• International News
    အမေရိကန် ဘော်စတွန်မြို့အနီး ဂက်စ်ပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ
Ko John
[Unicode Version]

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့အနီး လူနေရပ်ကွက်တစ်ခုမှာ ဂက်စ်ပိုက်လိုင်း ဆက်တိုက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ လူဦးရေရာနဲ့ချီ ဘေးကင်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

photo-from-social-media-by-boston-sparks-shows-a-building-burning-after-explosions-in-lawrence--massachusetts-2.jpg

Photo: Reuters



ကြာသပတေးနေ့ (စက်တင်ဘာ ၁၃ ရက်) က ဖြစ်ပွားခဲ့တဲ့ ဂက်စ်ပေါက်ကွဲမီးလောင်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ နေအိမ်နဲ့ အခြား အဆောက်အအုံများ ပျက်စီးခဲ့ပြီး မီးသတ်ဌာန ၅၀ မှ မီးသတ်သမားတွေက နာရီအတန်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ဂက်စ်ပေါက်ကွဲမီးလောင်မှုအတွင်း သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်အရွယ် လီယွန်နယ်ရွန်ဒန်ဖြစ်ပြီး ၎င်းရဲ့နေအိမ်အနီး ကားအတွင်းရှိနေစဉ် ကားပေါ်ကို မီးခိုးခေါင်းတိုင် ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

leonel-rondon-2.jpg

လီယွန်နယ်ရွန်ဒန် (Photo: Facebook)



ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်ဖြစ်တဲ့ ဧရိယာအတွင်း နောက်ထပ် မီးကူးစက်လောင်ကျွမ်းမှု မရှိစေရန် ဂက်စ်ပိုက်လိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးဝေမှုတို့ကို ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

Columbia Gas of Massachusetts ကုမ္ပဏီရဲ့ ဂက်စ်ပို့လွှတ်တဲ့ ပင်မပိုက်လိုင်းမှာ ဖိအားမြင့်တက်ရာမှာ ပေါက်ကွဲမှုတွေ ဒါဇင်နဲ့ချီ ဆက်တိုက်ဖြစ်ပွားကာ မီးလောင်မှုဖြစ်ခဲ့ကြောင်း မီးလောင်မှုစုံစမ်းစစ်ဆေးသူတွေက သံသယရှိခဲ့ကြတယ်လို့ အန်ဒိုဗာမီးသတ်ဌာန အကြီးအကဲ မိုက်ကယ်မန်စ်ဖီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

blue.jpg

Photo: WBZ-TV



အဆိုပါ ဂက်စ်ကုမ္ပဏီက မက်ဆာချူးဆက်ပြည်နယ်အတွင်း ၎င်းရဲ့ ပင်မဂက်စ်ပိုက်လိုင်းတွေကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၃ ရက် အစောပိုင်းမှာ ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ယခု ဂက်စ်ပိုင်လိုင်း ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားခဲ့စဉ် ထိုဧရိယာအတွင်း ဂက်စ်ကုမ္ပဏီက ပင်မပိုက်လိုင်း အဆင်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်နေခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

2018-09-14_134034.jpg

Photo: NBC



"Columbia Gas က အခု ဖြစ်ပွားခဲ့တဲ့ ဂက်စ်ပေါက်ကွဲမီးလောင်မှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ ဂက်စ်ပို့လွှတ်မှုစနစ်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ စစ်ဆေးနေပါတယ်" လို့ Columbia Gas ရဲ့ ပင်မကုမ္ပဏီ NiSource မှ ပြောခွင့်ရအမျိုးသား ကန်စတမ်မင်းန်က ပြောခဲ့

[Zawgyi Version]

အေမရိကန္ႏုိင္ငံ မက္ဆာခ်ဴးဆက္ျပည္နယ္ ေဘာ္စတြန္ၿမဳိ႕အနီး လူေနရပ္ကြက္တစ္ခုမွာ ဂက္စ္ပုိက္လုိင္း ဆက္တုိက္ေပါက္ကြဲၿပီး မီးေလာင္မႈျဖစ္ပြားခ့ဲရာ လူတစ္ဦးထက္မနည္း ေသဆုံးၿပီး အျခား ၁၂ ဦး ဒဏ္ရာရခဲ့ေၾကာင္းနဲ႕ လူဦးေရရာနဲ႕ခ်ီ ေဘးကင္ရာသုိ႕ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။

Photo: Reuters



ၾကာသပေတးေန႕ (စက္တင္ဘာ ၁၃ ရက္) က ျဖစ္ပြားခ့ဲတဲ့ ဂက္စ္ေပါက္ကြဲမီးေလာင္မႈေၾကာင့္ ဒါဇင္နဲ႕ခ်ီတဲ့ ေနအိမ္နဲ႕ အျခား အေဆာက္အအုံမ်ား ပ်က္စီးခဲ့ၿပီး မီးသတ္ဌာန ၅၀ မွ မီးသတ္သမားေတြက နာရီအတန္ၾကာေအာင္ မီးၿငွိမ္းသတ္ခဲ့ရပါတယ္။

ဂက္စ္ေပါက္ကြဲမီးေလာင္မႈအတြင္း ေသဆုံးခဲ့သူဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ လီယြန္နယ္႐ြန္ဒန္ျဖစ္ၿပီး ၎ရဲ႕ေနအိမ္အနီး ကားအတြင္း႐ွိေနစဥ္ ကားေပၚကုိ မီးခိုးေခါင္းတုိင္ ျပဳတ္က်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရၿပီး ေဆး႐ုံမွာ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

လီယြန္နယ္႐ြန္ဒန္ (Photo: Facebook)



ဂက္စ္ပိုက္ေပါက္ၿပီး မီးေလာင္ျဖစ္တဲ့ ဧရိယာအတြင္း ေနာက္ထပ္ မီးကူးစက္ေလာင္ကၽြမ္းမႈ မ႐ွိေစရန္ ဂက္စ္ပုိက္လုိင္းနဲ႕ လွ်ပ္စစ္ဓာတ္အား ေပးေဝမႈတုိ႕ကုိ ရပ္ဆုိင္းထားခဲ့တယ္လို႕ ဆုိပါတယ္။

Columbia Gas of Massachusetts ကုမၸဏီရဲ႕ ဂက္စ္ပုိ႕လႊတ္တဲ့ ပင္မပုိက္လုိင္းမွာ ဖိအားျမင့္တက္ရာမွာ ေပါက္ကြဲမႈေတြ ဒါဇင္နဲ႕ခ်ီ ဆက္တုိက္ျဖစ္ပြားကာ မီးေလာင္မႈျဖစ္ခဲ့ေၾကာင္း မီးေလာင္မႈစုံစမ္းစစ္ေဆးသူေတြက သံသယ႐ွိခဲ့ၾကတယ္လို႕ အန္ဒုိဗာမီးသတ္ဌာန အႀကီးအကဲ မုိက္ကယ္မန္စ္ဖီးက သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Photo: WBZ-TV



အဆုိပါ ဂက္စ္ကုမၸဏီက မက္ဆာခ်ဴးဆက္ျပည္နယ္အတြင္း ၎ရဲ႕ ပင္မဂက္စ္ပုိက္လုိင္းေတြကုိ အဆင့္ျမွင့္တင္မႈေတြ ျပဳလုပ္သြားမယ္လုိ႕ စက္တင္ဘာ ၁၃ ရက္ အေစာပုိင္းမွာ ေၾကညာထားခဲ့တယ္လို႕ ဆုိပါတယ္။

သို႕ေသာ္ ယခု ဂက္စ္ပုိင္လုိင္း ေပါက္ကြဲမီးေလာင္မႈေတြ ျဖစ္ပြားခဲ့စဥ္ ထုိဧရိယာအတြင္း ဂက္စ္ကုမၸဏီက ပင္မပုိက္လုိင္း အဆင္ျမွင့္တင္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနခဲ့ျခင္း႐ွိ မ႐ွိ အတိအက် မသိရေသးပါဘူး။

Photo: NBC



"Columbia Gas က အခု ျဖစ္ပြားခဲ့တဲ့ ဂက္စ္ေပါက္ကြဲမီးေလာင္မႈနဲ႕ ပတ္သက္ၿပီး ၎ရဲ႕ ဂက္စ္ပုိ႕လႊတ္မႈစနစ္မွာ ဘာျဖစ္ခဲ့သလဲဆုိတာ စစ္ေဆးေနပါတယ္" လုိ႕ Columbia Gas ရဲ႕ ပင္မကုမၸဏီ NiSource မွ ေျပာခြင့္ရအမ်ဳိးသား ကန္စတမ္မင္းန္က ေျပာခဲ့


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs