• International News
    အမေရိကန် ဆီယက်တဲလ်လေဆိပ်မှ ခိုးယူခံရတဲ့ ခရီးသည်တင်လေယာဉ် ပျက်ကျ
Ko John
[Unicode Version]

လေကြောင်းလိုင်းဝန်ထမ်း စက်ပြင်ဆရာတစ်ဦးက အမေရိကန်နိုင်ငံ ဆီယက်တဲလ်လေဆိပ်ကနေ ခရီးသည်တင်လေယာဉ် အလွတ်တစ်စီးကို ခိုးယူသွားခဲ့ပြီးနောက် အနီးအနားရှိ လူနေထိုင်မှုနည်းတဲ့ ကျွန်းတစ်ခုပေါ်ကို ပျက်ကျခဲ့ကြောင်း သိရပါတယ်။

12xp-plane-sub-jumbo.jpg

ခိုးယူခံရသည့်လေယာဉ် ပျံသန်းနေမှုကို တွေ့ရစဉ် (Photo: Reuters)



ဒေသစံတော်ချိန် သြဂုတ် ၁၀ ရက် နှောင်းပိုင်းက Seattle–Tacoma အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရပ်နားထားတဲ ခရီးသည်တင်လေယာဉ်ကို လေယာဉ်စက်ပြင်ဆရာက ခွင့်ပြုချက်မရှိဘဲ ခိုးယူမောင်းနှင်ကာ ပျံတက်သွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် လေဆိပ်ကို ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ခိုးယူမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်လေတပ်မှ F15 တိုက်လေယာဉ်နှစ်စီးက အဆိုပါ လေယာဉ်နောက်ကို လိုက်သွားခဲ့ပါတယ်။ ထို့နောက် ခိုးယူခံရတဲ့ ခရီးသည်တင်လေယာဉ်ဟာ ကျွန်းတစ်ခုပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။

2018-08-11_194909.jpg

လေယာဉ်ပျက်ကျပြီး မီးလောင်နေမှု (Photo: CNN)



လေယာဉ်ပျက်ကျမှုအတွင်း ခိုးယူမောင်းနှင်သွားခဲ့တဲ့ စက်ပြင်ဆရာ သေဆုံးခဲ့ပုံရကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်း Pierce County ရဲဌာနက ပြောခဲ့ပါတယ်။

လေယာဉ်ကို ခိုးယူသွားခဲ့သူ အသက် ၂၉ နှစ်အရွယ် ရစ်ချတ်ရပ်ဆဲလ်အမည်ရှိ စက်ပြင်ဆရာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး ၎င်းတစ်ဦးတည်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

_102938845_048629438.jpg

လေယာဉ်ခိုးယူပျံသန်းသွားခဲ့သည့် ရစ်ချတ်ရပ်ဆဲလ် (Photo: AFP)



"ဒါက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု မဟုတ်ပါဘူး၊ အတည်ပြုထားတဲ့ သတင်းအချက်အလက်အရ ဒါက တစ်ဦးတည်း သေကြောင်းကြံစည်မှုဖြစ်ပါတယ်၊ သူ ဘယ်သူလဲဆိုတာလည်း သိထားပါတယ်၊ ဒီလုပ်ရပ်မှာ အခြားသူတွေ ပါဝင်ပတ်သက်ခဲ့တာ မရှိပါဘူး" လို့ ရဲတပ်ဖွဲ့ဌာနက ပြောခဲ့ပါတယ်။

920x920.jpg

Horizon လေကြောင်းလိုင်းမှ လေယာဉ်အချို့ (Photo: Getty Images)



ဆီယက်တဲလ်လေဆိပ်မှာ ခိုးယူခံရပြီးနောက် ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် Bombardier Q400 အမျိုးအစားဖြစ်ပြီး Alaska လေကြောင်းလိုင်းရဲ့ မိတ်ဖက်ဖြစ်တဲ့ Horizon လေကြောင်းလိုင်းမှ ဖြစ်ပါတယ်။

စက်ပြင်ဆရာက အဆိုပါ လေယာဉ်ကို Seattle-Tacoma အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ခိုးယူပျံသန်းသွားခဲ့ပြီးနောက် တစ်နာရီဝန်းကျင်အကြာမှာ လေဆိပ်နဲ့ မိုင် ၃၀ ခန့်အကွာ Ketron ကျွန်းတောင်ပိုင်းသို့ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

ေလေၾကာင္းလုိင္းဝန္ထမ္း စက္ျပင္ဆရာတစ္ဦးက အေမရိကန္ႏုိင္ငံ ဆီယက္တဲလ္ေလဆိပ္ကေန ခရီးသည္တင္ေလယာဥ္ အလြတ္တစ္စီးကုိ ခုိးယူသြားခဲ့ၿပီးေနာက္ အနီးအနား႐ွိ လူေနထုိင္မႈနည္းတဲ့ ကၽြန္းတစ္ခုေပၚကို ပ်က္က်ခဲ့ေၾကာင္း သိရပါတယ္။

ခုိးယူခံရသည့္ေလယာဥ္ ပ်ံသန္းေနမႈကုိ ေတြ႕ရစဥ္ (Photo: Reuters)



ေဒသစံေတာ္ခ်ိန္ ၾသဂုတ္ ၁၀ ရက္ ေႏွာင္းပုိင္းက Seattle–Tacoma အျပည္ျပည္ဆုိင္ရာေလဆိပ္မွာ ရပ္နားထားတဲ ခရီးသည္တင္ေလယာဥ္ကုိ ေလယာဥ္စက္ျပင္ဆရာက ခြင့္ျပဳခ်က္မ႐ွိဘဲ ခိုးယူေမာင္းႏွင္ကာ ပ်ံတက္သြားခဲ့ပါတယ္။ ထုိျဖစ္ရပ္ေၾကာင့္ ေလဆိပ္ကုိ ပိတ္ထားခဲ့ရတယ္လို႕ ဆုိပါတယ္။

ေလယာဥ္ခုိးယူမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ေလတပ္မွ F15 တုိက္ေလယာဥ္ႏွစ္စီးက အဆုိပါ ေလယာဥ္ေနာက္ကုိ လိုက္သြားခဲ့ပါတယ္။ ထုိ႕ေနာက္ ခိုးယူခံရတဲ့ ခရီးသည္တင္ေလယာဥ္ဟာ ကၽြန္းတစ္ခုေပၚကုိ ပ်က္က်ခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်ၿပီး မီးေလာင္ေနမႈ (Photo: CNN)



ေလယာဥ္ပ်က္က်မႈအတြင္း ခိုးယူေမာင္းႏွင္သြားခဲ့တဲ့ စက္ျပင္ဆရာ ေသဆုံးခဲ့ပုံရေၾကာင္း သိရပါတယ္။ ယခုျဖစ္ရပ္ဟာ အၾကမ္းဖက္တုိက္ခုိက္မႈ မဟုတ္ေၾကာင္း Pierce County ရဲဌာနက ေျပာခဲ့ပါတယ္။

ေလယာဥ္ကုိ ခုိးယူသြားခဲ့သူ အသက္ ၂၉ ႏွစ္အ႐ြယ္ ရစ္ခ်တ္ရပ္ဆဲလ္အမည္႐ွိ စက္ျပင္ဆရာဟာ ကုိယ့္ကုိယ္ကုိယ္ ေသေၾကာင္းႀကံစည္ခဲ့ၿပီး ၎တစ္ဦးတည္းသာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကဆုိပါတယ္။

ေလယာဥ္ခိုးယူပ်ံသန္းသြားခဲ့သည့္ ရစ္ခ်တ္ရပ္ဆဲလ္ (Photo: AFP)



"ဒါက အၾကမ္းဖက္တုိက္ခုိက္မႈတစ္ခု မဟုတ္ပါဘူး၊ အတည္ျပဳထားတဲ့ သတင္းအခ်က္အလက္အရ ဒါက တစ္ဦးတည္း ေသေၾကာင္းႀကံစည္မႈျဖစ္ပါတယ္၊ သူ ဘယ္သူလဲဆုိတာလည္း သိထားပါတယ္၊ ဒီလုပ္ရပ္မွာ အျခားသူေတြ ပါဝင္ပတ္သက္ခဲ့တာ မ႐ွိပါဘူး" လုိ႕ ရဲတပ္ဖြဲ႕ဌာနက ေျပာခဲ့ပါတယ္။

Horizon ေလေၾကာင္းလုိင္းမွ ေလယာဥ္အခ်ဳိ႕ (Photo: Getty Images)



ဆီယက္တဲလ္ေလဆိပ္မွာ ခုိးယူခံရၿပီးေနာက္ ပ်က္က်ခဲ့တဲ့ ေလယာဥ္ဟာ အင္ဂ်င္ႏွစ္လုံးတပ္ Bombardier Q400 အမ်ဳိးအစားျဖစ္ၿပီး Alaska ေလေၾကာင္းလုိင္းရဲ႕ မိတ္ဖက္ျဖစ္တဲ့ Horizon ေလေၾကာင္းလုိင္းမွ ျဖစ္ပါတယ္။

စက္ျပင္ဆရာက အဆုိပါ ေလယာဥ္ကုိ Seattle-Tacoma အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ေဒသစံေတာ္ခ်ိန္ ည ၈ နာရီဝန္းက်င္မွာ ခုိးယူပ်ံသန္းသြားခဲ့ၿပီးေနာက္ တစ္နာရီဝန္းက်င္အၾကာမွာ ေလဆိပ္နဲ႕ မုိင္ ၃၀ ခန္႕အကြာ Ketron ကၽြန္းေတာင္ပုိင္းသုိ႕ ပ်က္က်ခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs