• International News
    ဗီယက်နမ်မှာ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၉ ဦးအထိ မြင့်တက်လာ
Ko John
[Unicode Version]

ဗီယက်နမ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၉ ဦးထက်နည်း ရှိလာကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၂၂ ရက်) ပြောပါတယ်။ ရေကြီးမှုဖြစ်ပေါ်နေတဲ့ ဒေသမှာနေထိုင်ကြသူတွေဟာ ရေဘေးအန္တရာယ် ကင်းလွတ်နိုင်တဲ့ အမြင့်ပိုင်းနေရာတွေကို ရှာဖွေရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

a-village-damaged-by-flash-flooding-in-vietnam-s-yen-bai-province-1532237496468-2.jpg

Photo: AFP



ရှည်လျားတဲ့ ကမ်းရိုးတန်းရှိပြီး အပူပိုင်းဒေသနိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ နှစ်စဉ် ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရလေ့ရှိပြီး မုတ်သုန်ရာသီအတွင်း ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။

လက်ရှိမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း Son Tinh ဟာ ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟးူနေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်း Son Tinh ဟာ ယခုနှစ်အတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်တဲ့ တတိယမြောက် အပူပိုင်းလည်း ဖြစ်လာပါတယ်။

Diob1-RUwAA30om.jpg

Photo: CGTN



မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၃ ဦး ပျောက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဗီယက်နမ်နိုင်ငံတစ်ဝှမ်း ဟနွိုင်းမြို့တော် အပါအဝင် မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လာမယ့် ရက်များမှာလည်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။

DirUmd2VAAALavz.jpg

Photo: Xinhua



ဟနွိုင်းမြို့ ဆင်ခြေဖုံးရှိ Chuong My ဒေသမှာ နေထိုင်ကြသူတွေကို ရေကြီးမှုကြုံရနိုင်တာကြောင့် ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းကြပြီး ပိုမိုမြင့်တဲ့ နေရာများမှာ နေထိုင်ကြရန် ညွန်ကြားထားကြောင်း အစိုးရပိုင် VNExpress သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ မိုးရာသီကာလဟာ ဒေသတွင်း အခြား နိုင်ငံများကဲ့သို့ပင် ဇွန်လမှ နိုဝင်ဘာအထိဖြစ်ပေမဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးမှုဟာ အိမ်နီးချင်းနိုင်ငံတွေထက် ပိုများလေ့ရှိပါတယ်။

ယမန်နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဗီယက်နမ်မှာ လူ ၃၈၉ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံအထိ ရှိခဲ့ကြောင်း အစိုးရရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

[Zawgyi Version]

ဗီယက္နမ္ႏုိင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ ၁၉ ဦးထက္နည္း ႐ွိလာေၾကာင္း အစုိးရက ယေန႕ (ဇူလုိင္ ၂၂ ရက္) ေျပာပါတယ္။ ေရႀကီးမႈျဖစ္ေပၚေနတဲ့ ေဒသမွာေနထုိင္ၾကသူေတြဟာ ေရေဘးအႏၱရာယ္ ကင္းလြတ္ႏုိင္တဲ့ အျမင့္ပုိင္းေနရာေတြကုိ ႐ွာေဖြေ႐ႊ႕ေျပာင္းခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။

a-village-damaged-by-flash-flooding-in-vietnam-s-yen-bai-province-1532237496468-2.jpg

Photo: AFP



႐ွည္လ်ားတဲ့ ကမ္း႐ုိးတန္း႐ွိၿပီး အပူပုိင္းေဒသႏုိင္ငံျဖစ္တဲ့ ဗီယက္နမ္မွာ ႏွစ္စဥ္ ေရႀကီးမႈနဲ႕ မုန္တုိင္းတုိက္ခတ္မႈေတြ ႀကဳံေတြ႕ရေလ့႐ွိၿပီး မုတ္သုန္ရာသီအတြင္း ရာနဲ႕ခ်ီတဲ့ လူေသဆုံးမႈေတြ ျဖစ္ေလ့႐ွိေၾကာင္း သိရပါတယ္။

လက္႐ွိမွာ ေလဖိအားနည္းရပ္ဝန္းအျဖစ္ အားေလ်ာ့သြားၿပီျဖစ္တဲ့ တုိင္ဖြန္းမုန္တုိင္း Son Tinh ဟာ ဗီယက္နမ္ကုန္းတြင္းပုိင္းကုိ ဗုဒၶဟးူေန႕ (ဇူလုိင္ ၁၈ ရက္) ညပုိင္းမွာ ဝင္ေရာက္တုိက္ခတ္ခဲ့ပါတယ္။ တုိင္ဖြန္း Son Tinh ဟာ ယခုႏွစ္အတြင္း ဗီယက္နမ္ကို ဝင္ေရာက္တုိက္ခတ္တဲ့ တတိယေျမာက္ အပူပိုင္းလည္း ျဖစ္လာပါတယ္။

Diob1-RUwAA30om.jpg

Photo: CGTN



မုန္တုိင္းတုိက္ခတ္မႈေၾကာင့္ လူ ၁၉ ဦး ေသဆုံးခဲ့ၿပီး အျခား လူ ၁၃ ဦး ေပ်ာက္ဆုံးေနေၾကာင္း ဗီယက္နမ္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

မုန္တုိင္းေၾကာင့္ မုိးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ဗီယက္နမ္ႏုိင္ငံတစ္ဝွမ္း ဟႏြဳိင္းၿမဳိ႕ေတာ္ အပါအဝင္ ၿမဳိ႕ျပနဲ႕ ေက်းလက္ေဒသေတြမွာ ေရႀကီးမႈနဲ႕ ေျမၿပဳိမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ လာမယ့္ ရက္မ်ားမွာလည္း မုိးသည္းထန္ၿပီး ေရႀကီးေျမၿပဳိမႈေတြ ဆက္လက္ ျဖစ္ပြားႏုိင္တယ္လုိ႕ ခန္႕မွန္ထားပါတယ္။

DirUmd2VAAALavz.jpg

Photo: Xinhua



ဟႏြဳိင္းၿမဳိ႕ ဆင္ေျခဖုံး႐ွိ Chuong My ေဒသမွာ ေနထုိင္ၾကသူေတြကုိ ေရႀကီးမႈႀကဳံရႏုိင္တာေၾကာင့္ ၎တုိ႕ေနအိမ္မ်ားမွ ေ႐ႊ႕ေျပာင္းၾကၿပီး ပုိမုိျမင့္တဲ့ ေနရာမ်ားမွာ ေနထုိင္ၾကရန္ ညြန္ၾကားထားေၾကာင္း အစုိးရပုိင္ VNExpress သတင္းဝက္ဘ္ဆုိက္က ေဖာ္ျပထားပါတယ္။

ဗီယက္နမ္ႏုိင္ငံရဲ႕ မုိးရာသီကာလဟာ ေဒသတြင္း အျခား ႏုိင္ငံမ်ားကဲ့သုိ႕ပင္ ဇြန္လမွ ႏုိဝင္ဘာအထိျဖစ္ေပမဲ့ မုန္တုိင္းတိုက္ခတ္မႈေၾကာင့္ ေသဆုံးမႈဟာ အိမ္နီးခ်င္းႏုိင္ငံေတြထက္ ပုိမ်ားေလ့႐ွိပါတယ္။

ယမန္ႏွစ္အတြင္း သဘာဝေဘးအႏၱရာယ္ေၾကာင့္ ဗီယက္နမ္မွာ လူ ၃၈၉ ဦး ေသဆုံးခဲ့ၿပီး ပ်က္စီးဆုံး႐ႈံးမႈတန္ဖုိး အေမရိကန္ေဒၚလာ ၂.၆ ဘီလီယံအထိ ႐ွိခဲ့ေၾကာင္း အစိုးရရဲ႕ စာရင္းေတြအရ သိ႐ွိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs