• International News
    အင်ဒိုနီးရှား လွမ်ဘော့ကျွန်းငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၃၉၀ နီးပါးအထိ မြင့်တက်လာ
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၃၈၇ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၁ ရက်) ပြောပါတယ်။

people-carry-an-earthquake-victim-during-a-funeral-in-northern-lombok-indonesia-1533969732656-2.jpg

Photo: AFP/SONNY TUMBELAKA



ဒါ့အပြင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရွှေ့ပြောင်းခဲ့ရသူ သိန်းနဲ့ချီအရေအတွက်ဟာလည်း သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရပါတယ်။

ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ဒေသစံတော်ချိန် ညပိုင်းက ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြီးကြောင့် လွမ်ဘော့ကျွန်းတစ်လျှောက်ရှိ လူနေအိမ်များ၊ ဗလီများနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

2018-08-11_230112.jpg

Photo: Sutopo Purwo Nugroho



လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက်ညပိုင်း ငလျင်ကြီးမတိုင်မီ ဇူလိုင် ၂၉ ရက် အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

"သေဆုံးသူဦးရေက ဆက်လက် မြင့်တက်လာအုံးမယ်လို့ ခန့်မှန်းရပါတယ်၊ ငလျင်လှုပ်ပြီး မြေပြိုမှုတွေနဲ့ အခြား အပျက်အစီးတွေအောက်မှာ ရောက်နေသူတွေ ရှိနေနိုင်ပါသေးတယ်၊ ပြီးတော့ စာရင်းပျောက်နေတဲ့ သေဆုံးသူတွေလည်း ရှိနိုင်ပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။

DkUUHOWUYAEQncd.jpg

Photo: Sutopo Purwo Nugroho



သြဂုတ် ၅ ရက် ငလျင်ကြီးကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရသူ အရေအတွက်ဟာလည်း ၃၈၇,၀၀၀ အထိ မြင့်တက်လာကြောင်းနဲ့ ဒဏ်ရာရသူဦးရေ ၁၃,၀၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။

ငလျင်လှုပ်ခတ်မှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ လွမ်ဘော့ကျွန်းမြောက်ပိုင်းမှာ လူ ၃၃၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ ရွှေ့ပြောင်းခဲ့ရကြောင်း ယခုနောက်ဆုံး စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါငလျင်ကြီး လှုပ်ခတ်မှုကြောင့် လွမ်ဘော့ကျွန်းအနီးရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဘာလီကျွန်းမှာလည်း လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

DkTUSr0UcAEnTvS.jpg

Photo: Sutopo Purwo Nugroho



ငလျင်လှုပ်ခတ်မှုခံရတဲ့ လွမ်ဘော့ကျွန်း နေရာဒေသတွေမှာ အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်မှုဟာ မြေပြင်မှာတွေ့ကြုံနေရတဲ့ ပြဿနာအများအပြားကို ဖြေရှင်းနေရတာကြောင့် နောက်ထပ် ၁၄ ရက် ကြာမြင့်နိုင်တယ်လို့ နူဂရိုဟိုက ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းခဲ့ရသူ အများစုဟာ ၎င်းတို့ရဲ့ နေအိမ်များအနီးရှိ ကွင်းပြင်တွေမှာ ယာယီရွက်ဖျင်တဲများထိုးပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက် ခြောက်ရက်ကြာအထိ လွမ်ဘော့ကျွန်းမြောက်ပိုင်း တောင်တန်းဒေသရှိ ရွှေ့ပြောင်းခဲ့ရသူတွေထံ အကူအညီများ မရောက်နိုင်သေးဘူးလို့ သိရပါတယ်။

DkTUSLHUYAQS2BC.jpg

Photo: Sutopo Purwo Nugroho



"အဓိက ပြဿနာက ငလျင်ဒဏ်ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ လူတွေဆီကို အကူအညီပစ္စည်းတွေ ဖြန့်ဝေရေးဖြစ်ပါတယ်" လို့ သဘာဝဘေးအန္တာရာယ်ဆိုင်ရာဌာနမှ နူဂရိုဟိုက ပြောပါတယ်။ ငလျင်လှုပ်မှုကြောင့် လွမ်ဘော့ကျွန်း မြောက်ပိုင်းရှိ လမ်းအများစု ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။

လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်အများအပြားလည်း ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

နောက်ဆက်တွဲငလျင်တွေအနက် ကြာသပတေးနေ့ (သြဂုတ် ၉ ရက်) မှာ ရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့ရာ ဒေသခံများ ကြောက်လန့်တကြားဖြင့် အော်ဟစ်ငိုကြွေးကာ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

အင္ဒိုနီး႐ွားႏုိင္ငံ လြမ္ေဘာ့ကၽြန္းမွာ ၿပီးခဲ့တဲ့ ၾသဂုတ္ ၅ ရက္ေန႕က လႈပ္ခတ္ခဲ့တဲ့ အင္အားျပင္း ငလ်င္ႀကီးေၾကာင့္ ေသဆုံးသူအေရအတြက္ ၃၈၇ ဦးအထိ ျမင့္တက္လာေၾကာင္း အာဏာပုိင္ေတြက ယေန႕ (ၾသဂုတ္ ၁၁ ရက္) ေျပာပါတယ္။

people-carry-an-earthquake-victim-during-a-funeral-in-northern-lombok-indonesia-1533969732656-2.jpg

Photo: AFP/SONNY TUMBELAKA



ဒါ့အျပင္ ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ ေ႐ႊ႕ေျပာင္းခဲ့ရသူ သိန္းနဲ႕ခ်ီအေရအတြက္ဟာလည္း သန္႕႐ွင္းတဲ့ ေသာက္သုံးေရ၊ အစားအစာနဲ႕ ေဆးဝါးျပတ္လပ္မႈမ်ား ႀကဳံေတြ႕ေနရပါတယ္။

ကမာၻလွည့္ခရီးသည္ လာေရာက္မႈမ်ားျပားတဲ့ လြမ္ေဘာ့ကၽြန္းမွာ ၾသဂုတ္ ၅ ရက္ ေဒသစံေတာ္ခ်ိန္ ညပုိင္းက ရစ္(ခ္)တာစေကး ၆.၉ အဆင့္႐ွိ အင္အားျပင္းထန္တဲ့ ငလ်င္ႀကီးလႈပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ ငလ်င္ႀကီးေၾကာင့္ လြမ္ေဘာ့ကၽြန္းတစ္ေလွ်ာက္႐ွိ လူေနအိမ္မ်ား၊ ဗလီမ်ားနဲ႕ စီးပြားေရးဆုိင္ရာ အေဆာက္အအုံမ်ား ၿပဳိက်ပ်က္စီးမႈေတြ ျဖစ္ခဲ့ပါတယ္။

2018-08-11_230112.jpg

Photo: Sutopo Purwo Nugroho



လြမ္ေဘာ့ကၽြန္းမွာ ၾသဂုတ္ ၅ ရက္ညပုိင္း ငလ်င္ႀကီးမတုိင္မီ ဇူလုိင္ ၂၉ ရက္ အေစာပုိင္းကလည္း ရစ္(ခ္)တာစေကး ၆.၄ ႐ွိ ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူ ၁၇ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

"ေသဆုံးသူဦးေရက ဆက္လက္ ျမင့္တက္လာအုံးမယ္လုိ႕ ခန္႕မွန္းရပါတယ္၊ ငလ်င္လႈပ္ၿပီး ေျမၿပဳိမႈေတြနဲ႕ အျခား အပ်က္အစီးေတြေအာက္မွာ ေရာက္ေနသူေတြ ႐ွိေနႏုိင္ပါေသးတယ္၊ ၿပီးေတာ့ စာရင္းေပ်ာက္ေနတဲ့ ေသဆုံးသူေတြလည္း ႐ွိႏုိင္ပါတယ္" လုိ႕ အင္ဒုိနီး႐ွား သဘာဝေဘးအႏၱရာယ္ဆုိင္ရာဌာနမွ ေျပာခြင့္ရပုဂၢဳိလ္ ဆူတုိပုိပြာဝုိ ႏူဂ႐ုိဟုိက ေျပာခဲ့ပါတယ္။

Photo: Sutopo Purwo Nugroho



ၾသဂုတ္ ၅ ရက္ ငလ်င္ႀကီးေၾကာင့္ ေနအိမ္စြန္႕ခြာ ေ႐ႊ႕ေျပာင္းခဲ့ရသူ အေရအတြက္ဟာလည္း ၃၈၇,၀၀၀ အထိ ျမင့္တက္လာေၾကာင္းနဲ႕ ဒဏ္ရာရသူဦးေရ ၁၃,၀၀၀ ဝန္းက်င္႐ွိေၾကာင္း သိရပါတယ္။

ငလ်င္လႈပ္ခတ္မႈ အဆုိး႐ြားဆုံးျဖစ္ခဲ့တဲ့ လြမ္ေဘာ့ကၽြန္းေျမာက္ပုိင္းမွာ လူ ၃၃၄ ဦး ေသဆုံးခဲ့ၿပီး လူဦးေရ ၂၀၀,၀၀၀ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း ယခုေနာက္ဆုံး စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

အဆုိပါငလ်င္ႀကီး လႈပ္ခတ္မႈေၾကာင့္ လြမ္ေဘာ့ကၽြန္းအနီး႐ွိ ကမာၻလွည့္ခရီးသည္ လာေရာက္မႈမ်ားျပားတဲ့ ဘာလီကၽြန္းမွာလည္း လူႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

DkTUSr0UcAEnTvS.jpg

Photo: Sutopo Purwo Nugroho



ငလ်င္လႈပ္ခတ္မႈခံရတဲ့ လြမ္ေဘာ့ကၽြန္း ေနရာေဒသေတြမွာ အေရးေပၚလုပ္ငန္းမ်ား လုပ္ေဆာင္မႈဟာ ေျမျပင္မွာေတြ႕ႀကဳံေနရတဲ့ ျပႆနာအမ်ားအျပားကုိ ေျဖ႐ွင္းေနရတာေၾကာင့္ ေနာက္ထပ္ ၁၄ ရက္ ၾကာျမင့္ႏုိင္တယ္လို႕ ႏူဂ႐ုိဟုိက ေျပာခဲ့ပါတယ္။

ေ႐ႊ႕ေျပာင္းခဲ့ရသူ အမ်ားစုဟာ ၎တုိ႕ရဲ႕ ေနအိမ္မ်ားအနီး႐ွိ ကြင္းျပင္ေတြမွာ ယာယီ႐ြက္ဖ်င္တဲမ်ားထုိးၿပီး ေနထုိင္ၾကရတယ္လို႕ ဆုိပါတယ္။ ငလ်င္ႀကီးလႈပ္ၿပီးေနာက္ ေျခာက္ရက္ၾကာအထိ လြမ္ေဘာ့ကၽြန္းေျမာက္ပုိင္း ေတာင္တန္းေဒသ႐ွိ ေ႐ႊ႕ေျပာင္းခဲ့ရသူေတြထံ အကူအညီမ်ား မေရာက္ႏုိင္ေသးဘူးလုိ႕ သိရပါတယ္။

DkTUSLHUYAQS2BC.jpg

Photo: Sutopo Purwo Nugroho



"အဓိက ျပႆနာက ငလ်င္ဒဏ္ခံခဲ့ရတဲ့ ေထာင္နဲ႕ခ်ီတဲ့ လူေတြဆီကုိ အကူအညီပစၥည္းေတြ ျဖန္႕ေဝေရးျဖစ္ပါတယ္" လုိ႕ သဘာဝေဘးအႏာၱရာယ္ဆုိင္ရာဌာနမွ ႏူဂ႐ုိဟုိက ေျပာပါတယ္။ ငလ်င္လႈပ္မႈေၾကာင့္ လြမ္ေဘာ့ကၽြန္း ေျမာက္ပုိင္း႐ွိ လမ္းအမ်ားစု ပ်က္စီးခဲ့ေၾကာင္းလည္း သိရပါတယ္။

လြမ္ေဘာ့ကၽြန္းမွာ ၾသဂုတ္ ၅ ရက္ ငလ်င္ႀကီး လႈပ္ခတ္ခဲ့ၿပီးေနာက္ပုိင္း ေနာက္ဆက္တြဲ ငလ်င္အမ်ားအျပားလည္း ထပ္မံ လႈပ္ခတ္ခဲ့ပါတယ္။

ေနာက္ဆက္တြဲငလ်င္ေတြအနက္ ၾကာသပေတးေန႕ (ၾသဂုတ္ ၉ ရက္) မွာ ရစ္(ခ္)တာစေကး ၅.၉ အဆင့္႐ွိ ျပင္းထန္တဲ့ ငလ်င္တစ္ခုလည္း လႈပ္ခတ္ခဲ့ရာ ေဒသခံမ်ား ေၾကာက္လန္႕တၾကားျဖင့္ ေအာ္ဟစ္ငုိေၾကြးကာ ထြက္ေျပးခဲ့ၾကတယ္လို႕ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs