• International News
    လွမ်ဘော့ငလျင်ကြီးကြောင့် သေဆုံးသူ ၁၆၄ ဦးအထိမြင့်တက်လာ၊ လူဦးရေ တစ်သိန်းခြောက်သောင်းနီးပါး ရွှေ့ပြောင်းရ
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၁၆၄ ဦးကို ကျော်လွန်မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၈ ရက်) ပြောခဲ့ပါတယ်။

lombok-earthquake-1.jpg

လွမ်ဘော့ကျွန်းမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် (Photo: AFP)



အဆိုပါ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူဦးရေ ၁၅၆,၀၀၀ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း သိရပါတယ်။ တနင်္ဂနွေနေ့ (သြဂုတ် ၅ ရက်) ဒေသစံတော်ချိန် ညပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လွမ်ဘော့ကျွန်းပေါ်ရှိ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

လူဦးရေ ၃.၁ သန်းခန့်ရှိတဲ့ လွမ်ဘော့ကျွန်းမှာ ယခု ငလျင်ကြီးမတိုင်မီ ဇူလိုင် ၂၉ ရက် အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

သြဂုတ် ၅ ရက် ညပိုင်းမှာ ထပ်မံ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူဦးရေ ၁,၄၇၇ ဦး ဒဏ်ရာများရခဲ့ကြပြီး အဆောက်အအုံ ထောင်နဲ့ချီ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

2018-08-08_224159.jpg

ငလျင်ကြောင့် ပြိုကျသွားသည့် နေအိမ်တစ်လုံး (Photo: CGTN)



ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အခြေခံ အစားအသောက်၊ အသုံးအဆောင်များ ပိုမိုလိုအပ်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

"လူတွေကိုရွှေ့ပြောင်းဖို့အတွက် အပြင်းအထန် အားစိုက်လုပ်ဆောင်နေပါတယ်၊ ဒါပေမဲ့ မြေပြင်မှာ လုပ်ငန်းဆောင်ရွက်တဲ့အခါ ပြဿနာတွေ အများကြီးရှိနေဆဲ ဖြစ်ပါတယ်" လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ယနေ့ ပြောပါတယ်။

lombok-earthquake-2.jpg

ယာယီရွက်ဖျင်တဲတွေမှာ ခိုလှုံနေရသည့် ဒေသခံများ (Photo: Adek Berry/AFP)



ဆက်လက်ပြီး "ငလျင်ကြောင့် သေဆုံးသူအရေအတွက်က မြင့်တက်လာနေပါတယ်၊ လူဦးရေ ၇၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး နေအိမ်အလုံးရေ ထောင်သောင်းချီ ပျက်စီးခဲ့ပါတယ်" လို့လည်း နူဂရိုဟိုက ယနေ့ ပြောပါတယ်။

လွမ်ဘော့ကျွန်းမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကမ္ဘာလှည့်ခရီးသည် ၂,၀၀၀ ကျော်ကိုလည်း ဂီလီကျွန်း (Gili) နဲ့ အခြားနေရာတွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သြဂုတ် ၅ ရက်က လွမ်ဘော့ကျွန်းမှာ ငလျင်လှုပ်မှုကို ဘာလီကျွန်းမှာလည်း စက္ကန့်အနည်းငယ်မျှ ခံစားသိရှိခဲ့ရပြီး လူအများအပြား အဆောက်အအုံများ အပြင်ဘက်ကို ပြေးထွက်ခဲ့ကြပါတယ်။

lombok-earthquake-5.jpg

ဂီလီကျွန်းမှ ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို ရွှေ့ပြောင်းလာစဉ် (Photo: AFP)



လွမ်ဘော့ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့နေရာတစ်ခုဖြစ်ပြီး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ငလျင်ကြောင့် ဘာလီကျွန်းမှာလည်း အဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

tens-of-thousands-of-homes-businesses-and-mosques-were-levelled-by-the-quake-which-struck-on-sunday-as-evening-prayers-were-being-said-across-the-muslim-majority-island-1533778683853-2.jpg

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီတစ်ခု (Photo: AFP/SONNY TUMBELAKA)



၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

[Zawgyi Version]

အင္ဒုိနီး႐ွားႏုိင္ငံ လြမ္ေဘာ့ကၽြန္းမွာ လႈပ္ခတ္ခဲ့တဲ့ ရစ္(ခ္)တာစေကး ၆.၉ အဆင့္႐ွိ အင္အားျပင္းထန္တဲ့ ငလ်င္ႀကီးေၾကာင့္ ေသဆုံးသူအေရအတြက္ ၁၆၄ ဦးကုိ ေက်ာ္လြန္ျမင့္တက္လာေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ၾသဂုတ္ ၈ ရက္) ေျပာခဲ့ပါတယ္။

လြမ္ေဘာ့ကၽြန္းမွာ ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနစဥ္ (Photo: AFP)



အဆုိပါ ငလ်င္ႀကီးလႈပ္ခတ္မႈေၾကာင့္ လူဦးေရ ၁၅၆,၀၀၀ ေနအိမ္မ်ားမွ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္းလည္း သိရပါတယ္။ တနဂၤေႏြေန႕ (ၾသဂုတ္ ၅ ရက္) ေဒသစံေတာ္ခ်ိန္ ညပိုင္းမွာ အင္အားျပင္းထန္တဲ့ ငလ်င္ႀကီးလႈပ္ခတ္မႈေၾကာင့္ လြမ္ေဘာ့ကၽြန္းေပၚ႐ွိ ေဒသခံေတြနဲ႕ ကမာၻလွည့္ခရီးသည္မ်ား အထိတ္တလန္႕ ျဖစ္ခဲ့ၾကပါတယ္။

လူဦးေရ ၃.၁ သန္းခန္႕႐ွိတဲ့ လြမ္ေဘာ့ကၽြန္းမွာ ယခု ငလ်င္ႀကီးမတုိင္မီ ဇူလုိင္ ၂၉ ရက္ အေစာပိုင္းကလည္း ရစ္(ခ္)တာစေကး ၆.၄ ႐ွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့မႈေၾကာင့္ လူ ၁၇ ဦး ေသဆုံးခဲ့ပါတယ္။

ၾသဂုတ္ ၅ ရက္ ညပုိင္းမွာ ထပ္မံ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ႀကီးေၾကာင့္ လူဦးေရ ၁,၄၇၇ ဦး ဒဏ္ရာမ်ားရခဲ့ၾကၿပီး အေဆာက္အအုံ ေထာင္နဲ႕ခ်ီ ပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။

ငလ်င္ေၾကာင့္ ၿပဳိက်သြားသည့္ ေနအိမ္တစ္လုံး (Photo: CGTN)



ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းေတြအတြက္ ေဆးဘက္ဆုိင္ရာဝန္ထမ္းေတြနဲ႕ အေျခခံ အစားအေသာက္၊ အသုံးအေဆာင္မ်ား ပုိမိုလုိအပ္ေနေၾကာင္း အင္ဒုိနီး႐ွား အာဏာပိုင္ေတြက ေျပာပါတယ္။

"လူေတြကုိေ႐ႊ႕ေျပာင္းဖုိ႕အတြက္ အျပင္းအထန္ အားစုိက္လုပ္ေဆာင္ေနပါတယ္၊ ဒါေပမဲ့ ေျမျပင္မွာ လုပ္ငန္းေဆာင္႐ြက္တဲ့အခါ ျပႆနာေတြ အမ်ားႀကီး႐ွိေနဆဲ ျဖစ္ပါတယ္" လုိ႕ ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႕ခြဲမႈဌာနမွ ေျပာခြင့္ရပုဂၢဳိလ္ ဆူတုိပုိပြာဝုိ ႏူဂ႐ုိဟုိက ယေန႕ ေျပာပါတယ္။

ယာယီ႐ြက္ဖ်င္တဲေတြမွာ ခုိလႈံေနရသည့္ ေဒသခံမ်ား (Photo: Adek Berry/AFP)



ဆက္လက္ၿပီး "ငလ်င္ေၾကာင့္ ေသဆုံးသူအေရအတြက္က ျမင့္တက္လာေနပါတယ္၊ လူဦးေရ ၇၀,၀၀၀ ေက်ာ္ကုိ ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး ေနအိမ္အလုံးေရ ေထာင္ေသာင္းခ်ီ ပ်က္စီးခဲ့ပါတယ္" လုိ႕လည္း ႏူဂ႐ုိဟုိက ယေန႕ ေျပာပါတယ္။

လြမ္ေဘာ့ကၽြန္းမွာ ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ ကမာၻလွည့္ခရီးသည္ ၂,၀၀၀ ေက်ာ္ကုိလည္း ဂီလီကၽြန္း (Gili) နဲ႕ အျခားေနရာေတြကေန ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။

ၾသဂုတ္ ၅ ရက္က လြမ္ေဘာ့ကၽြန္းမွာ ငလ်င္လႈပ္မႈကုိ ဘာလီကၽြန္းမွာလည္း စကၠန္႕အနည္းငယ္မွ် ခံစားသိ႐ွိခဲ့ရၿပီး လူအမ်ားအျပား အေဆာက္အအုံမ်ား အျပင္ဘက္ကို ေျပးထြက္ခဲ့ၾကပါတယ္။

ဂီလီကၽြန္းမွ ကမာၻလွည့္ခရီးသည္တစ္ဦးကို ေ႐ႊ႕ေျပာင္းလာစဥ္ (Photo: AFP)



လြမ္ေဘာ့ကၽြန္းဟာ ကမာၻလွည့္ခရီးသည္ လာေရာက္မႈ မ်ားျပားတဲ့ေနရာတစ္ခုျဖစ္ၿပီး ဘာလီကၽြန္းအေ႐ွ႕ဘက္ ၆၂ မုိင္ခန္႕အကြာမွာ တည္႐ွိပါတယ္။ ငလ်င္ေၾကာင့္ ဘာလီကၽြန္းမွာလည္း အေဆာက္အအုံ ပ်က္စီးမႈေတြ ျဖစ္ခဲ့ပါတယ္။

ေထာင္နဲ႕ခ်ီ အေရအတြက္႐ွိတဲ့ ကၽြန္းမ်ားျဖင့္ ဖြဲ႕စည္းတည္႐ွိေနတဲ့ အင္ဒုိနီး႐ွားဟာ ပစိဖိတ္မီးကြင္းေဒသမွာ တည္႐ွိေနၿပီး ငလ်င္လႈပ္ခတ္မႈ အႏၱရာယ္အ႐ွိဆုံး ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။

ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္ ဗလီတစ္ခု (Photo: AFP/SONNY TUMBELAKA)



၂၀ဝ၄ ခုႏွစ္က အိႏၵိယသမုဒၵရာ ေရေအာက္ၾကမ္းျပင္မွာ ရစ္(ခ္)တာစေကး ၉.၃ ႐ွိ အင္အား အလြန္ျပင္းထန္တဲ့ ငလ်င္ႀကီးတစ္ခု လႈပ္ခတ္မႈကုိ အာေခ်းျပည္နယ္နဲ႕ ဆူမၾတာကၽြန္းတုိ႕မွာ အႀကီးအက်ယ္ ခံစားခဲ့ရပါတယ္။

အဆုိပါ ငလ်င္ေၾကာင့္ ဆူနာမီေရလႈိင္းႀကီးမ်ား ျဖစ္ေပၚခဲ့ၿပီး အင္ဒုိနီး႐ွားမွာ လူေပါင္း ၁၇၀,၀၀၀ ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ ပစိဖိတ္သမုဒၵရာနဲ႕ ဆက္စပ္ေနတဲ့ ႏုိင္ငံေတြမွာလည္း လူေပါင္းေထာင္နဲ႕ခ်ီ ေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs