• International News
    တရုတ်သွင်းကုန်အားလုံးကို အခွန်ကောက်မယ်လို့ ထရန့် ခြိမ်းခြောက်
Ko John
[Unicode Version]

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်သို့ တင်သွင်းလာတဲ့ တရုတ်ကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်ကောက်ခံသွားရန် လိုလားနေကြောင်း ဇူလိုင် ၂၀ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

2018-07-20_210021.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Photo: Reuters)



CNBC သတင်းဌာနနဲ့ အင်တာဗျူးရာမှာ သမ္မတထရန့်က ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်သို့ တင်သွင်းခွင်ပြုခဲ့တဲ့ ဒေါ်လာ ၅၀၅.၅ ဘီလီယံ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေကို ရည်ညွန်းလျက် "၅၀၀ ကို အခွန်စည်းကြပ်ဖို့ ကျွန်တော် အသင့်ပဲ" လို့ ပြောခဲ့ကြောင်း သိရပါတယ်။

"ကျွန်တော် ဒါကို နိုင်ငံရေးအတွက် လုပ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့နိုင်ငံအတွက် မှန်မှန်ကန်ကန်ဖြစ်စေဖို့ ဒါကို လုပ်နေတာပါ" လို့လည်း ထရန့်ကဆိုပါတယ်။ ဒါ့အပြင် "ကျွန်တော်တို့ တရုတ်က နှပ်ချတာ အချိန်အကြာကြီး ခံခဲ့ရပြီးပြီ" လို့လည်း သမ္မတထရန့်က ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

137315080_15312325760461n.jpg

တရုတ်သမ္မတရှီကျင်းပင် (Photo: news.cn)



အချည်းနှီးဖြစ်ခဲ့တဲ့ ရက်သတ္တပတ်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေပြီးနောက် အမေရိကန်က ယခုလအစောပိုင်းမှာ ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ တရုတ်နိုင်ငံမှ စက်မှုနဲ့နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံရန် သတ်မှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ ထိုလုပ်ရပ်အတွက် လက်တုံ့ပြန်သွားမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဟာ စီးပွားရေးသမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်က ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေကိုလည်း အခွန်စည်းကြပ်ကောက်ခံရန် သုံးသပ်နေပြီး မကြာမီ လက်တွေ့ လုပ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

_102478607_us.china.trade.battle.bbc.png

Infographic: BBC



တရုတ်သွင်းကုန်တွေကို အခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေခြင်းနဲ့ ပတ်သက်ပြီး "ကျွန်တော် သူတို့ကို ကြောက်လန့်စေချင်တာ မဟုတ်ဘူး၊ သူတို့ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်စေချင်တာ၊ ကျွန်တော် သမ္မတရှီကျင်းပင်ကို တစ်ကယ် သဘောကျပါတယ်၊ ဒါပေမဲ့ ကုန်သွယ်မှုက အလွန်ကို မမျှတပါဘူး" လို့ CNBC အင်တာဗျူးမှာ ထရန့်က ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား သွင်းကုန်အခွန်များ အပြန်အလှန် စည်းကြပ်ကောက်ခံမှုနဲ့အတူ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။

[Zawgyi Version]

အေမရိကန္သမၼတ ေဒၚနယ္ထရန္႕က အေမရိကန္သုိ႕ တင္သြင္းလာတဲ့ တ႐ုတ္ကုန္ပစၥည္းအားလုံးကုိ အခြန္စည္းၾကပ္ေကာက္ခံသြားရန္ လိုလားေနေၾကာင္း ဇူလုိင္ ၂၀ ရက္မွာ ထုတ္လႊင့္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

2018-07-20_210021.jpg

အေမရိကန္သမၼတ ေဒၚနယ္ထရန္႕ (Photo: Reuters)



CNBC သတင္းဌာနနဲ႕ အင္တာဗ်ဴးရာမွာ သမၼတထရန္႕က ၂၀၁၇ ခုႏွစ္အတြင္း အေမရိကန္သုိ႕ တင္သြင္းခြင္ျပဳခဲ့တဲ့ ေဒၚလာ ၅၀၅.၅ ဘီလီယံ တန္ဖုိး႐ွိ တ႐ုတ္သြင္းကုန္ေတြကုိ ရည္ညြန္းလ်က္ "၅၀၀ ကုိ အခြန္စည္းၾကပ္ဖုိ႕ ကၽြန္ေတာ္ အသင့္ပဲ" လုိ႕ ေျပာခဲ့ေၾကာင္း သိရပါတယ္။

"ကၽြန္ေတာ္ ဒါကို ႏုိင္ငံေရးအတြက္ လုပ္ေနတာ မဟုတ္ပါဘူး၊ ကၽြန္ေတာ္တုိ႕ႏုိင္ငံအတြက္ မွန္မွန္ကန္ကန္ျဖစ္ေစဖုိ႕ ဒါကုိ လုပ္ေနတာပါ" လုိ႕လည္း ထရန္႕ကဆုိပါတယ္။ ဒါ့အျပင္ "ကၽြန္ေတာ္တုိ႕ တ႐ုတ္က ႏွပ္ခ်တာ အခ်ိန္အၾကာႀကီး ခံခဲ့ရၿပီးၿပီ" လုိ႕လည္း သမၼတထရန္႕က ျဖည့္စြက္ေျပာခဲ့ပါေသးတယ္။

137315080_15312325760461n.jpg

တ႐ုတ္သမၼတ႐ွီက်င္းပင္ (Photo: news.cn)



အခ်ည္းႏွီးျဖစ္ခဲ့တဲ့ ရက္သတၱပတ္ၾကာ ေဆြးေႏြးညွိႏႈိင္းမႈေတြၿပီးေနာက္ အေမရိကန္က ယခုလအေစာပုိင္းမွာ ေဒၚလာ ၃၄ ဘီလီယံတန္ဖုိး႐ွိ တ႐ုတ္ႏုိင္ငံမွ စက္မႈနဲ႕နည္းပညာဆုိင္ရာ ထုတ္ကုန္ေတြကုိ ၂၅ ရာခုိင္ႏႈန္း အခြန္ေကာက္ခံရန္ သတ္မွတ္လုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံကလည္း အေမရိကန္ရဲ႕ ထုိလုပ္ရပ္အတြက္ လက္တုံ႕ျပန္သြားမယ္လုိ႕ ေျပာခဲ့ပါတယ္။ အေမရိကန္ဟာ စီးပြားေရးသမုိင္းမွာ အႀကီးမားဆုံး ကုန္သြယ္ေရးစစ္ပြဲကုိ စတင္လုိက္ျခင္းျဖစ္တယ္လို႕ တ႐ုတ္ႏုိင္ငံက စြပ္စြဲခဲ့ပါတယ္။

အေမရိကန္က ေဒၚလာ ၁၆ ဘီလီယံတန္ဖုိး႐ွိ တ႐ုတ္သြင္းကုန္ေတြကုိလည္း အခြန္စည္းၾကပ္ေကာက္ခံရန္ သုံးသပ္ေနၿပီး မၾကာမီ လက္ေတြ႕ လုပ္ေဆာင္လာႏုိင္ေၾကာင္း သိရပါတယ္။

_102478607_us.china.trade.battle.bbc.png

Infographic: BBC



တ႐ုတ္သြင္းကုန္ေတြကုိ အခြန္ေကာက္ခံမႈေတြ လုပ္ေဆာင္ေနျခင္းနဲ႕ ပတ္သက္ၿပီး "ကၽြန္ေတာ္ သူတုိ႕ကုိ ေၾကာက္လန္႕ေစခ်င္တာ မဟုတ္ဘူး၊ သူတုိ႕ကုိ ေကာင္းေကာင္းမြန္မြန္ လုပ္ေဆာင္ေစခ်င္တာ၊ ကၽြန္ေတာ္ သမၼတ႐ွီက်င္းပင္ကုိ တစ္ကယ္ သေဘာက်ပါတယ္၊ ဒါေပမဲ့ ကုန္သြယ္မႈက အလြန္ကုိ မမွ်တပါဘူး" လုိ႕ CNBC အင္တာဗ်ဴးမွာ ထရန္႕က ေျပာခဲ့ပါတယ္။

အေမရိကန္နဲ႕ တ႐ုတ္တုိ႕ၾကား သြင္းကုန္အခြန္မ်ား အျပန္အလွန္ စည္းၾကပ္ေကာက္ခံမႈနဲ႕အတူ ကမာၻ႕စီးပြားေရးအင္အားအႀကီးဆုံး ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲ ပုိမုိဆုိး႐ြားလာမွာကုိ စုိးရိမ္ေနၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs