• International News
    နယူးယော့ခ်မှာ မြန်မာအမျိုးသမီးသူနာပြုတစ်ဦး အိပ်ခန်းအတွင်း သေဆုံးလျက်သား တွေ့ရှိရ
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ ဘရွတ်ကလင်းမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကို သူမရဲ့ အိပ်ခန်းဗီရိုတစ်ခုအတွင်း အိပ်ရာခင်းဖြင့် မံမီကဲ့သို့ထုပ်ပိုးထားလျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ny-1532206311-00g4gsuimv-snap-image.jpg

ဒေါ်ကြည်မာသိန်း၏အလောင်းကို သယ်ယူလာစဉ် (Photo: (Theodore Parisienne/New York Daily News)



ယမန်နေ့ (ဇူလိုင် ၂၁ ရက်) ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်းက အိပ်ခန်းဗီရိုအတွင်း တွေ့ရှိခဲ့ရတဲ့ သေဆုံးနေသူဟာ ဒေါ်ကြည်မာသိန်းအမည်ရှိ အသက် ၅၈ နှစ်အရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး သုံးရက်ကြာ ပျောက်ဆုံးနေခဲ့ရာမှ အလောင်းပြန်ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်ကြည်မာသိန်းဟာ ဘရွတ်ကလင်းရှိ SUNY Downstate Medical Center မှာ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်းကတည်းက လုပ်ငန်းခွင်သို့ လာရောက်ခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

ယမန်နေ့ မနက်အစောပိုင်းမှာတော့ စိတ်ပူနေကြတဲ့ ဒေါ်ကြည်မာသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမ နေထိုင်တဲ့ East Flatbush တိုက်ခန်းကို လာရောက်ကြည့်ရှုခဲ့ကြရာမှ သေဆုံးနေတာ တွေ့ရှိခဲ့ရပါတယ်။

10259145_890620547619392_8952098619652518058_o.jpg

သေဆုံးသူ ဒေါ်ကြည်မာသိန်း (Photo: Kyimar Thein Facebook)



သေဆုံးသူဟာ ရုန်းကန်တိုက်ခိုက်ထားတဲ့ လက္ခဏာမတွေ့ရကြောင်းနဲ့ တိုက်ခန်းထဲမှာ အခြား မည်သူ့ကိုမျှ မတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အဆိုပါ တိုက်ခန်းမှာ လုယက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းရှိ မရှိကိုလည်း သေချာစွာ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ကပြောကြောင်း New York Daily News မှာ ဖော်ပြထားပါတယ်။

ဒေါ်ကြည်မာသိန်းရဲ့သတင်းကို ကြားသိကြပြီးနောက် နာရီပိုင်းအကြာမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက တိုက်ခန်းအပြင်ဘက်မှာ လာရောက်စုရုံးခဲ့ကြပါတယ်။ သေဆုံးသူ ဒေါ်ကြည်မာသိန်းထံမှာ သားတစ်ဦးရှိပြီး ဆရာဝန်ဖြစ်ကြောင်း အိမ်နီးချင်းတွေက ပြောကြပါတယ်။

ny-1532189340-fknxk8pofd-snap-image.jpg

ဒေါ်ကြည်မာသိန်း နေထိုင်သည့် တိုက်ခန်း (Photo: (Theodore Parisienne/New York Daily News)



လွန်ခဲ့တဲ့ ၂ လခန့်မှာ ဒေါ်ကြည်မာသိန်းက အသက် ၂၃ နှစ်အရွယ် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို သူမနဲ့အတူ နေထိုင်စေခဲ့တယ်လို့ အခြား လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောခဲ့ပါတယ်။ လက်ရှိမှာ ဒေါ်ကြည်မာသိန်းနဲ့ အတူနေထိုင်ခဲ့တဲ့ အမျိုးသမီးလည်း ပျောက်နေတယ်လို့ဆိုပါတယ်။

သေဆုံးသူ ဒေါ်ကြည်မာသိန်းဟာ ခရီးသွားရတာကို နှစ်သက်သူဖြစ်ပြီး နိုင်ငံအတော်များများကို သွားရောက် လည်ပတ်ခဲ့ဖူးကြောင်း သူမရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ဒေါ်ကြည်မာသိန်း ပဟေဠိဆန်ဆန် သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး သံသယရှိသူ တစ်စုံတစ်ဦးကို ဖမ်းဆီးခြင်းမရှိသေးဘဲ သေဆုံးရတဲ့အကြောင်းရင်းကို သိရှိနိုင်ရန် အလောင်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

[Zawgyi Version]

အေမရိကန္ႏုိင္ငံ နယူးေယာ့ခ္ၿမဳိ႕ ဘ႐ြတ္ကလင္းမွာ႐ွိတဲ့ တုိက္ခန္းတစ္ခုမွာ ေသဆုံးေနတဲ့ ျမန္မာအမ်ဳိးသမီးတစ္ဦးရဲ႕ အေလာင္းကုိ သူမရဲ႕ အိပ္ခန္းဗီ႐ုိတစ္ခုအတြင္း အိပ္ရာခင္းျဖင့္ မံမီကဲ့သုိ႕ထုပ္ပုိးထားလ်က္ ေတြ႕႐ွိခဲ့ရတယ္လို႕ ဆုိပါတယ္။

ေဒၚၾကည္မာသိန္း၏အေလာင္းကုိ သယ္ယူလာစဥ္ (Photo: (Theodore Parisienne/New York Daily News)



ယမန္ေန႕ (ဇူလုိင္ ၂၁ ရက္) ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီဝန္းက်င္းက အိပ္ခန္းဗီ႐ိုအတြင္း ေတြ႕႐ွိခဲ့ရတဲ့ ေသဆုံးေနသူဟာ ေဒၚၾကည္မာသိန္းအမည္႐ွိ အသက္ ၅၈ ႏွစ္အ႐ြယ္ ျမန္မာအမ်ဳိးသမီးျဖစ္ၿပီး သုံးရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ရာမွ အေလာင္းျပန္႐ွာေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

ေဒၚၾကည္မာသိန္းဟာ ဘ႐ြတ္ကလင္း႐ွိ SUNY Downstate Medical Center မွာ သူနာျပဳအျဖစ္ အလုပ္လုပ္ကုိင္ေနသူျဖစ္ၿပီး ဗုဒၶဟူးေန႕ (ဇူလုိင္ ၁၈ ရက္) ညပုိင္းကတည္းက လုပ္ငန္းခြင္သုိ႕ လာေရာက္ခဲ့ျခင္းမ႐ွိဘဲ ေပ်ာက္ဆုံးေနခဲ့ပါတယ္။

ယမန္ေန႕ မနက္အေစာပုိင္းမွာေတာ့ စိတ္ပူေနၾကတဲ့ ေဒၚၾကည္မာသိန္းရဲ႕ လုပ္ေဖာ္ကုိင္ဖက္ေတြက သူမ ေနထုိင္တဲ့ East Flatbush တုိက္ခန္းကုိ လာေရာက္ၾကည့္႐ႈခဲ့ၾကရာမွ ေသဆုံးေနတာ ေတြ႕႐ွိခဲ့ရပါတယ္။

ေသဆုံးသူ ေဒၚၾကည္မာသိန္း (Photo: Kyimar Thein Facebook)



ေသဆုံးသူဟာ ႐ုန္းကန္တုိက္ခုိက္ထားတဲ့ လကၡဏာမေတြ႕ရေၾကာင္းနဲ႕ တုိက္ခန္းထဲမွာ အျခား မည္သူ႕ကုိမွ် မေတြ႕ခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။ အဆုိပါ တုိက္ခန္းမွာ လုယက္တုိက္ခိုက္မႈ ျဖစ္ပြားခဲ့ျခင္း႐ွိ မ႐ွိကိုလည္း ေသခ်ာစြာ မသိရေသးဘူးလုိ႕ ရဲတပ္ဖြဲ႕ကေျပာေၾကာင္း New York Daily News မွာ ေဖာ္ျပထားပါတယ္။

ေဒၚၾကည္မာသိန္းရဲ႕သတင္းကုိ ၾကားသိၾကၿပီးေနာက္ နာရီပုိင္းအၾကာမွာ သူမရဲ႕ လုပ္ေဖာ္ကုိင္ဖက္ေတြက တိုက္ခန္းအျပင္ဘက္မွာ လာေရာက္စု႐ုံးခဲ့ၾကပါတယ္။ ေသဆုံးသူ ေဒၚၾကည္မာသိန္းထံမွာ သားတစ္ဦး႐ွိၿပီး ဆရာဝန္ျဖစ္ေၾကာင္း အိမ္နီးခ်င္းေတြက ေျပာၾကပါတယ္။

ေဒၚၾကည္မာသိန္း ေနထုိင္သည့္ တုိက္ခန္း (Photo: (Theodore Parisienne/New York Daily News)



လြန္ခဲ့တဲ့ ၂ လခန္႕မွာ ေဒၚၾကည္မာသိန္းက အသက္ ၂၃ ႏွစ္အ႐ြယ္ လုပ္ေဖာ္ကုိင္ဖက္ အမ်ဳိးသမီးတစ္ဦးကုိ သူမနဲ႕အတူ ေနထုိင္ေစခဲ့တယ္လုိ႕ အျခား လုပ္ေဖာ္ကုိင္ဖက္တစ္ဦးက ေျပာခဲ့ပါတယ္။ လက္႐ွိမွာ ေဒၚၾကည္မာသိန္းနဲ႕ အတူေနထုိင္ခဲ့တဲ့ အမ်ဳိးသမီးလည္း ေပ်ာက္ေနတယ္လို႕ဆုိပါတယ္။

ေသဆုံးသူ ေဒၚၾကည္မာသိန္းဟာ ခရီးသြားရတာကုိ ႏွစ္သက္သူျဖစ္ၿပီး ႏုိင္ငံအေတာ္မ်ားမ်ားကို သြားေရာက္ လည္ပတ္ခဲ့ဖူးေၾကာင္း သူမရဲ႕မိတ္ေဆြတစ္ဦးက ေျပာပါတယ္။

လက္႐ွိအခ်ိန္ထိ ေဒၚၾကည္မာသိန္း ပေဟဠိဆန္ဆန္ ေသဆုံးခဲ့တဲ့ အမႈနဲ႕ပတ္သက္ၿပီး သံသယ႐ွိသူ တစ္စုံတစ္ဦးကုိ ဖမ္းဆီးျခင္းမ႐ွိေသးဘဲ ေသဆုံးရတဲ့အေၾကာင္းရင္းကို သိ႐ွိႏုိင္ရန္ အေလာင္းစစ္ေဆးမႈ ျပဳလုပ္သြားမယ္လို႕ ရဲတပ္ဖြဲ႕က ေျပာထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs