-seen-after-an-amphibious--quot-duck-boat-quot--capsized-and-sank--at-table-rock-lake-near-branson--stone-county-2.jpg

အဆုိပါယာဥ္ဟာ ယမန္ေန႕ (ဇူလုိင္ ၁၉ ရက္) က မုိးသက္မုန္တုိင္းက်ေရာက္စဥ္ မစ္ဆူရီျပည္နယ္႐ွိ Table Rock ေရအုိင္ႀကီးအတြင္း နစ္ျမဳပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကုန္း၊ ေရႏွစ္သြယ္ယာဥ္ေပၚမွာ လူ ၃၁ ဦး လုိက္ပါသြားခဲ့ေၾကာင္း ေဒသခံမီဒီယာေတြက ေဖာ္ျပထားပါတယ္။ ေသဆုံးခဲ့သူ ၁၇ ဦးအနက္ ၉ ဦးဟာ မိသားစုတစ္ခုတည္းမွ ျဖစ္တယ္လို႕လည္း မစ္ဆူရီျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး မုိက္ယ္ပါဆန္က ေျပာပါတယ္။

Photo: EPA



Table Rock ေရအုိင္ႀကီးဟာ မစ္ဆူရီျပည္နယ္ ဘရန္ဆန္ၿမဳိ႕အနီးမွာ႐ွိၿပီး ကမာၻလွည့္ခရီးသည္မ်ား လာေရာက္မႈမ်ားျပားတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ေရငုပ္သမားေတြက ေပ်ာက္ဆုံးေနသူငါးဦးကုိ ဆက္လက္ ႐ွာေဖြေနေၾကာင္း သိရပါတယ္။

ဘဲေရယာဥ္ (duck boat) လုိ႕လည္းေခၚၾကတဲ့ အဆုိပါယာဥ္ နစ္ျမဳပ္မႈမွ ကယ္ဆယ္ႏုိင္ခဲ့သူေတြအနက္ ခုနစ္ဦးကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ခဲ့ေၾကာင္းနဲ႕ တစ္ဦးမွာ စုိးရိမ္ရတဲ့အေျခအေနျဖစ္တယ္လို႕ ရဲတပ္ဖြဲ႕ကေျပာပါတယ္။ ယမန္ေန႕ ည ၇ နာရီေက်ာ္ၿပီးစအခ်ိန္မွာ ယာဥ္နစ္ျမဳပ္မႈကုိ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕က စတင္သိ႐ွိခဲ့ၾကတယ္လုိ႕ဆုိပါတယ္။

ကုန္း၊ ေရႏွစ္သြယ္ယာဥ္တစ္စီး ေရျပင္မွာခုတ္ေမာင္းေနစဥ္ (Photo: Boston 25 News)



နစ္ျမဳပ္မႈျဖစ္ပြားခ်ိန္မွာ Table Rock ေရအုိင္တည္႐ွိရာ ေဒသအတြင္း မုိးသက္မုန္တုိင္း က်ေရာက္ေနခဲ့တယ္လို႕ သိရပါတယ္။ ေရငုပ္သမားေတြက ေပ်ာက္ဆုံးေနသူေတြကုိ ႐ွာေဖြမႈအား ယမန္ေန႕ညဥ့္နက္ပုိင္းမွာ ရပ္ဆုိင္းခဲ့ၿပီး ယေန႕ (ဇူလုိင္ ၂၀ ရက္) မနက္ပုိင္းမွာ ဆက္လက္ ႐ွာေဖြခဲ့ၾကတယ္လို႕ ရဲတပ္ဖြဲ႕က သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

မေတာ္တဆမႈအတြင္း ဘဲေရယာဥ္မွ ကပၸတိန္ျဖစ္သူ အသက္႐ွင္ခဲ့ၿပီး ေမာင္းႏွင္သူကေတာ့ ေသဆုံးခဲ့တယ္လုိ႕ သိရပါတယ္။ Table Rock ေရအုိင္ႀကီးအနီး ႐ွိေနခဲ့တဲ့ မ်က္ျမင္တစ္ဦးက ႐ုိက္ကူးထားတဲ့ ဗီဒီယုိထဲမွာ ကုန္း၊ ေရႏွစ္သြယ္ သြားလာႏုိင္တဲ့ ဘဲေရယာဥ္ႏွစ္စီးဟာ လႈိင္းထန္မႈနဲ႕ ႀကဳံေနခဲ့ရတာ ေတြ႕ရပါတယ္။

ေျမျပင္မွာေမာင္းႏွင္သြားသည့္ ကုန္း၊ ေရႏွစ္သြယ္ယာဥ္တစ္စီး (Photo: Boston 25 News)



အဆုိပါယာဥ္ႏွစ္စီးမွ တစ္စီးကေတာ့ ေရအုိင္ႀကီးရဲ႕ ကမ္းေျခေနရာကုိ ေရာက္႐ွိလာႏုိင္ခဲ့ၿပီး အျခားတစ္စီးမွာမူ ေလျပင္းတုိက္ခတ္မႈေၾကာင့္ အေနာက္ဘက္ကုိ ျပန္ေရာက္သြားခဲ့ကာ နစ္ျမဳပ္ခဲ့တယ္လုိ႕ သိရပါတယ္။ နစ္ျမဳပ္သြားတဲ့ ဘဲေရယာဥ္ေပၚမွာ ကေလးငယ္အခ်ဳိ႕လည္း ပါ႐ွိခဲ့တယ္လုိ႕ ေဒသခံမီဒီယာေတြက ေျပာပါတယ္။

Photo: BBC



ကုန္း၊ ေရႏွစ္သြယ္ သြားလာႏုိင္တဲ့ ဘဲေရယာဥ္ေတြကုိ ကမာၻလွည့္ခရီးသည္မ်ား အႀကဳိက္ေတြ႕ၾကတယ္လို႕ ေဒသခံေတြကဆုိပါတယ္။ သုိ႕ေသာ္ အဆုိပါယာဥ္ မေတာ္တဆမႈ အမ်ားအျပား ျဖစ္ခဲ့ဖူးၿပီး လူေသဆုံးမႈေတြလည္း ႐ွိခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs