• International News
    တန်ဖိုးမဖြတ်နိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့တော်ဝင်သရဖူများ နေ့ခင်းကြောင်တောင် ခိုးယူခံရ
Ko John
[Unicode Version]

တန်ဖိုးမဖြတ်နိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ ကျောက်မျက်စီခြယ်ထားတဲ့ တော်ဝင် အဆောင်အယောင် စက်လုံးတို့ကို နေ့ခင်းကြောင်တောင် ခိုးယူသွားတဲ့ သူခိုးနှစ်ယောက်အား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

4906s.jpg

တော်ဝင်သရဖူများထားရှိသည့် ဘုရားကျောင်း (Photo: Alamy)



ဆွီဒင်မြို့တော် စတော့ဟုမ်းမြို့အနီး Strängnäs ဒေသရှိ ဘုရားကျောင်းမှာထားရှိတဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ စက်လုံးတို့ကို ယမန်နေ့ (ဇူလိုင် (၃၁ ရက်) နေ့ခင်းပိုင်းအချိန်မှာ သူခိုးနှစ်ယောက်က ခိုးယူခဲ့ပြီးနောက် စပိဘုတ်တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

သူခိုးများလက်ထဲကို ပါသွားခဲ့တဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ စက်လုံးတို့ဟာ ၁၇ ရာစုနှစ်မှ ဘုရင်နဲ့ မိဘုရားတို့ရဲ့ အဆောင်အယောင်များ ဖြစ်တယ်လို့ဆိုပါတယ်။

1313.jpg

ဆွီဒင်တော်ဝင်မိသားစု၏ သရဖူများနှင့် အဆောင်အယောင်များ (Photo: Reuters)



အများပြည်သူ ဝင်ရောက်နိုင်ရန်နဲ့ နေ့လယ်စာစားပွဲ တည်ခင်းပြုလုပ်နေခဲ့တဲ့ ဘုရားကျောင်းအတွင်းမှ အမျိုးသားနှစ်ဦး ပြေးထွက်လာခဲ့တာ မြင်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဆွီဒင်ရဲ့တပ်ဖွဲ့က တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရဲ့ တော်ဝင်အဆောင်အယောင်တွေကို ခိုးယူသွားသူနှစ်ဦးအား လိုက်လံရှာဖွေမှု အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

သူခိုးနှစ်ယောက်က စတော့ဟုမ်းမြို့အနောက်ဘက် မိုင် ၆၀ အကွာ ဘုရားကျောင်းအတွင်း သော့ခတ်ထားပြီး အချက်ပေးစနစ်လည်း တပ်ဆင်ထားတဲ့ မှန်ဘီရိုထဲမှာ ထည့်သွင်းပြသထားတဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ အဆောင်အယောင်စက်လုံးတို့ကို ခိုးယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

2018-08-01_213405.jpg

Infographic: Guardian, Image: Google Earth



ခိုးယူခံရတဲ့ တော်ဝင်သရဖူနှစ်ခုဟာ ဘုရင် Karl IX နဲ့ ဘုရင်မ Kristina တို့ရဲ့ အဆောင်အယောင်များ ဖြစ်တယ်လို့ သိရပါတယ်။ Karl IX ဟာ ၁၆၀၄ ခုနှစ်မှ နတ်ရွာစံခဲ့ချိန် ၁၆၁၁ ခုနှစ်အထိ ဆွီဒင်ဘုရင်အဖြစ် ထီးနန်းစိုးစံခဲ့ပါတယ်။ ဘုရင်မ Kristina ကတော့ ၁၆၃၂ ခုနှစ်မှာ ဆွီဒင်ကို အုပ်ချုပ်ခဲ့ပြီး ၁၆၅၄ ခုနှစ်မှာ ထီးနန်းစွန့်ခဲ့ကြောင်း သိရပါတယ်။

ယခု ခိုးယူခံရတဲ့ တော်ဝင်သရဖူတွေကို တော်ဝင်ဈာပနအခမ်းအနားမှာ ထည့်သွင်းမြှုပ်နှံခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည်တူးဖော်ပြီး ဘုရားကျောင်းမှာ ပြသထားခဲ့တာလည်း ဖြစ်ပါတယ်။

[Zawgyi Version]

တန္ဖုိးမျဖတ္ႏုိင္တဲ့ ဆီြဒင္ႏိုင္ငံရဲ႕ ေတာ္ဝင္သရဖူႏွစ္ခုနဲ႕ ေက်ာက္မ်က္စီျခယ္ထားတဲ့ ေတာ္ဝင္ အေဆာင္အေယာင္ စက္လုံးတုိ႕ကုိ ေန႕ခင္းေၾကာင္ေတာင္ ခိုးယူသြားတဲ့ သူခုိးႏွစ္ေယာက္အား ရဲတပ္ဖြဲ႕က လုိက္လံ႐ွာေဖြေနပါတယ္။

4906s.jpg

ေတာ္ဝင္သရဖူမ်ားထား႐ွိသည့္ ဘုရားေက်ာင္း (Photo: Alamy)



ဆြီဒင္ၿမဳိ႕ေတာ္ စေတာ့ဟုမ္းၿမဳိ႕အနီး Strängnäs ေဒသ႐ွိ ဘုရားေက်ာင္းမွာထား႐ွိတဲ့ ေတာ္ဝင္သရဖူႏွစ္ခုနဲ႕ စက္လုံးတုိ႕ကုိ ယမန္ေန႕ (ဇူလုိင္ (၃၁ ရက္) ေန႕ခင္းပုိင္းအခ်ိန္မွာ သူခိုးႏွစ္ေယာက္က ခုိးယူခဲ့ၿပီးေနာက္ စပိဘုတ္တစ္စီးျဖင့္ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း သိရပါတယ္။

သူခုိးမ်ားလက္ထဲကို ပါသြားခဲ့တဲ့ ေတာ္ဝင္သရဖူႏွစ္ခုနဲ႕ စက္လုံးတုိ႕ဟာ ၁၇ ရာစုႏွစ္မွ ဘုရင္နဲ႕ မိဘုရားတုိ႕ရဲ႕ အေဆာင္အေယာင္မ်ား ျဖစ္တယ္လို႕ဆုိပါတယ္။

1313.jpg

ဆြီဒင္ေတာ္ဝင္မိသားစု၏ သရဖူမ်ားႏွင့္ အေဆာင္အေယာင္မ်ား (Photo: Reuters)



အမ်ားျပည္သူ ဝင္ေရာက္ႏုိင္ရန္နဲ႕ ေန႕လယ္စာစားပြဲ တည္ခင္းျပဳလုပ္ေနခဲ့တဲ့ ဘုရားေက်ာင္းအတြင္းမွ အမ်ဳိးသားႏွစ္ဦး ေျပးထြက္လာခဲ့တာ ျမင္ခဲ့ရတယ္လို႕ မ်က္ျမင္ေတြ႕ခဲ့သူေတြက ေျပာပါတယ္။

ဆီြဒင္ရဲ႕တပ္ဖြဲ႕က တန္ဖုိးမျဖတ္ႏုိင္တဲ့ ႏုိင္ငံရဲ႕ ေတာ္ဝင္အေဆာင္အေယာင္ေတြကုိ ခုိးယူသြားသူႏွစ္ဦးအား လိုက္လံ႐ွာေဖြမႈ အႀကီးအက်ယ္ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

သူခုိးႏွစ္ေယာက္က စေတာ့ဟုမ္းၿမဳိ႕အေနာက္ဘက္ မုိင္ ၆၀ အကြာ ဘုရားေက်ာင္းအတြင္း ေသာ့ခတ္ထားၿပီး အခ်က္ေပးစနစ္လည္း တပ္ဆင္ထားတဲ့ မွန္ဘီ႐ုိထဲမွာ ထည့္သြင္းျပသထားတဲ့ ေတာ္ဝင္သရဖူႏွစ္ခုနဲ႕ အေဆာင္အေယာင္စက္လုံးတုိ႕ကုိ ခုိးယူသြားခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။

2018-08-01_213405.jpg

Infographic: Guardian, Image: Google Earth



ခုိးယူခံရတဲ့ ေတာ္ဝင္သရဖူႏွစ္ခုဟာ ဘုရင္ Karl IX နဲ႕ ဘုရင္မ Kristina တုိ႕ရဲ႕ အေဆာင္အေယာင္မ်ား ျဖစ္တယ္လုိ႕ သိရပါတယ္။ Karl IX ဟာ ၁၆၀၄ ခုႏွစ္မွ နတ္႐ြာစံခဲ့ခ်ိန္ ၁၆၁၁ ခုႏွစ္အထိ ဆီြဒင္ဘုရင္အျဖစ္ ထီးနန္းစုိးစံခဲ့ပါတယ္။ ဘုရင္မ Kristina ကေတာ့ ၁၆၃၂ ခုႏွစ္မွာ ဆီြဒင္ကုိ အုပ္ခ်ဳပ္ခဲ့ၿပီး ၁၆၅၄ ခုႏွစ္မွာ ထီးနန္းစြန္႕ခဲ့ေၾကာင္း သိရပါတယ္။

ယခု ခုိးယူခံရတဲ့ ေတာ္ဝင္သရဖူေတြကုိ ေတာ္ဝင္စ်ာပနအခမ္းအနားမွာ ထည့္သြင္းျမွဳပ္ႏွံခဲ့ၾကေပမဲ့ ေနာက္ပုိင္းမွာေတာ့ ျပန္လည္တူးေဖာ္ၿပီး ဘုရားေက်ာင္းမွာ ျပသထားခဲ့တာလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs