• International News
    တောင်ကိုရီးယားတရားရုံးက သမ္မတဟောင်းပတ်ဂွမ်ဟေးကို နောက်ထပ် ထောင်ဒဏ် ၈ နှစ် ချမှတ်
Ko John
[Unicode Version]

အဂတိလိုက်စားမှု အရှုပ်အထွေးဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးကို အစိုးရထောက်လှမ်းရေးဌာနမှ တရားမဝင် ငွေလက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုတို့ဖြင့် တရားရုံးက နောက်ထပ် ထောင်ဒဏ် ၈ နှစ် ယနေ့ (ဇူလိုင် ၂၀ ရက်) ချမှတ်လိုက်ပါတယ်။

file-photo--south-korean-ousted-leader-park-geun-hye-arrives-at-a-court-in-seoul-1.jpg

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး (Photo: Reuters)



သမ္မတဟောင်းပတ်ဂွမ်ဟေးဟာ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးမှုတို့ဖြင့် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရကြောင်းလည်း သိရပါတယ်။ ပတ်ဂွမ်ဟေးကို အဂတိလိုက်စားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် လူပေါင်းသန်းနဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြမှုတွေလည်း ယမန်နှစ်အတွင်း ပေါ်ပေါက်ခဲ့ပါတယ်။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F274042%2F769aa5501d214458ac575640ae6ab060.jpg

ပတ်ဂွမ်ဟေးကို ဆန္ဒပြမှုမြင်ကွင်း (Photo: AHN YOUNG-JOON/AP)



ထို့နောက် သူမကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပြီး သမ္မတရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ခဲ့ပါတယ်။ ယနေ့ တရားခွင်သို့လာရောက်ရန် ငြင်းဆန်ခဲ့ပြီး သူမရဲ့မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပတ်ဂွမ်ဟေးက တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (National Intelligence Service - NIS) ထံမှ တရားမဝင်ငွေများ လက်ခံရယူခဲ့မှုနဲ့ ၂၀၁၆ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲအတွက် သူမရဲ့အာဏာရပါတီမှ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ဝင်ရောက်စွက်ဖက်ခဲ့မှုတို့ဖြင့် ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

park-chung-hee.jpg

ပတ်ဂွမ်ဟေး၏ဖခင် ပတ်ချွန်ဟီး (Photo: AFP)



တရားရုံးက ပတ်ဂွမ်ဟေးကို NIS ထံမှ ကိုရီးယားဝမ်ငွေ ၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ သန်း) ရယူခဲ့မှုဖြင့် ထောင်ဒဏ် ၆ နှစ်နဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ အသက် ၆၆ နှစ်အရွယ် သမ္မတဟောင်းပတ်ဂွမ်ဟေး ကျခံရမယ့် ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ်အထိ ဖြစ်လာခဲ့ပါတယ်။

choi-soon-sil-afp_650x400_81518509988.jpg

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသည့် ချိုဆွန်ဆေးလ် (Photo: AFP)



ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်တဲ့ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး ဆမ်ဆောင်းနဲ့ Lotte အပါအဝင် နာမည်ကြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများထံမှ လာဘ်ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေးဟာ တာင်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်သူ ပတ်ချွန်ဟီးရဲ့ သမီးဖြစ်ပါတယ်။

[Zawgyi Version]

အဂတိလုိက္စားမႈ အ႐ႈပ္အေထြးျဖင့္ ရာထူးမွဖယ္႐ွားခံခဲ့ရတဲ့ ေတာင္ကုိရီးယားသမၼတေဟာင္း ပတ္ဂြမ္ေဟးကုိ အစိုးရေထာက္လွမ္းေရးဌာနမွ တရားမဝင္ ေငြလက္ခံမႈနဲ႕ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္စြက္ဖက္မႈတုိ႕ျဖင့္ တရား႐ုံးက ေနာက္ထပ္ ေထာင္ဒဏ္ ၈ ႏွစ္ ယေန႕ (ဇူလုိင္ ၂၀ ရက္) ခ်မွတ္လိုက္ပါတယ္။

file-photo--south-korean-ousted-leader-park-geun-hye-arrives-at-a-court-in-seoul-1.jpg

ေတာင္ကုိရီးယားသမၼတေဟာင္း ပတ္ဂြမ္ေဟး (Photo: Reuters)



သမၼတေဟာင္းပတ္ဂြမ္ေဟးဟာ အဂတိလုိက္စားမႈနဲ႕ အာဏာအလြဲသုံးမႈတုိ႕ျဖင့္ ၿပီးခဲ့တဲ့ ဧၿပီ ၆ ရက္မွာ ေထာင္ဒဏ္ ၂၄ ႏွစ္ ခ်မွတ္ခံထားရေၾကာင္းလည္း သိရပါတယ္။ ပတ္ဂြမ္ေဟးကုိ အဂတိလုိက္စားမႈ အ႐ႈပ္အေထြးမွာ ပါဝင္ပတ္သက္ခဲ့တာေၾကာင့္ လူေပါင္းသန္းနဲ႕ခ်ီ ပါဝင္ၾကတဲ့ ဆႏၵျပမႈေတြလည္း ယမန္ႏွစ္အတြင္း ေပၚေပါက္ခဲ့ပါတယ္။

ပတ္ဂြမ္ေဟးကုိ ဆႏၵျပမႈျမင္ကြင္း (Photo: AHN YOUNG-JOON/AP)



ထို႕ေနာက္ သူမကုိ စြပ္စြဲျပစ္တင္မႈ ျပဳလုပ္ခဲ့ၿပီး သမၼတရာထူးကေန ဖယ္႐ွားခဲ့ပါတယ္။ ပတ္ဂြမ္ေဟးဟာ ေတာင္ကုိရီးယားရဲ႕ ပထမဆုံး အမ်ဳိးသမီးသမၼတလည္း ျဖစ္ခဲ့ပါတယ္။ ယေန႕ တရားခြင္သုိ႕လာေရာက္ရန္ ျငင္းဆန္ခဲ့ၿပီး သူမရဲ႕မ်က္ကြယ္မွာ ျပစ္ဒဏ္ခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ပတ္ဂြမ္ေဟးက ေတာင္ကုိရီးယား အမ်ဳိးသားေထာက္လွမ္းေရးဌာန (National Intelligence Service - NIS) ထံမွ တရားမဝင္ေငြမ်ား လက္ခံရယူခဲ့မႈနဲ႕ ၂၀၁၆ ခုႏွစ္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲအတြက္ သူမရဲ႕အာဏာရပါတီမွ ကုိယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ရာမွာ ဝင္ေရာက္စြက္ဖက္ခဲ့မႈတုိ႕ျဖင့္ ဆုိးလ္ၿမဳိ႕ ဗဟိုခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၈ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

park-chung-hee.jpg

ပတ္ဂြမ္ေဟး၏ဖခင္ ပတ္ခၽြန္ဟီး (Photo: AFP)



တရား႐ုံးက ပတ္ဂြမ္ေဟးကုိ NIS ထံမွ ကုိရီးယားဝမ္ေငြ ၃.၃ ဘီလီယံ (အေမရိကန္ေဒၚလာ ၂.၉ သန္း) ရယူခဲ့မႈျဖင့္ ေထာင္ဒဏ္ ၆ ႏွစ္နဲ႕ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္စြက္ဖက္မႈျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ယခုအခါ အသက္ ၆၆ ႏွစ္အ႐ြယ္ သမၼတေဟာင္းပတ္ဂြမ္ေဟး က်ခံရမယ့္ ေထာင္ဒဏ္ဟာ စုစုေပါင္း ၃၂ ႏွစ္အထိ ျဖစ္လာခဲ့ပါတယ္။

ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံရသည့္ ခ်ဳိဆြန္ေဆးလ္ (Photo: AFP)



ပတ္ဂြမ္ေဟးဟာ သူငယ္ခ်င္းျဖစ္တဲ့ ခ်ဳိဆြန္ေဆးလ္နဲ႕ ပူးေပါင္းၿပီး ဆမ္ေဆာင္းနဲ႕ Lotte အပါအဝင္ နာမည္ႀကီး ေတာင္ကိုရီးယား စီးပြားေရးလုပ္ငန္းမ်ားထံမွ လာဘ္ေငြမ်ားရယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။ သမၼတေဟာင္း ပတ္ဂြမ္ေဟးရဲ႕သူငယ္ခ်င္း ခ်ဳိဆြန္ေဆးလ္ကုိလည္း ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာ သမၼတျဖစ္လာခဲ့တဲ့ ပတ္ဂြမ္ေဟးဟာ တာင္ကုိရီးယားကုိ ၁၉၆၁ ခုႏွစ္မွ ၁၉၇၉ ခုႏွစ္အထိ သံမဏိစည္းမ်ဥ္းစည္းကမ္းေတြနဲ႕ ၾကမ္းတမ္းစြာ အုပ္ခ်ဳပ္ခဲ့တဲ့ အာဏာ႐ွင္ဆန္သူ ပတ္ခၽြန္ဟီးရဲ႕ သမီးျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs