• International News
    ဂရိနိုင်ငံမှာ တောမီးလောင်မှုကြောင့် လူ ၇၄ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

ဂရိနိုင်ငံမှာ တောမီးများ ပျံ့နှံ့လောင်ကျွမ်းမှုကြောင့် လူ ၇၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ တောမီးငြှိမ်းသတ်နိုင်ရေး နိုင်ငံတကာအကူအညီ တောင်းခံထားကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ တောမီးကြောင့် သေဆုံးခဲ့သူတွေအနက် ကလေးငယ် အများအပြား ပါဝင်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

4E84186C00000578-5984481-Smoke_from_a_wildfire_burning_outside_Athens_is_seen_over_the_Pa-a-46_1532392602922.jpg

Photo: Reuters



အေသင်မြို့တော်အနီး နေထိုင်ကြသူတွေဟာ ၎င်းတို့ နေအိမ်တွေကို စွန့်ခွာခဲ့ကြရပြီး ရာနဲ့ချီတဲ့ မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။

တောမီးလောင်မှုအတွင်း ဘေးကင်းရာသို့ ထွက်ပြေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးနဲ့ အခြား ဒေသခံတွေကို ဆက်လက်ရှာဖွေနေနေကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

"တောမီးကိုထိန်းချုပ်နိုင်မယ့် လူသားတွေ လုပ်ဆောင်နိုင်တာမှန်သမျှ ဘာမဆို ကျွန်တော်တို့ လုပ်သွားမှာပါ" လို့ ဂရိဝန်ကြီးချုပ် Alexi Tsipras က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်အတွက် ဂရိဝန်ကြီးချုပ်က ဘောစနီးယားနိုင်ငံကို သွားရောက်မယ့်ခရီးစဉ် ဖျက်သိမ်းခဲ့ပါတယ်။

4E85623F00000578-5984481-A_man_stares_down_the_flames_and_prepares_to_battle_the_flames_i-a-40_1532392602485.jpg

Photo: Reuters



တောမီးလောင်မှုကို ငြှိမ်းသတ်နေရတဲ့ အခြေအနေဟာ အလွန်ခက်ခဲနေကြောင်း မီးသတ်သမားတွေက ပြောခဲ့ကြပါတယ်။ ယနေ့ (ဇူလိုင် ၂၄ ရက်) နှောင်းပိုင်းမှာ တောမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၇၀ ကျော်အထိ မြင့်တက်လာကြောင်း အစိုးရက အတည်ပြုခဲ့ပါတယ်။

4E85CD5E00000578-5984481-A_wildfire_rages_in_the_town_of_Rafina_near_Athens_The_governmen-a-41_1532392602487.jpg

Photo: Reuters



သေဆုံးမှုအများစုဟာ အေသင်မြို့တော် အရှေ့မြောက်ဘက် ၂၅ မိုင်အကွာရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း Mati မှ ဖြစ်ပွားခဲ့ကြောင်းနဲ့ ၎င်းတို့ရဲ့ နေအိမ်များ သို့မဟုတ် ကားများအတွင်း ပိတ်မိသေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ တောမီးလောင်မှုအတွင်း ၁၀၄ ဦးကျော် ဒဏ်ရာရခဲ့ပြီး ၁၁ ဦးဟာ ဒဏ်ရာပြင်းထန်ပါတယ်။

ဒဏ်ရာရခဲ့သူတွေအနက် ကလေးငယ် ၁၆ ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။ တောမီးလောင်မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ နေရာများမှ ဒေသခံတွေက မီးလောင်မှု ကင်းလွတ်စေရန် ပင်လယ်အတွင်း ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

_102663046_hi048316148.jpg

Photo: AFP



"ပင်လယ်ကြီးရှိနေတာ ကျေးဇူးတင်ရပါတယ်၊ မီးတောက်တွေ ကျွန်တော်တို့ အနောက်ကနေ လိုက်လာခဲ့ပါတယ်၊ နောက်ဆုံး ပင်လယ်ထဲကိုပြေးဆင်းခဲ့ပြီး မီးတောက်တွေကနေ လွတ်ခဲ့ကြတယ်" လို့ Mati အပန်းဖြေကမ်းခြေမှာ နေထိုင်သူ Kostas Laganos က ပြောပါတယ်။

ဂရိမှာဖြစ်ပွားနေတဲ့ တောမီးလောင်မှုကို အီတလီ၊ ဂျာမနီ၊ ပိုလန်နဲ့ ပြင်သစ်နိုင်ငံတွေက မီးသတ်လေယာဉ်များ၊ ကားများနဲ့ မီးသတ်သမားများ စေလွှတ်ကာ ပါဝင်ကူညီပေးနေပါတယ်။ ဂရိမှာ ယခု ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။

4E856B5000000578-5984481-A_firefighter_wears_a_flame_resistant_uniform_as_wildfire_burns_-a-54_1532392603175.jpg

Photo: Reuters



၂၀၀၇ ခုနှစ်က ဂရိမှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုကြောင့် တောင်ပိုင်း Peloponnese ကျွန်းဆွယ်မှာ လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် တောမီးလောင်မှု ဒါဇင်နဲ့ချီ ဖြစ်ပွားနေခဲ့ပြီး ဆွီဒင်နိုင်ငံမှာလည်း တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

ဂရိႏုိင္ငံမွာ ေတာမီးမ်ား ပ်ံ႕ႏွံ႔ေလာင္ကၽြမ္းမႈေၾကာင့္ လူ ၇၄ ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္းနဲ႕ ေတာမီးၿငွိမ္းသတ္ႏုိင္ေရး ႏုိင္ငံတကာအကူအညီ ေတာင္းခံထားေၾကာင္း အာဏာပိုင္ေတြက သတင္းထုတ္ျပန္ပါတယ္။ ေတာမီးေၾကာင့္ ေသဆုံးခဲ့သူေတြအနက္ ကေလးငယ္ အမ်ားအျပား ပါဝင္ေၾကာင္း မီးသတ္တပ္ဖြဲ႕က ေျပာပါတယ္။

Photo: Reuters



ေအသင္ၿမဳိ႕ေတာ္အနီး ေနထုိင္ၾကသူေတြဟာ ၎တို႕ ေနအိမ္ေတြကုိ စြန္႕ခြာခဲ့ၾကရၿပီး ရာနဲ႕ခ်ီတဲ့ မီးသတ္သမားေတြက မီးၿငွိမ္းသတ္ႏုိင္ရန္ ႀကဳိးပမ္းေနၾကပါတယ္။

ေတာမီးေလာင္မႈအတြင္း ေဘးကင္းရာသုိ႕ ထြက္ေျပးခဲ့ၿပီး ေပ်ာက္ဆုံးေနတဲ့ ကမာၻလွည့္ခရီးသည္ ၁၀ ဦးနဲ႕ အျခား ေဒသခံေတြကုိ ဆက္လက္႐ွာေဖြေနေနေၾကာင္း အာဏာပုိင္ေတြက သတင္းထုတ္ျပန္ပါတယ္။

"ေတာမီးကုိထိန္းခ်ဳပ္ႏုိင္မယ့္ လူသားေတြ လုပ္ေဆာင္ႏုိင္တာမွန္သမွ် ဘာမဆုိ ကၽြန္ေတာ္တုိ႕ လုပ္သြားမွာပါ" လုိ႕ ဂရိဝန္ႀကီးခ်ဳပ္ Alexi Tsipras က သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။ ေတာမီးေလာင္ကၽြမ္းမႈကုိ ၿငိွမ္းသတ္ႏုိင္ေရး စီစဥ္ေဆာင္႐ြက္ရန္အတြက္ ဂရိဝန္ႀကီးခ်ဳပ္က ေဘာစနီးယားႏုိင္ငံကုိ သြားေရာက္မယ့္ခရီးစဥ္ ဖ်က္သိမ္းခဲ့ပါတယ္။

Photo: Reuters



ေတာမီးေလာင္မႈကုိ ၿငွိမ္းသတ္ေနရတဲ့ အေျခအေနဟာ အလြန္ခက္ခဲေနေၾကာင္း မီးသတ္သမားေတြက ေျပာခဲ့ၾကပါတယ္။ ယေန႕ (ဇူလုိင္ ၂၄ ရက္) ေႏွာင္းပုိင္းမွာ ေတာမီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ ၇၀ ေက်ာ္အထိ ျမင့္တက္လာေၾကာင္း အစိုးရက အတည္ျပဳခဲ့ပါတယ္။

Photo: Reuters



ေသဆုံးမႈအမ်ားစုဟာ ေအသင္ၿမဳိ႕ေတာ္ အေ႐ွ႕ေျမာက္ဘက္ ၂၅ မုိင္အကြာ႐ွိ ပင္လယ္ကမ္းေျခ အပန္းေျဖစခန္း Mati မွ ျဖစ္ပြားခဲ့ေၾကာင္းနဲ႕ ၎တုိ႕ရဲ႕ ေနအိမ္မ်ား သုိ႕မဟုတ္ ကားမ်ားအတြင္း ပိတ္မိေသဆုံးခဲ့ၾကတယ္လို႕ ဆုိပါတယ္။ ေတာမီးေလာင္မႈအတြင္း ၁၀၄ ဦးေက်ာ္ ဒဏ္ရာရခဲ့ၿပီး ၁၁ ဦးဟာ ဒဏ္ရာျပင္းထန္ပါတယ္။

ဒဏ္ရာရခဲ့သူေတြအနက္ ကေလးငယ္ ၁၆ ဦးလည္း ပါဝင္ေၾကာင္း သိရပါတယ္။ ေတာမီးေလာင္မႈ အဆုိး႐ြားဆုံး ျဖစ္ပြားခဲ့တဲ့ ေနရာမ်ားမွ ေဒသခံေတြက မီးေလာင္မႈ ကင္းလြတ္ေစရန္ ပင္လယ္အတြင္း ထြက္ေျပးခဲ့ရတယ္လုိ႕ ဆုိပါတယ္။

Photo: AFP



"ပင္လယ္ႀကီး႐ွိေနတာ ေက်းဇူးတင္ရပါတယ္၊ မီးေတာက္ေတြ ကၽြန္ေတာ္တုိ႕ အေနာက္ကေန လုိက္လာခဲ့ပါတယ္၊ ေနာက္ဆုံး ပင္လယ္ထဲကုိေျပးဆင္းခဲ့ၿပီး မီးေတာက္ေတြကေန လြတ္ခဲ့ၾကတယ္" လုိ႕ Mati အပန္းေျဖကမ္းေျခမွာ ေနထုိင္သူ Kostas Laganos က ေျပာပါတယ္။

ဂရိမွာျဖစ္ပြားေနတဲ့ ေတာမီးေလာင္မႈကုိ အီတလီ၊ ဂ်ာမနီ၊ ပုိလန္နဲ႕ ျပင္သစ္ႏုိင္ငံေတြက မီးသတ္ေလယာဥ္မ်ား၊ ကားမ်ားနဲ႕ မီးသတ္သမားမ်ား ေစလႊတ္ကာ ပါဝင္ကူညီေပးေနပါတယ္။ ဂရိမွာ ယခု ျဖစ္ပြားေနတဲ့ ေတာမီးေလာင္မႈေတြဟာ ၂၀၀၇ ခုႏွစ္ေနာက္ပုိင္း အဆုိး႐ြားဆုံးျဖစ္ပါတယ္။

Photo: Reuters



၂၀၀၇ ခုႏွစ္က ဂရိမွာျဖစ္ပြားခဲ့တဲ့ ေတာမီးေလာင္မႈေၾကာင့္ ေတာင္ပုိင္း Peloponnese ကၽြန္းဆြယ္မွာ လူေပါင္းဒါဇင္နဲ႕ခ်ီ ေသဆုံးခဲ့ပါတယ္။ ရာသီဥတု ဆုိး႐ြားမႈေၾကာင့္ ေတာမီးေလာင္မႈ ဒါဇင္နဲ႕ခ်ီ ျဖစ္ပြားေနခဲ့ၿပီး ဆြီဒင္ႏုိင္ငံမွာလည္း ေတာမီးေလာင္ကၽြမ္းခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs