• International News
    မြောက်ကိုရီးယားက ဒုံးကျည်အသစ်များတည်ဆောက်ရန် ပြင်ဆင်နေဟုဆို
Ko John
[Unicode Version]

လတ်တလော ကာလအတွင်း အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးတိုးတက်လာမှုနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကတိပြုမှုတွေ ရှိနေခဲ့ပေမဲ့လည်း မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်အသစ်များ တည်ဆောက်သွားရန် ပြင်ဆင်နေပုံရကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

_102771329_north_korea_missiles_640-nc.png

မြောက်ကိုရီးယား ဒုံးကျည်တည်ဆောက်ရေး စခန်းနေရာ (Photo: BBC)



အမည်မဖော်ပြထားတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဝါရှင်တန်ပို့စ်သတင်းဌာနကို ပြောကြားမှုအရ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တည်ဆောက်ရေးစခန်းမှာ ဆက်တိုက်လှုပ်ရှားမှုတွေကို ထောက်လှမ်းရေးဂြိုဟ်တုမှတစ်ဆင့် တွေ့မြင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်အသစ် တည်ဆောက်ရေးလုပ်ငန်းဟာ မည်မျှအတိုင်းအတာအထိ ပြီးမြောက်ခဲ့ကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရဘူးလို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့မှုကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

2018020900745_1.jpg

မြောက်ကိုရီးယားရဲ့ Hwasong-15 ဒုံးကျည် (Photo: Yonhap)



တနင်္လာနေ့ (ဇူလိုင် ၃၀ ရက်) က ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြခဲ့မှုအရ မြောက်ကိုရီးယားက လောင်စာအရည်သုံး တိုက်ချင်းပစ်ပဲ့ထိန်ဒုံးကျည် (intercontinental ballistic missiles - ICBMs) တစ်စင်း သို့မဟုတ် နှစ်စင်းကို ပြုံယမ်းမြို့တော်အနီးရှိ Sanumdong စခန်းမှာ တည်ဆောက်သွားရန် ပြင်ဆင်နေပုံရကြောင်း သိရပါတယ်။

အဆိုပါ ဒုံးကျည်တည်ဆောက်ရေးစခန်းမှာ ယခင်ကလည်း အမေရိကန်အထိရောက်အောင် ပစ်လွှတ်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ Hwasong-15 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို တည်ဆောက်ထုတ်လုပ်ခဲ့ဖူးပါတယ်။

Sanumdong စခန်းနေရာမှာ မော်တော်ယာဉ်များ ဝင်ထွက်သွားလာမှုကို ထောက်လှမ်းရေးဂြိုဟ်တုမှတစ်ဆင့် တွေ့ရကြောင်း၊ သို့သော် ဒုံးကျည်အရေအတွက် မည်မျှအထိ တည်ဆောက်နေကြောင်းကိုမူ မသိရှိရကြောင်း ရိုက်တာသတင်းက ပြောပါတယ်။

DfdNPUrX4AAJqAb.jpg

စင်ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ကင်မ်နဲ့ထရန့် (Photo: AFP)



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဇွန်လ ၁၂ ရက်က စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီးမှာလည်း အမေရိကန်သမ္မတထရန့်က မြောက်ကိုရီးယားဟာ နျူကလီးယား ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

သို့သော် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်အတွင်း ကင်မ်ဂျုံအန်ထံမှ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အဆုံးသတ်မယ်လို့ ခိုင်မာတဲ့ကတိပြုမှုနဲ့ လက်တွေ့ လိုက်နာလုပ်ဆောင်မယ့် အသေးစိတ် အစီအစဉ်ဖော်ပြမှုတွေ မရရှိခဲ့ဘဲ အလျှော့ပေးလိုက်လျောခဲ့ကြောင်း အမေရိကန်ပြည်တွင်းမှာ သမ္မတထရန့်ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

[Zawgyi Version]

လတ္တေလာ ကာလအတြင္း အေမရိကန္အစိုးရနဲ႕ ဆက္ဆံေရးတုိးတက္လာမႈနဲ႕ ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရး ကတိျပဳမႈေတြ ႐ွိေနခဲ့ေပမဲ့လည္း ေျမာက္ကုိရီးယားက ပဲ့ထိန္းဒုံးက်ည္အသစ္မ်ား တည္ေဆာက္သြားရန္ ျပင္ဆင္ေနပုံရေၾကာင္း သတင္းမ်ားထြက္ေပၚလာပါတယ္။

ေျမာက္ကုိရီးယား ဒုံးက်ည္တည္ေဆာက္ေရး စခန္းေနရာ (Photo: BBC)



အမည္မေဖာ္ျပထားတဲ့ အေမရိကန္အစုိးရ တာဝန္႐ွိသူေတြက ဝါ႐ွင္တန္ပုိ႕စ္သတင္းဌာနကုိ ေျပာၾကားမႈအရ ေျမာက္ကုိရီးယားရဲ႕ ပဲ့ထိန္းဒုံးက်ည္တည္ေဆာက္ေရးစခန္းမွာ ဆက္တုိက္လႈပ္႐ွားမႈေတြကို ေထာက္လွမ္းေရးၿဂဳိဟ္တုမွတစ္ဆင့္ ေတြ႕ျမင့္ခဲ့ရတယ္လို႕ ဆုိပါတယ္။

ေျမာက္ကုိရီးယားရဲ႕ ဒုံးက်ည္အသစ္ တည္ေဆာက္ေရးလုပ္ငန္းဟာ မည္မွ်အတိုင္းအတာအထိ ၿပီးေျမာက္ခဲ့ေၾကာင္းကုိမူ ႐ွင္းလင္းစြာ မသိ႐ွိရဘူးလုိ႕ အေမရိကန္အစိုးရ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားခဲ့မႈကို ႐ုိက္တာသတင္းဌာနက ကုိးကားေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကုိရီးယားရဲ႕ Hwasong-15 ဒုံးက်ည္ (Photo: Yonhap)



တနလၤာေန႕ (ဇူလုိင္ ၃၀ ရက္) က ဝါ႐ွင္တန္ပုိ႕စ္သတင္းစာမွာ ေဖာ္ျပခဲ့မႈအရ ေျမာက္ကုိရီးယားက ေလာင္စာအရည္သုံး တုိက္ခ်င္းပစ္ပဲ့ထိန္ဒုံးက်ည္ (intercontinental ballistic missiles - ICBMs) တစ္စင္း သုိ႕မဟုတ္ ႏွစ္စင္းကုိ ၿပဳံယမ္းၿမဳိ႕ေတာ္အနီး႐ွိ Sanumdong စခန္းမွာ တည္ေဆာက္သြားရန္ ျပင္ဆင္ေနပုံရေၾကာင္း သိရပါတယ္။

အဆုိပါ ဒုံးက်ည္တည္ေဆာက္ေရးစခန္းမွာ ယခင္ကလည္း အေမရိကန္အထိေရာက္ေအာင္ ပစ္လႊတ္ႏုိင္တဲ့ ေျမာက္ကုိရီးယားရဲ႕ Hwasong-15 တုိက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကုိ တည္ေဆာက္ထုတ္လုပ္ခဲ့ဖူးပါတယ္။

Sanumdong စခန္းေနရာမွာ ေမာ္ေတာ္ယာဥ္မ်ား ဝင္ထြက္သြားလာမႈကုိ ေထာက္လွမ္းေရးၿဂဳိဟ္တုမွတစ္ဆင့္ ေတြ႕ရေၾကာင္း၊ သုိ႕ေသာ္ ဒုံးက်ည္အေရအတြက္ မည္မွ်အထိ တည္ေဆာက္ေနေၾကာင္းကုိမူ မသိ႐ွိရေၾကာင္း ႐ုိက္တာသတင္းက ေျပာပါတယ္။

စင္ကာပူမွာ ထိပ္သီးေဆြးေႏြးပြဲ ျပဳလုပ္ခဲ့သည့္ ကင္မ္နဲ႕ထရန္႕ (Photo: AFP)



အေမရိကန္သမၼတ ေဒၚနယ္ထရန္႕နဲ႕ ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္တုိ႕ ဇြန္လ ၁၂ ရက္က စင္ကာပူမွာ သမုိင္းဝင္ ထိပ္သီးေဆြးေႏြးပြဲ ျပဳလုပ္ခဲ့စဥ္ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး လုပ္ေဆာင္သြားရန္ သေဘာတူညီခဲ့ၾကပါတယ္။

ထိပ္သီးေဆြးေႏြးပြဲအၿပီးမွာလည္း အေမရိကန္သမၼတထရန္႕က ေျမာက္ကုိရီးယားဟာ ႏ်ဴကလီးယား ၿခိမ္းေျခာက္မႈတစ္ခု မဟုတ္ေတာ့ဘူးလုိ႕ ေျပာခဲ့ပါတယ္။

သို႕ေသာ္ ထိပ္သီးေဆြးေႏြးပြဲ သေဘာတူညီခ်က္အတြင္း ကင္မ္ဂ်ဳံအန္ထံမွ ႏ်ဴကလီးယားနဲ႕ ဒုံးက်ည္အစီအစဥ္ေတြကုိ အဆုံးသတ္မယ္လုိ႕ ခုိင္မာတဲ့ကတိျပဳမႈနဲ႕ လက္ေတြ႕ လုိက္နာလုပ္ေဆာင္မယ့္ အေသးစိတ္ အစီအစဥ္ေဖာ္ျပမႈေတြ မရ႐ွိခဲ့ဘဲ အေလွ်ာ့ေပးလုိက္ေလ်ာခဲ့ေၾကာင္း အေမရိကန္ျပည္တြင္းမွာ သမၼတထရန္႕ကုိ ေဝဖန္မႈေတြ႐ွိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs