• International News
    ဆေးစစ်မှုအရ ဖိလစ်ပိုင်သမ္မတ ဒူတာတေးမှာ ကင်ဆာရောဂါ မတွေ့ရဟုဆို
Ko John
[Unicode Version]

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့ပြီးနောက် ၎င်းထံမှာ ကင်ဆာရောဂါမရှိဘူးလို့ ပြောခဲ့ကြောင်း ခေတ္တပြည်ထဲရေးဝန်ကြီးက ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ဖော်ပြောပါတယ်။

e8f00231bb59473f81670bb0e8098fb0_18.jpg

ဖိလစ်ပိုင်သမ္မတ ဒူတာတေး (Photo: Reuters)



"သူက ကျန်းမာရေးစစ်ဆေးတဲ့အဖြေအရ သူ့မှာ ကင်ဆာရောဂါ မတွေ့ရဘူးလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်၊ သမ္မတရဲ့ အူကနေ အသားစ နမူနာကိုယူပြီး စစ်ဆေးခဲ့တာပါ" လို့လည်း ခေတ္တပြည်ထဲရေးဝန်ကြီး အီဒူအာဒို အန်နိုက သတင်းထောက်တွေကို ပြောပါတယ်။

တနင်္လာနေ့ (အောက်တိုဘာ ၈ ရက်) ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သမ္မတဒူတာတေးက ၎င်းရဲ့ ဆေးစစ်ချက်ရလဒ်ကို ထုတ်ဖော်ပြောခဲ့တယ်လို့ အန်နိုကဆိုပါတယ်။

အသက် ၇၃ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစိုးရအဖွဲ့အစည်းအဝေး အပါအဝင် အခမ်းအနားနှစ်ခုကို တက်ရောက်ခြင်းမရှိခဲ့ရာမှ ၎င်းရဲ့ ကျန်းမာရေးချို့ယွင်းမှု ကောလာဟလများ ထွက်ပေါ်လာခဲ့ပါတယ်။

eduardo-ano.jpg

ခေတ္တပြည်ထဲရေးဝန်ကြီး အီဒူအာဒို အန်နို (Photo: Concept News Central)



ဒူတာတေးကလည်း ၎င်းမှာ ကင်ဆာရောဂါ တွေ့ရနိုင်ကြောင်းနဲ့ ဆေးစစ်မှုရလဒ်ကို စောင့်ဆိုင်းနေကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတဖြစ်လာခဲ့တဲ့ ဒူတာတေးဟာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြင်းထန်စွာဆောင်ရွက်မှုတွေနဲ့ စကားပြောကြမ်းတမ်းမှုတွေကြောင့် နိုင်ငံတကာစာမျက်နှာမှာ ထင်ရှားသူလည်း ဖြစ်ပါတယ်။

၎င်းရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုကို စစ်ဆင်ရေးတစ်ရပ်အဖြစ် ပြင်းထန်စွာဆောင်ရွက်မှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အနောက်အုပ်စုက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

[Zawgyi Version]

ဖိလစ္ပုိင္သမၼတ ႐ုိဒရီဂုိ ဒူတာေတးက ပုဂၢလိကေဆး႐ုံတစ္႐ုံမွာ က်န္းမာေရးစစ္ေဆးခဲ့ၿပီးေနာက္ ၎ထံမွာ ကင္ဆာေရာဂါမ႐ွိဘူးလုိ႕ ေျပာခဲ့ေၾကာင္း ေခတၱျပည္ထဲေရးဝန္ႀကီးက ယေန႕ (ေအာက္တုိဘာ ၉ ရက္) ထုတ္ေဖာ္ေျပာပါတယ္။

e8f00231bb59473f81670bb0e8098fb0_18.jpg

ဖိလစ္ပိုင္သမၼတ ဒူတာေတး (Photo: Reuters)



"သူက က်န္းမာေရးစစ္ေဆးတဲ့အေျဖအရ သူ႕မွာ ကင္ဆာေရာဂါ မေတြ႕ရဘူးလုိ႕ ကၽြန္ေတာ္တုိ႕ကုိ ေျပာခဲ့ပါတယ္၊ သမၼတရဲ႕ အူကေန အသားစ နမူနာကုိယူၿပီး စစ္ေဆးခဲ့တာပါ" လုိ႕လည္း ေခတၱျပည္ထဲေရးဝန္ႀကီး အီဒူအာဒုိ အန္ႏုိက သတင္းေထာက္ေတြကုိ ေျပာပါတယ္။

တနလၤာေန႕ (ေအာက္တုိဘာ ၈ ရက္) ညပုိင္းမွာ ျပဳလုပ္ခဲ့တဲ့ အစိုးရအဖြဲ႕အစည္းအေဝးမွာ သမၼတဒူတာေတးက ၎ရဲ႕ ေဆးစစ္ခ်က္ရလဒ္ကုိ ထုတ္ေဖာ္ေျပာခဲ့တယ္လုိ႕ အန္ႏုိကဆုိပါတယ္။

အသက္ ၇၃ ႏွစ္အ႐ြယ္ ဖိလစ္ပုိင္သမၼတ ဒူတာေတးဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အစုိးရအဖြဲ႕အစည္းအေဝး အပါအဝင္ အခမ္းအနားႏွစ္ခုကုိ တက္ေရာက္ျခင္းမ႐ွိခဲ့ရာမွ ၎ရဲ႕ က်န္းမာေရးခ်ဳိ႕ယြင္းမႈ ေကာလာဟလမ်ား ထြက္ေပၚလာခဲ့ပါတယ္။

eduardo-ano.jpg

ေခတၱျပည္ထဲေရးဝန္ႀကီး အီဒူအာဒုိ အန္ႏုိ (Photo: Concept News Central)



ဒူတာေတးကလည္း ၎မွာ ကင္ဆာေရာဂါ ေတြ႕ရႏုိင္ေၾကာင္းနဲ႕ ေဆးစစ္မႈရလဒ္ကုိ ေစာင့္ဆုိင္းေနေၾကာင္း ထုတ္ေဖာ္ေျပာခ့ဲတယ္လုိ႕ ဆုိပါတယ္။

၂၀၁၆ ခုႏွစ္မွာ ဖိလစ္ပုိင္သမၼတျဖစ္လာခဲ့တဲ့ ဒူတာေတးဟာ ႏုိင္ငံအတြင္း မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးမွာ ျပင္းထန္စြာေဆာင္႐ြက္မႈေတြနဲ႕ စကားေျပာၾကမ္းတမ္းမႈေတြေၾကာင့္ ႏိုင္ငံတကာစာမ်က္ႏွာမွာ ထင္႐ွားသူလည္း ျဖစ္ပါတယ္။

၎ရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းမႈကုိ စစ္ဆင္ေရးတစ္ရပ္အျဖစ္ ျပင္းထန္စြာေဆာင္႐ြက္မႈေတြကုိ ႏုိင္ငံတကာ အဖြဲ႕အစည္းေတြနဲ႕ အေနာက္အုပ္စုက ေဝဖန္မႈေတြလည္း ႐ွိခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs