• International News
    ဂျပန်ကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင်တစ်ရာကျော်ဖြင့် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်
Ko John
[Unicode Version]

ဂျပန်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ (ဇူလိုင် ၂၉ ရက်) မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရပါတယ်။

typhoon-damage.jpg

Photo: AFP



ယခု တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ မကြာသေးမီးက စံချိန်တင် မိုးသည်းထန်ခဲ့ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဂျပန်အနောက်ပိုင်း နေရာဒေသတွေကို ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ (Jongdari) ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၁ မိုင်ခန့်ဖြင့် Mie စီရင်စုရှိ Ise ကမ်းရိုးတန်းမြို့ကို ယနေ့ ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်မှာ စတင်ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

_102731172_tokyotyphoon.jpg

Photo: EPA



တိုင်ဖွန်းဂျောင်ဒါရီဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွာခဲ့ပေမဲ့ နေရာဒေသ အများအပြားဟာ မုန်တိုင်းအန္တရာယ်ရှိနေသေးတယ်လို့ သိရပါတယ်။

"မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီးကတည်းက အရေးပေါ်အခြေအနေအတွက် သတိပြု ပြင်ဆင်ထားခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ပဲ အခုလတ်တလောမှာ နောက်ထပ် ရေကြီးတာ မတွေ့ရပါဘူး" လို့ ဂျပန်အနောက်ပိုင်း အိုကာယာမာစီရင်စုမှ ဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ တာဝန်ရှိသူက ကိုဂျီကူနီတိုမီက ပြောခဲ့ပါတယ်။

_102744646_35bc17f8-9cfe-4c7c-bdee-8b64c84e755f.jpg

Photo: EPA



မုန်တိုင်းဟာ ယနေ့ နေ့လယ်ပိုင်းမှာ အနောက်ဘက်ကို ဦးတည်ရွေ့လျားနေခဲ့ပြီး ဂျပန်အနောက်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှု မဖြစ်ပေါ်မီ သောင်းနဲ့ချီတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ဂျပန်ရုပ်မြင်သံကြားသတင်းတွေမှာ ဖော်ပြခဲ့မှုအရ တိုကျိုအနောက်တောင်ဘက် ရှီမိုဒါမြို့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျောက်တုံးတွေနဲ့ ပင်လယ်ကမ်းခြေ အကာအရံတံတိုင်းတွေပေါ်သို့ မြင့်မားတဲ့ ရေလှိုင်းများရိုက်ခတ်နေမှု၊ လေပြင်းတိုက်မှုကြောင့် သစ်ပင်များယိမ်းထိုးနေမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေမှုတို့ကို တွေ့ရပါတယ်။

DjLkmF9UwAE13g0.jpg

Map: NHK



လက်ရှိအချိန်ထိ မုန်တိုင်းတိုက်ခတ်မှုကြောင့် စီရင်စုခြောက်ခုမှာ လူ ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။ တိုင်းဖွန်းဂျောင်ဒါရီဟာ အားလျော့လာခဲ့ပြီး ဂျပန်အနောက်ပိုင်း Chugoku ဒေသကို ဦးတည်ရွေ့လျားနေပါတယ်။

အဆိုပါ ဒေသမှာ ယခုလအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတုနဲ့ဆက်နွယ်နေတဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်လည်း ဖြစ်ခဲ့ပါတယ်။

2018-07-29_141932.jpg

Photo: Weather Network



လက်ရှိအချိန်ထိ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာများမှ ဒေသခံတွေဟာ ယာယီခိုလှုံရေးစခန်း သို့မဟုတ် ပျက်စီးနေတဲ့ နေအိမ်များမှာ နေထိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ လက်ရှိအချိန်ဟာ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး နှစ်စဉ် အားကောင်းတဲ့ မုန်တိုင်းကြီးများ တိုက်ခတ်မှုကို နွေရာသီနဲ့ ဆောင်းဦးရာသီတို့မှာ ကြုံတွေ့ရလေ့ရှိပါတယ်။

[Zawgyi Version]

ဂ်ပန္ႏုိင္ငံကုိ အားေကာင္းတဲ့ တုိင္ဖြန္းမုန္တုိင္းတစ္ခု ယေန႕ (ဇူလုိင္ ၂၉ ရက္) မနက္အေစာပုိင္းမွာ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး သက္ဆုိင္ရာ ေဒသအာဏာပုိင္ေတြက ေ႐ႊ႕ေျပာင္းၾကရန္ ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ရပါတယ္။

Photo: AFP



ယခု တုိက္ခတ္ေနတဲ့ တုိင္ဖြန္းမုန္တုိင္းဟာ မၾကာေသးမီးက စံခ်ိန္တင္ မုိးသည္းထန္ခဲ့ၿပီး ေရႀကီးေျမၿပဳိမႈေတြ ျဖစ္ေပၚခဲ့တဲ့ ဂ်ပန္အေနာက္ပုိင္း ေနရာေဒသေတြကုိ ျဖတ္သန္းသြားမယ္လုိ႕ ဆုိပါတယ္။

တုိင္ဖြန္းမုန္တုိင္း ေဂ်ာင္ဒါရီ (Jongdari) ဟာ ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၁၁၁ မုိင္ခန္႕ျဖင့္ Mie စီရင္စု႐ွိ Ise ကမ္း႐ုိးတန္းၿမဳိ႕ကုိ ယေန႕ ေဒသစံေတာ္ခ်ိန္ မနက္ ၁ နာရီဝန္းက်င္မွာ စတင္ဝင္ေရာက္ တုိက္ခတ္ခဲ့ေၾကာင္း ဂ်ပန္မုိးေလဝသဌာနက ေျပာပါတယ္။

Photo: EPA



တုိင္ဖြန္းေဂ်ာင္ဒါရီဟာ ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္ခဲ့ၿပီးေနာက္ အပူပုိင္းမုန္တုိင္းအျဖစ္သုိ႕ အားေလ်ာ့သြာခဲ့ေပမဲ့ ေနရာေဒသ အမ်ားအျပားဟာ မုန္တုိင္းအႏၱရာယ္႐ွိေနေသးတယ္လို႕ သိရပါတယ္။

"မုိးသည္းထန္မႈေၾကာင့္ ေရႀကီးေျမၿပဳိမႈေတြ ျဖစ္ေပၚခဲ့ၿပီးကတည္းက အေရးေပၚအေျခအေနအတြက္ သတိျပဳ ျပင္ဆင္ထားခဲ့ပါတယ္၊ ကံေကာင္းစြာနဲ႕ပဲ အခုလတ္တေလာမွာ ေနာက္ထပ္ ေရႀကီးတာ မေတြ႕ရပါဘူး" လုိ႕ ဂ်ပန္အေနာက္ပုိင္း အုိကာယာမာစီရင္စုမွ ေဘးအႏၱရာယ္ဆုိင္ရာဌာနရဲ႕ တာဝန္႐ွိသူက ကုိဂ်ီကူနီတုိမီက ေျပာခဲ့ပါတယ္။

Photo: EPA



မုန္တုိင္းဟာ ယေန႕ ေန႕လယ္ပိုင္းမွာ အေနာက္ဘက္ကုိ ဦးတည္ေ႐ြ႕လ်ားေနခဲ့ၿပီး ဂ်ပန္အေနာက္ပုိင္းမွာ မုန္တုိင္းေၾကာင့္ မုိးသည္းထန္စြာ႐ြာသြန္းမႈ မျဖစ္ေပၚမီ ေသာင္းနဲ႕ခ်ီတဲ့ ေဒသခံေတြကုိ ေ႐ႊ႕ေျပာင္းၾကရန္ အာဏာပုိင္ေတြက တုိက္တြန္းထားပါတယ္။

ဂ်ပန္႐ုပ္ျမင္သံၾကားသတင္းေတြမွာ ေဖာ္ျပခဲ့မႈအရ တုိက်ဳိအေနာက္ေတာင္ဘက္ ႐ွီမုိဒါၿမဳိ႕ ကမ္း႐ုိးတန္းတစ္ေလွ်ာက္႐ွိ ေက်ာက္တုံးေတြနဲ႕ ပင္လယ္ကမ္းေျခ အကာအရံတံတုိင္းေတြေပၚသုိ႕ ျမင့္မားတဲ့ ေရလႈိင္းမ်ား႐ုိက္ခတ္ေနမႈ၊ ေလျပင္းတုိက္မႈေၾကာင့္ သစ္ပင္မ်ားယိမ္းထုိးေနမႈနဲ႕ မုိးသည္းထန္စြာ ႐ြာသြန္းေနမႈတုိ႕ကုိ ေတြ႕ရပါတယ္။

Map: NHK



လက္႐ွိအခ်ိန္ထိ မုန္တုိင္းတုိက္ခတ္မႈေၾကာင့္ စီရင္စုေျခာက္ခုမွာ လူ ၂၁ ဦးထက္မနည္း ဒဏ္ရာရခဲ့ေၾကာင္း NHK သတင္းဌာနက ေျပာပါတယ္။ တုိင္းဖြန္းေဂ်ာင္ဒါရီဟာ အားေလ်ာ့လာခဲ့ၿပီး ဂ်ပန္အေနာက္ပုိင္း Chugoku ေဒသကုိ ဦးတည္ေ႐ြ႕လ်ားေနပါတယ္။

အဆုိပါ ေဒသမွာ ယခုလအေစာပုိင္းက မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ လူ ၂၂၀ ဝန္းက်င္ ေသဆုံးခဲ့ပါတယ္။ ထုိျဖစ္ရပ္ဟာ ဆယ္စုႏွစ္မ်ားအတြင္း ဂ်ပန္ႏုိင္ငံမွာ ႀကဳံေတြ႕ခဲ့ရတဲ့ ရာသီဥတုနဲ႕ဆက္ႏြယ္ေနတဲ့ အဆုိး႐ြားဆုံး ေဘးအႏၱရာယ္လည္း ျဖစ္ခဲ့ပါတယ္။

Photo: Weather Network



လက္႐ွိအခ်ိန္ထိ ေရႀကီးေျမၿပဳိမႈေတြ ျဖစ္ေပၚခဲ့တဲ့ ေနရာမ်ားမွ ေဒသခံေတြဟာ ယာယီခုိလႈံေရးစခန္း သို႕မဟုတ္ ပ်က္စီးေနတဲ့ ေနအိမ္မ်ားမွာ ေနထုိင္ေနရဆဲျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ပန္ႏိုင္ငံမွာ လက္႐ွိအခ်ိန္ဟာ တုိင္ဖြန္းမုန္တုိင္းရာသီျဖစ္ၿပီး ႏွစ္စဥ္ အားေကာင္းတဲ့ မုန္တုိင္းႀကီးမ်ား တုိက္ခတ္မႈကုိ ေႏြရာသီနဲ႕ ေဆာင္းဦးရာသီတုိ႕မွာ ႀကဳံေတြ႕ရေလ့႐ွိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs