• International News
    အင်ဒိုနီးရှားမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများပြားတဲ့ နေရာဒေသတစ်ခုမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

lombok-quake.jpg

Photo: AFP



လွမ်ဘော့ (Lombok) ကျွန်းမှာ ယနေ့ (ဇူလိုင် ၂၉ ရက်) ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၇ မိနစ်က ရစ်(ခ်)တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ငလျင်ဟာ မြေအောက်အနက် ၄ မိုင်ကျော်မှျှသာရှိတဲ့ နေရာမှာ လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်လျော့ပါးရေးဌာနက ပြောပါတယ်။

DjOyIHrU8AABfRQ.jpg

Photo: Nugroho Twitter



အဆိုပါ ငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်များ ၁၂၄ ကြိမ်အထိ လှုပ်ခတ်ခဲ့ရာ ရစ်(ခ်)တာစကေး ၅.၄ အထိ ပြင်းထန်တဲ့ ငလျင်တစ်ခုလည်း ပါဝင်ခဲ့ခဲ့ကြောင်းလည်း အဆိုပါဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ဆိုပါတယ်။

ငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာဟာ လွမ်ဘော့ကျွန်းမြောက်ပိုင်း Mataram မြို့ အရှေ့မြောက်ဘက် ၃၁ မိုင်အကွာမှာ ဖြစ်တယ်လို့ US Geological Survey က ဖော်ပြထားပါတယ်။

8610bdd3f54f40aabd37014fad176d1b_18.jpg

Photo: Antara Foto/Reuters



ယနေ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ လွမ်ဘော့ကျွန်းဟာ အင်ဒိုနီးရှားရဲ့ အထင်ရှားဆုံး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

2018-07-29_132059.jpg

Photo: Reuters



၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

[Zawgyi Version]

အင္ဒုိနီး႐ွားႏုိင္ငံ႐ွိ ကမာၻလွည့္ခရီးသည္မ်ား လာေရာက္မႈမ်ားျပားတဲ့ ေနရာေဒသတစ္ခုမွာ အင္အားျပင္းထန္တဲ့ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ၿပီး လူ ၁၇ ဦးထက္မနည္း ေသဆုံးၿပီး ၁၆၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။

Photo: AFP



လြမ္ေဘာ့ (Lombok) ကၽြန္းမွာ ယေန႕ (ဇူလုိင္ ၂၉ ရက္) ေဒသစံေတာ္ခ်ိန္ မနက္ ၆ နာရီ ၄၇ မိနစ္က ရစ္(ခ္)တာစေကး ၆.၄ အဆင့္႐ွိ အင္အားျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

ငလ်င္ဟာ ေျမေအာက္အနက္ ၄ မုိင္ေက်ာ္မွွ်သာ႐ွိတဲ့ ေနရာမွာ လႈပ္ခတ္ခဲ့ၿပီး အေဆာက္အအုံ အမ်ားအျပား ထိခိုက္ပ်က္စီးခဲ့ေၾကာင္း အင္ဒုိနီး႐ွား ေဘးအႏၱရာယ္ေလ်ာ့ပါးေရးဌာနက ေျပာပါတယ္။

Photo: Nugroho Twitter



အဆုိပါ ငလ်င္လႈပ္ခတ္မႈအၿပီး ေနာက္ဆက္တြဲငလ်င္မ်ား ၁၂၄ ႀကိမ္အထိ လႈပ္ခတ္ခဲ့ရာ ရစ္(ခ္)တာစေကး ၅.၄ အထိ ျပင္းထန္တဲ့ ငလ်င္တစ္ခုလည္း ပါဝင္ခဲ့ခဲ့ေၾကာင္းလည္း အဆုိပါဌာနရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ ဆူတုိပုိပြာဝုိ ႏူဂ႐ုိဟုိက ဆုိပါတယ္။

ငလ်င္ ဗဟုိျပဳလႈပ္ခတ္ခဲ့တဲ့ ေနရာဟာ လြမ္ေဘာ့ကၽြန္းေျမာက္ပုိင္း Mataram ၿမဳိ႕ အေ႐ွ႕ေျမာက္ဘက္ ၃၁ မုိင္အကြာမွာ ျဖစ္တယ္လို႕ US Geological Survey က ေဖာ္ျပထားပါတယ္။

Photo: Antara Foto/Reuters



ယေန႕ ငလ်င္လႈပ္ခတ္မႈ ျဖစ္ပြားခဲ့တဲ့ လြမ္ေဘာ့ကၽြန္းဟာ အင္ဒုိနီး႐ွားရဲ႕ အထင္႐ွားဆုံး ဘာလီကၽြန္းအေ႐ွ႕ဘက္ ၆၂ မုိင္ခန္႕အကြာမွာ တည္႐ွိပါတယ္။

ေထာင္နဲ႕ခ်ီ အေရအတြက္႐ွိတဲ့ ကၽြန္းမ်ားျဖင့္ ဖြဲ႕စည္းတည္႐ွိေနတဲ့ အင္ဒုိနီး႐ွားဟာ ပစိဖိတ္မီးကြင္းေဒသမွာ တည္႐ွိေနၿပီး ငလ်င္လႈပ္ခတ္မႈ အႏၱရာယ္အ႐ွိဆုံး ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။

Photo: Reuters



၂၀ဝ၄ ခုႏွစ္က အိႏၵိယသမုဒၵရာ ေရေအာက္ၾကမ္းျပင္မွာ ရစ္(ခ္)တာစေကး ၉.၃ ႐ွိ အင္အား အလြန္ျပင္းထန္တဲ့ ငလ်င္ႀကီးတစ္ခု လႈပ္ခတ္မႈကုိ အာေခ်းျပည္နယ္နဲ႕ ဆူမၾတာကၽြန္းတုိ႕မွာ အႀကီးအက်ယ္ ခံစားခဲ့ရပါတယ္။

အဆုိပါ ငလ်င္ေၾကာင့္ ဆူနာမီေရလႈိင္းႀကီးမ်ား ျဖစ္ေပၚခဲ့ၿပီး အင္ဒုိနီး႐ွားမွာ လူေပါင္း ၁၇၀,၀၀၀ ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ ပစိဖိတ္သမုဒၵရာနဲ႕ ဆက္စပ္ေနတဲ့ ႏုိင္ငံေတြမွာလည္း လူေပါင္းေထာင္နဲ႕ခ်ီ ေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs