• International News
    မလေးရှားမှာ ဆေးကြောင်နေတဲ့ သားဖြစ်သူက ဖခင်ကိုသတ်ပြီး အပိုင်းပိုင်းခုတ်ထားမှု ဖြစ်ပွား
Ko John
[Unicode Version]

မလေးရှားနိုင်ငံမှာ မူးယစ်ဆေးကြောင်နေတဲ့ အသက် ၅၂ နှစ်အရွယ် သားဖြစ်သူက ၎င်းရဲ့ မသန်းစွမ်းသူ ဖခင်ကိုသတ်ပြီး ခေါင်းဖြတ်ကာ ခန္ဓာကိုယ်ကို ခြောက်ပိုင်းပိုင်းထားမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။

အသတ်ခံရသူ အသက် ၇၄ နှစ်အရွယ် ယူဆူကင်မ်ရဲ့ ဦးခေါင်းကို Kampung Kanthan Baru ရှိ ၎င်းတို့ရဲ့ နေအိမ်အနောက်ဘက်မှာ မြှုပ်နှံထားတာ ရှာဖွေတွေ့ခဲ့ရပြီး ကျန်အစိတ်အပိုင်းတွေကိုတော့ မိလ္လာကန်အတွင်းမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

maxresdefault.jpg

Photo: The Star



Perak Crime Investigation Department မှ အကြီးအကဲ SAC Yahya Abdul Rahman ရဲ့ အဆိုအရ မသန်စွမ်း ဖခင်ကိုသတ်ပြီး အပိုင်းပိုင်းခုတ်ခဲ့တဲ့ သားဖြစ်သူဟာ ပြစ်မှုကျူးလွန်စဉ် မက်သာဖက်တမင်း (methamphetamine) မူးယစ်ဆေး အလွန်အကျွံသုံးထားကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ဟာ ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ညသန်းခေါင်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ "သူက မူးယစ်ဆေး အလွန်အကျွံသုံးထားပြီး ဖခင်က မူးယစ်ဆေးသုံးလို့ ဆူပူခဲ့တာကြောင့် အခုလို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်" လို့ SAC Yahya က အခင်းဖြစ်နေရာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိတ်လန့်တုန်လှုပ်စရာ ယခုအဖြစ်ကို ယနေ့ (အောက်တိုဘာ ၉ ရက်) မနက် ၉ နာရီဝန်းကျင်မှာ အသတ်ခံရသူရဲ့ သမီးတစ်ဦးက စတင်တွေ့ရှိခဲ့တယ်လို့ New Straits Times သတင်းက ဖော်ပြပါတယ်။

mankillsdisabledfather_star.jpg

Photo: The Star



"ကျွန်မ အဖေ့အခန်းထဲကို ဝင်သွားတော့ မွေ့ရာနဲ့ခေါင်းအုံးမှာ သွေးတွေပေနေတာ တွေ့ခဲ့ရတယ်၊ အဲဒီနောက် အိမ်နီးချင်းတစ်ဦး အကူအညီနဲ့ အဖေ့ကိုလိုက်ရှာကြတယ်၊ ဒီလို လိုက်ရှာကြရင်း အိမ်အနောက်ဘက်မှာ လောလောလတ်လတ် ကျင်တူးထားတဲ့ပုံစံမျိုး ကျွန်မတို့ တွေ့ခဲ့ကြရတယ်" လို့ အသတ်ခံရသူရဲ့ သမီးကပြောခဲ့ပါတယ်။

"အဖေက အသက်ကြီးနေပြီး မသန်စွမ်းဖြစ်သူပါ၊ ကျွန်မရဲ့မောင် (လူသတ်မှုကျူးလွန်သူ) က အဖေ့ကို ပြုစုစောင့်ရှောက်လာခဲ့တာ နှစ်အနည်းငယ်ရှိပါပြီ၊ ဒီအိမ်မှာ သူတို့နှစ်ယောက်တည်း နေကြတာပါ" လို့ သူမကဆိုပါတယ်။

ရဲတပ်ဖွဲ့က ဖခင်ကိုသတ်ခဲ့တဲ့ သားဖြစ်သူကို အခင်းဖြစ်နေအိမ်မှာပင် တွေ့ရှိခဲ့ကြပြီးနောက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်မှာ ၎င်းကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

"ကနဦး စစ်ဆေးမှုတွေအရ အခင်းဖြစ်နေအိမ်မှာရှိတဲ့ အခန်းငါးခန်းရှိပြီး တစ်ခန်းမှာတော့ သွေးတွေပေကျံနေခဲ့ပါတယ်၊ စစ်ဆေးမေးမြန်းမှုအရ သူ့အဖေရဲ့ ဦးခေါင်းကို အိမ်အနောက်ဘက်မှာ တွင်းတူးမြှုပ်နှံထားတာ လိုက်လံ ပြသခဲ့ပါတယ်" လို့ ရဲအရာရှိက ပြောပါတယ်။

angry-for-scolding--man-beheads-father--cuts-up-body-jpg.jpg

Photo: YouTube/Bernama



အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ ခြောက်ပိုင်းပိုင်းပြီး အနက်ငါးပေရှိတဲ့ မိလ္လာတွင်းထဲကို ပစ်ချခဲ့တယ်လို့ ဖခင်ကိုသတ်သူက ထွက်ဆိုခဲ့ပါတယ်။ အခင်းဖြစ်နေအိမ်မှာ ၂ ပေနီးပါးရှည်တဲ့ ဓားတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အလောင်းကို အပိုင်းပိုင်းခုတ်ရာမှာ အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

ဖခင်ကိုသတ်ခဲ့သူဟာ မောင်နှမ လေးဦးအနက် တတိယမြောက်ဖြစ်ပြီး အငယ်ဆုံး ညီမဖြစ်သူကတော့ ယခု အခင်းဖြစ်နေအိမ်ရဲ့ နောက်ဘက်ရှိ နေအိမ်မှာပင် နေထိုင်လျက်ရှိကာ အခင်းဖြစ်တဲ့ည ၈ နာရီခန့်က ဖခင်နဲ့အစ်ကိုဖြစ်သူတို့ အော်ဟစ်စကားများနေတာ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးကြောင်ပြီး ဖခင်ကိုသတ်ခဲ့သူဟာ ဇနီးနဲ့ ကွာရှင်းထားကာ သားနှစ်ဦးရှိကြောင်း သိရပါတယ်။ ၎င်းရဲ့ သားနှစ်ဦးက စင်ကာပူမှာ အလုပ်လုပ်နေကြပါတယ်။ သံသယရှိသူဟာ ယခင်က ကန်ထရိုက်တာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေခဲ့တာ သုံးလကြာပြီလို့ဆိုပါတယ်။

[Zawgyi Version]

မေလး႐ွားႏုိင္ငံမွာ မူးယစ္ေဆးေၾကာင္ေနတဲ့ အသက္ ၅၂ ႏွစ္အ႐ြယ္ သားျဖစ္သူက ၎ရဲ႕ မသန္းစြမ္းသူ ဖခင္ကုိသတ္ၿပီး ေခါင္းျဖတ္ကာ ခႏၶာကုိယ္ကုိ ေျခာက္ပုိင္းပုိင္းထားမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ယေန႕ (ေအာက္တုိဘာ ၉ ရက္) ေျပာပါတယ္။

အသတ္ခံရသူ အသက္ ၇၄ ႏွစ္အ႐ြယ္ ယူဆူကင္မ္ရဲ႕ ဦးေခါင္းကုိ Kampung Kanthan Baru ႐ွိ ၎တုိ႕ရဲ႕ ေနအိမ္အေနာက္ဘက္မွာ ျမွဳပ္ႏွံထားတာ ႐ွာေဖြေတြ႕ခဲ့ရၿပီး က်န္အစိတ္အပုိင္းေတြကုိေတာ့ မိလႅာကန္အတြင္းမွာ ေတြ႕ခဲ့ရတယ္လို႕ ဆုိပါတယ္။

maxresdefault.jpg

Photo: The Star



Perak Crime Investigation Department မွ အႀကီးအကဲ SAC Yahya Abdul Rahman ရဲ႕ အဆုိအရ မသန္စြမ္း ဖခင္ကုိသတ္ၿပီး အပုိင္းပုိင္းခုတ္ခဲ့တဲ့ သားျဖစ္သူဟာ ျပစ္မႈက်ဴးလြန္စဥ္ မက္သာဖက္တမင္း (methamphetamine) မူးယစ္ေဆး အလြန္အကၽြံသုံးထားေၾကာင္း သိရပါတယ္။

ယခုျဖစ္ရပ္ဟာ ယမန္ေန႕ (ေအာက္တုိဘာ ၈ ရက္) ညသန္းေခါင္ဝန္းက်င္မွာ ျဖစ္ပြားခဲ့တယ္လို႕ ဆုိပါတယ္။ "သူက မူးယစ္ေဆး အလြန္အကၽြံသုံးထားၿပီး ဖခင္က မူးယစ္ေဆးသုံးလုိ႕ ဆူပူခဲ့တာေၾကာင့္ အခုလို သတ္ပစ္ခဲ့တာ ျဖစ္ပါတယ္" လုိ႕ SAC Yahya က အခင္းျဖစ္ေနရာမွာ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ထိတ္လန္႕တုန္လႈပ္စရာ ယခုအျဖစ္ကုိ ယေန႕ (ေအာက္တုိဘာ ၉ ရက္) မနက္ ၉ နာရီဝန္းက်င္မွာ အသတ္ခံရသူရဲ႕ သမီးတစ္ဦးက စတင္ေတြ႕႐ွိခဲ့တယ္လို႕ New Straits Times သတင္းက ေဖာ္ျပပါတယ္။

Photo: The Star



"ကၽြန္မ အေဖ့အခန္းထဲကုိ ဝင္သြားေတာ့ ေမြ႕ရာနဲ႕ေခါင္းအုံးမွာ ေသြးေတြေပေနတာ ေတြ႕ခဲ့ရတယ္၊ အဲဒီေနာက္ အိမ္နီးခ်င္းတစ္ဦး အကူအညီနဲ႕ အေဖ့ကုိလုိက္႐ွာၾကတယ္၊ ဒီလို လုိက္႐ွာၾကရင္း အိမ္အေနာက္ဘက္မွာ ေလာေလာလတ္လတ္ က်င္တူးထားတဲ့ပုံစံမ်ဳိး ကၽြန္မတုိ႕ ေတြ႕ခဲ့ၾကရတယ္" လုိ႕ အသတ္ခံရသူရဲ႕ သမီးကေျပာခဲ့ပါတယ္။

"အေဖက အသက္ႀကီးေနၿပီး မသန္စြမ္းျဖစ္သူပါ၊ ကၽြန္မရဲ႕ေမာင္ (လူသတ္မႈက်ဴးလြန္သူ) က အေဖ့ကုိ ျပဳစုေစာင့္ေ႐ွာက္လာခဲ့တာ ႏွစ္အနည္းငယ္႐ွိပါၿပီ၊ ဒီအိမ္မွာ သူတုိ႕ႏွစ္ေယာက္တည္း ေနၾကတာပါ" လုိ႕ သူမကဆုိပါတယ္။

ရဲတပ္ဖြဲ႕က ဖခင္ကုိသတ္ခဲ့တဲ့ သားျဖစ္သူကုိ အခင္းျဖစ္ေနအိမ္မွာပင္ ေတြ႕႐ွိခဲ့ၾကၿပီးေနာက္ ယေန႕မြန္းလြဲ ၁ နာရီခြဲခန္႕မွာ ၎ကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။

"ကနဦး စစ္ေဆးမႈေတြအရ အခင္းျဖစ္ေနအိမ္မွာ႐ွိတဲ့ အခန္းငါးခန္း႐ွိၿပီး တစ္ခန္းမွာေတာ့ ေသြးေတြေပက်ံေနခဲ့ပါတယ္၊ စစ္ေဆးေမးျမန္းမႈအရ သူ႕အေဖရဲ႕ ဦးေခါင္းကုိ အိမ္အေနာက္ဘက္မွာ တြင္းတူးျမွဳပ္ႏွံထားတာ လုိက္လံ ျပသခဲ့ပါတယ္" လုိ႕ ရဲအရာ႐ွိက ေျပာပါတယ္။

Photo: YouTube/Bernama



အျခား ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိေတာ့ ေျခာက္ပုိင္းပုိင္းၿပီး အနက္ငါးေပ႐ွိတဲ့ မိလႅာတြင္းထဲကုိ ပစ္ခ်ခဲ့တယ္လို႕ ဖခင္ကုိသတ္သူက ထြက္ဆိုခဲ့ပါတယ္။ အခင္းျဖစ္ေနအိမ္မွာ ၂ ေပနီးပါး႐ွည္တဲ့ ဓားတစ္ေခ်ာင္းကုိလည္း သိမ္းဆည္းရမိခဲ့ၿပီး အေလာင္းကို အပုိင္းပုိင္းခုတ္ရာမွာ အသုံးျပဳခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ယုံၾကည္ထားပါတယ္။

ဖခင္ကုိသတ္ခဲ့သူဟာ ေမာင္ႏွမ ေလးဦးအနက္ တတိယေျမာက္ျဖစ္ၿပီး အငယ္ဆုံး ညီမျဖစ္သူကေတာ့ ယခု အခင္းျဖစ္ေနအိမ္ရဲ႕ ေနာက္ဘက္႐ွိ ေနအိမ္မွာပင္ ေနထုိင္လ်က္႐ွိကာ အခင္းျဖစ္တဲ့ည ၈ နာရီခန္႕က ဖခင္နဲ႕အစ္ကုိျဖစ္သူတုိ႕ ေအာ္ဟစ္စကားမ်ားေနတာ ၾကားခဲ့ရတယ္လုိ႕ ေျပာပါတယ္။

မူးယစ္ေဆးေၾကာင္ၿပီး ဖခင္ကုိသတ္ခဲ့သူဟာ ဇနီးနဲ႕ ကြာ႐ွင္းထားကာ သားႏွစ္ဦး႐ွိေၾကာင္း သိရပါတယ္။ ၎ရဲ႕ သားႏွစ္ဦးက စင္ကာပူမွာ အလုပ္လုပ္ေနၾကပါတယ္။ သံသယ႐ွိသူဟာ ယခင္က ကန္ထ႐ုိက္တာတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ခဲ့ေပမဲ့ လက္႐ွိမွာ အလုပ္လက္မဲ့ျဖစ္ေနခဲ့တာ သုံးလၾကာၿပီလုိ႕ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs