• International News
    မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရဲ့အမှုကို ၂၀၁၉ ဖေဖေါ်ဝါရီ ၁၂ ရက်မှာ စတင်စစ်ဆေးမည်
Ko John
[Unicode Version]

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ အမှုကို လာမယ့်နှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှာ စတင်ကြားနာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ နဂျစ်ဟာ ယုံကြည်မှုချိုးဖောက်တဲ့ ရာဇဝတ်မှု၊ အာဏာအလွဲသုံးစားပြုမှုနဲ့ ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။

MALAYSIA_POLITICS_TRIALS_1533897624.jpg

မလေးရှားဝန်ကြီးချုပ်ဟောင်းနဂျစ် (Photo: AFP)



အဆိုပါ စွဲချက်အားလုံးဟာ ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို ၎င်းလက်ထက်မှာ တည်ထောင်ခဲ့တဲ့ အစိုးရပိုင် 1Malaysia Development Berhad (1MDB) လက်အောက်ခံ SRC International ကုမ္ပဏီမှ မလေးရှားရင်းဂစ်ငွေ ၄၂ သန်း (အမေရိကန်ဒေါ်လာ ၁၀.၃ သန်း) လွှဲပြောင်းမှုနဲ့ ဆက်စပ်နေပါတယ်။

ကွာလာလမ်ပူ တရားရုံးချုပ်က နဂျစ်ရဲ့အမှုကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှ ၂၈ ရက်နဲ့ မတ်လ ၄ ရက်မှ ၂၉ ရက်မှာ ကြားနာစစ်ဆေးသွားမယ်လို့ ယနေ့ (သြဂုတ် ၁၀ ရက်) ကြေညာခဲ့တာဖြစ်ပါတယ်။

နဂျစ်ရဲ့အမှုကို တရားရုံး ကြားနာစစ်ဆေးရာမှာ သက်သေ ၅၀ ဝန်းကျင်ကို ဆင့်ခေါ်သွားရန် မျှော်လင့်ထားကြောင်း အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။ ၎င်းရဲ့အမှုကိစ္စကို တရားစီရင်ခြင်းမပြုမီ မီဒီယာတွေမှာ ဖော်ပြခြင်းမပြုရေး တားမြစ်ပိတ်ပင်ပေးရန် နဂျစ်ရဲ့ လျှောက်ထားမှုကိုလည်း တရားရုံးချုပ်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

f-najibust-a-20180519-870x576.jpg

နဂျစ်နဲ့ဆက်နွယ်တဲ့ ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် သေတ္တာများ (Photo: AP)



မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ကို ယခုသီတင်းပတ်အတွင်း သြဂုတ် ၈ ရက်မှာ ငွေကြေးခဝါချမှုသုံးခုဖြင့် နောက်ထပ် စွဲချက်တင်လိုက်ပါတယ်။ အသက် ၆၅ နှစ်အရွယ် နဂျစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းမှာလည်း ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုသုံးခုနဲ့ အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် စွဲချက်တင်ထားခဲ့ပါတယ်။

နဂျစ်ကတော့ ၎င်းကို စွဲချက်တင်ထားမှုတွေအတွက် အပြစ်မရှိကြောင်း ပြောထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စွဲချက်တင်ထားတဲ့ ငွေကြေးခဝါချမှုတွေဟာ ထောင်ဒဏ် ၁၅ နှစ်အထိနဲ့ တရားမဝင် ငွေလွှဲပြောင်းမှုတစ်ခုအတွက် မလေးရှားရင်းဂစ်ငွေ ၅ သန်း ဒဏ်ငွေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

102222106-hi047762460.jpg

နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာများမှ သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ (Photo: CNA)



ဇူလိုင်လ အစောပိုင်းမှာ နဂျစ်ကို စွဲချက်တင်ထားခဲ့တဲ့ ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုနဲ့ အာဏာ အလွဲသုံးစားမှုတွေကတော့ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံရနိုင်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေနဲ့  ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပြီး အစိုးရပိုင် 1MDB ဘဏ္ဍာငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က နဂျစ် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပျောက်ဆုံးနေမှုကိုလည်း စင်ကာပူ၊ အမေရိကန်နဲ့ ဆစ်ဇွာလန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်ခုမှာ စုံစမ်းစစ်ဆေးနေပါတယ်။

2018-07-03_210238.jpg

မလေးရှားဝန်ကြီးချုပ် မဟာသီယာ (Photo: CNA)

1MDB အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ နဂျစ်ရဲ့နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး ငွေများနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

သိမ်းဆည်းခဲ့တဲ့ ငွေနဲ့အဖိုးတန်ပစ္စည်းများရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇၃ သန်းရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ နဂျစ်ဟာ မေလ ၉ ရက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့သူနဲ့ ယခုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာသူ မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။

[Zawgyi Version]

မေလး႐ွားဝန္ႀကီးခ်ဳပ္ေဟာင္း နဂ်စ္ရာဇက္ခ္ရဲ႕ အမႈကုိ လာမယ့္ႏွစ္ ေဖေဖၚဝါရီ ၁၂ ရက္မွာ စတင္ၾကားနာ စစ္ေဆးသြားမယ္လုိ႕ သိရပါတယ္။ နဂ်စ္ဟာ ယုံၾကည္မႈခ်ဳိးေဖာက္တဲ့ ရာဇဝတ္မႈ၊ အာဏာအလြဲသုံးစားျပဳမႈနဲ႕ ေငြေၾကးခဝါခ်မႈတုိ႕ျဖင့္ စြဲခ်က္တင္ထားပါတယ္။

MALAYSIA_POLITICS_TRIALS_1533897624.jpg

မေလး႐ွားဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ (Photo: AFP)



အဆုိပါ စြဲခ်က္အားလုံးဟာ ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ရဲ႕ ကုိယ္ပုိင္ဘဏ္အေကာင့္ထဲကုိ ၎လက္ထက္မွာ တည္ေထာင္ခဲ့တဲ့ အစိုးရပုိင္ 1Malaysia Development Berhad (1MDB) လက္ေအာက္ခံ SRC International ကုမၸဏီမွ မေလး႐ွားရင္းဂစ္ေငြ ၄၂ သန္း (အေမရိကန္ေဒၚလာ ၁၀.၃ သန္း) လႊဲေျပာင္းမႈနဲ႕ ဆက္စပ္ေနပါတယ္။

ကြာလာလမ္ပူ တရား႐ုံးခ်ဳပ္က နဂ်စ္ရဲ႕အမႈကုိ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီ ၁၂ ရက္မွ ၂၈ ရက္နဲ႕ မတ္လ ၄ ရက္မွ ၂၉ ရက္မွာ ၾကားနာစစ္ေဆးသြားမယ္လုိ႕ ယေန႕ (ၾသဂုတ္ ၁၀ ရက္) ေၾကညာခဲ့တာျဖစ္ပါတယ္။

နဂ်စ္ရဲ႕အမႈကုိ တရား႐ုံး ၾကားနာစစ္ေဆးရာမွာ သက္ေသ ၅၀ ဝန္းက်င္ကုိ ဆင့္ေခၚသြားရန္ ေမွ်ာ္လင့္ထားေၾကာင္း အစိုးရေ႐ွ႕ေနေတြက ေျပာခဲ့ပါတယ္။ ၎ရဲ႕အမႈကိစၥကုိ တရားစီရင္ျခင္းမျပဳမီ မီဒီယာေတြမွာ ေဖာ္ျပျခင္းမျပဳေရး တားျမစ္ပိတ္ပင္ေပးရန္ နဂ်စ္ရဲ႕ ေလွ်ာက္ထားမႈကုိလည္း တရား႐ုံးခ်ဳပ္က ပယ္ခ်လုိက္တယ္လို႕ သိရပါတယ္။

f-najibust-a-20180519-870x576.jpg

နဂ်စ္နဲ႕ဆက္ႏြယ္တဲ့ ကြန္ဒုိတုိက္ခန္းမွ သိမ္းဆည္းခဲ့သည့္ ေသတၱာမ်ား (Photo: AP)



မေလး႐ွားဝန္ႀကီးခ်ဳပ္ေဟာင္း နဂ်စ္ကုိ ယခုသီတင္းပတ္အတြင္း ၾသဂုတ္ ၈ ရက္မွာ ေငြေၾကးခဝါခ်မႈသုံးခုျဖင့္ ေနာက္ထပ္ စြဲခ်က္တင္လိုက္ပါတယ္။ အသက္ ၆၅ ႏွစ္အ႐ြယ္ နဂ်စ္ကို ၿပီးခဲ့တဲ့ ဇူလုိင္လ အေစာပုိင္းမွာလည္း ယုံၾကည္မႈေဖာက္ဖ်က္တဲ့ ရာဇဝတ္မႈသုံးခုနဲ႕ အာဏာအလြဲသုံးစားျပဳမႈတုိ႕ျဖင့္ စြဲခ်က္တင္ထားခဲ့ပါတယ္။

နဂ်စ္ကေတာ့ ၎ကုိ စြဲခ်က္တင္ထားမႈေတြအတြက္ အျပစ္မ႐ွိေၾကာင္း ေျပာထားပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ကုိ စြဲခ်က္တင္ထားတဲ့ ေငြေၾကးခဝါခ်မႈေတြဟာ ေထာင္ဒဏ္ ၁၅ ႏွစ္အထိနဲ႕ တရားမဝင္ ေငြလႊဲေျပာင္းမႈတစ္ခုအတြက္ မေလး႐ွားရင္းဂစ္ေငြ ၅ သန္း ဒဏ္ေငြခ်မွတ္ႏုိင္တယ္လို႕ ဆုိပါတယ္။

နဂ်စ္နဲ႕ဆက္ႏြယ္တဲ့ ေနရာမ်ားမွ သိမ္းဆည္းခဲ့သည့္ လက္ဝတ္ရတနာမ်ား (Photo: CNA)



ဇူလိုင္လ အေစာပုိင္းမွာ နဂ်စ္ကုိ စြဲခ်က္တင္ထားခဲ့တဲ့ ယုံၾကည္မႈေဖာက္ဖ်က္တဲ့ ရာဇဝတ္မႈနဲ႕ အာဏာ အလြဲသုံးစားမႈေတြကေတာ့ ေထာင္ဒဏ္ ႏွစ္ ၂၀ စီ က်ခံရႏုိင္ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းနဂ်စ္ဟာ အဂတိလိုက္စားေၾကာင္း စြပ္စြဲမႈေတြနဲ႕  ကာလ႐ွည္ၾကာ ရင္ဆုိင္ေနခဲ့ရၿပီး အစိုးရပုိင္ 1MDB ဘ႑ာေငြထဲမွ အေမရိကန္ေဒၚလာ သန္း ၇၀၀ ကုိ ရယူခဲ့ေၾကာင္း စြပ္စြဲခံထားရပါတယ္။

ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့စဥ္က နဂ်စ္ တည္ေထာင္ခဲ့တဲ့ 1MDB ဘ႑ာေငြ အေမရိကန္ေဒၚလာ ဘီလီယံနဲ႕ခ်ီၿပီး ေပ်ာက္ဆုံးေနမႈကုိလည္း စင္ကာပူ၊ အေမရိကန္နဲ႕ ဆစ္ဇြာလန္ အပါအဝင္ အနည္းဆုံး ႏုိင္ငံေျခာက္ခုမွာ စုံစမ္းစစ္ေဆးေနပါတယ္။

မေလး႐ွားဝန္ႀကီးခ်ဳပ္ မဟာသီယာ (Photo: CNA)

1MDB အ႐ႈပ္အေထြးနဲ႕ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈအရ နဂ်စ္ရဲ႕ေနအိမ္နဲ႕ ၎နဲ႕ဆက္ႏြယ္ေနတဲ့ ေနရာေတြကုိ ရဲတပ္ဖြဲ႕က စီးနင္း႐ွာေဖြခဲ့ၿပီး ေငြမ်ားနဲ႕ အဖုိးတန္ပစၥည္းေတြကုိ သိမ္းဆည္းခဲ့ပါတယ္။

သိမ္းဆည္းခဲ့တဲ့ ေငြနဲ႕အဖုိးတန္ပစၥည္းမ်ားရဲ႕ တန္ဖုိးဟာ အေမရိကန္ေဒၚလာ ၂၇၃ သန္း႐ွိေၾကာင္း မေလး႐ွားရဲတပ္ဖြဲ႕က ေျပာပါတယ္။ နဂ်စ္ဟာ ေမလ ၉ ရက္ မေလး႐ွား အေထြေထြေ႐ြးေကာက္ပြဲမွာ တစ္ခ်ိန္က ၎ရဲ႕ဆရာျဖစ္ခဲ့သူနဲ႕ ယခုေ႐ြးေကာက္ပြဲမွာ ၿပဳိင္ဘက္ျဖစ္လာသူ မဟာသီယာ မုိဟာမက္ကုိ ႐ႈံးနိမ့္ခဲ့ၿပီး အာဏာလက္လႊတ္ခဲ့ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs