• International News
    လွမ်ဘော့ကျွန်းမှာ အင်အားပြင်းငလျင်ထပ်လှုပ်၊ သြဂုတ် ၅ ရက် ငလျင်ကြီးကြောင့် သေဆုံးသူ ၃၁၉ ဦးအထိ မြင့်တက်လာ
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ အင်အားပြင်းထန်တဲ့ နောက်ထပ် ငလျင်တစ်ခု ယနေ့ (သြဂုတ် ၉ ရက်) လှုပ်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

pemenang-village-lombok-earthquake-aftermath.jpg

သြဂုတ် ၅ ရက် ငလျင်ကြီးကြောင့် ပျက်စီးမှုမြင်ကွင်းတစ်ခု (Photo: Saifulbahri Ismail/Twitter)



ယနေ့လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ရစ်(ခ်)တာစကေး ၆.၂ အဆင့်ဖြစ်တယ်လို့ အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာ ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။

United States Geological Survey (USGS) ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်(ခ်)တာစကေး ၅.၉ အဖြစ် ဖော်ပြခဲ့ပြီး လွမ်ဘော့ကျွန်း အနောက်မြောက်ဘက် မြေအောက်အနက် ၆.၂ မိုင်မှာ လှုပ်ခတ်ခဲ့တယ်လို့ ပြောထားပါတယ်။

လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ညပိုင်း လှုပ်ခတ်ခဲ့တဲ့ ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃၁၉ ဦးအထိရှိလာပြီး ဆက်လက် မြင့်တက်လာနိုင်သေးကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နူဂရိုဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန်ရာမှာ ပြောခဲ့ပါတယ်။

_102891243_gettyimages-1013642480.jpg

ငလျင်ကြောင့် လွမ်ဘော့ကျွန်းမှာ ပျက်စီးခဲ့မှု (Photo: AFP)



ငလျင်ကြောင့် သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ရာမှာ အစိုးရဌာနများကြား ကွဲလွဲမှုတွေလည်းရှိနေခဲ့ပါတယ်။ လုံခြုံရေးဝန်ကြီးက ငလျင်ကြောင့် လူ ၃၁၉ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းမှာ ပြောထားခဲ့ပြီး အစိုးရတာဝန်ရှိသူအချို့ကို ကိုးကားပြီး ဒေသခံ မီဒီတွေက ဖော်ပြမှုအရ သေဆုံးသူ ၃၄၇ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

အဆိုပါကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီးလှုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ငလျင်ကြီးကြောင့် လူ ၁,၄၀၀ ကျော် ဒဏ်ရာရခဲ့ပြး လူဦးရေ ၂၇၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

လူဦးရေ ၃.၁ သန်းခန့်ရှိတဲ့ လွမ်ဘော့ကျွန်းမှာ ယခု ငလျင်များမတိုင်မီ ဇူလိုင် ၂၉ ရက် အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

_102888835_mediaitem102888834.jpg

ငလျင်အပျက်အစီးများထဲမှာ အမျိုးသမီး တစ်ဦးကို ကယ်တင်နိုင်ခဲ့စဉ် (Photo: Reuters)



ငလျင်များလှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အခြေခံ အစားအသောက်၊ အသုံးအဆောင်များ ပိုမိုလိုအပ်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

လွမ်ဘော့ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု များပြားတဲ့နေရာတစ်ခုဖြစ်ပြီး ဘာလီကျွန်းအရှေ့ဘက် ၆၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ငလျင်ကြောင့် ဘာလီကျွန်းမှာလည်း အဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီးလှုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၃၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်းနဲ့ ယနေ့လှုပ်ခဲ့တဲ့ ငလျင်ဟာ အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။

[No available link text]

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

 

[Zawgyi Version]

အင္ဒုိနီး႐ွားႏုိင္ငံ လြမ္ေဘာ့ကၽြန္းမွာ အင္အားျပင္းထန္တဲ့ ေနာက္ထပ္ ငလ်င္တစ္ခု ယေန႕ (ၾသဂုတ္ ၉ ရက္) လႈပ္ခတ္ခဲ့ရာ အေဆာက္အအုံအခ်ဳိ႕ ၿပဳိက်ပ်က္စီးခဲ့ၿပီး ေဒသခံမ်ား ေၾကာက္လန္႕တၾကား ျဖစ္ခဲ့ၾကပါတယ္။

United States Geological Survey (USGS) ကေတာ့ ငလ်င္ရဲ႕ျပင္းအားကို ရစ္(ခ္)တာစေကး ၅.၉ အျဖစ္ ေဖာ္ျပခဲ့ၿပီး လြမ္ေဘာ့ကၽြန္း အေနာက္ေျမာက္ဘက္ ေျမေအာက္အနက္ ၆.၂ မုိင္မွာ လႈပ္ခတ္ခဲ့တယ္လို႕ ေျပာထားပါတယ္။

လြမ္ေဘာ့ကၽြန္းမွာ ၾသဂုတ္ ၅ ရက္ ညပုိင္း လႈပ္ခတ္ခဲ့တဲ့ ရစ္(ခ္)တာစေကး ၆.၉ အဆင့္႐ွိ အင္အားျပင္းထန္တဲ့ ငလ်င္ႀကီးေၾကာင့္ ေသဆုံးသူအေရအတြက္ဟာလည္း ၃၁၉ ဦးအထိ႐ွိလာၿပီး ဆက္လက္ ျမင့္တက္လာႏုိင္ေသးေၾကာင္း ေဘးအႏၱရာယ္ဆိုင္ရာဌာနမွ ေျပာခြင့္ရပုဂၢဳိလ္ ႏူဂ႐ုိဟိုက ယေန႕ တရားဝင္ သတင္းထုတ္ျပန္ရာမွာ ေျပာခဲ့ပါတယ္။

ငလ်င္ေၾကာင့္ လြမ္ေဘာ့ကၽြန္းမွာ ပ်က္စီးခဲ့မႈ (Photo: AFP)



ငလ်င္ေၾကာင့္ ေသဆုံးသူအေရအတြက္ကုိ ထုတ္ျပန္ရာမွာ အစုိးရဌာနမ်ားၾကား ကြဲလြဲမႈေတြလည္း႐ွိေနခဲ့ပါတယ္။ လုံၿခဳံေရးဝန္ႀကီးက ငလ်င္ေၾကာင့္ လူ ၃၁၉ ဦး ေသဆုံးခဲ့ေၾကာင္း အေစာပိုင္းမွာ ေျပာထားခဲ့ၿပီး အစုိးရတာဝန္ရွိသူအခ်ဳိ႕ကုိ ကုိးကားၿပီး ေဒသခံ မီဒီေတြက ေဖာ္ျပမႈအရ ေသဆုံးသူ ၃၄၇ ဦးအထိ ျမင့္တက္လာေၾကာင္း သိရပါတယ္။

အဆိုပါကၽြန္းမွာ ၾသဂုတ္ ၅ ရက္ ငလ်င္ႀကီးလႈပ္ၿပီးေနာက္ ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနဆဲျဖစ္ၿပီး ငလ်င္ႀကီးေၾကာင့္ လူ ၁,၄၀၀ ေက်ာ္ ဒဏ္ရာရခဲ့ၿပး လူဦးေရ ၂၇၀,၀၀၀ ေက်ာ္ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။

လူဦးေရ ၃.၁ သန္းခန္႕႐ွိတဲ့ လြမ္ေဘာ့ကၽြန္းမွာ ယခု ငလ်င္မ်ားမတုိင္မီ ဇူလုိင္ ၂၉ ရက္ အေစာပိုင္းကလည္း ရစ္(ခ္)တာစေကး ၆.၄ ႐ွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့မႈေၾကာင့္ လူ ၁၇ ဦး ေသဆုံးခဲ့ပါတယ္။

ငလ်င္အပ်က္အစီးမ်ားထဲမွာ အမ်ဳိးသမီး တစ္ဦးကို ကယ္တင္ႏုိင္ခဲ့စဥ္ (Photo: Reuters)



ငလ်င္မ်ားလႈပ္ခတ္ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းေတြအတြက္ ေဆးဘက္ဆုိင္ရာဝန္ထမ္းေတြနဲ႕ အေျခခံ အစားအေသာက္၊ အသုံးအေဆာင္မ်ား ပုိမိုလုိအပ္ေနေၾကာင္း အင္ဒုိနီး႐ွား အာဏာပိုင္ေတြက ေျပာပါတယ္။

လြမ္ေဘာ့ကၽြန္းဟာ ကမာၻလွည့္ခရီးသည္ လာေရာက္မႈ မ်ားျပားတဲ့ေနရာတစ္ခုျဖစ္ၿပီး ဘာလီကၽြန္းအေ႐ွ႕ဘက္ ၆၂ မုိင္ခန္႕အကြာမွာ တည္႐ွိပါတယ္။ ငလ်င္ေၾကာင့္ ဘာလီကၽြန္းမွာလည္း အေဆာက္အအုံ ပ်က္စီးမႈေတြ ျဖစ္ခဲ့ပါတယ္။

လြမ္ေဘာ့ကၽြန္းမွာ ၾသဂုတ္ ၅ ရက္ ငလ်င္ႀကီးလႈပ္ခဲ့ၿပီးေနာက္ပုိင္း ေနာက္ဆက္တြဲ ငလ်င္လႈပ္ခတ္မႈ ၃၅၀ ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္းနဲ႕ ယေန႕လႈပ္ခဲ့တဲ့ ငလ်င္ဟာ အျပင္းထန္ဆုံးလည္း ျဖစ္ခဲ့ပါတယ္။

[No available link text]

ေထာင္နဲ႕ခ်ီ အေရအတြက္႐ွိတဲ့ ကၽြန္းမ်ားျဖင့္ ဖြဲ႕စည္းတည္႐ွိေနတဲ့ အင္ဒုိနီး႐ွားဟာ ပစိဖိတ္မီးကြင္းေဒသမွာ တည္႐ွိေနၿပီး ငလ်င္လႈပ္ခတ္မႈ အႏၱရာယ္အ႐ွိဆုံး ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။

၂၀ဝ၄ ခုႏွစ္က အိႏၵိယသမုဒၵရာ ေရေအာက္ၾကမ္းျပင္မွာ ရစ္(ခ္)တာစေကး ၉.၃ ႐ွိ အင္အား အလြန္ျပင္းထန္တဲ့ ငလ်င္ႀကီးတစ္ခု လႈပ္ခတ္မႈကုိ အာေခ်းျပည္နယ္နဲ႕ ဆူမၾတာကၽြန္းတုိ႕မွာ အႀကီးအက်ယ္ ခံစားခဲ့ရပါတယ္။

အဆုိပါ ငလ်င္ေၾကာင့္ ဆူနာမီေရလႈိင္းႀကီးမ်ား ျဖစ္ေပၚခဲ့ၿပီး အင္ဒုိနီး႐ွားမွာ လူေပါင္း ၁၇၀,၀၀၀ ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ ပစိဖိတ္သမုဒၵရာနဲ႕ ဆက္စပ္ေနတဲ့ ႏုိင္ငံေတြမွာလည္း လူေပါင္းေထာင္နဲ႕ခ်ီ ေသဆုံးခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs