• International News
    လာအိုမှာ ရေအားလျှပ်စစ်စီမံကိန်း ရေလှောင်ဆည်ကျိုးပေါက်ပြီး လူဦးရေ ရာနဲ့ချီ ပျောက်ဆုံးနေ
Ko John
[Unicode Version]

လာအိုနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေအားလျှပ်စစ်စီမံကိန်းအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ဆည်တစ်ခု ကျိုးပေါက်ခဲ့မှုအတွင်း လူပေါင်းရာနဲ့ချီ ပျောက်ဆုံးနေပြီး အရေအတွက် မသိရသေးတဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇူလိုင် ၂၄ ရက်) ပြောပါတယ်။

skynews-laos-dam_4369926.jpg

ရေလှောင်ဆည်ကို ကွန်ပျူတာဖြင့် ပုံဖော်ထားမှု (Photo: Xe Pian Xe Namnoy)



လာအိုအရှေ့တောင်ပိုင်း Attapeu ဒေသရှိ ရေလှောင်ဆည်ဟာ ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညပိုင်းမှာ ကျိုးပေါက်သွားခဲ့ရာ ရေပမာဏ ကုဗမီတာ ၅ ဘီလီယံ စီးထွက်သွားခဲ့ပါတယ်။ အဆိုပါ ရေပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှ ရေကူးကန်အရေအတွက် ၂ သန်းကျော်ရှိ ရေပမာဏနဲ့ တူညီတယ်လို့ဆိုပါတယ်။

ဆည်ကျိုးပေါက်မှုကြောင့် မိသားစု ၁,၃၀၀ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လာအိုသတင်းဌာန (Laos News Agency) က 'လူသေဆုံးမှုတွေ ရှိခဲ့ပါပြီး ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေပါတယ်' လို့ ပြောပါတယ်။

laos-dam-collapse-map.jpg

Infographic: AFP



ဆည်ကျိုးပေါက်ရာမှ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာခြောက်ရွာရှိ လူဦးရေ ၇,၀၀၀ နီးပါး ရေကြီးမှုကြုံနေရကြောင်း သိရပါတယ်။ ဆည်ကျိုးပေါက်ပြီးနောက် San Sai ဒေသမှာ ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ရာ အာဏာပိုင်တွေက စက်လှေများစေလွှတ်ကာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ABC Laos သတင်းက ဖော်ပြပါတယ်။

TELEMMGLPICT000170179215_trans_NvBQzQNjv4BqEDjTm7JpzhSGR1_8ApEWQA1vLvhkMtVb21dMmpQBfEs.jpeg

ရေကြီးမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းကြစဉ် (Photo: Lao News Agency KPL)



အဆိုပါဒေသ တောင်ပိုင်းမှာရှိတဲ့ နေအိမ်အချို့ ရေကြီးမှုအတွင်း မျောပါသွားခဲ့ကြောင်းလည်း သိရပါတယ်။ လာအိုတောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ရေကြီးနေခဲ့ပြီးနောက် Xe Pian Xe ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဆည်ကျိုးပေါက်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

laos-dam-collapse.jpg

Photo: AP via Attapeu Today



အဆိုပါ ရေလှောင်ဆည်ကို ဗီယက်နမ်အခြေစိုက် Xe Pian Xe Namnoy လျှပ်စစ်စွမ်းအင်ကုမ္ပဏီက ထိုင်းနိုင်ငံမှ Ratchaburi Electricity Generating Holding၊ တောင်ကိုရီးယားနိုင်ငံမှ Korea Western Power၊ အစိုးရပိုင် Lao Holding State Enterprise တို့နဲ့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။

TELEMMGLPICT000170180214_trans_NvBQzQNjv4BqR5ehRCJMHREvhMCQZaqmpsZ0pvM_Sy50cnHKpvFmDD0.jpeg

ရေလှောင်ဆည်တည်ရှိရာ ဒေသအတွင်း ရေကြီးနေမှု (Photo: ABC Laos video footage)



ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝမ် ၄၁၀ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုပါ ရေလှောင်ဆည်ကို အသုံးပြုပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Xe Pian Xe ဆည်ကို အသုံးပြုပြီး ထုတ်လုပ်မယ့် ရေအားလျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့လွှတ်မှာဖြစ်ပြီး ကျန်ရှိတဲ့ ဓာတ်အားပမာဏကိုတော့ လာအိုပြည်တွင်းမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

 

[Zawgyi Version]

လာအိုႏုိင္ငံ အေ႐ွ႕ေတာင္ပုိင္းမွာ ေရအားလွ်ပ္စစ္စီမံကိန္းအတြက္ တည္ေဆာက္ထားတဲ့ ေရေလွာင္ဆည္တစ္ခု က်ဳိးေပါက္ခဲ့မႈအတြင္း လူေပါင္းရာနဲ႕ခ်ီ ေပ်ာက္ဆုံးေနၿပီး အေရအတြက္ မသိရေသးတဲ့ လူေသဆုံးမႈေတြ ျဖစ္ေပၚခဲ့ေၾကာင္း အစိုးရသတင္းဌာနက ယေန႕ (ဇူလုိင္ ၂၄ ရက္) ေျပာပါတယ္။

ေရေလွာင္ဆည္ကုိ ကြန္ပ်ဴတာျဖင့္ ပံုေဖာ္ထားမႈ (Photo: Xe Pian Xe Namnoy)



လာအုိအေ႐ွ႕ေတာင္ပိုင္း Attapeu ေဒသ႐ွိ ေရေလွာင္ဆည္ဟာ ယမန္ေန႕ (ဇူလုိင္ ၂၃ ရက္) ညပိုင္းမွာ က်ဳိးေပါက္သြားခဲ့ရာ ေရပမာဏ ကုဗမီတာ ၅ ဘီလီယံ စီးထြက္သြားခဲ့ပါတယ္။ အဆုိပါ ေရပမာဏဟာ အုိလံပစ္ၿပဳိင္ပြဲမွ ေရကူးကန္အေရအတြက္ ၂ သန္းေက်ာ္႐ွိ ေရပမာဏနဲ႕ တူညီတယ္လို႕ဆုိပါတယ္။

ဆည္က်ဳိးေပါက္မႈေၾကာင့္ မိသားစု ၁,၃၀၀ ေနအိမ္စြန္႕ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။ လာအုိသတင္းဌာန (Laos News Agency) က 'လူေသဆုံးမႈေတြ ႐ွိခဲ့ပါၿပီး ရာနဲ႕ခ်ီတဲ့ လူေတြ ေပ်ာက္ဆုံးေနပါတယ္' လုိ႕ ေျပာပါတယ္။

Infographic: AFP



ဆည္က်ဳိးေပါက္ရာမွ အနီးပတ္ဝန္းက်င္႐ွိ ေက်း႐ြာေျခာက္႐ြာ႐ွိ လူဦးေရ ၇,၀၀၀ နီးပါး ေရႀကီးမႈႀကဳံေနရေၾကာင္း သိရပါတယ္။ ဆည္က်ဳိးေပါက္ၿပီးေနာက္ San Sai ေဒသမွာ ေရႀကီးမႈေတြ ျဖစ္ေပၚလာခဲ့ရာ အာဏာပုိင္ေတြက စက္ေလွမ်ားေစလႊတ္ကာ ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လုိ႕ ABC Laos သတင္းက ေဖာ္ျပပါတယ္။

ေရႀကီးမႈေၾကာင့္ ေဒသခံမ်ား ေ႐ႊ႕ေျပာင္းၾကစဥ္ (Photo: Lao News Agency KPL)



အဆုိပါေဒသ ေတာင္ပုိင္းမွာ႐ွိတဲ့ ေနအိမ္အခ်ဳိ႕ ေရႀကီးမႈအတြင္း ေမ်ာပါသြားခဲ့ေၾကာင္းလည္း သိရပါတယ္။ လာအုိေတာင္ပုိင္း ေဒသေတြမွာ မုိးသည္းထန္စြာ ႐ြာသြန္းခဲ့ကာ ေရႀကီးေနခဲ့ၿပီးေနာက္ Xe Pian Xe ဆည္က်ဳိးေပါက္မႈ ျဖစ္ေပၚခဲ့ပါတယ္။ ဆည္က်ဳိးေပါက္ရတဲ့ အေၾကာင္းရင္းကုိ အတိအက် မသိရေသးဘူးလုိ႕ ဆုိပါတယ္။

Photo: AP via Attapeu Today



အဆုိပါ ေရေလွာင္ဆည္ကုိ ဗီယက္နမ္အေျခစိုက္ Xe Pian Xe Namnoy လွ်ပ္စစ္စြမ္းအင္ကုမၸဏီက ထုိင္းႏုိင္ငံမွ Ratchaburi Electricity Generating Holding၊ ေတာင္ကုိရီးယားႏုိင္ငံမွ Korea Western Power၊ အစုိးရပုိင္ Lao Holding State Enterprise တုိ႕နဲ႕ ပူးေပါင္းတည္ေဆာက္ခဲ့ၿပီး ကုန္က်စရိတ္ အေမရိကန္ေဒၚလာ ၁.၂ ဘီလီယံ ျဖစ္တယ္လို႕ သိရပါတယ္။

ေရေလွာင္ဆည္တည္႐ွိရာ ေဒသအတြင္း ေရႀကီးေနမႈ (Photo: ABC Laos video footage)



ေရအားလွ်ပ္စစ္စီမံကိန္းအတြက္ ဆည္တည္ေဆာက္ေရးလုပ္ငန္းကုိ ၂၀၁၃ ခုႏွစ္မွာ စတင္ခဲ့ၿပီး လွ်ပ္စစ္ဓာတ္အား မဂၢါဝမ္ ၄၁၀ ထုတ္လုပ္ႏုိင္မယ္လုိ႕ ဆုိပါတယ္။ အဆုိပါ ေရေလွာင္ဆည္ကုိ အသုံးျပဳၿပီး လာမယ့္ ၂၀၁၉ ခုႏွစ္မွာ လွ်ပ္စစ္ဓာတ္အား စတင္ထုတ္လုပ္ရန္ ရည္႐ြယ္ထားေၾကာင္းလည္း သိရပါတယ္။

Xe Pian Xe ဆည္ကုိ အသုံးျပဳၿပီး ထုတ္လုပ္မယ့္ ေရအားလွ်ပ္စစ္ဓာတ္အား ၉၀ ရာခုိင္ႏႈန္းကုိ ထုိင္းႏုိင္ငံသုိ႕ ပုိ႕လႊတ္မွာျဖစ္ၿပီး က်န္႐ွိတဲ့ ဓာတ္အားပမာဏကုိေတာ့ လာအုိျပည္တြင္းမွာ အသုံးျပဳသြားမယ္လုိ႕ ဆုိပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs