• International News
    ကားအတွင်းပိတ်မိပြီး အပူချိန်မြင့်တက်မှုကြောင့် တရုတ်မိန်းကလေးငယ်နှစ်ဦး သေဆုံး
Ko John
[Unicode Version]

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မိန်းကလေးငယ်နှစ်ဦး ကားအတွင်းပိတ်မိပြီးနောက် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ Jiaojiao နဲ့ Wenwen အမည်ရှိ ညီအစ်မနှစ်ဦးဟာ သူမတို့ရဲ့ အဘိုးဖြစ်သူနဲ့အတူ နေထိုင်ကြတာဖြစ်ပါတယ်။

DijEIKzUwAEs5xf.jpg

Graphic: China Daily



အင်္ဂါနေ့ (ဇူလိုင် ၁၇ ရက်) မှာ သူမတို့နဲ့ ဦးလေးတော်စပ်သူက အန်ဟွေး (Anhui) ပြည်နယ် ဘန်းဘူ (Bengbu) မြို့ရှိ နေအိမ်ကို ကားဖြင့်ရောက်ရှိလာခဲ့ပြီး ၎င်းရဲ့ကားကို နေအိမ်ခြံဝင်းအတွင်း ရပ်ထားခဲ့ပါတယ်။ နေ့လယ်စာ စားပြီးနောက်မှာတော့ ညီအစ်မနှစ်ဦးက ကားတံခါးကို သော့ခတ်မထားကြောင်း တွေ့ခဲ့ကြပြီးနောက် ကားအတွင်း ဝင်ဆော့ခဲ့ကြပါတယ်။

ညနေ ၆ နာရီဝန်းကျင်မှာ အဘိုးဖြစ်သူက မိန်းကလေးငယ်နှစ်ဦး ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လိုက်လံရှာဖွေကြရာက ည ၉ နာရီဝန်းကျင်မှာ ၎င်းတို့နှစ်ဦး ကားအတွင်း သေဆုံးလျက်သား တွေ့ရှိခဲ့ရကြောင်း China Daily သတင်းမှာ ဖော်ပြထားပါတယ်။

လက်တွေ့စမ်းသပ်ချက်အရ ကားတစ်စီးကို နေရောင်အောက်မှာ မိနစ် ၃၀ ကြာ ရပ်နားထားခဲ့ပါက ကားအတွင်း အပူချိန်ဟာ ၄၅.၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာကြောင်း သိရပါတယ်။

2018-07-20_202704.jpg

Map: Google Maps



ထိုအပူချိန်ဖြင့် ကားအတွင်းရှိနေသူတွေဟာ ခေါင်းမူးလာခြင်း၊ မအီမသာဖြစ်ကာ ပျို့အန်ချင်လာခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ ခံစားရပါတယ်။ နောက်ထပ် တစ်နာရီကြာပါက ကားအတွင်း အပူချိန်ဟာ ၅၈.၃ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာတယ်လို့ စမ်းသပ်ချက်ကဆိုပါတယ်။

ဆရာဝန်တွေကလည်း ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ နေရာအတူတူမှာပင် အရွယ်ရောက်ပြီးသူတွေထက် သုံးဆမှငါးဆအထိ ပိုမိုလျင်မြန်စွာ မြင့်တက်လေ့ရှိတာကြောင့် မိဘတွေအနေနဲ့ ၎င်းတို့ရဲ့ကလေးတွေကို ကားအတွင်း မည်သည့်အခါမျှ မထားခဲ့ကြရန် သတိပေးထားကြောင်း သိရပါတယ်။

[Zawgyi Version]

တ႐ုတ္ႏုိင္ငံအေ႐ွ႕ပုိင္းမွာ မိန္းကေလးငယ္ႏွစ္ဦး ကားအတြင္းပိတ္မိၿပီးေနာက္ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။ Jiaojiao နဲ႕ Wenwen အမည္႐ွိ ညီအစ္မႏွစ္ဦးဟာ သူမတုိ႕ရဲ႕ အဘုိးျဖစ္သူနဲ႕အတူ ေနထုိင္ၾကတာျဖစ္ပါတယ္။

DijEIKzUwAEs5xf.jpg

Graphic: China Daily



အဂၤါေန႕ (ဇူလုိင္ ၁၇ ရက္) မွာ သူမတုိ႕နဲ႕ ဦးေလးေတာ္စပ္သူက အန္ေဟြး (Anhui) ျပည္နယ္ ဘန္းဘူ (Bengbu) ၿမဳိ႕႐ွိ ေနအိမ္ကုိ ကားျဖင့္ေရာက္႐ွိလာခဲ့ၿပီး ၎ရဲ႕ကားကုိ ေနအိမ္ၿခံဝင္းအတြင္း ရပ္ထားခဲ့ပါတယ္။ ေန႕လယ္စာ စားၿပီးေနာက္မွာေတာ့ ညီအစ္မႏွစ္ဦးက ကားတံခါးကုိ ေသာ့ခတ္မထားေၾကာင္း ေတြ႕ခဲ့ၾကၿပီးေနာက္ ကားအတြင္း ဝင္ေဆာ့ခဲ့ၾကပါတယ္။

ညေန ၆ နာရီဝန္းက်င္မွာ အဘုိးျဖစ္သူက မိန္းကေလးငယ္ႏွစ္ဦး ေပ်ာက္ဆုံးေနတာကုိ သတိထားမိခဲ့ၿပီး လိုက္လံ႐ွာေဖြၾကရာက ည ၉ နာရီဝန္းက်င္မွာ ၎တုိ႕ႏွစ္ဦး ကားအတြင္း ေသဆုံးလ်က္သား ေတြ႕႐ွိခဲ့ရေၾကာင္း China Daily သတင္းမွာ ေဖာ္ျပထားပါတယ္။

လက္ေတြ႕စမ္းသပ္ခ်က္အရ ကားတစ္စီးကုိ ေနေရာင္ေအာက္မွာ မိနစ္ ၃၀ ၾကာ ရပ္နားထားခဲ့ပါက ကားအတြင္း အပူခ်ိန္ဟာ ၄၅.၅ ဒီဂရီဆဲလ္စီးယပ္အထိ ျမင့္တက္လာေၾကာင္း သိရပါတယ္။

2018-07-20_202704.jpg

Map: Google Maps



ထုိအပူခ်ိန္ျဖင့္ ကားအတြင္း႐ွိေနသူေတြဟာ ေခါင္းမူးလာျခင္း၊ မအီမသာျဖစ္ကာ ပ်ဳိ႕အန္ခ်င္လာျခင္းနဲ႕ အသက္႐ွဴရခက္ခဲျခင္းတုိ႕ ခံစားရပါတယ္။ ေနာက္ထပ္ တစ္နာရီၾကာပါက ကားအတြင္း အပူခ်ိန္ဟာ ၅၈.၃ ဒီဂရီဆဲလ္စီးယပ္အထိ ျမင့္တက္လာတယ္လုိ႕ စမ္းသပ္ခ်က္ကဆုိပါတယ္။

ဆရာဝန္ေတြကလည္း ကေလးငယ္ေတြရဲ႕ ခႏၶာကိုယ္အပူခ်ိန္ဟာ ေနရာအတူတူမွာပင္ အ႐ြယ္ေရာက္ၿပီးသူေတြထက္ သုံးဆမွငါးဆအထိ ပုိမုိလ်င္ျမန္စြာ ျမင့္တက္ေလ့႐ွိတာေၾကာင့္ မိဘေတြအေနနဲ႕ ၎တုိ႕ရဲ႕ကေလးေတြကုိ ကားအတြင္း မည္သည့္အခါမွ် မထားခဲ့ၾကရန္ သတိေပးထားေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs