ဥရောပမှာ နောက်ထပ် အပူလှိုင်းတစ်ခုကြောင့် အပူဒဏ်ခံစားနေရပြီး လာမယ့်ရက်များအတွင်း အပူချိန် စံချိန်တင် မြင့်တက်နိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။ ယခင်က ဥရောပမှာ စံချိန်တင်ထားခဲ့တဲ့ အမြင့်ဆုံး အပူချိန်ဟာ ၁၉၇၇ ခုနှစ် ဇူလိုင်လအတွင်း အေသင်မြို့ရဲ့ အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။
Photo: EPA
စပိန်မှာ လာမယ့် တနင်္ဂနွေနေ့ (သြဂုတ် ၅ ရက်) အထိ အပူလှိုင်းအန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ စပိန် အနောက်တောင်ပိုင်းဒေသတွေမှာ အပူချိန်အမြင့်ဆုံးနဲ့ အရှည်ကြာဆုံး မြင့်တက်နေနိုင်တယ်လို့ ဆိုပါတယ်။
ဥရောပ မိုးလေဝသဆိုင်ရာ သတိပေးအုပ်စု Meteoalarm က ပေါ်တူဂီနိုင်ငံတောင်ပိုင်း ဒေသအများအပြားနဲ့ စပိန်နိုင်ငံ Badajoz ဒေသတို့မှာ အပူချိန်များ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေအထိ မြင့်တက်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပေါ်တူဂီမှာ ၂၀၀၃ ခုနှစ်အတွင်း အပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်သို့ စံချိန်တင် မြင့်တက်ခဲ့ဖူးပါတယ်။ စပိန်မှာတော့ ယမန်နှစ် ဇူလိုင်လအတွင်း စံချိန်တင် အပူချိန်မြင့်တက်မှုအဖြစ် ၄၇.၃ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။
လာမယ့် သောကြာနေ့ (သြဂုတ် ၃ ရက်) နဲ့ စနေနေ့ (သြဂုတ် ၄ ရက်) တို့ဟာ အပူဆုံးနေ့ရက်များ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အပူချိန် စံချိန်တင်မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
Photo: Getty Images
ဥရောပရဲ့ လက်ရှိ အပူချိန်များ မြင့်တက်နေမှုဟာ ၁၉၇၇ ခုနှစ်က စံချိန်တင်ခဲ့တဲ့ အေသင်မြို့ရဲ့ အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ်နဲ့ တူညီသွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းဖြစ်နေပြီး ထိုအပူချိန်ကို ကျော်လွန်သွားနိုင်ခြေမှာ ၂၅ မှ ၃၀ ရာခိုင်နှုန်း ဖြစ်နေတယ်လို့ သိရပါတယ်။
ဥေရာပမွာ ေနာက္ထပ္ အပူလႈိင္းတစ္ခုေၾကာင့္ အပူဒဏ္ခံစားေနရၿပီး လာမယ့္ရက္မ်ားအတြင္း အပူခ်ိန္ စံခိ်န္တင္ ျမင့္တက္ႏုိင္ေၾကာင္း မုိးေလဝသခန္႕မွန္းသူေတြက ေျပာပါတယ္။ ယခင္က ဥေရာပမွာ စံခ်ိန္တင္ထားခဲ့တဲ့ အျမင့္ဆုံး အပူခ်ိန္ဟာ ၁၉၇၇ ခုႏွစ္ ဇူလုိင္လအတြင္း ေအသင္ၿမဳိ႕ရဲ႕ အပူခ်ိန္ ၄၈ ဒီဂရီဆဲလ္စီးယပ္ ျဖစ္ပါတယ္။
Photo: EPA
စပိန္မွာ လာမယ့္ တနဂၤေႏြေန႕ (ၾသဂုတ္ ၅ ရက္) အထိ အပူလႈိင္းအႏၱရာယ္႐ွိႏုိင္ေၾကာင္း သတိေပးခ်က္မ်ား ထုတ္ျပန္ထားပါတယ္။ စပိန္ အေနာက္ေတာင္ပုိင္းေဒသေတြမွာ အပူခ်ိန္အျမင့္ဆုံးနဲ႕ အ႐ွည္ၾကာဆုံး ျမင့္တက္ေနႏုိင္တယ္လို႕ ဆုိပါတယ္။
ဥေရာပ မိုးေလဝသဆုိင္ရာ သတိေပးအုပ္စု Meteoalarm က ေပၚတူဂီႏုိင္ငံေတာင္ပုိင္း ေဒသအမ်ားအျပားနဲ႕ စပိန္ႏုိင္ငံ Badajoz ေဒသတုိ႕မွာ အပူခ်ိန္မ်ား အလြန္အႏၱရာယ္႐ွိတဲ့ အေျခအေနအထိ ျမင့္တက္ႏုိင္ၿပီး အသက္အႏၱရာယ္႐ွိႏုိင္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။
ေပၚတူဂီမွာ ၂၀၀၃ ခုႏွစ္အတြင္း အပူခ်ိန္ ၄၇.၄ ဒီဂရီဆဲလ္စီးယပ္သုိ႕ စံခ်ိန္တင္ ျမင့္တက္ခဲ့ဖူးပါတယ္။ စပိန္မွာေတာ့ ယမန္ႏွစ္ ဇူလုိင္လအတြင္း စံခ်ိန္တင္ အပူခ်ိန္ျမင့္တက္မႈအျဖစ္ ၄၇.၃ ဒီဂရီဆဲလ္စီးယပ္ ျဖစ္ခဲ့ဖူးေၾကာင္း သိရပါတယ္။
လာမယ့္ ေသာၾကာေန႕ (ၾသဂုတ္ ၃ ရက္) နဲ႕ စေနေန႕ (ၾသဂုတ္ ၄ ရက္) တုိ႕ဟာ အပူဆုံးေန႕ရက္မ်ား ျဖစ္လာႏုိင္ဖြယ္႐ွိေနၿပီး အပူခ်ိန္ စံခ်ိန္တင္ျမင့္တက္ႏုိင္ေၾကာင္း ခန္႕မွန္းထားပါတယ္။
Photo: Getty Images
ဥေရာပရဲ႕ လက္႐ွိ အပူခ်ိန္မ်ား ျမင့္တက္ေနမႈဟာ ၁၉၇၇ ခုႏွစ္က စံခ်ိန္တင္ခဲ့တဲ့ ေအသင္ၿမဳိ႕ရဲ႕ အပူခ်ိန္ ၄၈ ဒီဂရီဆဲလ္စီးယပ္နဲ႕ တူညီသြားႏုိင္ေျခ ၄၀ ရာခုိင္ႏႈန္းျဖစ္ေနၿပီး ထုိအပူခ်ိန္ကုိ ေက်ာ္လြန္သြားႏုိင္ေျခမွာ ၂၅ မွ ၃၀ ရာခုိင္ႏႈန္း ျဖစ္ေနတယ္လို႕ သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.