အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသူကျောင်းသားတွေကို အပြစ်ပေးတဲ့အနေနဲ့ သစ်သားပြားဖြင့်ရိုက်ပြီးဆုံးမရန် မိဘများထံမှ သဘောတူခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းအုပ်ချုပ်ရေးမှူး ဂျိုဒီ (Photo: WRDW-TV)
ဂျော်ဂျီယာပြည်နယ်ဟာ ကျောင်းတွေမှာ သစ်သားပြားဖြင့် အပါအဝင် ရိုက်နှက်ပြစ်ဒဏ်ပေးခွင့်ပြုထားတဲ့ အမေရိကန်ပြည်နယ် ၁၉ ခုထဲမှာ ပါဝင်ပါတယ်။ "ဒီကျောင်းမှာ ကျွန်တော်တို့ စည်းကမ်းတင်းကျပ်ထားပါတယ်" လို့ ကျောင်းအုပ်ချုပ်ရေးမှူး ဂျိုဒီက ဒေသခံမီဒီယာတွေကို ပြောပါတယ်။
Photo: WRDW-TV
အော်ဂတ်စ်တာတောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ Hephzibah မြို့မှ စာသင်ကျောင်းက ကျောင်းသူကျောင်းသားများအား ရိုက်နှက်ဆုံးမမယ့် သတ်မှတ်ပြဌာန်းချက်အသစ်တွေ ဖော်ပြထားတဲ့ စာတစ်စောင်ကို မိဘများထံ ပေးပို့ခဲ့ပါတယ်။
Photo: WRDW-TV
ကျောင်းရဲ့ အဆိုပါ မူဝါဒအသစ်က ပျမ်းမျှအသက် ငါးနှစ်မှ ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မူလတန်းမှ ကိုးတန်းအထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ကျောင်းကထုတ်ပြန်လိုက်တဲ့ ရိုက်နှက်ဆုံးမမယ့် မူဝါဒသစ်ဟာ ခေတ်ဟောင်းမှ အပြစ်ပေးတဲ့စနစ် ဖြစ်နေတယ်လို့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
အမေရိကန်မှာ မစ္စစ္စပီ၊ တက္ကဆက်၊ အလာဘားမား၊ အာကင်ဆက်၊ ဂျော်ဂျီယာ၊ အိုကလာဟိုးမားနဲ့ လူဝီစီးယားနား အပါအဝင် ပြည်နယ် ၁၉ ခုရှိ စာသင်ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ စည်းကမ်းလိုက်နာစေရန် ရိုက်နှက်ဆုံးမခွင့်ပြုထားပါတယ်။
ပြည်နယ်တစ်ခုချင်းစီမှာတော့ ရိုက်နှက်ဆုံးမရာမှာ အသုံးပြုတဲ့ သစ်သားပြားနဲ့ မည်မျှပြင်းထန်တဲ့ ရိုက်နှက်မှု စသဖြင့် သတ်မှတ်ချက်တွေ ကွဲပြားကြကြောင်း သိရပါတယ်။
ကျောင်းတွေမှာ ရိုက်နှက်အပြစ်ပေးမှုကို အခြား ပြည်နယ် ၃၁ ခုနဲ့ ဝါရှင်တန်ဒီစီမှာတော့ တားမြစ်ပိတ်ပင်ထားပါတယ်။ နယူးမက္ကစီကိုပြည်နယ်မှာလည်း ကျောင်းသူကျောင်းသားများအား ရိုက်နှက်ဆုံးမခွင့်ကို ၂၀၁၁ ခုနှစ်မှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ကျောင်းသူကျောင်းသားတွေကို ရိုက်နှက်ဆုံးမမှုနဲ့ ပတ်သက်ပြီး တရားဝင် မူဝါဒ သတ်မှတ်ပြဌာန်းတဲ့ အလေ့အထ ရှားပါးကြောင်းလည်း အမေရိကန် မီဒီယာတွေက ပြောပါတယ်။ အမေရိကန်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွင်း ကျောင်းသူကျောင်းသား ၂၀၀,၀၀၀ ကျော် ရိုက်နှက်အပြစ်ပေးခံခဲ့ရကြောင်း သိရပါတယ်။
အေမရိကန္ႏုိင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ႐ွိတဲ့ စာသင္ေက်ာင္းတစ္ေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြကုိ အျပစ္ေပးတဲ့အေနနဲ႔ သစ္သားျပားျဖင့္႐ုိက္ၿပီးဆုံးမရန္ မိဘမ်ားထံမွ သေဘာတူခြင့္ျပဳခ်က္ ေတာင္းခံခဲ့တယ္လို႕ ဆုိပါတယ္။
ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ဂ်ဳိဒီ (Photo: WRDW-TV)
ေဂ်ာ္ဂ်ီယာျပည္နယ္ဟာ ေက်ာင္းေတြမွာ သစ္သားျပားျဖင့္ အပါအဝင္ ႐ုိက္ႏွက္ျပစ္ဒဏ္ေပးခြင့္ျပဳထားတဲ့ အေမရိကန္ျပည္နယ္ ၁၉ ခုထဲမွာ ပါဝင္ပါတယ္။ "ဒီေက်ာင္းမွာ ကၽြန္ေတာ္တုိ႕ စည္းကမ္းတင္းက်ပ္ထားပါတယ္" လုိ႕ ေက်ာင္းအုပ္ခ်ဳပ္ေရးမွဴး ဂ်ဳိဒီက ေဒသခံမီဒီယာေတြကုိ ေျပာပါတယ္။
Photo: WRDW-TV
ေအာ္ဂတ္စ္တာေတာင္ဘက္ မုိင္ ၂၀ ခန္႕အကြာ႐ွိ Hephzibah ၿမဳိ႕မွ စာသင္ေက်ာင္းက ေက်ာင္းသူေက်ာင္းသားမ်ားအား ႐ုိက္ႏွက္ဆုံးမမယ့္ သတ္မွတ္ျပဌာန္းခ်က္အသစ္ေတြ ေဖာ္ျပထားတဲ့ စာတစ္ေစာင္ကုိ မိဘမ်ားထံ ေပးပုိ႕ခဲ့ပါတယ္။
Photo: WRDW-TV
ေက်ာင္းရဲ႕ အဆုိပါ မူဝါဒအသစ္က ပ်မ္းမွ်အသက္ ငါးႏွစ္မွ ၁၅ ႏွစ္အ႐ြယ္ေတြျဖစ္တဲ့ မူလတန္းမွ ကုိးတန္းအထိ အက်ဳံးဝင္တယ္လို႕ ဆုိပါတယ္။ ေက်ာင္းသူေက်ာင္းသားေတြကေတာ့ ေက်ာင္းကထုတ္ျပန္လိုက္တဲ့ ႐ုိက္ႏွက္ဆုံးမမယ့္ မူဝါဒသစ္ဟာ ေခတ္ေဟာင္းမွ အျပစ္ေပးတဲ့စနစ္ ျဖစ္ေနတယ္လို႕ ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္။
အေမရိကန္မွာ မစၥစၥပီ၊ တကၠဆက္၊ အလာဘားမား၊ အာကင္ဆက္၊ ေဂ်ာ္ဂ်ီယာ၊ အုိကလာဟုိးမားနဲ႕ လူဝီစီးယားနား အပါအဝင္ ျပည္နယ္ ၁၉ ခု႐ွိ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသူေက်ာင္းသားေတြ စည္းကမ္းလုိက္နာေစရန္ ႐ိုက္ႏွက္ဆုံးမခြင့္ျပဳထားပါတယ္။
ျပည္နယ္တစ္ခုခ်င္းစီမွာေတာ့ ႐ိုက္ႏွက္ဆုံးမရာမွာ အသုံးျပဳတဲ့ သစ္သားျပားနဲ႕ မည္မွ်ျပင္းထန္တဲ့ ႐ုိက္ႏွက္မႈ စသျဖင့္ သတ္မွတ္ခ်က္ေတြ ကြဲျပားၾကေၾကာင္း သိရပါတယ္။
ေက်ာင္းေတြမွာ ႐ုိက္ႏွက္အျပစ္ေပးမႈကုိ အျခား ျပည္နယ္ ၃၁ ခုနဲ႕ ဝါ႐ွင္တန္ဒီစီမွာေတာ့ တားျမစ္ပိတ္ပင္ထားပါတယ္။ နယူးမကၠစီကုိျပည္နယ္မွာလည္း ေက်ာင္းသူေက်ာင္းသားမ်ားအား ႐ုိက္ႏွက္ဆုံးမခြင့္ကုိ ၂၀၁၁ ခုႏွစ္မွာ တားျမစ္ပိတ္ပင္ခဲ့ပါတယ္။
ေက်ာင္းသူေက်ာင္းသားေတြကုိ ႐ိုက္ႏွက္ဆုံးမမႈနဲ႕ ပတ္သက္ၿပီး တရားဝင္ မူဝါဒ သတ္မွတ္ျပဌာန္းတဲ့ အေလ့အထ ႐ွားပါးေၾကာင္းလည္း အေမရိကန္ မီဒီယာေတြက ေျပာပါတယ္။ အေမရိကန္မွာ ၂၀၀၉-၂၀၁၀ ပညာသင္ႏွစ္အတြင္း ေက်ာင္းသူေက်ာင္းသား ၂၀၀,၀၀၀ ေက်ာ္ ႐ုိက္ႏွက္အျပစ္ေပးခံခဲ့ရေၾကာင္း သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.