• International News
    ဂျပန် ကယ်ဆယ်ရေးရဟတ်ယာဉ်ပျက်ကျမှု လိုက်ပါသွားသူအားလုံး သေဆုံး
Ko John
[Unicode Version]

ဂျပန်နိုင်ငံ တောင်တန်းထူထပ်ရာဒေသမှာ ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့မှုအတွင်း လိုက်ပါသွားသူ ကိုးဦးလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၁ ရက်) ပြောပါတယ်။

aerial-footage-broadcast-on-japanese-television-showed-the-wreckage-of-the-crashed-helicopter-surrounded-by-trees-as-the-government-dispatched-aircraft-accident-investigators-to-the-site-1533962902824-2.jpg

ရဟတ်ယာဉ်ပျက်ကျခဲ့သည့် တောအုပ်နေရာကို ကောင်းကင်မှ မြင်တွေ့ရစဉ် (Photo: AFP)



သောကြာနေ့ (သြဂုတ် ၁၀ ရက်) မှာ တိုကျိုအနောက်မြောက်ဘက် Gunma စီရင်စုအတွင်း တောအုပ်တစ်ခုထဲ့သို့ အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် ဂျပန်ရဲတပ်ဖွဲ့နဲ့ စစ်သားများ ပူးပေါင်းအဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

"ဒီနေ့ မွန်းလွဲပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ကိုးဦးလုံး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်" လို့ ဒေသခံ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေဟာ ဘေးအန္တရာယ်ဆိုင်ရာဌာမှ တာဝန်ရှိသူများ၊ မီးသတ်သမားများ၊ ရဟတ်ယာဉ်မောင်းနဲ့ စက်ပြင်ဆရာတစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

DkOlFG0XoAATZAe.jpg

ရဟတ်ယာဉ်အပျက်အစီးများ (Photo: Kyodo)



ဂျပန်ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ကောင်းကင်မှရိုက်ကူးထားမှုအရ သစ်ပင်များကြားထဲမှာ ပျက်ကျနေခဲ့တဲ့ ရဟတ်ယာဉ်အပျက်အစီးတွေကို တွေ့ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ ထွက်ခွာသွားပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Bell 412 အမျိုးအစား ကယ်ဆယ်ရေးလပ်ငန်းသုံး ရဟတ်ယာဉ်ဟာ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ တောင်တက်လမ်းကြောင်းများကို လေ့လာရန်အတွက် နှစ်နာရီကြာ လေ့ကျင့်ပျံသန်းမှုခရီးစဉ်အဖြစ် အခြေစိုက်စခန်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

ja906a-japan-coast-guard-bell-412ep_PlanespottersNet_365544_bcc561b03f.jpg

Bell 412 အမျိုးအစား ရဟတ်ယာဉ်အချို့ (Photo: Yusuke Hori/Planes Potters)



ထို့နောက် လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး အခြေစိုက်စခန်းကို ပြန်ရောက်လာခဲ့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း စစ်ဘက်ရဟတ်ယာဉ်တစ်စီး ဂျပန်တောင်ပိုင်းဒေသမှာ ပျက်ကျခဲ့မှုကြောင့် ပိုင်းလော့နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ ပျံတက်သွားပြီးနောက် ခုနစ်မိနစ်အကြာမှာ မြေပြင်ရှိ နေအိမ်တစ်လုံးထဲကို ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် နေအိမ်ဟာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ ယမန်နှစ်အတွင်းကလည်း လူကိုးဦး လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစ်စီးဟာ တောင်တန်းတစ်ခုပေါ်မှာ ကယ်ဆယ်ရေးလုပ်ဆောင်မှု လေ့ကျင့်နေစဉ် ပျက်ကျခဲ့ပြီး အားလုံးသေဆုံးခဲ့ပါတယ်။

[Zawgyi Version]

ဂ်ပန္ႏုိင္ငံ ေတာင္တန္းထူထပ္ရာေဒသမွာ ကယ္ဆယ္ေရးရဟတ္ယာဥ္တစ္စီး ေလ့က်င့္ပ်ံသန္းစဥ္ ပ်က္က်ခဲ့မႈအတြင္း လုိက္ပါသြားသူ ကုိးဦးလုံး ေသဆုံးခဲ့ေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ၾသဂုတ္ ၁၁ ရက္) ေျပာပါတယ္။

aerial-footage-broadcast-on-japanese-television-showed-the-wreckage-of-the-crashed-helicopter-surrounded-by-trees-as-the-government-dispatched-aircraft-accident-investigators-to-the-site-1533962902824-2.jpg

ရဟတ္ယာဥ္ပ်က္က်ခဲ့သည့္ ေတာအုပ္ေနရာကုိ ေကာင္းကင္မွ ျမင္ေတြ႕ရစဥ္ (Photo: AFP)



ေသာၾကာေန႕ (ၾသဂုတ္ ၁၀ ရက္) မွာ တုိက်ဳိအေနာက္ေျမာက္ဘက္ Gunma စီရင္စုအတြင္း ေတာအုပ္တစ္ခုထဲ့သုိ႕ အဆုိပါ ရဟတ္ယာဥ္ပ်က္က်ခဲ့ၿပီးေနာက္ ဂ်ပန္ရဲတပ္ဖြဲ႕နဲ႕ စစ္သားမ်ား ပူးေပါင္းအဖြဲ႕က ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့ၾကပါတယ္။

"ဒီေန႕ မြန္းလြဲပုိင္းမွာ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ လုိက္ပါသြားသူ ကုိးဦးလုံး ေသဆုံးခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္" လုိ႕ ေဒသခံ အစုိးရတာဝန္႐ွိသူတစ္ဦးက ေျပာခဲ့ပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈအတြင္း ေသဆုံးခဲ့သူေတြဟာ ေဘးအႏၱရာယ္ဆုိင္ရာဌာမွ တာဝန္႐ွိသူမ်ား၊ မီးသတ္သမားမ်ား၊ ရဟတ္ယာဥ္ေမာင္းနဲ႕ စက္ျပင္ဆရာတစ္ဦးတုိ႕ျဖစ္ေၾကာင္း သိရပါတယ္။

DkOlFG0XoAATZAe.jpg

ရဟတ္ယာဥ္အပ်က္အစီးမ်ား (Photo: Kyodo)



ဂ်ပန္႐ုပ္ျမင္သံၾကားသတင္းမွာ ထုတ္လႊင့္ျပသခဲ့တဲ့ ေကာင္းကင္မွ႐ုိက္ကူးထားမႈအရ သစ္ပင္မ်ားၾကားထဲမွာ ပ်က္က်ေနခဲ့တဲ့ ရဟတ္ယာဥ္အပ်က္အစီးေတြကုိ ေတြ႕ခဲ့ရပါတယ္။ စုံစမ္းစစ္ေဆးေရးမွဴးေတြက ရဟတ္ယာဥ္ပ်က္က်ရာေနရာသုိ႕ ထြက္ခြာသြားၿပီး စစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လို႕ဆုိပါတယ္။

Bell 412 အမ်ဳိးအစား ကယ္ဆယ္ေရးလပ္ငန္းသုံး ရဟတ္ယာဥ္ဟာ ၾသဂုတ္ ၁၀ ရက္ မနက္ပုိင္းမွာ ေတာင္တက္လမ္းေၾကာင္းမ်ားကုိ ေလ့လာရန္အတြက္ ႏွစ္နာရီၾကာ ေလ့က်င့္ပ်ံသန္းမႈခရီးစဥ္အျဖစ္ အေျခစိုက္စခန္းကေန ထြက္ခြာသြားခဲ့ပါတယ္။

ja906a-japan-coast-guard-bell-412ep_PlanespottersNet_365544_bcc561b03f.jpg

Bell 412 အမ်ဳိးအစား ရဟတ္ယာဥ္အခ်ဳိ႕ (Photo: Yusuke Hori/Planes Potters)



ထုိ႕ေနာက္ ေလေၾကာင္းထိန္းသိမ္းေရးနဲ႕ အဆက္အသြယ္ျပတ္ေတာက္သြားၿပီး အေျခစိုက္စခန္းကုိ ျပန္ေရာက္လာခဲ့ျခင္း မ႐ွိေတာ့တာ ျဖစ္ပါတယ္။ ယခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း စစ္ဘက္ရဟတ္ယာဥ္တစ္စီး ဂ်ပန္ေတာင္ပုိင္းေဒသမွာ ပ်က္က်ခဲ့မႈေၾကာင့္ ပုိင္းေလာ့ႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

အဆုိပါ ရဟတ္ယာဥ္ဟာ ပ်ံတက္သြားၿပီးေနာက္ ခုနစ္မိနစ္အၾကာမွာ ေျမျပင္႐ွိ ေနအိမ္တစ္လုံးထဲကုိ ပ်က္က်ခဲ့ၿပီး မီးေလာင္မႈျဖစ္ခဲ့ပါတယ္။ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေနအိမ္ဟာ လုံးဝ ပ်က္စီးသြားခဲ့ေၾကာင္း သိရပါတယ္။

ဂ်ပန္ႏုိင္ငံမွာ ယမန္ႏွစ္အတြင္းကလည္း လူကုိးဦး လုိက္ပါသြားတဲ့ ရဟတ္ယာဥ္တစ္စီးဟာ ေတာင္တန္းတစ္ခုေပၚမွာ ကယ္ဆယ္ေရးလုပ္ေဆာင္မႈ ေလ့က်င့္ေနစဥ္ ပ်က္က်ခဲ့ၿပီး အားလုံးေသဆုံးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs